Friday, July 27, 2007

ဥစဿစာရူး

ဥစဿစာရူး

အလွမ်းတွေနဲ့
ယားယံနေတဲ့
ငါးမူးစေ့လေးတစ်စေ့အကြောင်း

ကံကောင်းချင်တော့
ကျွန်တှောနဲ့သူမ ချစ်သူတွေဖြစ်ခဲကြတယ်။
ကံဆိုးချင်တော့
ကျွန်တှော့မှာတယ်လီဖုန်းလေးတစ်လုံးမရှိခဲ့ဘူး။
ဟုတ်ပါရဲ့။
ကျွန်တှောတို့မိသားစုဆင်းရဲလိုက်ပုံများ
တယ်လီဖုန်းလေးတစ်လုံးတောင်မှ
အိမ်မှာမထားနိုင်ဘူး
အဖေအမေတို့ကလည်း
တစ်နေ့မှာသူတို့သားလေးဟာ တယ်လီဖုန်းရှိတဲ့အိမ်က
သမီးပျိုလေးနဲ့ ချစ်သူဖြစ်လိမ့်မယ်ဆိုတာကို
မသိခဲ့ကြဘူးနဲ့တူပါရဲ့။
တကယ်လို့ အစောကသာသိခဲ့ရင်တော့
သားလေးရဲ့နောင်ရေးအတွက်
တယ်လီဖုန်းလေးတစ်လုံးဖိုးကို
သူတို့ပိုရှာခဲ့ကြမှာပေါ့။

ခုတော့
ကျွန်တှောကံဆိုးလိုက်ပုံများ
ကျွန်တော့မှာတယ်လီဖုန်းလေးတစ်လုံးတောင်မှ မရှိဘူး။
ဒါပေမယ့်
ကျွန်တှောကံကောင်းချင်တော့
ကျွန်တှောတို့နိုင်ငံမှာ
ငါးမူးစေ့တစ်စေ့ထည့်ပြီးအသုံးပြုလို့ရတဲ့
တယ်လီဖုန်းလေးတွေ အများကြီးရှိနေလို့ တှောပါသေးရဲ့။
ငါးမူးစေ့လေးကို ကျွန်တှောတယ်လီဖုန်းထဲ ထည့်လိုက်တဲ့အခါ
တယ်လီဖုန်းထဲကို ဂျောက်ခနဲ ကျသွားတဲ့ ငါးမူးစေ့လေးဟာ
ကျွန်တှောဖြစ်ပြီး
ကျွန်တှော့ရင်ထဲကို ဂျောက်ခနဲကျလာတဲ့ ငါးမူးစေ့လေးဟာ
သူမဖြစ်ပါတယ်။

တခြားအချိန်တွေမှာ
ကျွန်တှောဟာ
သာမန်လူသားလေးတစ်ယောက်ပါပဲ။
ကျွန်တှော့ဘဝမှာစိတ်ကြီးဝင်စရာဆိုလို့
ဘာမှမရှိပါဘူး။
ဒါပေမယ့်
သူမရဲ့အသံလေးကို
နှလုံးသားနဲ့ လတ်လတ်ဆတ်ဆတ်ကြားနေရတဲ့ အခါမျိုးမှာတော့
ကျွန်တှောဟာ ဘဝမေ့တတ်ပါတယ်။
ဘူတာရုံကို ငါးမူးစေ့လေးတစ်စေ့နဲ့
တယ်လီဖုန်းဆက်ဖို့လာတဲ့ ကောင်လေးမဟုတ်တော့ဘဲ
နတ်သားလေးတစ်ပါးလို့ထင်မိတယ်။
သူမအသံကြားရတဲ့အတွက်
နှလုံးသားဟာ ကိုယ်ရောင်ကိုယ်ဝါတွေ
တောက်ပလွန်းနေလို့ပေါ့၊
လူ့အဖြစ်ကိုရဖို့ မလွယ်ဘူး၊
လူသားအားလုံး
တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောဖူးသင့်တယ်။
အထူးသဖြင့် ကျွန်တှော့လို
ဘူတာရုံက တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောမိရင်တော့
ပိုပြီးအရသာ ထူးကဲမယ်။

ဂျုံး ဂျုံး ဂျက် ဂျက် ၊ ဂျုံး ဂျုံး ဂျက် ဂျက်

အဲဒီမီးရထားကြီးတွေက တခြားဘူတာရုံတစ်ခုကိုရောက်ဖို့အတွက်
အချိန်တှောတှောကြာကြာ စီးရပေဦးမယ်။

ဂျုံး ဂျုံး ဂျက် ဂျက် ၊ ဂျုံး ဂျုံး ဂျက် ဂျက်

အဲဒီခရီးသွားတွေက သူတို့ဘဝ ရည်မှန်းချက်အသီးသီးကိုရောက်ဖို့
မီးရထားကြီးကို အချိန်တှောတှောကြာကြာ စီးရပေဦးမယ်။
အဲဒီအချိန်မှာ ကျွန်တှောက သူမနားရွက်ကလေးထဲကို
ရောက်ရှိနေပြီမို့ ဘဝရည်မှန်းချက်အားလုံးကို
တယ်လီဖုန်းလေးထဲမှာဘဲ ပြီးဆုံးလိုက်နိုင်တယ်။

တူ ဝူ

ဒါကိုမသိတဲ့ ခရီးသွားတွေနဲ့ ကျွန်တှော့လို ကံမကောင်းတဲ့
မီးရထားရှည်ကြီးကတော့ အဝေးကိုပဲ
နေ့စဉ်မောင်းနှင်ရရှာတယ်။

ဂျုံး ဂျုံး ဂျက် ဂျက် ၊ ဂျုံး ဂျုံး ဂျက် ဂျက်

သူမဟာ ဝတ်ဆံကူးနည်းဖြစ်တယ်။
သူမနဲ့စကားပြောရတာ စတုတဿထတန်းသခဿငျာထက်
ပျှောစရာကောင်းတယ်။
သူမကိုအာရုံပြုလိုက်တဲ့အခါ မိုးတိမ်ဖြစ်ပှေါပုံကို
မြင်ရတယ်။
သူမရဲ့နာမည်က အရှက်တရားထူထပ်သော ဓါတ်သတဿတုအရိုင်းများလို့ ခှေါတယ်။
ဒါဟာလည်းကျွန်တှော့အတွက်တော့ ကမဿဘာ့သမိုင်းပါပဲ။
အဖေအမေတို့လည်းအသိမဟုတ်လား။
ကျွန်တှော့မှာ မျက်ရစ်ကလေးမပါဘူးဆိုတာ
အဲဒီနေ့က
အဝေးကိုသွားမယ့် မီးရထားဥဩသံတွေဟာ
ကျွန်တှောနဲ့ တစ်စုံတစ်ရာ
ပတ်သတ်နေတယ်ဆိုတာ မသိခဲ့ဘူး။
နောက်တစ်နေ့မှာ
ကျွန်တှော့အတွက် အဓိပဿပါယ်ရှိမှာမဟုတ်တဲ့
ငါးမူးစေ့ကလေးတွေ လက်ထဲအပြည့်ထည့်လို့
ဘဏ်တိုက်ကြီးတစ်ခုကို အေးအေးဆေးဆေး
(လုံးဝနောက်ဆံမတင်းဘဲ)ကျောပေးပြီး
အိမ်ကိုပြန်ခဲ့တယ်။

နောက်တစ်နေ့
ငါးမူးစေ့လေးတွေအများကြီးထဲက
ပထမဆုံးငါးမူးစေ့လေးနဲ့ သူမဆီဖုန်းဆက်တော့

ဂျုံး ဂျုံး ဂျက် ဂျက် ၊ ဂျုံး ဂျုံး ဂျက် ဂျက်

သူမကျွန်တှော့ကိုမုန်းသွားပြီတဲ့။
ဖြစ်ပုံကဒီလိုပါ။
ကျွန်တှော့အတိတ်ဘဝမှာ မေ့ကျန်ခဲ့တဲ့
မျက်ရစ်လေး သူမက တယ်လီဖုန်းကနေတဆင့်
လှမ်းပေးလိုက်လို့ပါပဲ။
အချစ်ရေ
သိပ်စိတ်တိုတယ်။
ရှိသမျှ ငါးမူးစေ့တွေကို
လက်ထဲထည့်ပြီး အကုန်ပစ်ကြဲလိုက်တယ်။
ကံဆိုးလိုက်ပုံများ
ရည်းစားနဲ့ကွဲလို့ ပိုက်ဆံကြဲတဲ့ ငါးမူးစေ့သူဌေးကြီးကို
ဘယ်ကလေးကမှ သာဓုမခှေါကြဘူးကွယ့်။
ဘာပဲဖြစ်ဖြစ်
အခါတစ်ပါး၌ နားရွက်လေးတစ်ဖက်၏အမုန်းကြောင့်
ကျွန်တှော့တွင် ငါးမူးစေ့များစွာ မျိုးတုန်းခဲ့ရသည်-
ဆိုတာကတော့
ထိုးဇာတ်မဟုတ်ပါဘူး ကမဿဘာကြီးရယ်
ဒါပေမယ့် ကြံကြံဖန်ဖန် ကံကောင်းချင်တော့
ငါးမူးစေ့လေးတစ်စေ့ဟာ တယ်လီဖုန်းစာအုပ်ထဲမှာ
ကုတ်ကတ်ပြီး ကျန်နေခဲ့တယ်။
ရုတ်တရက် စာအုပ်ကိုလှန်လိုက်တုန်းကများ
ငါးမူးစေ့လေးခမျာ ရင်တုန်ပန်းတုန်နဲ့၊
အပြစ်တင်ရင်လည်းခံရုံပဲ
ဒီတစ်ခါတော့ ကျွန်တှောလွှတ်မပစ်မိပါဘူးဗျာ၊
ဒါဟာ ကိုယ်ချင်းစာတရားပါလို့
အတိအကျမပြောရဲပေမယ့်
တစ်ယောက်တည်း ကျန်ခဲ့တဲ့လူသားဟာ
တစ်စေ့တည်းကျန်ခဲ့တဲ့ ငါးမူးစေ့လေးအပှေါမှာ
ရန်မီးမပွားနိုင်တော့ဘူးဗျာ။
နောက်ဆုံး ငါးမူးစေ့လေးလို့
အမည်ပေးပြီး သိမ်းထားလိုက်တယ်။
တဆက်တည်းမှာပဲ
နှလုံးသားပှေါကို မျှောလင့်ချက်လေးတွေ တဖွဲဖွဲကျလာပြီး
သူမကိုနောင်တစ်ချိန်ချစ်တယ်ပြောခွင့်ရမှ ဒီဘဝမှာ
ငါးမူးစေ့လေးကို သုံးမယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။
(အကြံကောင်းတော့တစ်ချက်) တကယ်လို့များ။
ဖွ ..... ဖွ
တကယ်လို့များပေါ့လေ။
ကံမကောင်းလို့ ဒီတစ်သက် သူမနဲ့ဖုန်းမဆက်ရတော့ဘူးဆိုရင်လည်း
ဒီငါးမူးစေ့လေး(နောက်ဆုံးငါးမူးစေ့)ကိုတခြားမှာမသုံးတော့ဘူးလို့
သနဿနိဌာန်ချလိုက်တယ်။

ဒါပေမယ့် ကျွန်တှောဟာ အကြံကောင်းပေမယ့်
ကံမကောင်းတဲ့သူပါဗျာ။
ရက် လ နှစ် တွေရင့်ညောင်း
လကဿခဏာရေးအကြောင်းတွေ မြင့်မားပြောင်းလဲခဲ့ပေမယ့်
သူမနဲ့ဆုံဆည်းဖို့ အခါကောင်းကတော့ဖြင့်
ရောက်မလာခဲ့ပါဘူး။
ကျွန်တှောကသာ မျှောလင့်နေရတယ်၊
ကံတရားကတော့ဖြင့်
သွားချင်ရာ လျှောက်သွားနေတာပဲ ထင်ပါရဲ့။
တစ်ခါတစ်ခါတော့ တစ်နေ့တစ်ခြားပိုလှလာတဲ့
ကျွန်တှော့မျက်ရစ်ကလေးကိုကြည့်ပြီး
ကျွန်တှော့မျက်လုံးလေးက ပိုပိုငိုမိတယ်။
ကြည့်ပါဦးဗျာ နောက်ဆုံးငါးမူးစေ့လေးတွေဟာ ချေးတွေတက်လို့။
သူ့မှာ အိပ်မက်တွေလည်း မကောင်းဘူးတဲ့။
ကျွန်တှော့မှာ ဆက်သွယ်စရာ တယ်လီဖုန်း ၁၀၀ ရှိရင်
စာအုပ်ထဲမှာ ၉၉ လုံးပဲ မှတ်ထားလေ့ရှိတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တှော့နာမည်ကိုတောင်မှ
သူမရဲ့ဖုန်းနံပါတ်လောက် အစွဲအလမ်း မကြီးလို့ပါပဲ။
(ရေးမှတ်မထားတဲ့ တယ်လီဖုန်းနံပါတ်လေးကို လွမ်းတဲ့အခါ)
စာအုပ်ထဲမှာရှိတဲ့ တယ်လီဖုန်း ၉၉ လုံးရဲ့ နံပါတ်တွေကို
ကယောင်ချောက်ချား လျှောက်ကြည့်နေမိတယ်။
နောက်ပြီး ဘယ်သူ့ဆီမှ မဆက်ဘဲ နေမိတယ်။

အခုကျွန်တှော့အိမ်မှာ
တယ်လီဖုန်းအသစ်ကလေးတစ်လုံးရောက်နေတယ်၊
ကျွန်တှောနဲ့မပတ်သတ်ဘူး။
မိသားစုရဲ့တယ်လီဖုန်းဖြစ်ပါတယ်။
လူ့ဘဝမှာ
ဘယ်တော့မှ တယ်လီဖုန်းမဆက်တဲ့ လူတစ်ယောက်အဖြစ်နဲ့
ကျွန်တှောအရိုးထုတ်သွားရတော့မှာလား။
ကျွန်တှော့အဖြစ်က ဆိုးပါတယ်။
ညဉ့်နက်သန်းခေါင် အိပ်ကောင်းတုန်းပေမယ့်
“ ချွင် လွင် လွင်” ဆိုတဲ့ အသံမျိုးကြားရင် လန့်နိုးတယ်။
ကျွန်တှော့ရဲ့နောက်ဆုံး ငါးမူးစေ့လေးများ
အပြင်ထွကကျသလားလို့ပါ။
တစ်ခါတစ်လေ
သူတစ်ပါးလက်ထဲမှာ ငါးမူးစေ့အဟောင်းလေးကို မြင်ရင်လည်း
ကျွန်တှော့ငါးမူးစေ့လေးကို ထိတ်ထိတ်ပျာပျား ထုတ်ကြည့်မိတယ်။
နေထိုင်မကောင်းလို့ အိပ်ရာထဲလဲနေတဲ့အခါမျိုးမှာတောင်မှ
ငါးမူးစေ့လေးကို ခေါင်းအုံးဘေးထားပြီး အိပ်ရမှ
ဘယ်လောက်ဝမ်းနည်းစရာ ကောင်းသလဲ။

နောက်ဆုံးငါးမူးစေ့လေးအပှေါမှာ
ကျွန်တှောအစွဲအလမ်းကြီးခဲ့တယ်၊
ဥပါဒါန်ကြောင့်ဥပါဒ်ဖြစ်တယ်လို့
ကျွန်တှောတို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်။
သူမကို ကျွန်တှောက ဥပါဒါန်ဖြစ်ခဲ့ပြီး
ငါးမူးစေ့လေးဟာ ကျွန်တှော့အတွက် ဥပါဒ်ပေးနေပြီလား၊
ဘာပဲဖြစ်ဖြစ် ငါးမူးစေ့လေးကို လွှင့်မပစ်နိုင်ပါ။
မှန်တာပြောသစဿစာ
တစ်ယောက်သောသူက
ရွှေဒဂဿငါးနဲ့လဲမယ်ဆိုရင်လည်း မလဲနိုင်ပါ။
တစ်ယောက်သောသူက
မြို့ရွာတွေနဲ့ လဲမယ်ဆိုလည်း မလဲပါ။
ဘာကြောင့်လည်းဆိုတော့
သူမကို ကျွန်တှော နောက်တစ်ချိန် ချစ်စကားပြောခွင့်ရမှ
သုံးမယ်လို့ဆုံးဖြတ်ထားတဲ့
နောက်ဆုံးငါးမူးစေ့လေးမို့ပါ။
တကယ်လို့များ
ကျွန်တှောအသက်ကြီးသွားရင်လည်း
ငါးမူးစေ့လေးကို သိမ်းထားနေဦးမှာ သေချာပါတယ်။
ချေးတက်နေတဲ့ ငါးမူးစေ့လေးနဲ့
အဖိုးကြီးအို ခါးကုန်းကုန်းပေါ့ဗျာ။

ကုန်ကုန်ပြောမယ်ဗျာ
ကျွန်တှော သေသွားရင်တောင်
အဲဒီငါးမူးစေ့လေးကို
ကျွန်တှော့အိပ်ကပ်ထဲ ထည့်ပေးလိုက်ကြပါ။
သူမက ကျွန်တှော့ကို တမလွန်ကျမှ
တယ်လီဖုန်းဆက်ချင် ဆက်နေမှာမို့ပါဗျာ။

ကေဇှော ၁၉၈၆
နှင်းရည်စက်လက်+ရှုမျှောခင်း၂၃ ကဗျာစာအုပ်မှ

After reading that post, you will know, how much Sai Sai Kham Hlaing was influenced by Mg Thein Zaw. :)

ကြေးဝါရောင်ခေါင်းတလား

ကြေးဝါရောင်ခေါင်းတလား


မြောက်ဖက်အရပ်က လေနီကြမ်းတွေထဲ
ကြေးဝါရောင်ငှက်တို့ စူးစူးရဲရဲဆန်တက်ကြ။

ငါ့စောင့်ထိန်းခြင်းဟာ ငါ့မြို့ရိုးပဲ ။ငါ့သခဿငျိုင်းပဲ ။ငါ့အခန်းပဲ ။
ငါ့နံရံမှာ ကြေးဝါရောင်ပုဆိန်တစ်လက်က
ဒဏဿဍာရီဆန်ဆန် စိုက်ဝင်နေလျှက်။

ကြေးဝါရောင်သော့ပေါက်ကနေ
ကခြေသည်လက်တစ်ဖက်ဝင်လာ ။ရပ်တံ့ ။
ဒါအကုန်ပဲ။လူတစ်ကိုယ်လုံးဟာ လက်တစ်ဖက်ပဲ။
ကြေးဝါရောင်လက်တစ်ဖက်ဟာ
နံရံပှေါကပုဆိန်ကို ဆွဲနှုတ်ပစ်လိုက်ဖို့စတင်လှုပ်ရှားလာတယ်။

ငါက ရူးသွပ်နေတဲ့ သစ်ခုတ်သမားပါ။
ငါက ရူးသွပ်နေတဲ့ တောသုံးထောင်ပါ။
ငါက ရူးသွပ်နေတဲ့ လေကောင်းလေသန့်ပါ။
ငါက ရူးသွပ်နေတဲ့ အပုပ်နံ့ပါ။
ငါက ရူးသွပ်နေတဲ့ အဖြူအမည်းဓါတ်ပုံတစ်ပုံပါ။
ငါက ရူးသွပ်နေတဲ့ ကြေးဝါရောင်အနာဂတ်ပါ။

ငါ့သေခြင်းတရားကိုငါရိုကျိုးစွာ ဝတ်ဆင်ထားတယ်။
ကတိကဝတ်လိုတန်ဖိုးကြီးလှတဲ့ကုတ်အကဿငျီကို မတန်မရာဝတ်ဆင်ထားတယ်။
အသုံမကျတဲ့လူတစ်ယောက်လို ကြှောကြားမှုအတုကြီးကို ကြေးဝါရောင်တောက်တောက်ပပနဲ့ ဝတ်ဆင်ထားတယ်။

သူငယ်ချင်း
နောက်ဆုံးအချိန်လေးထဲ
ကိုယ့်အလင်း ကိုယ်ထွန်း ၊
ကိုယ့်ကျွန်း ကိုယ်တည်ဆောက် ၊
ကိုယ့်ကျောက်ဆောင် ကိုယ့်အမှားအယွင်းတွေနဲ့ကိုယ်သွန်းလောင်း လို့
ကိုယ့်ဂုဏ်ကျက်သရေအပေါင်းထဲ
ကိုယ့်အခေါင်း ကိုယ်ထမ်းခဲ့ပြီ။ ။


နိုင်မွန်အောင်သွင်

Sunday, July 22, 2007

Myanmar Blogger Society Portal



ကျွန်တှောတို့ ရန်ကုန်က ဘလော့ဂ်ဂါ သူငယ်ချင်းများ ပေါင်းစည်းပြီး Myanmar Blogger Society Portal တစ်ခု တည်ဆောက်ဖို့ လုပ်နေကြပါတယ်။ အဓိကကတော့ စုစုစည်းစည်းလေး ဖြစ်သွားစေချင်တာပါပဲ။ Off-Line Community တစ်ခု အနေနဲ့ထက် On-Line Community တစ်ခုပုံစံပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်း ပုံစံထက် အပျှောတမ်း အသင်းအဖွဲ့ ပုံစံဆောင်ပါမယ်။ ယေဘုယျအားဖြင့် Friendster ပုံစံမျိုး ဖြစ်ပါတယ်။

အဖွဲ့မှာ ခေါင်းဆောင် မရှိပါဘူး။ စည်းကမ်းချက်တွေ ပြဌာန်းချက်တွေ မရှိပါဘူး။ အားလုံးဟာ သာတူညီမျှ ဖြစ်ပါမယ်။ အဖွဲ့ဝင်တဲ့ ဘလော့ဂ်ဂါတိုင်းရဲ့ Blog Feed တွေကို Portal မှာ အချိန်နဲ့ တပြေးညီ ဖှောပြသွားနိုင်အောင် လုပ်ပါမယ်။ ဘလောဂ်ဂါတိုင်း၊ ဘလော့ဂ် ဖတ်သူတိုင်းဟာ ဘလော့ဂ်တိုင်းကို အချိန်ပြည့် ဝင်မကြည့် နိုင်ပါဘူး။ အချို့ ဘလော့ဂ်တွေက အပ်ဒိတ် မလုပ်တာတွေလည်း ရှိတယ်။ အချို့ဘလော့ဂ် များကတော့ တစ်ရက်ကို ပိုစ့်အများကြီး တင်ကြတယ်။ ဒီလို Feed တွေကို စုစည်းပေးခြင်းအားဖြင့် လူတစ်ယောက်ဟာ ဘလောဂ်တိုင်းကို အမြဲဝင်ကြည့်နေစရာ မလိုတော့ပါဘူး။ ဒီ Portal ကိုဝင်ကြည့်ရုံနဲ့ အသစ်တက်တဲ့ ပိုစ့်တွေကို အမြဲတွေ့နေရမှာ ဖြစ်ပါတယ်။

Feed ဆိုတဲ့ သဘောကို ရှင်းပြပါမယ်။ ကိုယ်က ပိုစ့်တစ်ခု အသစ်တင်တိုင်းမှာ တကယ်တမ်း ပေ့ခ်ျ တစ်ခုအနေနဲ့ တက်သွားပါတယ်။ အဲဒီအသစ် တက်လာတဲ့ ပေ့ခ်ျတွေကို ခေါင်းစဉ်နဲ့ အမြည်းစာသားတွေကို ဒီပှေါတယ်လ်ကနေ ဖမ်းယူပြီး ပြန်ထုတ်ပေးတဲ့ သဘောပါ။ အမြည်းစာသား ဖတ်ရှုပြီး သဘောကျတယ်ဆိုရင် သက်ဆိုင်ရာ ဘလောဂ့်ကို အဲဒီကနေ တဆင့် သွားရောက်ပြီး စာမူ အပြည့်အစုံကို ဖတ်ရှု နိုင်ပါလိမ့်မယ်။ ဒီလို အသစ်တင်တိုင်း ဖှောပြပေးမှာ ဖြစ်လို့ ကိုယ့်ဘလော့ဂ်ကို လည်ပတ်သူတွေလည်း တိုးလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီဝဘ်ဆိုဒ်ဟာ အကျိုးအမြတ် စီးပွားရေးကို မျှောကိုးပြီး လုပ်တဲ့ ဆိုဒ် မဟုတ်ပါဘူး။ မြန်မာဘလော့ဂ်လောက တိုးတက် ပြန့်ပွားလာရေး၊ ထူးခြားကောင်းမွန်တဲ့ ဘလော့ဂ်တွေ ပှေါထွက်လာရေးကိုသာ ရည်ရွယ်တာပါ။ ဒါပေမယ့် ဒီဝဘ်ဆိုဒ် တည်ဆောက်ဖို့၊ လည်ပတ်ဖို့၊ မွမ်းမံဖို့အတွက် ရံပုံငွေ လိုအပ်ပါတယ်။ အဲဒီအတွက် ဒီပှေါတယ်လ်ကို ဝင်မယ်ဆိုရင် ဝင်ကြေးပေးဖို့ လိုပါလိမ့်မယ်။ မန်ဘာ ဝင်ကြေးကို တစ်နှစ်အတွက် မြန်မာနိုင်ငံမှ ဘလော့ဂ်တစ်ခုအတွက် ကျပ်နှစ်ထောင်၊ အာရှနိုင်ငံများအတွက် စကဿငာပူ သုံးဒှေါလာ၊ အနောက်နိုင်ငံ များအတွက် အမေရိကန် နှစ်ဒှေါလာ ကောက်ခံမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီဘလော့ဂ် ပှေါတယ်လ် တည်ဆောက်ခနဲ့ ဝဘ်ဆိုဒ်ဟိုစ့်တင်းအတွက် ဒှေါလာ ၅ဝဝခန့် ကုန်ကျမယ်လို့ တွက်ကြပါတယ်။ အဲဒါကြောင့် မန်ဘာ ၂ဝဝခန့် ရရှိမှသာ ဒီကိစဿစက အဆင်ပြေမှာပါ။ အဲဒီ ဝင်ကြေး ပမာဏဟာ အလွန်နည်းပါးတဲ့ ပမာဏပါ။ အင်တာနက်မှာ ဝဘ်ဆိုဒ် ပရိုမိုးရှင်း လုပ်သူတွေဟာ ဒှေါလာ ထောင်နဲ့ချီပြီး ယူကြပါတယ်။ ဒီမှာကတော့ ဒီပမာဏလေးနဲ့ ကိုယ့်ဘလော့ဂ်ကို ကြှောငြာပေးတဲ့ သဘောပါပဲ။ ဘလော့ဂ်လောကဟာ ကျယ်ပြန့်လာပါပြီ။ နောက်ပိုင်းမှာ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ကောင်းမွန်တဲ့၊ လူသိများတဲ့ ဘလော့ဂ်တွေကနေ ကြှောငြာတွေ၊ စပွန်ဆာတွေ ပေးလာကြမယ်လို့ ကျွန်တှော ယုံကြည်ပါတယ်။

ဒီလို လုပ်ဆောင်ခြင်းအားဖြင့် ကိုယ့်ဘလော့ဂ်ဟာ ဖတ်ရှုသူတွေ၊ ဘလော့ဂ်ဂါတွေနဲ့ အမြဲ မျက်ခြေပြတ်တော့မှာ မဟုတ်ပါဘူး။ အသစ်တင်တိုင်းလည်း အားလုံး သိကြမှာ ဖြစ်ပါတယ်။ နောက်ပြီး တက်လာတဲ့ ပိုစ့်တိုင်းကို ဖတ်ရှုသူတွေက ဒီပှေါတယ်လ်ကနေ အဆင့်၊ အကြိုက် သတ်မှတ်ပေးနိုင်ပါမယ်။ အဲဒီအဆင့်တွေကိုလိုက်ပြီး တစ်ရက်အတွင်း လူကြိုက်အများဆုံးပိုစ့်၊ တစ်ပါတ်အတွင်း လူကြိုက်အများဆုံးပိုစ့်၊ ထာဝရ လူကြိုက်အများဆုံး ပိုစ့်ဆိုပြီးတော့လည်း အဆင့်အတန်း သတ်မှတ်ပေးသွားပါမယ်။ အကောင်းဆုံးပိုစ့်တွေ၊ ဖတ်ရှုသူတွေ အကျိုးရစေမယ့် ပိုစ့်တွေကို ရွေးထုတ်ပြီးတော့လည်း အဲဒီပှေါတယ်လ်မှာ ဂုဏ်ပြု ဖှောပြသွားပါမယ်။
ပှေါတယ်လ်မှာ ဖိုရမ်ကဏဿဍ၊ ဘလော့ဂ်လမ်းညွှန်၊ သတင်းနဲ့ မန်ဘာပရိုဖိုင် ကဏဿဍတွေ ပါဝင်ပါမယ်။ အသင်းဝင် မဟုတ်သူဟာ ဒီဖိုရမ်က Feed တွေကို ဖတ်ရှုလို့ ရပေမယ့် အခြားကဏဿဍတွေကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ အသင်းဝင် မဟုတ်သူတွေရဲ့ Feed တွေလည်း ပှေါလာမှာ မဟုတ်ပါဘူး။ အသင်းဝင် တစ်ယောက်ဟာ ဝင်ကြေးသွင်းပြီးတာနဲ့ တပြိုင်နက် ကိုယ့်ဘလောဂ့်ရဲ့ ပိုစ့်အသစ်တိုင်းဟာ ဒီပှေါတယ်လ်မှာ ပှေါလာမှာ ဖြစ်ပါတယ်။ ကိုယ့်ပရိုဖိုင်မှာ အချက်အလက်၊ ဓါတ်ပုံ စတာတွေကိုလည်း တင်ထားနိုင်ပါလိမ့်မယ်။

သတင်းကဏဿဍမှာ ဘလော့ဂ်ပှေါတယ်နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက်များ၊ ငွေစာရင်းရှင်းတမ်းများ၊ နောက်ဆုံးပှေါ စက်ရပ် သတင်းများကို တင်ပြသွားပါမယ်။ ဖိုရမ်ကဏဿဍမှာတော့ ဘလော့ဂ်ပြသဿသနာတွေ၊ အဆင်မပြေတာတွေ၊ မသိတာတွေ မေးမြန်းနိုင်ပါမယ်။ မန်ဘာအချင်းချင်း အနေနဲ့ ပရိုဖိုင်များကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ချတ်ကဏဿဍ ပါဝင်သင့် မပါဝင်သင့်ကိုတော့ စဉ်းစားဆဲပဲ ဖြစ်ပါတယ်။

ရလာတဲ့ မန်ဘာဝင်ကြေးများကို မြန်မာဘလော့ဂ်ဂါများ အနေနဲ့ လှူဒါန်းခြင်း၊ ပညာပေးခြင်း စတဲ့ ကဏဿဍများမှာ အသုံးချမယ်လို့ ဆုံးဖြတ်ထားကြပါတယ်။ ဘလော့ဂ်ဂါတွေထဲက တတ်ကျွမ်းသူ ပညာရှင်တွေကို အခမဲ့ ပညာပေးခြင်း၊ သင်တန်းပေးခြင်း စတဲ့ ကိစဿစရပ်များကိုလည်း စီစဉ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ သဘာဝ ဘေးအနဿတရာယ်တွေ ကြုံရ၊ ခံစားရ သူတွေ၊ စာပေမသင်ကြားနိုင်သူတွေကို မြန်မာဘလော့ဂ်ဂါ အဖွဲ့အနေနဲ့ ကူညီနိုင်ပါလိမ့်မယ်။ ရငွေ ထွက်ငွေ စာရင်းကိုလည်း တင်ပြပါမယ်။ အခြေအနေနဲ့ အချိန်အခါ၊ အခွင့်အရေးအရ ရန်ကုန်က ဘလော့ဂ်ဂါတွေ လုပ်ဆောင်တာ ဖြစ်ပေမယ့် မြန်မာဘလော့ဂ်ဂါ အားလုံးအတွက် ရည်ရွယ်ပါတယ်။ ဒီကိစဿစကို ကျွန်တှောတို့ အစည်းအဝေး သုံးလေးကြိမ် ကျင်းပပြီး ဆွေးနွေးအတည်ပြု ခဲ့ကြပါတယ်။

ဒီပှေါတယ်လ်မှာ ဥကဿကဌတွေ၊ အမှုဆောင်တွေ မရှိဘူး ဆိုပေမယ့် ဒီပှေါတယ်လ် တည်တံ့ဖို့ မွမ်းမံဖို့အတွက် Administrator တွေ၊ Moderator တွေ ရှိပါမယ်။ ဒီပှေါတယ်လ်မှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ အကြောင်းအရာမရွေး ပါဝင်ပါလိမ့်မယ်။ အကြောင်းအရာ အမျိုးမျိုးကြောင့် သက်ဆိုင်ရာ ဘလော့ဂ်ကို ဘန်းထားတယ်ဆိုရင် ဒီပှေါတယ်လ်နဲ့ ပတ်သတ်မှု မရှိပါဘူး။ မြန်မာ့ယဉ်ကျေးမှုအရ မစီလျှော မသင့်တှောသော စာများ ပါဝင်လာခဲ့ရင်တော့ အထက်ပါစာကို ကွန်ပျူတာစနစ်က xxx အမှတ်အသားပြပြီး တားမြစ်မှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားတဲ့ ဘလော့ဂ်ဂါများ ဆက်သွယ် ပူးပေါင်းနိုင်ပါတယ်။ ဘလော့ဂ်ပှေါတယ်လ်ရဲ့ ပုံကြမ်းကို အထက်မှာ ကျွန်တှော တင်ပြထားပါတယ်။

You can see related posts here

MM Blogger Forum
Debate With Me

Raven Blood Donor Club



မြန်မာဘလော့ဂ် လောက ဖွံ့ဖြိုးလာတာနဲ့အမျှ ရည်ရွယ်ချက် ကောင်းမွန်သော ဘလော့ဂ်များ၊ ဘလော့ဂါများ ပှေါထွက်လာတာ တွေ့ရပါတယ်။ အများစုဟာ အရင်ကလို အေးစက်တဲ့ ဝဘ်ဆိုဒ် အသွင်မျိုးကို ရှောင်ရှားပြီး ဘလော့ဂ်တွေပှေါမှာ အခြေချလာကြတာဟာ ကျွန်တှောတို့ ဘလော့ဂ် လောကအတွက် အပေါင်းလကဿခဏာ ဆန်တဲ့ ကိစဿစတစ်ခုပဲ ဖြစ်ပါတယ်။ အခုဆို သတင်းတွေ နည်းပညာတွေကို စာအုပ်စာပေကနေ မဟုတ်ဘဲ အချိန်နဲ့ အလျဉ်မီ သိနိုင်ကြပါပြီ။

တစ်ရက်က ကျွန်တှောဟာ ဘလော့ဂ်တစ်ခုကို သွားရောက် လည်ပတ်ပါတယ်။ ပြည်တွင်း NGO အဖွဲ့အစည်းလေး တစ်ခုပါ။ NGO ဆိုတာ Non Governmental Organization အစိုးရနဲ့ မပတ်သတ်တဲ့ အဖွဲ့အစည်းပေါ့။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ ကျွန်တှောတို့ နိုင်ငံမှာ အခုလို NGO အဖွဲ့အစည်းလေးတွေ ပှေါလာတာ ဝမ်းသာစရာ ကောင်းပါတယ်။ အကျိုးအမြတ်ကို မမျှောကိုးဘဲ အသိပညာ၊ အတတ်ပညာ ဖြန့်ဖြူးနေကြသူတွေ ရှိသလို၊ ဆင်းရဲနွမ်းပါးသူတွေကို အထောက်အကူ ပြုနေသူတွေလည်း ရှိလာကြပါတယ်။ တတ်နိုင်တဲ့သူတွေက မတတ်နိုင်တဲ့ သူတွေကို သူတို့တတ်ကျွမ်းရာနဲ့ အကျိုးပြုသူတွေပါပဲ။ ကျွန်တှော သွားရောက်ခဲ့တဲ့ ဘလော့ဂ်ကတော့ လူငယ်တစ်စု ဖွဲ့စည်းထားတဲ့ Raven Blood Donor Club ဆိုတဲ့ အဖွဲ့အစည်းလေးပါ။ အခမဲ့ သွေးလှူဒါန်းတဲ့ အဖွဲ့အစည်းပေါ့။

သွေးဟာ ကျန်းမာရေးနဲ့ ပတ်သတ်ရင် မရှိမဖြစ် အရေးပါတဲ့ အရာတစ်ခုပါ။ ဆေးရုံ ဆေးပေးခန်းတွေမှာ သွေးအမြဲ လိုအပ်နေပါတယ်။ သွေးလွန်နေတဲ့ လူနာတွေ အတွက် သွေးရဖို့ဆိုတာ ချက်ချင်း မလွယ်ကူပါဘူး။ လှူဒါန်းသူနဲ့ လိုအပ်သူ တိုက်ဆိုင်မှသာ ရရှိနိုင်တာမျိုးပါ။ Raven အဖွဲ့ဟာ သွေးလှူဒါန်းလိုသူတွေကို စုစည်းပြီး သွေးလိုအပ်နေသူတွေကို အကျိုးပြုတဲ့ အဖွဲ့အစည်းလေးပဲ ဖြစ်ပါတယ်။ အချက်အလက်များအရ အဖွဲ့အနေနဲ့ သွေးပုလင်း ၁ဝဝကျှော လှူဒါန်းပြီးပြီလို့ သိရပါတယ်။ သူတို့ရဲ့ ဘလော့ဂ်မှာ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အချက်အလက် တှောတှောများများကိုလည်း တင်ထားတာ တွေ့ရပါတယ်။ အမျိုးအစား ကွဲပြားတဲ့ သွေးတွေအကြောင်းလည်း ရှင်းပြထားတယ်။ သွေးလိုအပ်နေသူတွေရှိရင် အဖွဲ့ကို ဆက်သွယ်တာနဲ့ အချိန်မီ အကူအညီပေးနိုင်အောင် ကြိုးစားကြတာလည်း တွေ့ရပါတယ်။ သွေးနဲ့ ပတ်သတ်တာတွေ သာမက အိပ်ခ်ျအိုင်ဗွီ၊ တီဗွီရောဂါတွေကိုလည်း တတ်နိုင်သမျှ ပပျောက်ကာကွယ်နိုင်အောင် ကူညီနေတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။

ဘလော့ဂ်မှာ ဆက်သွယ်လို့ရတဲ့ အီးမေးလ်သာ တွေ့ရပြီး ဖုန်းနံပါတ်တော့ မတွေ့ရသေးပါဘူး။ ဒီအဖွဲ့အစည်းလေးကို ဒီထက်ပိုပြီး အောင်မြင်ပါစေလို့ ဆုတောင်းလိုက် ပါတယ်။ ဒီလိုပဲ အခြား အကျိုးပြု NGO အဖွဲ့အစည်းလေးတွေ အများကြီး ပှေါလာပြီး ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်မယ်ဆိုရင် ကျွန်တှောတို့ နိုင်ငံ အကျိုးရှိလာမှာပါ။ ဒီအဖွဲ့အစည်းလေးအကြောင်း သိပြီးတဲ့အခါ ကိုယ်နဲ့ နီးစပ်ရာ ပတ်ဝန်းကျင်မှာ သွေးလိုအပ်သူတွေ ရှိခဲ့ရင် ဒါမှမဟုတ် သွေးလှူဒါန်းသူတွေ ရှိခဲ့ရင် ချက်ခြင်း ဆက်သွယ်နိုင်ပါတယ်။ ဒီအဖွဲ့လေးကို လေးစားတဲ့ အနေနဲ့ ကျွန်တှော့ဘလော့ဂ်မှာလည်း Affiliate Link အဖြစ် ချိတ်ဆက် ထားလိုက်ပါတယ်။

Web Blog: Raven Blood Donor Club
http://raven-bdc.blogspot.com
Email: raven.org@gmail.com

Saturday, July 7, 2007

Pyit Tine Htaung



Here is bigger one!

အလကားအဖွဲ့

အလကားအဖွဲ့

တစ်နေ့သ၌ ကျွန်တှောတို့သည် ပိုက်ဆံပြတ်လပ် နေသဖြင့် လှိုင်ရတနာအိမ်ယာ ရှေ့က လမ်းဘေးကဖီးလေးတွင် ထိုင်နေစဉ် ကိုဖိုးသားက ရုတ်တရက် ခင်ဗျားရော အလကားကောင်လားဟု ထမေးလိုက်သည်။ ကမောင်ရမ်းက လက်ထဲမှ လန်ဒန်စီးကရက်၏ မီးခိုးငွေ့များကို ခပ်မျှင်းမျှင်း မှုတ်ထုတ်လိုက်ရင်း သူ၏ နက်မှောင်စူးရှသော မျက်ဝန်းများကို ထောင့်ကပ်ကြည့်နေသည်။ ကမောင်လှကြီးက သူ၏ မုတ်ဆိတ်မွှေး ငုတ်စိများကို ပွတ်သပ်ရင်း အဝေးကို ငေးနေ၏။ ကျွန်တှောလည်း လက်ထဲမှ နောက်ဆုံးရောင်းရန် ကျန်နေသော ဆီကုန်နေသည့် ဇစ်ပိုမီးခြစ်ကို ချောက်ချက်ချောက်ချက် လုပ်လိုက်ရင်း သိပ်သေချာတာပေါ့ဗျာ အလကားကောင်မှ စစ်စစ် စစ်စစ်နဲ့ကို မြည်နေသေးတယ်ဟု မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှု အပြည့်ဖြင့် ပြန်ပြောလိုက်သည်။ ထိုအခါ ကဖိုးသားမှ သူ၏ ထန်းသီးဆုပ် ပမာဏရှိသော လက်သီးကြီးကို တဒုန်းဒုန်း ထုလိုက်ပြီး ဂျိုက်သွားဘီ သိပ်ဂျိုက်သွားဘီ ဒါမှပြတ်သားဒဲ့ ကျုပ်တို့အဖွဲ့သားဟု ဦးဖိုးကျား၏ မင်းကတှောဝတဿထုမှ မညွန့်မေ၏ လေသံအတိုင်း အားပါးတရ ပြောသည်။ ထိုအခါ ကမောင်လှကြီးက ဟေ့ကဖိုးသား ခင်ဗျား စာလုံးပေါင်းတွေ သတ်ပုံတွေ အသံတွေ သတိထားဗျ ကျုပ်တို့ မြန်မာစာကို ဒီလို ကပျက်ချှော လုပ်နေရင် ကြာရင် လူမျိုးရော စာပေပါ ပျောက်သွားလိမ့်မည်ဟု သတိပေးလိုက်သည်။ ထိုလူကြီးသည် အင်မတန်မှ သတင်းစာ ဖတ်ပုံရသည်ဟု ကျွန်ုပ်စိတ်ထဲမှ မှတ်ချက်ချလိုက်မိ၏။

ကမောင်ရမ်းကြီးက လက်ထဲမှ ဆေးလိပ်တိုကို စည်းကမ်းတကျ လမ်းဘေးသို့ တောက်လွှတ်လိုက်ပြီး အိပ်ကပ်ထဲမှ ကွမ်းယာကို နှိုက်ပြန်၏။ ထို့နောက် စားရန် ပြင်လိုက်စဉ်မှာပင် ကဖိုးသား၏ လုယူခြင်းကို ခံလိုက်ရသည်။ ဟိုးဟိုး ခင်ဗျား တစ်ယောက်တည်း ဒီလို စားလို့ ဘယ်ရမလဲ၊ ဒါမြန်မာပြည်ဗျ ခွဲစား ဝေစား မျှစား လုပ်ရတယ်ဟု ဒေါသတကြီး ပြောလိုက်သေး၏။ အိုဗျာ ဒီကွမ်းလေး တစ်ယာကို ဘယ်လို ဝေစားမျှစား လုပ်ရမလဲဟူသော မေးခွန်းက ဆြာရမ်း၏ မျက်နှာတွင် အထင်းသား ပှေါလာသည်။ သိနေဒယ် သိနေဒယ် ခင်ဗျား ဒီလိုမျက်နှာမျိုး ဖြစ်လာတော့မယ်ဆိုတာ။ ကဲ ကျုပ်ပြောပြမယ်။ ကျုပ်တို့အချင်းချင်းဗျာ နည်းရင်နည်းသလို များရင်များသလို ညီညီညွတ်ညွတ် ဝေစားမျှစား မလုပ်ကြရင် နောင်တစ်ခေတ်မှာ ဘယ်လို အောင်စစ်သည် ဖြစ်တော့မလဲ။ ဟေ့လူကြီး ခင်ဗျားပြောတာ ဗိုလ်လောင်းတွေရဲ့ ဆောင်ပုဒ်နဲ့ ရောနေပြီဗျဟု ကျွန်ုပ်က ထောက်လိုက်မှ ဪ အင်း ဟုတ်သားဘဲ ဆိုင်လည်း မဆိုင်ဘူး။ အဲလိုလား။ အဲလိုလည်း မဟုတ်သေးပါဘူး။ အေးဗျာဟု ဘာတွေမှန်းမသိပြောရင်း လက်ထဲမှ ကွမ်းယာကို ဖြေလိုက်သည်။ ထို့နောက် အထဲမှ ကွမ်းသီးစိပ် ရှစ်စိပ်ကို လေးပုံပုံကာ တစ်ယောက်ကို နှစ်စိပ်စီ ဝေပေးသည်။ ထိုအခါ ကမောင်လှကြီးက ကျုပ်ကွမ်းသီး နှစ်စိပ်ထဲဆို မစားဘူးဟုပြောပြီး ပြန်စွန့်ကျဲသည်။ အမှန်တော့ ဒီလူကြီး ရန်တိုက်ပေးလိုက်ခြင်း ဖြစ်ကြောင်း ကျွန်ုပ်တို့ ရိပ်မိဖို့ ကောင်းသည်။ သို့သှော နောက်ကျခဲ့ပြီ။ ကဖိုးသား၊ ကရမ်းနှင့် ကျွန်ုပ်တို့ သုံးဦးသားမှာ ယင်းနှစ်စိပ်ကို အဝေမတည့် ဖြစ်ကြတော့သည်။ ကရမ်းက သူသည် အလကားလူများ အဖွဲ့၏ ဥကဿကဋဿဌ ဖြစ်သောကြောင့် ယင်းနှစ်စိပ်မှ တစ်စိပ်ကို စားသင့်သည်ဟု ဆိုသည်။ ကဖိုးသားကလည်း သူသည် ဒီအဖွဲ့ကြီးကို တည်ထောင်ဖို့ စည်းရုံးသူဟုဆိုကာ တစ်စိပ်ယူမည်ဟု ဆို၏။ ကျွန်ုပ်ကလည်း အားကျမခံ အဖွဲ့သားမရှိရင် အဖွဲ့ဆိုတာ အလကားပဲမို့ တစ်စိပ်ဟာ ကျွန်ုပ်နှင့်ဆိုင်ကြောင်း ပြောပြီး အငယ်ပီပီ လက်ရဲဇက်ရဲဖြင့် ကောက်ဝါးပစ်လိုက်သည်။ ကရမ်းနှင့် ကဖိုးသား နောက်ဆုံးတစ်စိပ်ကို လုကြသည်မှာ ငယ်သံပင်ပါ၏။ ကမောင်လှကြီးက ဒါမှမြန်မာကွဟု ပြောရင်း လက်ခုပ်လက်မောင်းတီးကာ အားပေးသည်။ ကျွန်ုပ်က ဆွဲမလိုလိုနှင့် မပေးသည်။

ထိုအခိုက် ကဂျေအယ်ကြီးက ဟေ့ဟေ့ ဘာဖြစ်နေတာလဲ ကလေးတွေဟုဆိုကာ အပြေးအလွှား ရောက်လာသည်။ ကမောင်လှနှင့် ကျွန်ုပ်က အကျိုးအကြောင်း ရှင်းပြသောအခါ မင်းတို့နဲ့တော့ ခက်တော့တာပဲကွာ၊ ဒါဖက်ဆစ်စနစ်ရဲ့ အမွေဆိုးတွေပဲလို့ ပြော၏။ သူ့စကားကြောင့် ကဖိုးသားနှင့် ကမောင်ရမ်းပါ ကွမ်းသီးလုနေရာက ရပ်သွားပြီး ဘာလဲဟဟူသော အတွေးများဖြင့် ပြန်ထိုင်လိုက်ကြသည်။ ကဂျေအယ်ကြီးက အေးမင်းတို့ ကိုယ့်ကိစဿစကိုယ် ပြေပြေလည်လည် ဖြစ်အောင်လုပ်ကြ၊ အမေကျှောပြီး ဒွေးတှော မလွမ်းနဲ့ဟု ဆက်ပြောပြန်၏။ ကျွန်ုပ်တို့ အားလုံးက တစ်ခုခု မေးမည်ပြင်သောအခါ အေးဒီမှာကြည့် မင်းတို့မေးမှာ ငါသိတယ်ဟုဆိုကာ သူ့အိတ် အမည်းကြီးထဲက ကင်မရာကြီး တစ်လုံးကို ထုတ်လိုက်သည်။ အဲဒါ ၁၅သိန်းကျှောတန်တယ်၊ ရွာဆူအောင်တော့ လာမလုပ်နဲ့ တောထုတ်ပစ်လိုက်မယ်ဟု မျက်လုံးကြီး ပြူးပြီးပြောသည်။ ကမောင်ရမ်းကြီးက ကဂျေအယ် ခင်ဗျားကြီး တစ်နေ့တခြား ဝလာလိုက်တာ ထောင်ထောင်မောင်းမောင်းနဲ့ ပုဆိန်ရိုးကြီး ကျနေတာပဲဟု ပြောလိုက်သည်။ ထိုအခါ ကမောင်လှက လက်ကိုင်တုတ်ပါဟု ပြောပြန်၏။ ကျွန်တှောကလည်း ခင်ဗျားတို့ပြောနေတာ မိုးလုံးပြည့် မုသာဝါဒတွေပဲဟု အားကျမခံ ဝင်ထောက်လိုက်သည်။

ကဂျေအယ်ကြီးက လက်ဖက်ရည်ကြမ်းခွက်ကို ဆွေးဆွေးမြည့်မြည့် ကြည့်လိုက်ရင်း မင်းတို့အဖွဲ့ကြီးမှာ ငါ့ကို အကြံပေးခန့်ကွာဟု ပြောသည်။ ထိုအခါ ကျွန်ုပ်တို့က ခန့်ချင်တိုင်း ခန့်၍ မရကြောင်း အဖွဲ့ဝင်များ၊ အမှုဆောင် ကှောမတီဝင်များ၏ ဆနဿဒကောက်ခံရမည်ဖြစ်ကြောင်း၊ ထိုသူတို့မှ ထောက်ခံရန် လိုအပ်ကြောင်း အကျယ်တဝင့် ရှင်းပြသည်။ ကဂျေအယ်ကြီးခမျာ ထင်မှတ်မထားသော စကားမို့ ငေးငိုင်သွားရှာ၏။ သို့သှောလည်း အမြင်ကျယ်သူပီပီ ဥကဿကဋဿဌ ကမောင်ရမ်း၊ အတွင်းရေးမှူး ကမောင်လှ၊ စည်းရုံးရေးမှူး ကဖိုးသားနှင့် အဖွဲ့ဝင် ကလင်းဆက် လေးဦးသားကို စကားတိုးတိုးလေး တစ်ခွန်းပြောလေသည်။ ကဂျေအယ်ကြီးလည်း ကျွန်ုပ်တို့ အဖွဲ့ကြီးတွင် အကြံပေးဖြစ်သွားလေပြီ။ ထိုညက ဘီယာဝိုင်းလေးကတော့ စိုစိုပြေပြေ ရှိလေသတည်း။

My Essay on Idea Magazine

ဒီလ Idea မဂဿဂဇင်းမှာ ကျွန်တှော့ ဝတဿထုလေး ပါလာလို့ အရမ်းဝမ်းသာသွားတယ်။ ပြီးတော့ အဲဒီဝတဿထုကလည်း ကျွန်တှော ရေးခဲ့သမျှထဲမှာ အကြိုက်ဆုံး ဝတဿထု သုံးလေးပုဒ်ထဲက တစ်ပုဒ် ဖြစ်နေလို့ပါ။ စာမူခ ၅ဝဝဝနဲ့ မဂဿဂဇင်းတစ်အုပ် လက်ဆောင်ရတယ်။ ပိုက်ဆံပြတ်နေပေမယ့် ပထမဆုံး ဝတဿထုရေးပြီး ရတဲ့ ပိုက်ဆံလေးမို့ အဖွားကို ကန်တော့လိုက်တယ်။ ဒီလ အိုင်ဒီယာမှာ ကျွန်တှောနှစ်သက်တဲ့ သစဿစာနီ၊ မင်းခိုက်စိုးစံ၊ တာရာမင်းဝေ၊ မနှောဟရီ၊ ငြိမ်းအေးအိမ်တို့ရဲ့ ဝတဿထုတွေနဲ့အတူ ကျွန်တှောက အသစ်အနေနဲ့ ပါရတာမို့ တှောတှော့ကို ဝမ်းသာမိပါတယ်။ ကျွန်တှော အကြိုက်ဆုံး ကဗျာဆရာ ကိုနိုင်မွန်အောင်သွင်ရဲ့ ကဗျာလေးလည်း ပါလာတာမို့ အမှတ်တရ ဖြစ်သွားတယ်။ ကျွန်တှောနဲ့သူ ကလောမှာ ဆုံကြတုန်းက စကားပြောခဲ့တာတွေ သတိရမိတယ်။ ကျွန်တှော အင်တာနက်မှာ စာတွေရေးကတည်းက သူအားပေးတာတွေကိုလည်း ကျေးဇူးတင်မိတယ်။

ဒီလ မဂဿဂဇင်းထဲက မင်းခိုက်စိုးစံရဲ့ အကယ်၍သာ ဝတဿထုက သူ့ကိုယ်ပိုင် အတွေးအမြင်တော့ မဟုတ်ဘူး။ အဲဒီအကြောင်းကို တစ်ခါက ကျွန်တှော ဘာသာရေး စာအုပ်တစ်အုပ်မှာ ဖတ်ဖူးလို့ ဒီနေရာမှာ ကျွန်တှော ရေးခဲ့ဖူးတယ်။ မင်းခိုက်စိုးစံဟာ သူဖတ်မိသမျှတွေကို သူ့အမြင်နဲ့ ပြန်ရေးပုံ ရတယ်။ ဒါပေမယ့် သူဘယ်ကနေ ဒီအတွေးရတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ရေးသားသင့်တယ်လို့ ကျွန်တှော ထင်တယ်။ ဒီလိုမှ မဟုတ်ရင် မသိတဲ့သူတွေက ဒါတွေဟာ သူ့အတွေးအခှေါ ဖန်တီးမှု သက်သက်လို့ ထင်ကုန်မှာပေါ့။ Alienation, Copycat, Plagiarism ဆိုတဲ့ ဟာတွေကိုတော့ သူကောင်းကောင်း သိမယ်လို့ ကျွန်တှော ထင်မိပါတယ်။

ကျွန်တှော့ရဲ့ စောက်ရူးဆိုတဲ့ အက်ဆေးကိုတော့ စာပေစီစစ်ရေးက ပယ်ချပါတယ်။ အယ်ဒီတာက စောက်ရူးကို သောက်ရူးလို့ ပြင်ပေးတာတောင် လက်မခံဘူးတဲ့။ တကယ်တော့ စာအုပ်မှာ ပါတာ မပါတာ အရေးမကြီးလှပါဘူး။ အဓိကက ကိုယ်စာရေးချင်တာ ရေးလို့ ရနေတာက အဓိကပဲ မဟုတ်ဘူးလား။ ကိုယ်ရေးတာကို သူများနဲ့ ဝေမျှ ဖတ်ရှုနိုင်ဖို့ ကျွန်တှော့မှာ ဘလော့ခ်ဆိုတဲ့ အခမဲ့ Publication ရှိနေတာပဲ။ ဒါပေမယ့် ကိုယ့်စာမူလေးကို စာအုပ်ထက်မှာ သပ်သပ်ရပ်ရပ် အဆင်ဒီဇိုင်းလေးတွေနဲ့ တွေ့လိုက်ရတော့ ကြည်နူးမိတာ အမှန်ပဲ။ အိုင်ဒီယာ မဂဿဂဇင်းကိုရော အယ်ဒီတာ အဖွဲ့ကိုရော ကျေးဇူးတင်မိတယ်။ နောင်တစ်ချိန် ကျွန်တှော စာတွေ ဆက်ရေးဖြစ်လို့ စာရေးဆရာ ဖြစ်လာခဲ့ရင် ဘယ်တုန်းက မြန်မာစာပေလောကကို ခြေချပါသလဲလို့ မေးတဲ့အခါ အိုင်ဒီယာ မဂဿဂဇင်း ဇူလိုင်လနဲ့ ခြေချခဲ့တာပါလို့ ပြန်ဖြေဖို့ အဖြေရှိသွားပြီပေါ့။

Designers! What you need to know?

Designers! What you need to know?

ကွန်ပျူတာသုံးတဲ့ ဒီဇိုင်းသမားတစ်ယောက် ဂရပ်ဖစ်သမား တစ်ယောက်မှာ မရှိမဖြစ် လိုအပ်တဲ့ ဆော့ဖ်ဝဲလ်တွေ၊ ဟာဒ်ဝဲလ်တွေ ရှိတယ်။ပထမဆုံး ကွန်ပျူတာရဲ့ မှောနီတာ ကာလာဟာ မှန်ရမယ်။ မှောနီတာတိုင်း ကာလာမှန်တာ မဟုတ်ဘူး။ အဲဒီလို မမှန်ရင် ပုံလုပ်တဲ့အခါ အရောင်ကတစ်မျိုး၊ ပုံထုတ်တဲ့အခါ အရောင်ကတစ်မျိုး အဲလိုတွေ ဖြစ်လာမယ်။ အဲဒါအတွက် မှောနီတာကို Calibrate လုပ်ပေးရမယ်။ ဆော့ဖ်ဝဲလ်နဲ့ လုပ်တာက မကောင်းဘူး။ တတ်နိုင်ရင် ဟာဒ်ဝဲလ် ဝယ်သုံးသင့်ပါတယ်။

ပြီးရင် မှောနီတာရဲ့ Color Profile နဲ့ ကိုယ်အသုံးပြုတဲ့ ဆော့ဖ်ဝဲလ်ရဲ့ Color Profile တူသင့်တယ်။ ကျွန်တှောကတော့ ဖိုတိုရှော့ပ် အများဆုံး သုံးသူမို့ Adobe RBG 1998 ကို အသုံးပြုတယ်။ အဲဒီပရိုဖိုင်ကို မှောနီတာအတွက်လည်း ထားတယ်။ ဖိုတိုရှော့ပ်မှာလည်း ဒါနဲ့ပဲ သုံးတယ်။ ကိုယ်နှစ်သက်ရာ ပရိုဖိုင်ကို ထားနိုင်ပါတယ်။

မှောနီတာဟာ မှောင်လွန်း၊ လင်းလွန်းခြင်းမျိုး ဖြစ်မနေသင့်ပါဘူး။ အစွမ်းကုန် အရောင်တင် ထားတာမျိုးလည်း မဖြစ်သင့်ပါဘူး။ Contrast ကိုတော့ များများ တင်ထားသင့်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ ကွန်ပျူတာဟာ LCD ဖြစ်နေမယ်ဆိုရင် Dead Pixel တွေမရှိအောင် သတိပြုရပါမယ်။ အဲဒီ Dead Pixel ဆိုတာက အယ်လ်စီဒီ မှောနီတာမှာ အလုပ်မလုပ်နိုင်တော့တဲ့ ဆဲလ်တွေကို ခှေါတာပါ။ အဲဒါတွေ အလုပ်မလုပ် တော့တဲ့အခါ အဲဒီပျက်နေတဲ့ ပစ်ဇယ်လ်တွေ နေရာဟာ အရောင်မပှေါတော့ပါဘူး။

Mouseကို dpi များများပံ့ပိုးနိုင်တဲ့ Laser Mouse သုံးပါ။ Wireless Mouse များအသုံးမပြုသင့်ပါဘူး။ ပုံများဆွဲသားခြင်းအတွက်မူ Mouse ဖြင့်မလုံလောက်ပါ။ Wacom လို Electronic Drawing Pad လိုအပ်ပါတယ်။ ဒီနေရာမှာ ဆွဲသားတဲ့ Pen ကလည်း အရေးကြီး ပါတယ်။ အချို့ Pen များဟာ အဖိအဖော့၊ အလျှော့အတင်း လုပ်လို့ရတယ်။ အသွားကို သင့်တှောသလို လဲလှယ်တပ်ဆင်လို့ ရတယ်။

Design လုပ်တဲ့သူ တစ်ယောက်ရဲ့ ကွန်ပျူတာဟာ ဒီခေတ်အခြေအနေနဲ့ဆို Pentium4 ဖြစ်သင့်ပါတယ်။ Pentium4 မှာတောင်မှ Hyper Threading ပါတဲ့ Processor မျိုးဟာ အဒိုဘီရဲ့ ဆော့ဖ်ဝဲလ်တွေ ဖွင့်တဲ့အခါ ပြတ်ပြတ်ကျတာမျိုး ကြုံရတာမို့ မဝယ်ယူသင့်ပါဘူး။ တကယ်လို့ ဝယ်ယူထားမိ ခဲ့ရင်လည်း BIOS မှာ HTကို ပိတ်ပေးထားရပါမယ်။ ဒါမွ အထက္က ျပသဿသနာမ်ိုး မျဖစ္မွာပါ။ မန်မိုရီက DDR2 512Mb လောက် အနည်းဆုံး ရှိသင့်ပါတယ်။ ကျွန်တှော့စက်မှာ 1Gb ထားပါတယ်။ အဲဒီလို ထားရာမှာ ကွန်ပျူတာရဲ့ Motherboard မှာ မန်မိုရီထည့်ဖို့ နေရာလေးခုရှိရင် 256Mb လေးချောင်း ထည့်ခြင်းက 1Gb တစ်ချောင်းတည်း ထည့်ခြင်းထက် ပိုမိုမြန်ဆန်ပါတယ်။ Pentium မှာတော့ မမ်မိုရီဟာ 4Gb ထက်ပိုထည့်လို့ရတာ မတွေ့မိသေးပါဘူး။ Apple G5 ကွန်ပျူတာတွေမှာတော့ 16Gb အထိထည့်လို့ရတယ်လို့ ဆိုပါတယ်။ အဲပလ်နဲ့ကတော့ ယှဉ်လို့ရမှာ မဟုတ်ပါဘူး။ သူက အစစအရာရာ သာပါတယ်။ ဈေးနှုန်းကလည်း အနည်းဆုံး ၄ဆလောက် ကွာပါမယ်။ ဂရပ်ဖစ်ကဒ်ကိုတော့ 64Mb လောက်ထားရပါမယ်။

ဟာဒ်ဒစ်ဟာ အနည်းဆုံး 80G လောက်ရှိရပါမယ်။ ဒါမှ ဖိုင်ဆိုဒ် အကြီးကြီးတွေကို ပြုပြင်ရေးဆွဲ သိမ်းဆည်း နိုင်မှာပါ။ အရေးအကြီးဆုံးက ကိုယ့်ဖိုင်တွေကို Backup လုပ်ထားဖို့ External Hard Disk တစ်လုံး လိုပါတယ်။ USB 2.0 နဲ့ဆက်ထားတဲ့ ဟာဒ်ဒစ်မျိုးဆို အဆင်ပြေပါတယ်။ စက်ထဲက ဟာဒ်ဒစ်ကိုတော့ ဖြစ်နိုင်ရင် SATA စနစ် အသုံးပြုတာဟာ ကိုယ့်စက်ကို ပိုမို မြန်ဆန်နိုင်စေပါတယ်။ ပြီးတဲ့အခါ ဝင်းဒိုးစ် သွင်းထားတဲ့ ဟာဒ်ဒစ် အပိုင်းမှာ ဖိုတိုရှောပ့်ကို မတင်ဘဲ အခြားအပိုင်းမှာ တင်သင့်ပါတယ်။ ပြီးရင် Cash Memory ကိုလည်း ခပ်များများ ပေးထားသင့်ပါတယ်။

ဖောင့်တွေကို ပြတ်သားချောမွတ်စွာ မြင်နိုင်ဖို့ကတော့

Choose Control Panel> Display> Appearance> Effects>
Check Smooth Edge of Screen Fonts> Clear Type

အဲဒါကို ပြင်ပြီးသွားရင် အရင်တုန်းက မြင်ရတဲ့ဖောင့်နဲ့ ပြင်ပြီး မြင်ရတဲ့ဖောင့်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ အလွန်ကွဲပြားသွားတာကို တွေ့ရပါမယ်။ ဒါကို ပြင်ဆင်ခြင်းအားဖြင့် ဘလော့ခ်ဂါတွေ၊ ဘလောခ့် ဖတ်သူတွေလည်း မြန်မာဖောင့်တွေကို စိတ်ချမ်းချမ်းသာသာ မြင်ရပါလိမ့်မယ်။

ဒီဇိုင်နာတိုင်းဟာ ကာလာရဲ့ သဘောကို နားလည်ရပါမယ်။ ကာလာ တစ်ခုချင်းစီရဲ့ လွှမ်းမိုးမှု၊ သက်ရောက်မှု၊ တန်ဖိုး စတာတွေကို သိထားရပါမယ်။ အကောင်းဆုံးက Color Wheel တစ်ချပ်ကို ဆောင်ထားသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်လည်း Color Impact လိုဆော့ဖ်ဝဲလ်မျိုးကို စက်ထဲမှာ ထည့်သွင်းထားသင့်တယ်။

ဒီဇိုင်နာ တစ်ယောက်မှာ ကင်မရာတစ်လုံး ရှိရပါမယ်။ လူတိုင်း ဓာတ်ပုံ ရိုက်တတ်ပါတယ်။ ဒါပေမယ့် ဓာတ်ပုံတိုင်းက မကောင်းပါဘူး။ ဒါကြောင့် ဓာတ်ပုံကောင်းရအောင် ဓာတ်ပုံပညာကိုလည်း လေ့လာထားရမယ်။ ဒီနေရာမှာ ရိုက်ချင်သလိုရိုက် ဖိုတိုရှော့ပ်နဲ့ ပြင်လို့ရတယ်ဆိုတာ မဟုတ်လှပါဘူး။ မူရင်းကောင်းမှ ပြင်တဲ့ပုံကလည်း ကောင်းတာပါ။ ပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာ မြင်သမျှ ပုံတွေကို ရိုက်ယူပါ။ ခဲတံ၊ ခဲဖျက်၊ စာအုပ်၊ မီးခြစ်၊ သစ်ပင်၊ လူ၊ ခွေး၊ ငှက်၊ တိမ်၊ ကား၊ အဆောက်အအုံ ရသမျှကို ရိုက်ယူပါ။ ရိုက်ပြီး ပုံတွေကို ဖိုလ်ဒါတွေခွဲပြီး သိမ်းထားပါ။ လိုအပ်တဲ့အခါ ကိုယ့်ဒီဇိုင်းထဲမှာ ကိုယ့်ပုံကိုပဲ အသုံးပြုပါ။ သူများရိုက်ထားတဲ့ပုံကို အသုံးမပြုသင့်ပါဘူး။ ဒါဟာ ကှောပီရိုက်ကို စောင့်ထိန်းရာ ကျသလို ကိုယ့်လိပ်ပြာ ကိုယ်လုံစေပါတယ်။

သူများ လုပ်ထားသော ပုံများ၊ ကျူတိုရီရယ်လ်များကို လိုက်လုပ်ပါ။ ပြီးလျှင် သူ့စနစ်အတိုင်း ကိုယ့်ကိုယ်ပိုင် ပုံများကို လုပ်ကြည့်ပါ။ ပြီးလျှင် ကိုယ်ပိုင် စနစ်တစ်ခုကို ထွင်ယူပါ။ သူများ ကျူတိုရီရယ်လ်ကို လိုက်လုပ်နေရုံမျှနှင့် ဘယ်တော့မှ ဒီဇိုင်းဆရာကောင်း ဖြစ်မလာနိုင်ပေ။ ကိုယ်နှစ်သက်သော အရောင်များ၊ ကာလာအတွဲများကို တွေ့သောအခါ ကူးယူနိုင်ရန် Color Picker ဆော့ဖ်ဝဲလ်များ သုံးပါ။ အချို့မှာ ထိုစနစ်ကို မသိသောကြောင့် ဖိုတိုရှော့ပ်တွင် ဖွင့်ပြီး ကာလာကူးကြရသည်။ အချိန်ကုန်သည်။

To be continued

Some facts were corrected, tnx Jus!
Read Comments for more information
 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz