Friday, January 4, 2008

ကိုပိုက်ဝတဿထုဖတ်ပြီးရေးတဲ့ကဗျာ

ပျှောလိုက်တာ။ အိုင်ဒီယာမဂဿဂဇင်းမှာပါတဲ့ ကျွန်တှော့ရဲ့ ကဗျာလေးကို လပွတဿတာ စာဖတ်အသင်းကနေ ဝသနဿတ အနှစ်သက်ဆုံး ကဗျာအဖြစ် ရွေးချယ်တာ ခံရတယ်။ ကိုယ့်ကဗျာကို သူတို့ ကြိုက်လို့ ပျှောတယ်ဆိုတာထက် ကိုယ့်ခံစားချက်ကို ကူးစက်ခံစားတတ်သူတွေ ရှိနေသေးတယ်ဆိုတာ သိလိုက်ရလို့ ပျှောတယ်။ အဲဒီကဗျာက ကျွန်တှော့ အကြိုက်ဆုံး ကဗျာတွေထဲက တစ်ပုဒ်ပါ။ အိုင်ဒီယာရဲ့  အောက်တိုဘာလထုတ်က ထင်ပါတယ်။



ငါ့ကိုလေးလံစေသူများ



ငါဟာတောင်တန်းတွေကိုထည့်ယူသယ်ပိုးနေမိတဲ့
ကျောပိုးအိတ်တစ်လုံးဖြစ်တယ်

ကြမ်းတမ်းသောမြစ်တချို့ နဲ့ နူးညံ့သော မြစ်တချို့လည်း ငါ့ကိုယ်ပှေါမှာစီးတယ်
လျို့ ဝှက်နက်နဲတဲ့ တောအုပ်တွေနဲ့ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးတွေလည်း ရှိတယ်
ပြန့် ပြူးရှင်းလင်းသော လွင်ပြင်တချို့ နဲ့ စိမ်းလန်းသော မြက်ခင်းတချို့လည်း ရှိတယ်
အရိပ်ခိုနေတဲ့ တောရဲသားကောင်တချို့ပါသလို
ဘာကိုမှဂရုမစိုက်တဲ့ သေနတ်သမား တစ်ယောက်လည်း ပါတယ်
ကုန်ကုန်ပြောမယ်
အားလုံးနဲ့ ဝေးဝေးနေချင်တဲ့ ရသေ့တစ်ပါးလည်း ရှိတယ်။

ငါက ကျောပိုးအိတ် တစ်လုံးဆိုတော့ တောင်တန်းတွေကို သယ်ခဲ့မိတာပေါ့
စိတ်ကူးယဉ်စေတဲ့ ကောင်းကင်တွေ ပင်လယ်တွေတော့ အစထဲက ချန်ထားရစ်ခဲ့တယ်
ဒီလိုဆိုတော့
ငါ့မှာအလင်းဆိုတာ မရှိဘူး
မိုးချုန်းသံတွေ မရှိဘူး
လေကောင်းလေသန့်တွေ မရှိဘူး
တိမ်တွေနဲ့ မိုးစက်တွေလည်း မရှိဘူး
စိတ်ကူးယဉ်စရာဆိုလို့ ဘာမှကို မရှိဘူး။

ခရီးရှည်သွားတဲ့ ညညတွေဆို
တောနက်ထဲက သားကောင်တွေက အသက်ရှူမဝလို့ စုစုပြီး အှောကြဟစ်ကြ
မြစ်တွေလည်း အငွေ့မပျံရလို့ တဝုန်းဝုန်းနဲ့ စီးကြဆင်းကြ
သစ်ပင်တွေလည်း နေရောင်မရလို့ ညှိုးကြနွမ်းကြ
ချောက်ကမ်းပါးတွေလည်း လူသူလေးပါး မတွေ့ရလို့ ပဲ့တင်သံတွေ ဆက်ဆက်ပြီး လွှင့်ကြထုတ်ကြ
ရသေ့လည်း ရှေ့ ဖြစ်ဖတ်ဖို့ရာ နကဿခတ်တာရာရှာမတွေ့လို့ နည်းသစ်လမ်းသစ်တွေ တကုပ်ကုပ်နဲ့ ရှာရဖွေရ
သေနတ်သမားကလည်း အလင်းရောင်မရလို့ မည်းမည်းမြင်တိုင်း ပစ်ရခတ်ရ

ဆူညံတယ်
လှုပ်ရှားတယ်
လေးလံတယ်

ဘဝဟာ ကျောပိုးအိတ်တစ်လုံးလို
တစုံတရာကိုသယ်ပိုးမိတဲ့အခါ
အခြားမသက်ဆိုင်သော အရာများစွာ ပါလာတတ်တယ်
ကျွန်တှောက တောင်တန်းတွေသက်သက်ကို သယ်ပိုးချင်ခဲ့မိတဲ့ ကျောပိုးအိတ်သက်သက်ပါ
သေနတ်သမားတစ်ယောက် အဲဒီမှာ ရှိနေနိုင်တာကိုတောင် ထည့်မတွက်မိခဲ့ဘူး။

လင်းဆက်


ကျွန်တှော့ သူငယ်ချင်းတစ်ယောက်က ဒီကဗျာ မဂဿဂဇင်းမှာ ပါလာတော့ သူများတွေကို ကျွန်တှော့ကိုယ်စား ကြွားပေးပါတယ်။ သူတို့က ပြန်မေးတော့ ဒီကောင် ကိုပိုက်ရဲ့ မုဆိုး ဝတဿထုတွေ ဖတ်ပြီး ခံစားရေးထားတာလို့ ပြောခဲ့တယ်တဲ့။ ဟုတ်တော့လည်း ဟုတ်သလိုလို။ သေနတ်သမားတွေရော၊ မုဆိုးတွေရော၊ ရသေ့တွေရော၊ သားကောင်တွေရောဆိုတော့။ ထားပါတော့။ ဆုချီးမြှင့်ငွေက ၂၀၀၀၀ ရတယ်ခင်ဗျ။ ပိုက်ဆံကလည်း နှစ်သစ်ကူး လိုနေတဲ့ ကာလမို့ (စကားလှအောင်သာ ပြောရတာ တကယ်တမ်းက အမြဲကို လိုနေတာ) ဝမ်းသာလိုက်တာ။ အဲဒီပိုက်ဆံလေးထုတ်ပြီး စာအုပ်ပွဲတှောသွား၊ အဟောင်းတွေမွှေနှောက်၊ လိုချင်တာလေးတွေ ရှာဝယ်လိုက်တာ ပလရောင် သွားတဲ့အပြင် အိတ်ထဲကတောင် မြိုးမြိုးမြက်မြက်လေး စိုက်လိုက်ရသေးတယ်။ ကဲကဲ ခင်ဗျားတို့ရော သူတစ်ပါးကို လေးလံစေသူတွေလား ဘာတွေလားဆိုတာ စမ်းစစ်ကြည့်ကြပါဦး။ ဒါမှမဟုတ်လည်း ကျွန်တှော့လို ကိုပိုက်ဝတဿထုတွေ များများ ဖတ်နိုင်ကြပါစေလို့။

No response to “ကိုပိုက်ဝတဿထုဖတ်ပြီးရေးတဲ့ကဗျာ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz