Thursday, February 21, 2008

Burglish



ဒါလေးကတော့ နိုင်ငံခြားရောက် မြန်မာများ၊ IRC မြန်မာများ အထူးနှစ်ခြိုက် သဘောကျကြတဲ့ Burglish ဆိုတဲ့ စနစ်လေးပါ။ ဟိုးအရင် ဇှောဂျီမပှေါခင်၊ ဘရောက်ဇာတွေကလည်း UTF 8 ကိုမပံ့ပိုးချိန်က ကျွန်တှောတို့ဟာ အင်တာနက်ချတ်ရွန်းတွေပှေါမှာ Burglish ကို သုံးခဲ့ရတယ်။ ဘားဂလစ်ရှ်ဆိုတာ မြန်မာအသံထွက်ကို အဂဿငလိပ်လို တိုက်ရိုက်ရေးတာပေါ့။ ဥပမာ သတိရတယ် ဆိုရင် Tha di ya tel အဲဒီလို ရေးကြရတယ်။ နောက်ပိုင်း ဇှောဂျီပှေါလာလို့ တှောတှောများများ အဆင်ပြေသွားပေမယ့် မြန်မာလက်ကွက် မရိုက်တတ်သူတွေ ကျန်နေတုန်းပါပဲ။ မာခ့်တို့ ဒီဟာလေးကို လုပ်နေတာ တှောတှောကြာပါပြီ။ ကျွန်တှောကိုယ်တိုင်က ဘားဂလစ်ရှ်ကို မကြိုက်ပေမယ့် ဒီစနစ်လေးနဲ့ သူတို့ရဲ့ လုပ်ကိုင်သွားတဲ့ ပုံစံလေးတွေကို သဘောကျ နှစ်သက် လေးစားမိပါတယ်။ ပထမဆုံး သူတို့ ဒါလေးကို စမ်းနေတဲ့အချိန်မှာ ယူဇာတွေနဲ့ Participate လုပ်ပါတယ်။ ယူဇာတွေကို စမ်းသပ်သုံးစွဲခိုင်းပါတယ်။ အဲဒီလို စမ်းသပ်နေချိန်မှာ ယူဇာတွေ ရိုက်ထည့်လိုက်တဲ့ စာလုံးတွေကို သူတို့ သိမ်းထားပြီး အသံတစ်မျိုးအတွက် ဖြစ်နိုင်ချေရှိတဲ့ စာလုံးတွေ အားလုံးကို စီစဉ်ပေးထားတာပါပဲ။ နောက်ဆုံး သူတို့ လုပ်ခဲ့တဲ့ ဟာတွေအားလုံးကို Google Code အနေနဲ့ စနစ်တကျ တင်ထားပြီး အားလုံး ယူသုံးနိုင်အောင် အခမဲ့ ဖြန့်ပေးလိုက်ပါတော့တယ်။ ဒါဟာ ကျွန်တှောတို့ရဲ့ နည်းပညာ တှောလှန်ရေး ကာလမှာ ထင်ရှားတဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။ ဒီဟာလေးမှာ ကျွန်တှောတို့ဟာ အဂဿငလိပ်အသံ တစ်ခုစီအတွက် တိကျတဲ့ ဖိုနက်တစ် မပါတဲ့ စာလုံးစနစ် တစ်မျိုးကိုသာ စနစ်တကျ သတ်မှတ်နိုင်မယ် ဆိုလို့ရှိရင် အလွန်ကောင်းတဲ့ စနစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဥပမာ - ခကို Kha၊ ခါကို Khar၊ ခါးကို Kharr၊ ခါ့ကို Khaa စသည်ဖြင့်ပေါ့။ အားလုံးက စနစ်တခု စတင်ချိန်မှာ ဖင်ပိတ်ပြီး ငြင်းမနေဘဲ လိုက်လျောညီထွေစွာ လက်ခံကျင့်သုံးပြီး ဒီစနစ်ကို ကူညီ အကောင်အထည် ဖှောပေးဖို့ ဆိုတာကလည်း အရေးကြီးပါတယ်။ ချားလ်ဒါဝင် ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိတယ်။ အခုအချိန်အထိ ရှိနေတဲ့ သတဿတဝါတွေဟာ သူတို့ကိုယ်တိုင်က ခံနိုင်ရည် ရှိလို့တင် မကဘဲ သဘာဝနဲ့ လိုက်လျောညီထွေစွာ ပြောင်းလဲ နေထိုင်တတ်ခဲ့တာကြောင့် ဖြစ်ပါသတဲ့။


Website: http://burglish.googlepages.com/testarea.htm
Google Code : http://code.google.com/p/burglish
Discussing Area: www.mmgeeks.org

No response to “Burglish”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz