Sunday, January 6, 2008

ညီမလေးအတွက်ကဗျာများ

ရေးထားခဲ့ဖူးတဲ့ ကဗျာလေးတွေပါ။ မှတ်မှတ်ယယ ပြန်စုထားလိုက်တာ။ ဘာရယ်တော့ မဟုတ်ပါဘူး။ ပြန်ဖတ်ကြည့် လိုက်တော့လည်း လူငယ်ဘဝကို သတိရသလိုလို။



ညီမလေးမသိတဲ့ အရောင်များ


ဒီဆောင်းတွင်းတစ်ခုလုံး
မျှားလိုက်ရတဲ့ငါးတွေ
ညီမလေးက မသိဘူး
ကျွန်တှော့ဆီ လာချင်တဲ့ အချိန်လာပြီး
ပြန်ချင်တဲ့ အချိန်ပြန်သွား
ကာလနဲ့ဒေသသဘောတရားကို
ညီမလေးက မသိဘူး
ဝင်သက်ကို ဖြည်းဖြည်းရှူတော့
ညီမလေး ကိုယ်သင်းနံ့များက တိုးတိုးပြီး မွှေးမြ
ထွက်သက်တွေ လေးလေးပြီးလာတော့
ညီမလေး ကိုယ်သင်းနံ့များက ရင်ထဲမှာ တိုးတိုးပြီး ကျန်လာ
နာရီတွေမလိုဘူး
သူလာတတ်တဲ့ ပြန်တတ်တဲ့ အချိန်တွေကို ကျွန်တှောကသိနေ
ဒီနယ်မြေဟာ အနဿတရာယ် ရှိတယ်ညီမလေး
ဒီနယ်မြေမှာ ကဝေတွေ ရှိသတဲ့ ညီမလေး
နူးညံ့တဲ့လေပြေ၊ မြက်ခင်းစိမ်း၊ ပန်းပွင့်တောအုပ်
အရာရာဟာသူယောင်အရိပ်တွေပဲ ညီမလေး
ဒီနေ့တော့ ကိုယ်တစ်ယောက်တည်းပေါ့
အိပ်မက်ထဲ အလည်လာတတ်လည်း မင်းမျက်ဝန်းတွေလည်း
ရပ်ဝေးမှာ ရှောင်ခွာနေခဲ့တာ ကြာပေါ့
နှင်းတွေကျလိုက်တာ
နှင်းတွေကျလိုက်တာ
မင်းမကြားနိုင်တဲ့ စကားတွေကြား
မင်းမမြင်နိုင်တဲ့ စိတ်နယ်လွန်မှုများကြား
မင်းမထိတွေ့နိုင်တဲ့ ငါ့လက်ဖဝါးများကြား
ငါ့ကဗျာများလည်း ရွာရိုးကိုးပေါက်လျောက်လို့
အှောဟစ်တတ်တဲ့စိတ်ဟာ မြိုသိပ်ရတဲ့အခါ
ပိုမိုနာကျင်တတ်တာ သဘာဝပဲပေါ့ ညီမလေး။



တောပန်း


မိုးတွေရွာမယ်ထင်လို့
တံခါးတွေကိုဖွင့်ထားမိခဲ့တာပါ
ငိုနေတဲ့ညတွေအကြောင်း
မင်းမသိခဲ့ပါလားညီမလေးရယ် . .
လွမ်းရင်းလွမ်းရင်းနဲ့
တလှမ်းခြင်းစီဝေးသွားခဲ့ရတဲ့အဖြစ်တွေပေါ့
သံယောဇဉ်ဟာ ရေလိုပဲအစရှာမရခဲ့ဘူး
ဒီပန်းကိုခူးရင်
ဒီဆူးဟာစူးမှာပဲဆိုတာ
ကမဿဘာဦးထဲက သိခဲ့သင့်တယ်
ရေတွက်ရင်း ရေတွက်ရင်း ကုန်သွားခဲ့တဲ့
ပြကဿခဒိန်များစွာထဲက နေ့တွေပါ
ဓါးဒဏ်ရာလို ပြင်း . . ထန် . . စူး . . ရှ
အချစ်ဆိုတဲ့အရာက
အိပ်မက်တွေထဲမှာတောင်မလှပခဲ့ဘူး
အရူးတစ်ကောင်ရဲ့လွယ်အိတ်လို
စိတ်ကိုဖြေချလိုက်ဖို့ ကြိုးစားတဲ့အခါမှ
ငါ့နှုတ်ခမ်းတွေက
အလိုလို ဆွံ့အ လို့နေခဲ့တယ်။



ညီမလေးနဲ့ ကျောင်းတှောရဲ့ အဝေးမှာ


ဘာကိုမှ ဖွင့်မပြောဖြစ်ခဲ့ဘူး
အတွေးများစွာနဲ့
ငါတို့ဝေးခဲ့ရတယ်

ဘာကိုမှ မပွင့်လင်းခဲ့ကြဘူး
တခါတခါဆုံခဲ့ကြတဲ့မျက်ဝန်းများက
ဆွတ်ပျံ့ခြင်းများနဲ့ရီဝေဝေ

ဘာကှိမှ မမျှောလင့်တော့ပါဘူး
လှပသောလက်ရေးနဲ့
ညီမလေးရဲ့စာရွက်လေးတွေက
နေရာယူနိုင်ခဲ့တာ ငါ့ဘီရိုလေးထဲမှာ

ဘယ်သူမှ မသိလိုက်ပါဘူး
အဖြူရောင်ဘောင်တွေထဲမှာ
ငါရူးသွပ်ခဲ့ရတာကအခါခါ

ဘာကိုမှ မတောင်းဆိုချင်တော့ပါဘူး
သတိတရဖြစ်နေချိန်တောင်မှ
ညီမလေးအနားမှာ
တခါမှ ရှိနေခွင့် မရခဲ့တာ။



ညီမလေးက လက်သည်းမရှိတဲ့ ကြောင်တစ်ကောင်


ဒီနေ့ဟာ ညီမလေးရဲ့ မွေးနေ့ပဲ
အိပ်ယာက ထလိုက်တာနဲ့ လွမ်းလွမ်းဆွတ်ဆွတ်
ငွေ့ရည်ဖွဲ့တိမ်တွေရဲ့ ဘာသာဗေဒကို ညီမလေး မသိခဲ့
ရာသီချိန်မှာ ပြန်လာတတ်တဲ့
ဆယ်လမွန်ငါးတွေအကြောင်းလည်း ညီမလေး မသိခဲ့တော့
အားလုံးကပြောတဲ့ မြို့ပျက်မှာ
ညီမလေးက အပေါင်းတစ်ဖြစ်ပြီး
ငါက အနှုတ်တစ်ဖြစ်လို့နေတယ်။

ရှိရင်းစွဲ အခြေအနေလေးနဲ့တော့
ငါနဲ့ ငါ့အသက်ရှူသံတွေက
ဘယ်လိုမှ ညီမလေးကို မဖြားယောင်းနိုင်
မြင်မြင်ချင်း ချစ်မိခြင်းက အပြစ် ၁ ဖြစ်ခဲ့ပြီး
ချစ်မိမိချင်း မသိလိုက်ခဲ့ခြင်းက အပြစ် ၂ ဖြစ်တယ်လို့
ငါ့သူငယ်ချင်းက ငါ့ကိုဆိုတယ်
တကယ်တော့
ညီမလေးဆိုတာကိုက ငါ့ရဲ့ အပြစ် ၃ ဖြစ်တယ်။

ငါ့အသံကို သူက မကြားနိုင်ပဲ
ငါ့အသံကို ငါသာပြန်ကြားနေခဲ့
ငါက ရင်မောစွာ ငေးကြည့်မိတိုင်း
ညီမလေးက ကြောင်တစ်ကောင်ဖြစ်လို့နေခဲ့
ငါသွားရာ လမ်းတွေမှာ ညီမလေး ပျောက်နေခဲ့ပြီး
ငါ့လမ်းတလျောက်မှာတော့ ညီမလေး အရိပ်တွေ တွေ့နေခဲ့ရတယ်။

ငါ့သွေးသားများက တောနက်ရိုင်းလို
ခြသေဿင့တစ်ကောင်အုပ်စိုးရာ တိုင်းပြည်မှာမှ
မြေခွေးနှစ်ဆယ့်ငါးကောင်ကပါ ကျက်စားခဲ့ကြတော့
ပြန်မလာမှန်းသိလည်း ငှက်တွေကို အခါခါလွှတ်နေခဲ့မိပေါ့။

နောက်ဆုံး
ဒီမျက်နှာဖုံးကို ငါစွပ်တယ်
ဒီတေးသွားကို ငါရေးတယ်
တီးခတ်ရာ ဂီတာကြိုးက ပုံမှန်မဟုတ်ခဲ့တော့
အသံအတယ်
ဂီတက ရုန့်ရင်း အကျည်းတန်တယ်
တကယ်တော့ငါက
ဒီမြို့ကြီး မှောင်နေတာကိုတောင်
မီးတွေ ထိန်နေအောင် ထွန်းချင်ခဲ့မိတဲ့ကောင်ပေါ့ ညီမလေး။



ရွာချလိုက်တော့မိုး


သူက ရွာသွန်းပြီး တိတ်ဆိတ်သွားလိုက်တာ
မြေငွေ့ရနံ့လေးတွေ လွင့်ပျံ့ပြီး
ကျွန်တှော့ကို ထားရစ်ခဲ့
ကြိုးမရှိတဲ့ ဂစ်တာတစ်လက်ရဲ့ အသံကို
ဘယ်သူတွေ နားလည်မလဲ
မိုးသားများ တရိပ်ရိပ်ပြိုကျ
သည်းကြီးမည်းကြီး ရွာချခဲ့တော့ ညီမလေး
အဆက်အသွယ်တွေဝေးကြလည်း
ငါ့ပတ်ဝန်းကျင်က ဆွေးဆွေးမြေ့မြေ့
ခူးဆွတ်မယ့်သူမရှိတဲ့ ပန်းများဘဝမှာ
လွင့်ကြွေခြင်းဆိုတာ
ဘယ်သူမှမကြားသိနိုင်တဲ့ကဗျာ
အသံမသာခဲ့သောဂီတ
အလွမ်းတွေကို ငါသတိတရ သိမ်းထားတယ်
ရုပ်ရှင်လက်မှတ်လေးနှစ်စောင်နဲ့
မြေပြင်မှာ တစ်ခါမှ မပွင့်ခဲ့ရတဲ့ ပန်းတစ်ပွင့်
ပျှောရွှင်စွာ ပွင့်ရဲခဲ့သော ရက်စွဲတစ်ခု အတွက်ပေါ့
ဝမ်းနည်းစွာ
မနက်ဖြန်ခါတိုင်းဟာ
ငါတို့အတွက် ဘယ်အခါမှ မသေချာခဲ့ပါဘူး။

(အိုင်ဒီယာ၊ ဇန်နဝါရီ၊ ၂၀၀၈)



ကျွန်တှော အဝေးဆုံး ရောက်သွားတဲ့အခါ


ကျွန်တှော အဝေးဆုံး ရောက်သွားတဲ့အခါ
ညီမလေးရယ် လေတိုးသံလေးတွေကိုနားဆင်ပါ
မျက်စိကို မှိတ်ပြီး နာကျင်စွာ ပြုံးရယ်ပါ
ချစ်ခြင်းတရားဟာ မြက်ဖျားကနှင်းလို မကြွေချင်ဘဲ ကြွေကျ
ကျွန်တှော့စိတ်များ လွင့်နေခဲ့တာက
လူတကာမသိအောင် ပင်လယ်ထဲ ရွာသွန်းခဲ့သောမိုးတိမ်လို
ချစ်လား မချစ်ဘူးလား စကားသံများက ဆူးပင်လို
ငြိတွယ်မိတဲ့အခါ ဆူးမယ်
ကျွန်တှောက ကိုယ့်စိတ်ကူးနဲ့ကိုယ် ရူးတယ်
သစ်ရွက်တွေ ကြွေတဲ့အခါလည်း ကျွန်တှောလွမ်းတယ်
အိပ်စက်နေရင်း ကျွန်တှော ရယ်မောတယ်
ဘာမှမရှိတဲ့ အပြင်ဘက်ကိုကြည့်ရင်း ကျွန်တှောနာကျင်တယ်
ကိုယ်ခနဿဓာထဲက သွေးဆိုးများ ဖောက်ပြန်ပြောင်းလဲတဲ့အခါ
ကျွန်တှောမိုက်မဲတယ်
ဆုပ်ကိုင်ထားတဲ့ ညီမလေးလက်များမှာ ယုံကြည် ကိုးစားခြင်းရှိတယ်
ဆုပ်ကိုင်ထားတဲ့ ကျွန်တှော့လက်များမှာ နာကျင်ခြင်းနဲ့ စိတ်မကောင်းခြင်းရှိတယ်
ညီမလေးဟာ ဖြူစင်တယ်
ကျွန်တှောက ဖြူစင်ချင်တယ်
ညနေခင်းက နေရောင်အလင်းတန်းတွေလို
မပြီးဆုံးခင်မှာတော့ အရာရာတိုင်းက လှတယ်
မှားယွင်းပစ်ခံရတဲ့ ငှက်တစ်ကောင်လို
ကျွန်တှော့ရင်ဘတ်က အရာဟာ ပျောက်မသွားဘူး
မှားယွင်းပစ်ခံရတဲ့ ငှက်တစ်ကောင်လို
ကျွန်တှော့ အကြည့်များက ပိုပို လေးလံလာ
လှုပ်ရှားမှုများလည်း တဖြေးဖြေး နှေးကွေးလာ
တစ်ခုသောအရာကို အခါတစ်ထောင် စူးစမ်းနေမိတဲ့အခါ
ကျွန်တှောဟာ အရာရာမှာ နောက်ကျလာ
စကဿကူလှေငယ်လေးလည်း ရေပြင်မှာ မျောပါ
ကျွန်တှော့ကို တပါတည်း ခှေါဆောင်သွားတော့တယ်

“ ကျွန်တှောဟာ တရားခံ”
“ ကျွန်တှောဟာ တရားလို”
“ ကျွန်တှောဟာ အမိန့်ပြန်တမ်း”

ကိုယ့်ကိုယ်ကို ဒဏ်ခတ်တယ်
ဘဝမှာ ဘာမှ မလုပ်နိုင်တဲ့အခါ
ကိုယ့်ကိုယ်ကို ဒဏ်ခတ်မယ်
နာကျင်မှုဟာ ကျွန်တှော့ရဲ့ ချိုမြတဲ့ အတိတ်စိမ်း ဖြစ်မှာပဲဆိုပြီး
ကံကို မကိုးစားပဲ ကျွန်တှော ထီတစ်စောင် ထိုးထားခဲ့တယ်
မမျှောလင့်ဘဲ ပေါက်သွားမှာ စိုးရိမ်မိလာတဲ့အခါ
မိုက်မဲစွာ ဆုတ်ဖြဲပစ်ခဲ့တယ် .... အနာဂတ်များ
ကျွန်တှောဟာ
ဆုတံဆိပ်များနဲ့ မထိုက်တန်သူပါ ညီမလေး။



ဆုတောင်း


တွေးကြည့်ကြတာပေါ့
ငါ့ကိုယ်ငါ ပန်းတစ်ပွင့်လို ဖန်ဆင်းခွင့် ရခဲ့မယ်ဆိုရင်
ရနံ့သိသူ သက်သက်တွေအတွက်သာ မွှေးမြချင်တယ်။
ငါ့ကိုယ်ငါ လဲမှို့ဝါလေးတွေလို လွင့်မျောခွင့် ရခဲ့မယ်ဆိုရင်
ခေါင်းအုံးတစ်လုံးထဲမှာ ပိတ်လှောင်ခံနေရတာမျိုးကလွဲလို့
ဘယ်တောဘယ်တောင်ကိုမဆို ငါသွားနိုင်ပါရဲ့။
ငါ့ကိုယ်ငါ ပုလဲတစ်လုံးလို ဖြစ်ခွင့်ရခဲ့ရင်
တန်ဖိုးမရှိရင်နေပါစေ
ရင်ခွင်ထဲမှာပဲ ငြိမ်းချမ်းစွာ အိပ်စက်ပါရစေ ပင်လယ်ရေ။
ငါ့ကိုယ်ငါ ထီးလေးတစ်လက်ဖြစ်ခွင့်ရခဲ့ရင်
အမြဲမဟုတ်တဲ့ တခါတရံသတိရ လွမ်းဆွေးခြင်းတွေကိုသာ ငါတောင့်တပါရစေ။
ငါ့ကိုယ်ငါ ကျားတစ်ကောင် ဖြစ်ခွင့်ရခဲ့ရင်
ပုံပြင်ထဲက ယုန်တွေကိုပဲ ရွေးချယ်စားသောက်မယ်။
ငါ့ကိုယ်ငါ နကဿခတ်တစ်လုံး ဖြစ်ခွင့်ရမယ်ဆိုရင်
လူတွေနာမ မပေးနိုင်တဲ့ အဝေးဆုံးမှာ နေချင်ပါရဲ့။
ငါ့ကိုယ်ငါ ဖြစ်ချင်ရာအားလုံး ဖြစ်ခွင့်ရခဲ့ရင်
နားတွေအားလုံး ကန်းသွားချင်တယ်။
ငါ့ကိုယ်ငါ သေနတ်တစ်လက် ဖြစ်ခွင့်ရခဲ့ရင်
မေတာှတဆထြက္မိတဲ့ က်ည္ဆံနဲ့
ငါမင်းကို ..........။


လင်းဆက်
၂၈ ဩဂုတ် ၂၀၀၅

No response to “ညီမလေးအတွက်ကဗျာများ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz