Tuesday, February 26, 2008

မနဿတေလး မွာ လောင်တဲ့မီး

ဦးကျားကြီးအပြီး ဒှေါတရုတ်မကြီး မနဿတလေးမှာလောင်တဲ့မီး

မှတ်မှတ်ရရ လွန်ခဲ့တဲ့ သုံးပတ်လောက်က မနဿတလေးကိုရောက်တော့ ကျွန်တှော့လက်ထဲမှာ မနဿတလေးအကြောင်း စာအုပ်တွေ တပွေ့တပိုက်နဲ့။ ကျွန်တှောဟာ ရဂလမ်း တစ်လျောက် ကားမောင်းရင်း မနဿတလေးမှာ လောင်ခဲ့တဲ့ မီးတွေအကြောင်း စဉ်းစားနေခဲ့မိတယ်။ ၁၉၈၄ခုနှစ်မှာ မနဿတလေး မြို့လယ် တစ်ခုလုံး ပြာပုံဖြစ်စေခဲ့တဲ့ ဦးကျားကြီးမီးအကြောင်း ပြောရင်း ဒီ ရတနာပုံဈေး နေရာလေးကတော့ အဲဒီတုန်းက မီးဘေး မခံလိုက်ရဘဲ ကွက်ကျန်ခဲ့တဲ့ နေရာလေးဆိုပြီး အသိမိတ်ဆွေတွေကို မှတ်မှတ်ရရကို ပြောပြဖြစ်နေခဲ့ပါသေးတယ်။ ဒုတိယ ကမဿဘာစစ်ကတည်းက မီးလောင်ဗုံး ဒဏ်တွေကြောင့် မီးဟုန်းဟုန်း တောက်ခဲ့ရတဲ့ မြို့ကြီး၊ ၁၉၇၉၊ ၈၁ နဲ့ ၈၄ မှာ မီးကြီးသုံးကြိမ် ထပ်နှိပ်စက်လိုက်တာ မြို့တစ်ခုလုံးနီးပါး ပြာပုံကို ဖြစ်သွားခဲ့ရတာ။ မီးလောင်ပြင်ထဲကနေ ပြန်နိုးထလာတဲ့ ဖီးနစ်ငှက်ဆိုပြီး စာရေးဆရာတွေ အမြဲပြောနေခဲ့ရတာ။ အခုတော့ အဲဒီမီးဘေးကြီးတွေကနေ ကွက်ကျန်နေခဲ့တဲ့ မြို့ရဲ့ အစည်ကားဆုံး ရင်းနှီးမြုပ်နှံမှု အများဆုံး နေရာလေးကိုမှ ရက်ရက်စက်စက် မီးက နှိပ်စက်လိုက်တာ ကျွန်တှော့ဖြင့် ရင်နာလို့ မဆုံးနိုင်တော့ပါဘူး။

ကျွန်တှောရုံးရောက်တော့ နံနက် ကိုးနာရီ။ အီးမေးလ်ထဲကို ဓာတ်ပုံတွေနဲ့တကွ မနဿတလေး ရတနာပုံဈေးမှာ မီးလောင်နေပြီဆိုတဲ့သတင်း ချက်ခြင်း ရောက်လာတယ်။ ဒါနဲ့ သူငယ်ချင်းတွေဆီကို ဖုန်းဆက်တော့ ဖုန်းလိုင်းတွေအားလုံး ပြတ်နေတယ်။ ကံကောင်းချင်တော့ အင်တာနက်လိုင်းတွေ ပြတ်မသွားတာကြောင့် အင်တာနက်ကတဆင့် သတင်းတွေ အဆက်မပြတ် ရောက်လို့လာခဲ့တယ်။ အချိန်တွေ ကြာကြာလာတာနဲ့အမျှ မီးညွန့်ကျိုးသွားတယ် ဆိုတာ မကြားရဘဲ အရှေ့ဘက်ကနေ အနောက်ဘက်ကို ကူးလာပြီ၊ စကိုင်းဝေါ့ခ် ရှော့ပင်းမော ကုန်သွားပြီ၊ မနဿတလေး အမ်အိုင်စီတီ ကုန်သွားပြီ၊ အပှေါထပ်တွေ လောင်နေပြီ စတဲ့ သတင်းတွေသာ ရင်နာနာနဲ့ ကြားနေရပါတယ်။ ၂နာရီ ထိုးမှာတော့ တတိယထပ်မှာရှိတဲ့ Relax ဆိုင်ကနေ ဂက်(စ်)အိုးတွေ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသံတွေ ထွက်လာပါတယ်တဲ့။ သူငယ်ချင်းတွေရဲ့ ဆိုင်တွေ ရှိတာမို့ စုံစမ်း မေးမြန်းတော့လည်း ဖုန်းက လုံးဝကို ဆက်လို့ မရတော့ပါဘူး။ မရှေးမနှောင်းဘဲ အင်တာနက် ဘလော့ဂ်တွေမှာ စာတွေရေး ပုံတွေတင်မှာစိုးလို့ ဘလော့ဂ်တွေကို ပိတ်ပစ်လိုက်တယ်ဆိုတဲ့ သတင်း ကျွန်တှော့ဆီကို ရောက်လို့လာတယ်။ ဒါနဲ့ မေးမြန်းစုံစမ်းကြည့်တဲ့အခါ ဟုတ်နေတာကို တွေ့ရပြန်တယ်။ ဒါပေမယ့် ဘလော့ဂ်တစ်ခုတည်းကိုသာ လူပြောများလို့ သိတဲ့ သူတွေဟာ တခြားဟာတွေကိုတော့ မသိခဲ့ကြဘူး။ ကောင်းလေစွ၊ ကောင်းလေစွ။ မနဿတလေး မီးလောင်တာကို ဂြိုလ်တုကနေတောင် ပြခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနည်းပညာခေတ်မှာ မီဒီယာကို အတင်းကာရောတွေ လိုက်ပိတ်တာကို ကျွန်တှောဖြင့် အံ့ဩလို့ မဆုံးဘူး။ ကျွန်တှောတို့ဟာ ဒီလို မီဒီယာတွေကြောင့် မိုင်ပေါင်း ၅ဝဝလောက်က အဖြစ်အပျက်တွေကို ကိုယ်တိုင် မကြုံရပေမယ့် ကိုယ်တိုင် ကြုံရသလို ခံစားလို့ရတယ်။ ဒါဟာ အကျိုးအမြတ်ပါ။ ဒါတွေကို ဘာကြောင့် ပိတ်ချင်တာလဲ ဆိုတာကို စဉ်းစားလို့ကို မရပါဘူး။ (စဉ်းစားမရဘူးလို့ပဲ ထားလိုက်ပါလေ)

ဒီမီးဟာ ဆုံးရှုံးမှုအင်အား အတှောကြီးကို များပြားပါတယ်။ အောက်ထပ်ပတ်လည်က ဆိုင်ခန်း တစ်ခန်းကို သိန်း ၃၀၀ ရှိတယ်။ အပှေါထပ်က ဆိုင်ခန်း တစ်ခန်းကို အနည်းဆုံး သိန်း ၅၀၀ ရှိတယ်။ ဆိုင်ခန်းက တစ်ထောင့်ငါးရာကျှော ရှိတယ်ဆိုတော့ ပစဿစည်းမပါ ဆိုင်ခန်း တန်ဖိုးချည်းပဲ ၆၀၀,၀၀၀,၀၀၀၀၀ (ကုဋေခြောက်ထောင်ကျှော) ရှိနိုင်ပါတယ်။ ပစဿစည်းပါ ထည့်တွက်ရင် ကုဋေတစ်သောင်းနှစ်ထောင်ကျှောဖိုး (အမေရိကန်ဒှေါလာ သန်း၁ဝဝကျှောဖိုး) လောက်ဆုံးရှုံးသွားတယ်လို့ ကျွန်တှော တွက်ဆပါတယ်။ ဒီပမာဏဟာ အစကတည်းကမှ စီးပွားရေး ကျပ်တည်းနေကြတဲ့ ပြည်သူပြည်သားတွေရဲ့ အရှိုက်ကို လက်သီးနဲ့ ခပ်ပြင်းပြင်း ထိုးလိုက်သလိုပါပဲ။ (Updated 26 feb)

ပထမဆုံး စမီးလောင်တာ ခုနစ်နာရီခွဲလောက်ပဲ ရှိဦးမယ်။ အရှေ့ဘက်တန်း အောက်ထပ်က ကစတာ။ ဒှေါတရုတ်မရဲ့ ပန်းကန်ဆိုင်ကနေ မီးစက်နှိုးရင်း ဝါယာရှော့ ဖြစ်တာကနေ စလောင်တာလို့ ပြောတယ်။ စစချင်းက နဲနဲလေးပဲ ရှိသေးတယ်။ အဲဒါကို ကျိတ်ပြီး သတ်နေကြတယ်။ မနိုင်တော့မှ မီးသတ်ကားတွေ လာတယ်။ လောင်တဲ့နေရာကို သေချာ မပက်ဘဲ မီးမလောင်သေးတဲ့ လမ်းတစ်ဖက်က သူဌေးတိုက်တွေကို ပက်နေတယ်။ နောက်တော့ ရေစုပ်စက်ငှားတယ်။ ခဏပဲမီးသတ်ပြီး ရေစုပ်စက်ကို ရပ်ထားတယ်။ ဒီအတိုင်း ကြည့်နေကြတယ်။ အဲဒီမှာ မီးက တဖြည်းဖြည်း ကြီးလာလိုက်တာ နောက်ဆုံး မနိုင်တော့ဘူး။ ဈေးပတ်ပတ်လည်ကို ကားတွေ ဝင်လို့မရတော့ ဘာမှမတတ်နိုင်ဘူး။ အမ်အိုင်စီတီအထပ်က ကွန်ပျူတာတွေကိုတော့ သယ်ခွင့်ပေးတာ တွေ့တယ်။ အောက်ထပ်က ဆိုင်တွေကိုတော့ ဆိုင်ရှင်ကိုယ်တိုင် သော့နဲ့လာတာတောင် ယူခွင့် မပြုဘူး။ အထပ်အမြင့်ကြီးကို ပက်နိုင်တဲ့ မီးသတ်ကားက နှစ်စီးပဲ လာတာ တွေ့ရတယ်။ ဆိုင်ခန်းတွေကလည်း ကိုယ်ပိုင် မီးသတ်ဘူးတွေဘာတွေ မထားကြဘူး။ အဆောက်အဦမှာကလည်း မီးလောင် အချက်ပေးစနစ်တို့ အလိုအလျောက် ရေဖြန်းစနစ် (water sprinklers) တွေ မရှိတော့ ဒီမီးလောင်နေတာကို ရပ်ကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။ တချို့ကလည်း ပစဿစည်းတွေကို ဝင်ယူကြတယ်။ ဘယ်သူတွေမှန်းလဲ မသိဘူး။ မီးသတ်ကို ဘယ်သူမှ မကျေနပ်ကြဘူး။ သူတို့ ဘာမှမလုပ်လို့ အားလုံးပြာကျကုန်ရတာ။ ကိုယ့်ဆိုင်ခန်း မီးလောင်နေတာကို ဒီအတိုင်း ရပ်ကြည့်နေရတာလောက် ရင်နာတာ မရှိဘူးဗျာ

ဒါတွေကတော့ ဒီနေ့ညနေပိုင်း သိခဲ့ရတဲ့၊ ကြားခဲ့ရတဲ့ သတင်းစကားတွေပါ။ မှားတာတွေလည်းပါမယ် မှန်တာတွေလည်း ပါမယ်။ ဒီတော့ ကိုယ်ပိုင် စဉ်းစားကြည့်ရအောင်ဗျာ။ မနဿတလေးဆိုတာ ပထမဆုံး ကျွန်တှော ပြောခဲ့သလို မီးနဲ့ ပတ်သတ်ရင် ရာဇဝင် ရှိတဲ့မြို့။ မီးလောင်လို့ ဆုံးရှုံးခဲ့ရပေါင်းလည်း များလှပြီ။ ပြီးတော့ မြန်မာပြည်ရဲ့ အချက်အခြာ စီးပွားရေး မြို့တှောတစ်ခု။ ဒီလို မြို့မှာ အဆင့်မီ၊ အဆင့်မြင့် မီးသတ်ကားတွေ လုံလုံလောက်လောက် မရှိတာ တှောတှော့ကို ဆိုးရွား ရက်စက်ပါတယ်။ မီးကိုသာ အချိန်မီ ငြှိမ်းသတ်နိုင်ရင် အခုလို ဆုံးရှုံးမှု ကြီးမားမှာ မဟုတ်ဘူး။ မီးကာကွယ်ရေး စနစ်တွေ၊ ကိရိယာတွေဆိုတာ အကျိုးအမြတ် ပြန်ရဖို့ထက် အကုန်အကျခံပြီး ပြည်သူအတွက် ပေးရတဲ့ ဝန်ဆောင်မှုမျိုးပါ။ အဲဒီအတွက် သန်းတစ်ရာ ကုန်ကုန်၊ သန်းတစ်ထောင် ကုန်ကုန် အကုန်အကျ ခံသင့်ပါတယ်။ ဒါတွေဟာ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးတဲ့ စေတနာ့ဝန်ထမ်း လုပ်ငန်းတစ်ခုပါ။ နောက်တစ်ခုက ဒီလောက် ကြီးမားတဲ့ စီးပွားရေး အဆောက်အဦးကြီးမှာ မီးကာကွယ်ရေး မီးငြိမ်းသတ်ရေး စနစ်တွေ တပ်ဆင် မထားတာပါပဲ။ တကယ်ဆို နိုင်ငံတကာမှာ ဒီလိုစနစ်ဟာ အဆောက်အဦတိုင်း လိုလိုမှာ ရှိပါတယ်။ ကျွန်တှောတို့ ဆီမှာ မရှိခဲ့ဘူး။ အခုတော့ ဆိုင်တစ်ဆိုင်က စတဲ့မီးဟာ လူများစွာကို ဆုံးရှုံးမှု အများကြီး ပေးခဲ့ပြီ။ ကျွန်တှောတို့ဟာ ကိုယ့်ကို ကိုက်စားမယ့် ကျားရှေ့မှာ ဘာမှမလုပ်နိုင်ဘဲ လည်စင်းနေရုံသက်သက်သာ တတ်နိုင်ခဲ့ကြတယ်။

နောက်တစ်ခါ ကျွန်တှော မနဿတလေး ရောက်တဲ့အခါ မီးလောင်ပြင်ထဲက ရတနာပုံဈေးကြီးကို တွေ့ရတော့မယ်။ မနဿတလေးရဲ့ မျက်နှာတည့်တည့်မှာ ကန့်လန့်ဖြတ်နေတဲ့ မီးလောင်ရာကြီးကို တွေ့ရတော့မယ်။ ကျွန်တှော အမြဲသွားနေကြ အမ်အိုင်စီတီပါခ်ကြီးလည်း တိတ်ဆိတ်နေတော့မယ်။ အရင်က ပျားပန်းခတ် စက်ဘီးတွေ ရပ်နားရာ နေရာမှာ မီးသွေးခဲ အစအနတွေကိုပဲ တွေ့ရတော့မယ်။ ကျွန်တှောတန်ဖိုးထားတဲ့ မနဿတလေးက အရာတွေ တှောတှောများများလည်း ဆုံးရှုံးခဲ့ရတာ များလှပြီ။ ကျွန်တှောတို့ဟာ တကယ်လိုအပ်တဲ့ နေရာတွေမှာ တကယ်လိုအပ်တဲ့ အရာတွေကို အကျိုးရှိစွာ လုပ်နေတာ၊ အများအကျိုးကို ရှေးရှုပြီး လုပ်နေတာ ဟုတ်ရဲ့လားဆိုတာ တှောတှောလေး စဉ်းစားဖို့ ကောင်းနေပါပြီ။ မီးလောင်ပြင်ထဲက ရတနာပုံဈေးကြီး အမြန်ဆုံး ပြန်ထနိုင်ပါစေ။ ကျွန်တှောချစ်တဲ့ ဖီးနစ်ငှက်လေး အရင်ကထက် ပိုမိုနုပျို ရှင်သန် ထမြောက်နိုင်ပါစေလို့ပဲ ကျွန်တှော ဆုတောင်းနေခဲ့မိတော့တယ်။

မန်းမှ မီးသတင်း နောက်ဆက်တွဲများ ၂၆ရက် ဖေဖှောဝါရီ
  • ရတနာပုံဈေး မီးမသေဘဲ ပြန်ထလောင်။ မနေ့က မလောင်ဘဲ ကျန်ရစ်သော အမ်စီစီ ယနေ့မှ လောင်သွား
  • ဒီမှာအမြတ်ထွက်သွားတဲ့ ဝိသမလောဘသားက ဈေးချိုဆောက်တဲ့လူ () မီးလောင်တာနဲ့ အရင်က သိန်း၃၀၀ ၅ရစ်ခွဲ သွင်းတာတောင် မကုန်တဲ့ ဆိုင်တွေ ၃ဝဝလက်ငင်း ဝယ်တာတောင် ၁၁နာရီကျှောတော့ မရောင်းတော့ဘဲ ဂဝဝထိ တက်အှောတယ်။ သူများ ဒုကဿခရောက်တော့ ပွပြီဆိုပြီးလုပ်လို့  ဈေးကို သူမီးရှို့တာ ထင်တယ်လို့တောင် နောက်နေကြတယ်။ မီးတောင် မငြိမ်းသေးဘူး လုပ်နေလိုက်ကြတာဗျာ။
  • မီးသတ်တာဗျာ လူတွေ၊ မီးသတ်တွေ၊ ဘုန်းကြီးတွေ တွေ့ရပေမယ့် () တစ်ယောက်တောင် မတွေ့ရဘူး။
See Photos here:

No response to “မနဿတလေး မှာ လောင်တဲ့မီး”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz