Wednesday, January 23, 2008

Office 2007 PDF

သင်ဟာ Office2007 သုံးတယ်ဆိုရင် Office ထဲက ဖိုင်တွေကို Pdf တိုက်ရိုက် ထုတ်ဖို့ရာ အနည်းငယ်မျှလောက် အခက်အခဲ ရှိနိုင်ပါတယ်။ အမှန်ကတော့ ခက်ခဲတာတော့ မဟုတ်ပါဘူး မျက်စိလည်သွားတာ ဖြစ်ပါလိမ့်မယ်။ ဒါကို ဖြေရှင်းဖို့ရာ နည်းလမ်း နှစ်မျိုး ရှိပါတယ်။ ပထမနည်းလမ်းက PDF Printer တစ်ခု ထည့်သွင်းတဲ့ နည်းလမ်းပါ။ နောက်တစ်နည်းကတော့ Addin လေးတစ်ခု ထည့်သွင်းတာပါ။ အရင် ၂၀၀၃ မှာတုန်းက Adobe Acrobat Professional 8 လို ဆော့ဖ်ဝဲလ် သွင်းထားလိုက်ရင် Office မှာလုတ်လေးတစ်ခု ပှေါလာပြီး လွယ်လွယ်ကူကူ ပီဒီအဖ် ပြောင်းလို့ရတယ်။ Office 2007 မှာတော့ အဲဒီလိုမျိုး တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ စာရွက်ကို Print Out လုပ်မယ်ဆိုရင် Printer တွေရွေးချယ်ပေးရတဲ့ နေရာမှာတော့ Adobe PDF ဆိုတာလေး တွေ့ရမှာပါ။ အဲဒါလေးကို ရွေးပြီး Print လုပ်လိုက်မယ်ဆိုရင် သင့်ရဲ့ Office ဖိုင်ဟာ ပီဒီအဖ်ဖိုင် အဖြစ် ရရှိမှာ ဖြစ်ပါတယ်။ နောက်ထပ်တစ်နည်းကတော့ Office 2007 အတွက် Addin လေးတစ်ခု သွင်းပေးလိုက်တာပါ။ အဲဒီဟာလေးကို သွင်းပြီးသွားရင် ဖိုင်တစ်ခုကို Save As လုပ်တဲ့အခါ PDF or XPS ဆိုတာလေး ကိုရွေးပေးလိုက်ရုံပါပဲ။ အောက်မှာ အဲဒီဖိုင်လေး တင်ပေးထားပါတယ်။
Download : Save as PDF (934K)

No response to “Office 2007 PDF”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz