Wednesday, October 31, 2007




ဆောင်းခိုငှက်များရယ်
မရွာချဖြစ်တဲ့ တိမ်ပုံပြင်တွေရယ်နဲ့
နေသာတဲ့ နေ့တွေ အကြောင်းပါ

ညအိပ်စက်ချိန်
ကြွေခဲ့သောနှင်းရေ
နေ့တွေမှာ သင်ဟာ ရောက်မလာခဲ့ဘူး

ကျယ်ပြန့်သော လွင်ပြင်ရင်ဘတ်ထဲမှာမှ
ပွင့်နေခဲ့သော နေကြာ
မျက်ရည်စက်တွေနဲ့
ဆို့နင့်ဝေဝါးစွာ ဆွေးဆွေးဝါလို့

ငါတို့ကိုယ်က အချိန်တွေမှားခဲ့ကြတယ်
ငါတို့ကိုယ်က လမ်းတွေမှားခဲ့ကြတယ်
ငါတို့ကိုယ်က နေရာတွေ မှားခဲ့ကြတယ်
ငါတို့ကိုယ်က
တကယ်ဆို
အနေကို ဝေးခဲ့ကြတာပါ။

မိုးများ သည်းစွာ ရွာသည်
သို့သှော......
မျှောလေသောသူကား ရောက်မလာခဲ့။


လင်းဆက်
စကဿငာပူက ညတစ်ညမှာ တထိုင်တည်း ရေးဖြစ်ခဲ့တဲ့ ကဗျားလေး တစ်ပုဒ်ပါ။ ဒီကဗျာလေး သိမ်းပေးထားတဲ့ မမေကို သိပ်ကျေးဇူးတင်တယ်။

Tuesday, October 30, 2007

Milestone 1000 Posts


မဂဿငလာပါ။ ဒီဘလော့ဂ်ဟာ ဒီနေ့ ပိုစ့် ၁၀၀၀ ပြည့်ပါတယ်။ ၉၉ဂမှာ တစ်နေတာ တှောတှောကြာပါတယ်။ ကိုယ်တိုင်လည်း အလုပ်မအား၊ အင်တာနက် သုံးဖြစ်ရင်တောင် ဘလော့ဂ်ဘက် မရောက်ဖြစ်တာမို့ တှောတှောလေး အဆက်ပြတ်သွားတယ်။ ကျွန်တှော့ ဘလော့ဂ်ကို 18+ Den လို့အမည် ပေးထားတာ အကြောင်း ရှိပါတယ်။ Den ဆိုတော့ သားရဲတွင်းပေါ့။ ကျွန်တှော နားခိုရာ သားရဲတွင်းလို့ ဆိုချင်တာပါ။ သားရဲတွင်းဆိုတော့ အနံ့ဆိုးတွေလည်း ရှိပါလိမ့်မယ်။ စားကြွင်းစားကျန်တွေလည်း ရှိမယ်ပေါ့။ သားရဲတွင်းဆိုတော့ လှတပတ နေမှာတော့ မဟုတ်ပါဘူး။ အသက် ၁ဂနှစ် ကျှောပြီးသူတွေ အတွက်သာ ရည်ရွယ်တာမို့ ၁၈+ လို့ တပ်ထားတာပါ။ အဓိကကတော့ ကျွန်တှော ဖတ်မိတာ၊ စမ်းမိတာ၊ သုံးမိတာတွေကို အမှတ်တရ ပြန်ပြီး သိမ်းဆည်းထားတဲ့ နေရာလေးပါ။ အရင်တုန်းကတော့ တစ်ရက်ကို အနည်းဆုံး သုံးလေးငါးပိုစ့် တင်ဖြစ်တယ်။ အခုနောက်ပိုင်းတော့ သိပ်မရေးဖြစ်တော့ဘူး။ ကျွန်တှော့ရဲ့ Blog Addict ဖြစ်နေတဲ့ ရောဂါကို ပျောက်အောင် လုပ်ပေးလိုက်တဲ့ မြန်မာပြည် မီးစနစ်နဲ့၊ အင်တာနက် စနစ်ကိုလည်း ကျေးဇူးတင်လိုက် ပါသေးတယ်။ လာလည်တဲ့ သူငယ်ချင်း အားလုံးနဲ့ သိသူ မသိသူ အားလုံးလည်း ဒီနေရာကနေ တစ်ခုခု ရတယ်ဆိုရင် ဝမ်းသာပါတယ်။ ပုဂဿဂိုလ်ရေး ပါဆင်နယ် ကိစဿစတွေကလွဲလို့ ဒီနေရာမှာ အကြံပေးနိုင်၊ မေးမြန်းနိုင်၊ ညွှန်ပြ သင်ကြား ပေးနိုင်ပါတယ်။ ဒီဘလော့ဂ်ကနေ အတွေ့အကြုံတွေ မိတ်ဆွေတွေ အများကြီး ရခဲ့တယ်။ အကူအညီတွေ၊ အနှောက်အယှက်တွေလည်း အများကြီး ရခဲ့တယ်။ ဒါပေမယ့် ဘာမှမရတာထက်စာရင် တစ်ခုခု ရနေတာက အမြဲလှုပ်ရှားနေရတဲ့ ကျွန်တှော့ အတွက်တော့ အတွေ့အကြုံတွေလို့ ယူဆပါတယ်။ အမ်ပီတီမှာ မပိတ်ဘဲ၊ ပုဂံမှာ အပိတ်ခံထားရတဲ့ ဘလော့စပေါ့ကြီးလည်း အမြန်ဆုံး ပြန်လည် ပွင့်သွားပါစေလို့ ဆုတောင်း လိုက်ပါတယ်။


မြန်မာယူနီကုဒ် စနစ်ကို သုံးသပ်ခြင်း

မြန်မာပြည်အတွက် လျာထားသော ယူနီကုဒ် များကို သုံးသပ်ခြင်း



ယူနီကုဒ်နဲ့ ပတ်သတ်ပြီး ကျွန်တှောတို့ မြန်မာအချင်းချင်း ပုတ်ခတ် ရန်လို တိုက်ခိုက်နေကြတာ တှောတှော ကြာလာပါပြီ။ သူတို့ကတော့ ယူနီကုဒ် ကွန်ဆိုတီယမ်ရဲ့ စနစ်ကို အပြည့်အဝ လိုက်နာ ကျင့်သုံးထားတယ်လို့ မြန်မာ၊ မိုင်မြန်မာ၊ ပိတောက်၊ ပုရပိုဒ် ဖောင့်စနစ်တွေက ဆိုကြပါတယ်။ ဒါကြောင့်မို့ အဲဒီ ကွန်ဆိုတီယမ်က ပြဋဿဌာန်းပြီး ကျွန်တှောတို့ မြန်မာ ပညာရှင်ကြီးများ လက်ခံထားတဲ့ ယူနီကုဒ်စနစ် ဗားရှင်း၅ကို လေ့လာဖြစ်ပါတယ်။

မြန်မာစကားဟာ ပါဠိစကား မဟုတ်တော့ပါဘူး။ မွန်စကားလည်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒါတွေဟာ မြန်မာစာရဲ့ ရေသောက်မြစ်တွေ ဆိုတာကို လက်ခံပေမယ့် မြန်မာစကားစာ မြန်မာစကား ဖြစ်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစာကို ပါဠိဘာသာနှင့် ယှဉ်ပြီး ချဉ်းကပ် လေ့လာခြင်းဟာ မှားယွင်းတယ်။ ကျွန်တှောတို့ မြန်မာစကားမှာ သရဟာ အသံသာ ဖြစ်တယ်။ အဲဒီ သရ အသံထွက်ကို ရအောင်သာ စာလိုက် ရေးကြတာ၊ သရအတွက် သီးသန့် အကဿခရာ မရှိပါဘူး။ ဒါကြောင့် ဩ၊ ဪ၊ ဥ၊ ဦ ကို သရယူနီကုဒ်တန်ဖိုး ပေးထားတာ အရမ်းကို အံ့အားသင့်မိတယ်။ ဒီနေရာမှာ ပါဠိသက် ဝေါဟာရတွေအကြောင်း ပြောဖို့ လိုပါလိမ့်မယ်။ မြန်မာစကားမှာ ပါဠိစကားလုံးတွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမယ့် အချို့စကားလုံးတွေကို မြန်မာတွေက အပြီးအပိုင် မွေးစားလိုက် ပြီးပါပြီ။ အဓိက ပြသဿသနာက ဘုန်းကြီးတွေ ကနေ ဖြစ်လာတယ်လို့ ထင်ပါတယ်။ ရှေးတုန်းက ဆရာတှောတွေဟာ စာတတ်ပေတတ် သာမက၊ တိုင်းသူပြည်သားတွေကို သင်ကြားပေးရသူတွေ ဖြစ်လေတော့ သူတို့ဆီကနေ ပါဠိစကားလုံး အများစု ပြန့်ကုန်တယ်လို့ ထင်မိပါတယ်။ မေတဿတာတို့ သစဿစာတို့ စတာတွေဟာ ပါဠိကနေ ယူထားတာပါ။ ဒါပေမယ့် ဒီစကားလုံးတွေကို ပါဠိလို့ မမြင်သင့်ပါဘူး။ မြန်မာစာလို့ပဲ သတ်မှတ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ မေတဿတာလို့ ပြောလိုက်တာနဲ့ လူတစ်ယောက်က ဘာကိုမှ ရှင်းပြစရာမလိုပဲ အလိုလို နားလည်နိုင်တဲ့ အနေအထား ရောက်ပြီး ဖြစ်နေလို့ပါ။

အဂဿငလိပ် ဆိုတဲ့စကားလုံးကို မြင်တာနဲ့ English ဆိုတာကို သိတယ်။ တကယ်တမ်း ဒီစကားလုံးကို တိတိကျကျ မြန်မာအသံထွက် ရေးဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် ခုနက ရေးထားတဲ့ အဂဿငလိပ် ဆိုတာဟာ မြန်မာက တိုက်ရိုက် မွေးစားလိုက်ပြီး မြန်မာမှု ပြုထားတဲ့ စကားလုံးပါပဲ။ ဟိုးတစ်ခါက ပြောခဲ့သလို ပါဠိမှာ ဆကဿကဂံဆိုတာကို မြန်မာတွေက ဆဋဿဌဂံဆိုပြီး စာလုံးအသစ် မွေးစား မြန်မာမှု ပြုလိုက်သလိုပါပဲ။ ဆိုတော့ ကျွန်တှောတို့ အခုသုံးနေကြတဲ့ အဲဒီလို ပါဠိသက်၊ အဂဿငလိပ်သက် စကားလုံးတွေကို မူရင်း ပါဠိ၊ အဂဿငလိပ် စတာတွေနဲ့ သွားသွား မနှိုင်းယှဉ်ရင် ကောင်းပါလိမ့်မယ်။ တကယ်တမ်း ဒါမျိုးက Etomology လို့ခှေါတဲ့ ဘာသာစကား ရင်းမြစ်ကို စူးစမ်းလေ့လာတဲ့ အခါမှသာ နှိုင်းယှဉ် သင့်ပါတယ်။ ခုနက သရသံ ဩ အတွက် မြန်မာစာလုံး (အော)(သဝေထိုး+ရေးချ) ဆိုတာ ရှိပါတယ်။ (ဪ)အတွက် (အှော) (သဝေထိုး+ရေးချ+ရှေ့ထိုး) ဆိုတာ ရှိပါတယ်။ (ဣ)အတွက် (အိ)(လုံးကြီးတင်) ရှိပါတယ်။ (ဤ)အတွက် (အီ)(လုံးကြီးတင်ဆန်ခတ်) အသံရှိတယ်။ (ဦ)အသံအတွက် (အူ) (နှစ်ချောင်းငင်) ရှိပါတယ်။

ဒီယူနီကုဒ် စနစ်မှာ ဩ၊ ဪ၊ ဥ၊ ဦ စတာတွေကို သရနေရာမှာ ထည့်ထားတာ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစဿစပါ။ တကယ်တမ်း အဲဒီနေရာမှာ ထည့်သင့်တာ အခုနလို သရသံရအောင် ဖွဲ့ထားတဲ့ စာလုံး အတွဲတွေပါ။ ကျွန်တှောသာ ဆိုရင် အဲဒီနေရာတွေမှာ (ရေးချ) (လုံးကြီးတင်) (လုံးကြီးတင်ဆံခတ်) (တစ်ချောင်းငင်) (နှစ်ချောင်းငင်) (သဝေထိုး) (နောက်ပစ်) စတာတွေကို ထည့်မှာပဲ။ အခုန စာလုံးတွေကို မထည့်ဘူးတော့ မဟုတ်ဘူး ထည့်မယ်။ ဒါပေမယ့် ၍၊ ဤ၊၌ အဲဒီလို စကားလုံးတွေလို ပိုတဲ့ နေရာမှာမှ ထည့်မယ်။ အခုတော့ ဘာမှ အသုံးမဝင်လှတဲ့ စာလုံးတွေကို အဓိက ထားပြီး ထည့်ထားတာ တွေ့ရပါတယ်။ နောက်ပြီး ရယ်ရတာက ဥ၊ ဦ ကိုတော့ ထည့်ထားပြီး (ဦး)ကိုကျတော့ ချန်ထားခဲ့ ပြန်ပါတယ်။ ဝစဿစနှစ်လုံးပေါက်ပါလို့ (diacritic) အနေနဲ့ ချန်ခဲ့တယ် ထင်ပါရဲ့။ သရသံအတွဲမှာ ဒါမျိုး ခွဲမရဘူးဆိုတာ မသိဘူးလား မသိဘူး။

နောက်ထပ်တစ်ခု လုံးဝ လက်ခံနိုင်စရာ မရှိတာက အခုချိန်အထိ ရှေ့ထိုးနဲ့ အသတ်ကို မခွဲခြားသေးတာပါ။ ရှေ့ထိုးနဲ့ အသတ်ဟာ ဘယ်လိုမှ မတူပါဘူး။ တကယ်တမ်းဆို ရှေ့ထိုးဟာ သရသံ (အှော)ကို ဖွဲ့စည်းရာမှာပါတဲ့ အတွဲဖြစ်ပါတယ်။ သူ့တန်ဖိုးဟာ အသတ်(Killer) ထက်များရပါမယ်။ အဲဒီ နှစ်ခုဟာ ကွဲပြားရပါမယ်။ အခုတော့ ရောချထားတဲ့အတွက် (အှော)သရသံလား၊ အသတ်လားဆိုတာ ရောထွေး နေပါတော့တယ်။ ဒါနဲ့ တဆက်တည်းက ပင့်ရစ်ဆွဲထိုး ကိစဿစပါ။ ဒီအချိန်အထိ ပင့်ရစ်ဆွဲထိုးကို လုပ်မပေးသေးဘဲ ချန်ထားတယ်။ သီအိုရီအရ ယပင့်သည် ယပက်လက်က ပင့်ထားတာ။ ရရစ်သည် ရကောက်က ရစ်ထားတာပေါ့။ ဒါပေမယ့် အဲဒါကို မြန်မာတွေက ယပင့် ရရစ် အစရှိတာတွေနဲ့ အစားထိုး မြန်မာမှု ပြုခဲ့ပြီး ဖြစ်တဲ့အတွက် ဒီပင့်ရစ်ဆွဲထိုးက မြန်မာ့မူ စစ်စစ် ဖြစ်တယ်လို့ ကျွန်တှောတို့ ထောက်ပြသင့်တယ်။

နောက်တစ်ခု ကျန်သေးတယ်။ သဝေထိုးကို ဗျည်းနောက် ပို့ထားတဲ့ ကိစဿစ။ သူ့ဘာသာ ပါဠိက သဝေထိုး နောက်မှာ သိမ်းတာ ကျွန်တှောတို့ မြန်မာစာက လိုက်သိမ်းစရာ မလိုပါဘူး။ တစ်ခုပဲ ရှိတယ်။ သဝေထိုးက ဗျည်းရှေ့ရောက်နေရင် စာလုံးစီတာ၊ စဉ်တာ၊ ဖြတ်တာ တွေမှာ ခေါင်းတှောတှော စားလိမ့်မယ်။ ဒါကြောင့်မို့ အလွယ်လိုက်တဲ့ အနေနဲ့ နောက်ထားလိုက်တယ် ဆိုရင်တော့ တူနဲ့ ထုသေဖို့သာ ကောင်းတော့တယ်။

ဆိုတော့ကာ ကိုယ့်မြန်မာစာ စနစ်ကို သူများက လုပ်ချင်တိုင်း လုပ်နေတာကို ဒီအတိုင်း ဘာမှမပြောဘဲ လက်ခံရမယ် ဆိုတာတော့ ရှက်ဖို့ကောင်းပါတယ်။ ခုနက အချက်တွေကို ကျွန်တှောတို့ ကန့်ကွက်ရမှာပါ။ တရားဝင်ကို ကန့်ကွက်ရမယ်။ ခြေခြေမြစ်မြစ် ရှိတဲ့ အဆင့်မီ စာတမ်းတွေ တင်ရမယ်။ သက်သေ အထောက်အထား အစုံအလင်နဲ့ ပြရမယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကိုယ့်နွားကို သူများက တက်မောင်းသလို ဖြစ်နေတော့မှာပေါ့။ ကျွန်တှောကတော့ အထက်က အချက်တွေနဲ့တင် ဒီစနစ်ကို လုံးဝ မထောက်ခံဘူး။ မြန်မာပြည်က NLP နဲ့ အခြားပညာရှင် တွေကလည်း ဘာကြောင့်မို့ လက်ခံထားတယ် ဆိုတာ နားမလည်နိုင်ဘူး။ ဒါမှမဟုတ်ဘဲ လူညီလို့ ဤကို ကျွဲ ဖတ်ကြတော့မယ်လို့ ဆုံးဖြတ်ကြရင်လည်း ကိုယ်တိုင်ပဲဖတ်၊ မသိနားမလည်တဲ့ ပြည်သူတွေကိုပါ ဆွဲခှေါတာမျိုး မလုပ်သင့်ပါဘူး။ ဒီစနစ်တွေသာ မပြင်ဆင်ခဲ့ရင်တော့ ဒီယူနီကုဒ် ကွန်ဆိုတီယမ်ကို ကျွန်တှောတို့ ဆနဿဒပြသင့်ပါတယ်။ ကိုယ့်အချင်းချင်း ဘယ်သူ့ကုဒ်ကဖြင့် မှန်တယ်၊ ဘယ်သူကတော့ အမှား လုပ်နေမယ့်အစား အားလုံး ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်က ဘာမှနားမလည်တဲ့ enduser တွေ အကျိုးကို ရှေ့ထားပြီး ပူးပေါင်း ဆောင်ရွက်သင့်ပါပြီ။ အဲဒီ ယူနီကုဒ် ကွန်ဆိုတီယမ်က ပြဋဿဌာန်းထားတဲ့ လက်ရှိ တန်ဖိုးတွေကို အခြေပြု တီထွင်ထားတဲ့ မြန်မာယူနီကုဒ် အားလုံးလည်း အထက်က အချက်တွေကို သေသေချာချာ ပြောင်းလဲ စဉ်းစားသင့်ပါပြီ။ အမှားကြီးကို အတည်လုပ်မယ် ဘာဖြစ်လဲ ဆိုရင်တော့ လိုက်အားပေး သုံးနေမယ့်အစား ကျွန်တှောကတော့ ကိုယ့်ဘာသာ Third Party Software ရေးပြီး သီးခြားသုံးစွဲတာကမှ မြန်မာစာကို ထိန်းသိမ်းရာ ရောက်တယ်လို့ ထင်မိပါတော့တယ်။


မှတ်ချက်။ ။ ဒီပိုစ့်မှာ မှားနေတဲ့ အချက်ရှိရင် မြန်မာဘာသာ၊ ကွန်ပျူတာ ပညာရှင်များမှ အကိုးအကားနဲ့ ညွှန်ပြပေးစေလိုပါသည်။

Tuesday, October 23, 2007

မနဿတလေးသွား မြို့လား (၁)

မနဿတလေးသွား မြို့လား (၁)


ဒီတခေါက် မနဿတလေး ခရီးသွားရတာ စိတ်လက် ပေါ့ပါးတယ်။ ဘာလုပ်မယ်ရယ်လို့ ရည်ရွယ်ထားတာ ကြီးကြီးမားမား မရှိခဲ့ဘူး။ သူငယ်ချင်းရဲ့ ညီမ စေ့စပ်ပွဲ သွားတက်မယ်ဆိုပြီး အဝတ် သုံးစုံလောက် ဆွဲထည့်ရင်း ထွက်ခဲ့ပါတယ်။ အမြတ် ထွက်အောင်တော့ မနဿတလေး တဝိုက်က ဘုန်းကြီးကျောင်းတွေရဲ့ ကနုတ်တွေ ဓာတ်ပုံလိုက်ရိုက်မယ်ပေါ့။ အဆင်ပြေရင်လည်း ပုဂံကူးမယ်ပေါ့။ ပိုက်ဆံလေး ပိုလျှံ နေသေးရင်လည်း ပုပဿပါးသွားမယ်ပေါ့။ စိတ်ကူးနဲ့ အခြေအနေပှေါ မူတည်ပြီး အဆင်ပြေသလို လုပ်မယ်ဆိုပြီး ထွက်ခဲ့တာ။

တကယ်တော့ ကားနဲ့ ခရီးသွားရတာ ပင်ပန်းတယ်။ ကျွန်တှောက ဘယ်ဘက် အာရုံကြောမှာ ဒဏ်ရှိတဲ့သူဆိုတော့ တနေရာထဲမှာ ကြာကြာ မထိုင်နိုင်ဘူး။ ကားခုံတွေကလည်း သိတဲ့အတိုင်း လှုပ်မရ ပြုမရနဲ့ ဒူးတောင် မလွတ်ချင်ဘူး။ ၂နာရီလောက် ထိုင်မိရင် ဘယ်ဘက် ခေါင်းကနေစပြီး ညာဘက် ခြေဖျားအထိ တလျောက်လုံး ညောင်းလာတယ်။ ဒီခံစားချက်ကို တှောတှော စိတ်ပျက်တယ်။ နာတာလည်းမဟုတ်၊ ကျင်တာလည်း မဟုတ်၊ ညောင်းနေတာ။ ဆေးအခှေါ Stiffness လို့ ပြောရမလားမသိဘူး။ ဒါကြောင့် ခရီးဝေး သွားရမယ်ဆိုရင် လွတ်လွတ်လပ်လပ် ခြေခင်းလက်သာ သွားရတဲ့ယာဉ်၊ ဒါမှမဟုတ် အချိန် သိပ်မပေးရတဲ့ လေယာဉ်နဲ့ပဲ သွားချင်တယ်။ ဒါပေမယ့်လည်း လေယာဉ်ဈေးက သိတဲ့အတိုင်း။

အညာဒေသကို ဝင်လာတာနဲ့ လေထဲမှာ အနံ့တမျိုးရတယ်။ တမာနံ့လိုလို၊ ဖုံနံ့လိုလို၊ ဆူးချုံပင်တွေကလိုလို၊ ချောင်းကော မြောင်းကောလေးတွေက လိုလို။ လမ်းတလျောက်လုံး အခြေခံလူတန်းစားတွေကို ကျွန်တှော မြင်နေရတယ်။ စိတ်မကောင်းဘူး။ တချို့က နွားတွေဖက်ပြီး လယ်ထွန်နေရတုန်းပဲ။ တချို့က ရေလွှမ်းနေတဲ့ စပါးပင်တွေကို လမ်းဘေးကနေ ငေးနေတယ်။ တချို့က ဗွက်သာသာ ချောင်းရေထဲမှာ ကူးခပ်နေတယ်။ တချို့က သနပ်ဖက် ဆေးလိပ်ကြီးတွေဖွာရင်း ဘယ်ကနေ ဘယ်ကိုမသိ နေပူပူကြီးမှာ လျှောက်သွားနေကြတယ်။ တချို့က လယ်ကန်သင်းတွေဘေးက မြောင်းသေးသေးလေးထဲကနေ ငါးဖျစ်သလဲလေးတွေကို ပက်ယူနေကြတယ်။ ကလေးငယ် တချို့က နွားတွေ ကျွဲတွေ ကျောင်းနေကြတယ်။ သူတို့တွေရဲ့ ဘဝတွေကို ကျွန်တှောတို့ ဘယ်လိုများ ကူညီနိုင်မလဲ။ ပညာတတ်အောင် သင်ပေးရမယ်။ ပညာတတ်ချင်လာအောင် လှုံ့ဆှောပေးရမယ်။ လက်မှုကနေ စက်မှုပြောင်းနိုင်အောင် ချေးငွေများများ ထုတ်ချေးပေးရမယ်။ ကျန်းမာရေး အသိဉာဏ်တွေ ပေးရမယ်။ နည်းပညာတွေ ပေးရမယ်။ လုပ်တော့ လုပ်နေကြတယ်လို့ သိရတာပဲ။ ဒါပေမယ့် အဲဒီ လုပ်နေတာထက် အဆပေါင်းများစွာ အရှိန်ဟုန်မြှင့်ပြီး လုပ်မှ သူတို့တွေရဲ့ လူနေမှုဘဝနဲ့ အသိဉာဏ်တွေ ပြောင်းလဲလာလိမ့်မယ်လို့ ကျွန်တှော ထင်တယ်။

မနဿတလေးကို ကျွန်တှောတို့ရောက်တော့ ညနေစောင်း။ သူငယ်ချင်းက မြန်မာပြည်ထုတ် ဂျစ်တစ်စင်းနဲ့ လာကြိုရှာတယ်။ သံပြားတွေကို လက်နဲ့ ရိုက်၊ ချိုး၊ ခွေ၊ ခေါက်၊ ညှပ်၊ ကပ်၊ ဆက် ထားတဲ့ အဲဒီကားတွေကို ကျွန်တှော တှောတှော စိတ်ပျက်တယ်။ စက်တွေကတော့ ကောင်းပါရဲ့။ ဒါပေမယ့် ဘယ်လိုဖြစ်ရင် ဘယ်လို ကာကွယ်ထားတယ်ဆိုတဲ့ အစီအမံတွေ၊ ခေတ်မီ တိုင်းတာချက်တွေ ဘာတစ်ခုမှ ရှိတာလည်း မဟုတ်ဘူး။ ပြီးတော့ သိန်းတစ်ရာကျှော ပေးပြီး ဝယ်ရသေးတယ်။ သိန်းတစ်ရာဆိုတော့ ဒှေါလာ ဂဝဝဝလောက်ပေါ့။ ဒါတွေပြောနေရင် တခြားနိုင်ငံက လူတွေ မျက်စိပြူးကုန်မှာပဲ။ ဘာလို့များ ဒီလောက် ကားဈေးတွေ ကြီးနေရလဲလို့။ ထားပါတော့။ ဒီလိုနဲ့ သူငယ်ချင်း အိမ်ကိုအသွား ဖြုန်းကနဲ မိုးက သည်းသည်းမည်းမည်း ရွာပါလေရော။ ကျွန်တှောတို့လည်း ရွှဲရွှဲစိုပေါ့။ လမ်းတွေပှေါမှာ ရေက တရိပ်ရိပ် တက်လာတယ်။ ရေနှုတ်မြောင်းတွေလည်း မတွေ့ရပြန်ဘူး။ သူ့အိမ်ရှေ့မှာကို ရေက ခြေသလုံးလောက် ရောက်နေပြီ။ စတိုင်လိုမိုင်လို လာခဲ့တဲ့ ရန်ကုန်သား စစ်စစ်တွေလည်း ကြွက်စုတ်တွေကို ဖြစ်လို့။

စကားမစပ် ခုနက ကျွန်တှော ရန်ကုန်သား စစ်စစ်လို့ ရေးတာ ဖတ်မိပါလိမ့်မယ်။ တကယ်တော့ ဒါက ရန်ကုန်လေ မဟုတ်ဘူး။ မနဿတလေးလေ။ မန်းသူ မန်းသားတွေက သူတို့ကိုယ်သူတို့ မနဿတေလးသား၊ မနဿတေလးသူ စစ္စစ္လို့ ပြောရတာ သိပ်ပြီး အာတွေ့ လျှာတွေ့ တွေ့ကြပုံပှေါတယ်။ မနဿတလေးမှာမွေး၊ မနဿတလေးမှာနေ အဲဒီလိုမျိုး လူကိုမှ မနဿတလေးသား စစ်စစ်လို့ ကျွန်တှော့ သူငယ်ချင်း ထိပ်တင်မောင်မောင်တုတ်ခန့်က ဂုဏ်ယူဝင့်ကြွားစွာ ပြောပြတယ်။ ကျွန်တှောက ဒီကောင့်ကို စချင်တော့ ဒီလိုဆို ဒီတသက်တော့ ငါဘယ်လိုမှ မနဿတလေးသား မဖြစ်နိုင်တော့ဘူးပေါ့လို့ မေးလိုက်တော့၊ ဒါတော့ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပဲမောင် ဆိုပြီး အထက်စီးကနေ ဓနရှင်အပြုံးနဲ့ ပြောပါတယ်။ ရပါတယ်ကွာ ဒီလိုမှ မဖြစ်ရရင်လည်း မနဿတလေးသူကိုယူ၊ ကလေးလေး နှစ်ယောက်လောက် မွေးပြီး မနဿတေလးသူ၊ မနဿတေလးသား အေဖပဲ လုပ်တော့မယ်လို့ ကျွန်တှောက ပြန်ပြောတော့မှ မိုက်ရိုင်းလိုက်တဲ့ကောင်ကွာ ဆိုပြီး ဆဲဆိုနေပါတော့တယ်။ (နောက်တနေ့ ကျွန်တှောရယ်၊ ကိုရဲရယ်၊ အိုင်တီ မောင်မောင်ကြီးရယ်၊ ဆရာမ မဖြူဖြူဝင်းရယ်၊ မချောအိမာန်ရယ် ညစာစားရင်း စကားပြောဖြစ်တော့ အဲဒီ စစ်စစ်အကြောင်းက ရောက်ဖြစ်အောင် ရောက်သွားပါသေးတယ်။ ထုံးစံအတိုင်းပေါ့ဗျာ နောက်ဆုံးတော့ 300 ဇာတ်ကားထဲကလို ကျွန်တှော ရန်ကုန်သား တပ်လန်ထွက်သွားတာပေါ့။ ဟားဟား။ )

ကျွန်တှော မနဿတလေးမှာ လူတန်းစား ၂မျိုး မြင်တယ်။ တစ်မျိုးက မိရိုးဖလာ စီးပွားရေး လုပ်တဲ့သူ၊ နောက်တစ်မျိုးက ခေတ်မီ စီးပွားရေး လုပ်တဲ့သူ။ လူထုစိန်ဝင်း ပြောသလို မနဿတလေးဟာ မြန်မာပြည် အောက်ပိုင်းထက် သူ့ကျွန်ဖြစ်တာ နောက်ကျခဲ့လေတော့ မြန်မာမှု အငွေ့အသက်တွေက အဲဒီမှာ ပိုကျန်နေသေးတာပေါ့။ မနဿတလေးမှာ ခေတ်မီ စီးပွားရေးသမား အများစုက စိန တိုင်းသားတွေပဲ။ သူတို့က အမြဲ နိုင်ငံခြား ရုပ်သံလိုင်းတွေကို ကြည့်တယ်၊ မဂဿဂဇင်းတွေ ဖတ်တယ်။ ဒါကြောင့် သူတို့ပိုင်တဲ့ ဆိုင်တွေဆိုရင် အခင်းအကျင်း၊ အပြင်အဆင်တွေက တှောတှော ခေတ်မီတယ်။ ရန်ကုန်ထက်ကို သာတယ်လို့ ကျွန်တှော ထင်တယ်။ စားသုံးသူလည်း မပြတ်ဘူး။ ဒါဆိုရင် ဘာလို့ မနဿတလေးရဲ့ စီးပွားရေးဟာ ရန်ကုန်လို အဆက်မပြတ် တိုးတက်မှု ဖြစ်မလာရတာလဲ။


အပိုင်း ၁ ပြီး၏။
 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz