Monday, February 18, 2008

Poppa Myanmar Online Encyclopedia

Poppa Myanmar Online Encyclopedia

Image Hosted by ImageShack.us

မြန်မာဝီကီပီးဒီးယားကို နောင်လာမယ့် နှစ်အနည်းငယ် အတွင်းမှာ အားလုံးရဲ့ လက်ထဲကို ဖြန့်ချ ပေးနိုင်ပါလိမ့်မယ်။ မြန်မာပြည်မှာ ထွက်ရှိပြီးခဲ့သမျှ အဘိဓာန်တွေအပြင် ကိုယ်တိုင် ရှာဖွေစုဆောင်း ပြုစုခဲ့ရတဲ့ အချက်အလက်တွေလည်း အများကြီး ပါဝင်ပါမယ်။ အဓိကကတော့ တကွဲတပြားစီ ဖြစ်နေတဲ့ အဘိဓာန်တွေကို စုစည်းပြီး ကွန်ပျူတာ စနစ်နဲ့ ဒေတာဘဏ်တိုက် ပြုလုပ်တာပါပဲ။ ပညာရှင်တွေ သုတေသန သမားတွေ၊ မြန်မာစာ မြန်မာမှုကို လေ့လာလိုက်စားသူတွေ ကွန်ပျူတာ အသုံးပြုနိုင်ရုံနဲ့တင် အချက်အလက်တွေကို တစ်နေရာထဲကနေ ရှာဖွေနိုင်အောင် ရည်ရွယ်ခဲ့တာပါပဲ။

ဒီစွယ်စုံကျမ်းဟာ အထက်က အဘိဓာန်ကို အခြေခံထားသလို အဘိဓာန်မှာ မပါဝင်တဲ့ အခြားသော အကြောင်းအရာများကိုလည်း ထည့်သွင်းထားပါတယ်။ စာအုပ်တွေရဲ့ စာညွှန်းအကျဉ်း Abstract တွေပါသလို၊ သမိုင်းမှာ မထင်ရှားပေမယ့် အထောက်အထား ရှိခဲ့ဖူးတဲ့ လူပုဂဿဂိုလ်တွေရဲ့ အကြောင်းအရာတွေလည်း ပါဝင်ပါလိမ့်မယ်။ ဒါ့အပြင် မြန်မာပြည်နဲ့ စပ်ဆက်နေတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ၊ ပုဂဿဂိုလ်တွေကိုလည်း ထည့်သွင်းထားပါတယ်။ အဓိကကတော့ အခြေခံ အချက်အလက်တွေကို စုစည်းပေးထားတာပါပဲ။ ဒီလို စုစည်းရာမှာလည်း သာမန်သူတွေ အလွယ်တကူ လေ့လာနိုင်သလို၊ ပညာရှင်များ အထောက်အထား တိတိကျကျ ရနိုင်အောင်လည်း အချက်အလက်တွေကို ဘယ်စာအုပ်က ဘယ်လိုယူထားတယ်ဆိုတဲ့ သက်ဆိုင်ရာ စာညွှန်း၊ စာကိုး စတာတွေကိုပါ စနစ်တကျ ထည့်သွင်းပေးထားပါတယ်။ နောင်တစ်ချိန်မှာ ဒီမြန်မာဝီကီကို အခြားသော ဝီကီများနဲ့ ချိတ်ဆက် ပေါင်းစည်းသွားနိုင်အောင်လို့ ဝီကီပီးဒီးယားက အသုံးပြုထားတဲ့ ဝီကီမီဒီယာ ဆိုတဲ့ စနစ်ပှေါမှာပဲ တည်ဆောက်ထားပါတယ်။ ဝီကီပီးဒီးယားရဲ့ သဘောသဘာဝဟာ တစ်ဦးတစ်ယောက်က လုပ်ဆောင်တာမျိုး မဟုတ်ဘဲ လူအားလုံးကနေ ဝိုင်းဝန်းဖြည့်စွက် ဖန်တီးကြတဲ့ User Generating Encyclopedia ပုံစံဖြစ်ပါတယ်။ ဒီအွန်လိုင်း မြန်မာဝီကီကို ဆင်းရဲချမ်းသာမရွေး၊ လူတန်းစားမရွေး မည်သူမဆို အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာက Resource & Knowledge Sharing ကို အားတက်သရော ဆောင်ရွက်နေချိန်မှာ ကျွန်တှောတို့ မြန်မာနိုင်ငံက အချင်းချင်း ရောင်းစားနေရုံမက၊ အင်တာနက်ပှေါမှာပါ တက်ရောင်းစားခံနေရတာကို မခံချင်တာကြောင့် ဒီဝီကီကို နှစ်ကာလအများကြီး အချိန်ပေးပြီး ပြုစုခဲ့တာပါ။ နောက်တစ်ခုက မြန်မာစာသားတွေဟာ ဒီဘက် ကွန်ပျူတာခေတ်မှာ ဒစ်ဂျစ်တယ် စာသားအဖြစ်ကို ရောက်မလာဘဲ ရိုးရိုး စာရွက်ပှေါက စာသားအနေနဲ့ပဲ ရှိနေတာကို ပြောင်းလဲပစ်ချင်တာပါ။ နောက်ဆုံးနဲ့ အရေးအကြီးဆုံး တစ်ခုကတော့ မြန်မာပြည်နဲ့ ပတ်သတ်တာတွေ၊ အကြောင်းအရာတွေကို မြန်မာနိုင်ငံသားထက် နိုင်ငံခြားသားတွေက စနစ်တကျ ပြုစုပြီး သူတို့ပြုစုသမျှကိုသာ အားကိုးတကြီး လက်ဝေခံ အသုံးပြုနေရတာကို မခံချင်လို့ပါပဲ။ ဒီနေရာမှာ စနစ်တကျ ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တှော အလေးထားပြီး ပြောလိုပါတယ်။ နိုင်ငံခြားသားတွေဟာ အလုပ်ကို စနစ်တကျ လုပ်သလို၊ စာအုပ်စာတမ်း ပြုစုရာမှာလည်း စနစ်တကျ အမြှောအမြင်ရှိရှိ ပြုစုခဲ့ကြသူများပါ။ ဒါကြောင့်လည်း သူတို့ရဲ့ စာတမ်းတွေ နည်းပညာတွေကို ကျွန်တှောတို့ အခုချိန်အထိ တန်ဖိုးထား လက်ကိုင်ပြုနေရဆဲပါ။ ဒီဝီကီကို အခုလို ကွန်ပျူတာနဲ့ နည်းပညာခေတ်မှာ အဲဒီစံနှုန်းထားများနဲ့ ညီအောင် ပြုစုပါတယ်။ မြန်မာပြည်မှာ မရှိသေးပေမယ့် နောင်အရှည်ကို တွေးပြီး တတ်နိုင်သမျှ မူပိုင်ခွင့် ကိစဿစများနဲ့ မငြိစွန်းအောင်လည်း ကြိုးပမ်းထားပါတယ်။ ပိုက်ဆံမရှိလို့၊ ဝေးလံခေါင်းပါးလို့ စတဲ့ အခြေခံ အားနည်းချက်တွေကြောင့် မြန်မာနိုင်ငံသားတွေ နည်းပညာနဲ့ ဗဟုသုတ ချို့တဲ့မှု အဆက်ပြတ်မှုတွေကို တစ်ထောင့် တစ်နေရာကနေ ကူညီနိုင်ဖို့ကို အထူးရည်ရွယ် ထားပါတယ်။

PS: ကျွန်တှော့ဆီ ရောက်လာတဲ့ အမည်မဖှောတဲ့ စာလေးတစ်စောင်ပါ။ မြန်မာပြည်တွင်းက မြန်မာလူငယ်တွေ အခက်အခဲတွေ မျိုးစုံကြားကနေ ဒါမျိုးလေးတွေ ဘယ်ကအထောက်အပံ့မှ မရှိဘဲ လုပ်နေတာတွေရှိတယ်။ အခြားအခြားသော ကိုယ်ကျိုးစီးပွားကို မမျှောကိုးတဲ့ အဖွဲ့လေးတွေလည်း လုပ်နေကြတာ အများကြီးရှိတယ်။ အများအတွက် အခမဲ့ဆိုတဲ့ ပရောဂျတ်လေးတွေ ရှိလာပြီ။ အားလုံး ပူးပေါင်းဆောင်ရွက်ကြတဲ့ လူထုအဖွဲ့အစည်းလေးတွေ ရှိလာပြီ။ အဲဒီက အသီးအပွင့်တွေလည်း မြင်နေရပြီ။ ကျွန်တှောတို့ ခူးဆွတ် စားသုံးနိုင်တော့မယ်။ နည်းပညာနဲ့ ဗဟုသုတဆိုတာ ချုပ်ကိုင်ထားသင့်တဲ့ အရာမျိုး မဟုတ်ပါဘူး။ ကျွန်တှောတို့ နည်းပညာတှောလှန်ရေး ခေတ်တစ်ခုကို တဖြည်းဖြည်း ကူးပြောင်းလာနေပြီလို့ ယုံကြည်နေမိပါတယ်။ အောင်မြင်ပါစေ။

No response to “Poppa Myanmar Online Encyclopedia”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz