Wednesday, May 30, 2007

Inspiring the Arts

အနုပညာအာရုံခံစားမှု


တိတ်ဆိတ်သောည၊ ငြိမ်သက်နေသော ကန်ရေပြင်၊ လှေကလေး တစ်စင်းနှင့် လင်းနေခဲ့သော လပြည့်ည။ ဗီသိုဗင်၏ Moonlight Sonata။ သင်တို့ရဲ့ မျက်လုံးများကို ပိတ်၍ ဂီတကို သံစဉ်အလိုက် နှလုံးသားနှင့် နားဆင်ကြည့်လိုက်ပါ။ မြင်ကွင်းများက ဆက်စပ်ကာ တကယ့်အစစ်အမှန် ဘဝကို မြင်တွေ့နေရသလို ခံစား၍ မြင်တွေ့လာပါလိမ့်မည်။

ကျွန်တှောတို့ နေ့စဉ်ကြုံတွေ့ နေရသမျှ ပတ်ဝန်းကျင်တွင် အနုပညာများစွာ ရှိနေသည်။ ပန်းချီကားချပ်များစွာ ရှိနေသည်။ ဂီတသံများစွာ ရှိနေသည်။ သဘာဝတရား၏ အလှများစွာ ရှိနေသည်။ ကျွန်တှောတို့က ထိုအရာများကို မမြင်နိုင်ဘဲ ဝေးဝေးလံလံ ခက်ခက်ခဲခဲ လိုက်လံရှာဖွေ နေကြရသည်။ ထို့ကြောင့် ပီကာဆိုက အလှတရားကို လိုက်ရှာနေစရာ မလိုပါ၊ ကြည့်တတ်၊ ချစ်တတ်၊ မြင်တတ်ရင် လောကထဲမှာ အရာရာဟာ အရမ်းကို လှပပါသည်ဟု ပြောခဲ့ဖူးသည်။

ဗီသိုဗင်၊ ဗန့်ဂိုး၊ ချိုက်ကော့ဗ်စကီး၊ ရေးနွား၊ ဂှေါကီကအစ ဘီတယ်လ်၊ ကတ်ကိုဘိန်းအဆုံး သူတို့၏ နာမည်များကို ကျွန်တှောတို့ နေ့စဉ်နှင့်အမျှ ကြားနေရသည်။ သူတို့၏ အနုပညာများကို ခံစားနေကြရသည်။ သို့သှော သူတို့၏ ဘဝဖြတ်သန်းမှု အတွေ့အကြုံများကို ကျွန်တှောတို့ လေ့လာဖူးကြ ပါသလား။ စင်စစ် အနုပညာ အာရုံခံစားမှုတွင် ပတ်ဝန်းကျင် လေ့လာမှုမှာ မရှိမဖြစ် အရေးပါ လိုအပ်လှပေသည်။ ဆိုကြပါစို့ ဗန့်ဂိုး၏ နေကြာပန်းများဟု အမည်ရသော ပန်းချီကား။ စားပွဲတစ်ခု၊ အဝါရင့်ရင့် နေကြာပန်းများ နှင့် ပန်းအိုးတစ်လုံး။ ထိုပန်းချီကားကို သန်းပေါင်းများစွာနှင့် အခြားသူများက တန်ဖိုးထား အလုအယက် ဝယ်ယူနေကြသှောလည်း သင့်စိတ်ထဲမှာ ဒီပန်းချီကားကို ဘာလို့များ ဒီလောက်တောင် ပေးပြီး ဝယ်ရမှာလည်းလို့ တွေးမိနေနိုင်သည်။ သို့တည်းမဟုတ် ဘာများ ထူးခြားလို့လည်းဟု တွေးမိနေနိုင်သည်။ နောက်ထပ် သူ၏ အာလူးစားသူများ ပန်းချီကား။ ခမ်းနားမှုမရှိ မှိုင်းဝေနေသော အရောင်များ၊ ခပ်တုံးတုံး စုတ်ချက်များ၊ နွမ်းလျနေသော မျက်နှာများ။ ဗန့်ဂိုး၏ ခံစားမှု၊ ဘဝဖြတ်သန်းရာနှင့် သူ၏ပန်းချီ သဘောတရား၊ အရောင်၏ ဆန်းကြယ်မှုများကို မသိပါလျှင် သင် ထိုပန်းချီကားချပ်များကို မည်သို့မျှ ခံစားနိုင်လိမ့်မည် မဟုတ်ပေ။

အနုပညာကို တန်ဖိုးဖြတ်လို့ မရကောင်းသှောလည်း စံသတ်မှတ်၍ ရသည်။ ကျွန်တှောတို့က လွတ်လပ်စွာ တွေးတောတယ်၊ ဘာနည်းစနစ်၊ ဘယ်အမျိုးအစားရယ်လို့မှ နာမည်တပ်ပြီး မခံစားချင်ဘူးဟု ဆိုသော သူတို့မှာ Art History နှင့် Art အကြောင်းကို ထဲထဲဝင်ဝင် မလေ့လာဖူးသောကြောင့် ဖြစ်သည်။ လေ့လာသည်ဟု ဆိုရာတွင်လည်း စာတွေ့နှင့် လက်တွေ့ ရှိသေးသည်။ အချို့အရာများကို စာတွေ့ လေ့လာ၍ ရသည်။ အချို့အရာများကိုတော့ စာတွေ့သက်သက်နှင့် လေ့လာလို့မရ လက်တွေ့ပါမှသာ စေ့ငုစွာ သိနိုင်သည်။ ဥပမာအားဖြင့် စုတ်တံတစ်ချောင်းကို ကျွမ်းကျင်စွာ ကိုင်နိုင်တိုင်း ယနေ့ခေတ် ဆရာကြီး ဦးလွန်းကြွယ်လို စုတ်ချက်ဆန်းဆန်းများ မရေးဆွဲနိုင်ပါ။ ထိုစုတ်ချက်များမှာ လွယ်သည်ဟု ထင်ရသှောလည်း တကယ်တမ်း ဆွဲကြည့်မှသာ မည်မျှ ခက်ခဲသည်ကို သိနိုင်သည်။ ကိုငြိမ်းချမ်းစု၏ ပန်းချီကားများကို လွယ်သည်ဟုထင်လျှင် ဆွဲကြည့်ပါ။ သူ့စုတ်ချက် တစ်ချက်တိုင်းသည် အားပါသည်။ သွက်လက်သည်။ ရဲတင်းသည်။ လွတ်လပ်သည်။ လက်၏ ကျွမ်းကျင်မှု၊ ဆုံးဖြတ်ချက် ပြတ်သားမှု၊ ပညာရပ် နိုင်နင်းမှု၊ လေ့လာမှု စသည်တို့ မပါဘဲ ထိုပန်းချီကားချပ်မျိုးကို မဆွဲနိုင်ကြောင်း ထင်ရှားသည်။ ကိုနေမျိုးဆေး၏ တဝက်တပျက် ကောက်ကြောင်းများ။ ပန်းချီသမားတိုင်းလိုလို ကောက်ကြောင်းများကို ဆွဲနိုင်သည်။ သို့သှော ကိုနေမျိုးဆေး၏ ပန်းချီကောက်ကြောင်း များကတော့ မြန်မာမှုဟန် အပြည့်ပှေါသလို Contemporary လည်းဖြစ်သည်။ ခေတ်မီသည်။ ဆရာပှေါဦးသက် နောက်ပိုင်း မှောဒန်မြန်မာ့ပန်းချီ ပညာရှင်ဆိုလျှင် ကိုနေမျိုးဆေးဟုသာ ကျွန်တှော သတ်မှတ်ချင်သည်။

ရာဇဝင်များရဲ့ သတို့သမီး နှင့် ထူးအိမ်သင်။ အင်ထရို စဝင်လာကတည်းက ဂီတက အတိတ်ကာလ တစ်ခုဆီကို ပထမဆုံး ခှေါဆောင်သွားသည်။ စကားလုံးများက ပြတ်သားသည်။ အားပါသည်။ သီဆိုသွားသည့်အသံမှာ အားမာန်အပြည့် ရှိသည်။ ခံစားချက်တွေကို တွေ့နေရသည်။ ရေစီးသံတွေ ကြားနေရသည်။ ရဲရဲနီစွေးသော သွေးတွေကို တွေ့နေရသည်။ သို့ရာတွင် ထိုသီချင်းကို နောင်နှစ်ပေါင်းများစွာ ကြာသောအခါ နားထောင်သူများ အနေဖြင့် ကိုထူးအိမ်သင် ဘဝ၊ ခံစားချက်၊ ထိုသီချင်းနောက်ခံသမိုင်း စသည်စသည်တို့ကို လေ့လာသိရှိမှသာ အပြည့်အဝ ခံစားနိုင်ပေလိမ့်မည်။ ဂီတနက်သန် ကိုစောညိန်း၏ သီချင်းများ။ အဖြတ်အတောက်၊ အစွဲအငင် အလွန်သီဆိုရန် ခက်ခဲသည်။ နားဆင်နေလျှင် ဘာမှ သိပ်မသိသာသှောလည်း လိုက်ဆိုကြည့်မှ ခက်ခဲမှန်း သိသာလာသည်။ ထို့ထက်ပိုပြီး ကိုစောညိန်း၏ ဘဝအကြောင်း၊ သူဖြတ်သန်းခဲ့သော ဂီတခရီးလမ်းကို လေ့လာမည်ဆိုလျှင် သူ့သီချင်းများမှာ ပို၍ အဓိပဿပာယ်နက်ရှိုင်း လာပါလိမ့်မည်။

Simone de Beauvoir ၏ A History of Sex စာအုပ်တွင် မိန်းမသား အခန်းကဏဿဍကို အထူးရှေ့တန်း တင်ထားသည်ကို တွေ့နိုင်သည်။ အကယ်၍ စာဖတ်သူ အနေဖြင့် ဒဗူးဗွားသည် Femenist တစ်ယောက် Existentialist တစ်ယောက် ဖြစ်ကြောင်းကို မသိဘဲ ဖတ်မည်ဆိုလျှင် အရသာ လျော့သွားပေလိမ့်မည်။ အဆိုပါ ခံယူချက်မျိုး အယူအဆမျိုးကို မြန်မာစာပေတွင် ဆရာမကြည်အေးနှင့်၊ ဆရာမဂျူး၏ စာအုပ်များတွင်လည်း တွေ့ရသည်ဟု ထင်မိသည်။ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ တည်ထောင်သူများ ရေးသားခဲ့သော စာများကို ဖတ်ရှုမည် ဆိုလျှင်လည်း ထိုသူတို့ ဖြတ်သန်းခဲ့ရသော ငယ်ဘဝ၊ ပတ်ဝန်းကျင် သမိုင်းအခြေအနေတို့ကို မမေ့လျော့သင့်ပေ။ မျက်မှောက်ခေတ် စာပေရေးရာ သီအိုရီ အယူအဆများကတော့ အလွန်ခက်ခဲ နက်နဲသလို ရှုတ်ထွေးမှုလည်း ရှိနေသည်ကို သတိချပ်ရမည် ဖြစ်သည်။

ဆိုလိုသည်မှာ အနုပညာ ပစဿစည်းတိုင်းသည် နောက်ခံသမိုင်းလေးများ ရှိတတ်သည်။ ဖြတ်သန်းရာ ပတ်ဝန်းကျင်၊ ဘဝအခြေအနေ၊ သမိုင်း၏ ရိုက်ခတ်မှုများကို ခံရတတ်လေ့ရှိသည်။ ထိုအရာများကို မလေ့လာဘဲ အနုပညာ ပစဿစည်းတစ်ခုကို တန်ဖိုးဖြတ် ဆုံးဖြတ်ချက်ချရန်မှာ မပြည့်စုံ မလုံလောက်ပေ။

အနုပညာတွင် High Art နှင့် Low Art ဟူ၍ နှစ်မျိုး ရှိသည်။ ထိုအရာမှာ အဆင့်အတန်း ခွဲခြားထားခြင်း သဘောမျိုး မဟုတ်ဘဲ အသွင်သဏဿဍာန် ခွဲခြားထားခြင်းမျိုးသာ ဖြစ်သည်။ ယေဘုယျအားဖြင့် Low Art ဆိုသည်မှာ တွေ့ထိရုံ သိမြင်ရုံမျှနှင့် နားလည်နိုင်သော အနုပညာ ဖြစ်သည်။ High Art ဆိုသည်မှာတော့ တွေ့ထိရုံ သိမြင်ရုံမျှနှင့် မလုံလောက် နားမလည်နိုင်ဘဲ စေ့ငုစွာ လေ့လာနိုင်မှ ခံစားလာနိုင်သော အနုပညာ ဖြစ်သည်။ ဥပမာအားဖြင့် Realism ပန်းချီကားများကို ကြည့်လိုက်သည်နှင့် တပြိုင်နက် ထိုပန်းချီကား ဘာဆိုလိုကြောင်းကို ချက်ချင်းလိုလို သိနိုင်သည်။ သို့သှော မှောဒန် ပန်းချီကား တစ်ချပ်ဆိုလျှင်တော့ အဓိပဿပာယ် နက်နဲသွားသည်။ ရုတ်ချည်း သိရှိ ခံစားနိုင်ရန်မှာ မလွယ်ကူလှပေ။ မှောဒန်ခေတ်ဦးက အထူးနာမည် ကျှောကြားခဲ့သော ဆာဗေးလ်ဒိုးလ် ဒါလီ၏ ပန်းချီကားများဆိုလျှင် အိပ်မက်ဆန်ဆန်၊ သကေဿငတများဖြင့် ပြည့်နှက်နေသည်။ ပန်းချီကားထဲတွင် ကုလားအုတ်တစ်ကောင် တွေ့ရုံမျှနှင့် ကုလားအုတ်ကို ဆိုလိုရင်း မဟုတ်ကြောင်း သိနိုင်သည်။ သို့ရာတွင် အဆိုပါ ကုလားအုတ်သည် မည်သည်ကို ကိုယ်စားပြုသနည်း ဆိုတာကို ကျွန်တှောတို့ လေ့လာ ကြရသည်။ ထိုမှ ဖရွိုက်၏ စိတ်ပညာကျမ်းများ၊ အိပ်မက်အဘိဓာန်များကို ထပ်ဆင့် လေ့လာကြရသည်။ သကေဿငတဘာသာဗေဒ Semiotic ကို မသိရှိ မလေ့လာဘဲ ထိုပန်းချီကားကို အဓိပဿပာယ် ဖှောနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ခံစားသူက ထိုဘာသာရပ်ကို နားမလည်ဘဲ အဆိုပါ ပန်းချီကားကို အဓိပဿပာယ် မရှိဟု ဆိုလျှင် မည်သူ့ အားနည်းချက် ဆိုတာကို ကျွန်တှောတို့ စဉ်းစားသင့်ပါသည်။

ထိုအရာနှင့် ဆက်စပ်၍ နောက်တစ်မျိုး စဉ်းစားကြည့်လျှင် အနုပညာ ဖန်တီးသူကလည်း အဆိုပါ ဘာသာဗေဒများကို ကျွမ်းကျင်နေဖို့ လိုပါလိမ့်မည်။ သူက သကေဿငတဘာသာဗေဒနှင့် ဆွဲထားသော ပုံဟု ဆိုသှောလည်း သူသုံးစွဲထားသော သကေဿငတမှာ မှားယွင်းသော သကေဿငတမျိုး ဖြစ်နေခဲ့လျှင် သူ့အမှားသာ ဖြစ်သည်။ အမှားဟု ဆိုရာတွင်လည်း ပုဂဿဂလိက အမှားမျိုး မဟုတ်ဘဲ ဦးတည်ချက် အမှားမျိုး ဖြစ်သည်။ ဆိုလိုသည်မှာ အနုပညာ ပစဿစည်းတစ်ခု အနေနှင့်ကတော့ ဖြစ်မြောက်ခဲ့ပြီ ဖြစ်သှောလည်း အဆိုပါ အနုပညာလက်ရာမှာ သူဆိုလိုချင်တာနှင့် လွဲမှားနေတာမျိုး ဖြစ်သည်။ ထိုအရာကို မှန်သည်ဟု သူ့အနေဖြင့် ငြင်းဆိုနိုင်သည်။ သို့ရာတွင် သူမှန်ကြောင်း သက်သေ အထောက်အထား ပြဖို့ လိုပါလိမ့်မည်။ ထိုအခါ အနုပညာ ဝေဖန်ရေး(Criticism) ၊ အနုပညာ သီအိုရီ (Art Theory) စသည်တို့ ပါလာပေလိမ့်မည်။

အနောက်တိုင်းတွင် အနုပညာရှင်တိုင်းက သူတို့ တွေ့ရှိသော အသစ်အသစ်သော အယူအဆ နည်းစနစ်များကို စာတမ်းများ၊ သီအိုရီများ ရေးသားကာ မှတ်ကျောက် အတင်ခံကြသည်။ သူတို့ အယူအဆများသည် မည်သို့ ဆက်စပ်မှုရှိကြောင်း သက်သေ ပြကြသည်။ အနုပညာ ဝေဖန်ရေး သမားများက လေ့လာကြသည်။ စူးစမ်းကြသည်။ ထောက်ပြကြသည်။ အကဲဖြတ်ကြသည်။ အနုပညာ သမိုင်းဆရာများက သူတို့အကြောင်း စေ့စေ့စပ်စပ် ရှာဖွေပြီး ဘဝဇာတ်ကြောင်း ဖှောကြသည်။ အဆိုပါ သီအိုရီကို၊ အဆိုပါ အနုပညာလက်ရာကို မည်သည့်အချိန် မည်သည့်နေရာ၊ မည်သို့သော ဘဝအခြေအနေမျိုး၊ မည်သို့သော ပတ်ဝန်းကျင် ရိုက်ခတ်မှုမျိုးတွင် ဖန်တီးခဲ့ကြောင်း ရှာဖွေကြသည်။ ထိုအခါ အနုပညာ ခံစားသူများသည် ထိုသူများ၏ အယူအဆ၊ သီအိုရီများနှင့် သူတို့၏ လက်ရာများကို တွဲဖက်ပြီး နှိုင်းယှဉ် ခံစားလာနိုင်ကြသည်။ သူတို့၏ အယူအဆ မှန်မမှန် တိုက်ဆိုင် စစ်ဆေးနိုင်လာကြသည်။ ကျွန်တှောတို့ မြန်မာနိုင်ငံတွင် အဆိုပါကိစဿစမျိုး အလွန် နည်းပါးပါသည်။ အနုပညာ သမားများကို နာမည်သာ ကြားဖူးသည်။ သူတို့ ဘာဝါဒကို လက်ကိုင်ထားမှန်း မသိရပါ။ သူတို့ ဘဝပတ်ဝန်းကျင်ကို မသိကြရပါ။ သူတို့ ခံယူချက်ကို မသိကြရပါ။ မှောဒန်အနုပညာသမားမှန်း သိသည်။ သို့ရာတွင် ဘာမှောဒန်မှန်း သေသေချာချာ မသိကြရပါ။ (အစဉ်အလာဟောင်းမှ ခွဲထွက်ခြင်းသည်ပင် မှောဒန်ဖြစ်ကြောင်းကိုတော့ သိပြီးဖြစ်ကြပါလိမ့်မည်) သူတို့၏ ကိုယ်ပိုင် သီအိုရီ ရှိသည် ဆိုလျှင်လည်း မရေးသား မကြေညာကြပါ။ လွတ်လပ်စွာ စိတ်ထဲရှိသလို ဖန်တီးလိုက်သည် ဟူသော စကားများသာ လွှမ်းခြုံနေသည်။ နားမလည်ရင်နေ နားလည်သူသာ ခံစားလိမ့်မည်ဟူသော စကားများဖြင့် ချည်နှောင် တတ်ကြသည်။ ထိုအခါ အနုပညာကို ခံစားသူအနေဖြင့် တိတိကျကျ ရေရေရာရာ မသိနိုင်တော့ပေ။ ထို့အတူ ဆုံးဖြတ်ချက် ချရာတွင်လည်း မဝံ့မရဲစိတ် ဖြစ်လာကြရသည်။

မြန်မာပြည်တွင် အများဆုံး ကြားရသော စကားမှာ အနုပညာ လွတ်လပ်မှု ဟူသော စကားဖြစ်သည်။ အမှန်မှာ ထိုအရာသည် အနုပညာနှင့် ပတ်သတ်လျှင် လွတ်လပ်မှု မဟုတ်။ မိမိကိုယ်ကို မည်သည့်ဝါဒ ကိုင်စွဲထားသည် ဆိုခြင်းကို ဝန်မခံဝံ့ခြင်း၊ တနည်းအားဖြင့် ဝေဖန်ရေးကို တိမ်းရှောင်ခြင်း တစ်မျိုးပင် ဖြစ်မည်ဟု ကျွန်တှော ထင်မိသည်။ ဂီတပညာရှင် ဂျေဇီးက ဟစ်ဟော့သမား ဖြစ်သည်။ အီနစ်ခ်မာက နယူးအေ့ခ်ျ ဂီတကိုသာ သီဆိုသည်။ ရှနိုင်းရားတွိန်းက ကန်းထရီးပေါ့ပ် အဆိုတှော ဖြစ်သည်။ ဒန်ဘရောင်းက လျှို့ဝှက်သည်းဖို စွန့်စားခန်းများကို ရေးသည်။ ဝီလ်ဘားစမစ်က ဖြစ်ရပ်မှန် ဇာတ်ကြောင်းများကို ဇာတ်လမ်းဇာတ်ကွက်နှင့် ရေးသည်။ ဂျေကေရိုးလင်းက ကလေးကြိုက် စွန့်စားခန်းများ ရေးသည်။ ဗာဂျီးနီးယားဝုဖ်က မိန်းမဝါဒီ ဖြစ်သည်။ စကဿငာပူက တန်ခိုင်ဆင်းက ဗီဒီယိုအနုပညာမှာမှ Intertextuality ကို အထူးပြုသူ Performance ကိုအထူးပြုသူ ဖြစ်သည်။ ဗန့်ဂိုးက Expressionist ဖြစ်သည်။ ဒါလီက Surrealist ဖြစ်သည်။ ဝါဟိုးက Pop Artist ဖြစ်သည် စသည် စသည်ဖြင့် တိတိကျကျ သိကြရသည်။ သူတို့၏ အနုပညာ လက်ရာများ၊ ခံယူချက် စာပေ စာတမ်းများ၊ သဘောတရား သီအိုရီများ၊ ဝေဖန်ချက်များကို ဖတ်ရှု လေ့လာနိုင်ကြသည်။ ကျွန်တှောတို့ဆီတွင် ထိုသို့ သတ်သတ်မှတ်မှတ် အနုပညာရှင်မှာ အလွန်နည်းပါးလှသည်။ ဘာနဲ့မှ ဘောင်ခတ်မထားဘူး၊ လွတ်လပ်စွာ စိတ်ထဲ ရှိတဲ့အတိုင်း ဖန်တီးထားတယ်ဆိုသော စကားများသာ ကြားရပါသည်။

နောက်တစ်ခုမှာ ပရိသတ်ကဏဿဍ ဖြစ်သည်။ အနုပညာရှင်သည် အနုပညာကို မိမိဖန်တီးလိုမှုကြောင့် ဖန်တီးရမည် မဟုတ်ပါလော။ သို့တည်းမဟုတ် ပရိသတ်အကြိုက်လိုက် ဖန်တီးရမည် ဖြစ်ပါသလော။ အနုပညာသမား တစ်ဦးသည် မိမိလုပ်ချင်သော အရာတစ်ခုကို လုပ်လိုက်သည်။ ထိုအရာကို ပရိသတ်က နှစ်သက်သည်။ ထိုအရာမှာ သမရိုးကျ ဖြစ်သည်။ သို့ရာတွင် ပရိသတ် အကြိုက်ကိုလိုက်၍ လုပ်နေမည်ဆိုလျှင် ထိုသူကို အနုပညာ သမားဟု ခှေါဆိုခြင်းငှာ မထိုက်ဟုပင် ထင်မိပါသည်။ ယနေ့တွင် ရုပ်ရှင်၊ တီဗွီ၊ မဂဿဂဇင်း၊ ဂျာနယ်များတွင် ပရိသတ်ကြီးဟာ ကျွန်တှောတို့ ကျေးဇူးရှင်ပါ။ ကျွန်တှောတို့ကို အားပေးကြပါ ဆိုသော စကားကို ဖောဖောသီသီ ကြားနေ ဖတ်ရှုနေရသည်။ အမှန်စစ်စစ် ပရိသတ်က ပရိသတ် အလုပ်လုပ်မည် ဖြစ်သည်။ အနုပညာသမားက အနုပညာသမားအလုပ် လုပ်ရမည် ဖြစ်သည်။ အနုပညာသမား အလုပ်သည် မိမိခံစားချက်ကို မိမိတတ်ကျွမ်းရာ အနုပညာရပ်ဖြင့် ထိထိမိမိ ဖှောကျူးနိုင်ရန်သာ ဖြစ်သည်။ မိမိထုတ်လုပ်သော အနုပညာ ကောင်းလျှင် ပရိသတ်က အားပေးမှာ အမှန်ပင်။ ထိုအရာမှာ ကျေးဇူးခံ ကျေးဇူးစား မဟုတ်ပေ။ မိမိအနုပညာ ပစဿစည်းရောင်းရဖို့ အသပြာငွေကြေးအတွက် ပရိသတ်ကို ကျေးဇူးရှင် ခှေါနေကြသည်ကတော့ ရှက်စရာပင် ကောင်းလှသည်။ ဆရာကြီးဦးခင်မောင်ရင်သည် သူရေးဆွဲချင်သော ပန်းချီကားများကို စိတ်ရှိလက်ရှိ ရေးဆွဲသည်။ ရောင်းရတာ မရောင်းရတာ ဘာမှ ဂရုမထား။ ရေးဆွဲလိုရင်းသာ သူ၏ အနုပညာ ဖြစ်သည်။ ဆရာကြီး ဒေါက်တာသန်းထွန်းသည် သမိုင်းဘာသာရပ်ဆိုင်ရာ အချက်အလက် များကို ရောင်းရရ မရောင်းရရ ထုတ်ဝေသည်။ သူ့စာပေများတွင် သူ့အားထုတ်မှု အနုပညာကို တွေ့နိုင်သည်။ ကျွန်တှော့အနေနှင့်တော့ ပရိသတ်ကို ကျေးဇူးရှင်အဖြစ် သတ်မှတ်ပြီး ထုတ်လုပ်လိုက်သော အနုပညာ ပစဿစည်းများကို တန်ဖိုးမထားပေ။ ထိုအရာကို လေးလေးနက်နက် စဉ်းစားသင့်သည်ဟု ထင်မိပါသည်။

အဆုံးသတ်ရမည်ဆိုလျှင် အနုပညာရှင်သည် ကိုယ်ခံယူသော အနုပညာလမ်းကြောင်းကို တည့်တည့်မတ်မတ် ခိုင်ခိုင်မာမာ ရပ်တည်သင့်သည်။ ထိုအနုပညာရပ်နှင့် ပတ်သတ်သော တွေ့ရှိချက်၊ သီအိုရီ၊ နည်းစနစ်များကိုလည်း အခြားသူများပါ နားလည်လာနိုင်အောင် ဝေငှ ဖြန့်ဖြူးပေးသင့်သည်။ မိမိ၏ တွေ့ရှိချက်၊ အတဿထုပဿပတဿတိမ်ားကိုလည္း မှတ်တမ်း ပြုစုသင့်သည်။ မိမိ၏ အနုပညာ ပစဿစည်း တစ်ခုစီတိုင်းကို မှတ်တမ်း ပြုစုသင့်သည် (ပီကာဆို နွားပုံရေးဆွဲမှု မှတ်တမ်း၊ အာဗီညွန်မှ မိန်းမများရေးဆွဲပုံ မှတ်တမ်းများကို လေ့လာနိုင်သည်)။ တစ်စုံတစ်ခုကို မျှောကိုးပြီး မဟုတ်ဘဲ မိမိစိတ်သနဿတာန်တွင် ရှိနေသော ခံစားချက်၊ မိမိတင်ပြလိုသော အရာများကို အနုပညာအစွမ်း အပြည့်အဝဖြင့်သာ ဖှောပြသင့်သည်။ ပညာရှင်များ အနေနှင့်လည်း အနုပညာရှင်များ၏ ဘဝဖြတ်သန်းမှုကို မှတ်တမ်း ပြုသင့်သည်။ လေ့လာသင့်သည်။ ပုဂဿဂိုလ်ရေးစိတ် မစွဲဘဲ မှန်မှန်ကန်ကန် ဝေဖန်သင့်သည်။ အချက်အလက်များနှင့် ထောက်ပြသင့်သည်။ အခြားသူများကို လမ်းညွှန်သင့်သည်။ အနုပညာ ခံစားသူများ အနေဖြင့်လည်း အနုပညာ ပစဿစည်းတစ်ခု အပှေါကို ယေဘုယျ အမြင်သက်သက်ဖြင့် မဟုတ်ဘဲ စေ့ငုစွာ လေ့လာသုံးသပ်ပြီးမှ ခံစား ဆုံးဖြတ်ချက် ချသင့်သည်။ အနုပညာ သဘောတရား ရေးရာများ၊ အနုပညာ သမိုင်းများ၊ အနုပညာရှင်များ၏ အတဿထုပဿပတဿတိမ်ားကို လေ့လာ သင်ယူသင့်သည်။ သို့မှသာ အနုပညာရှင်များဘက်မှ ပြောင်မြောက်သော အနုပညာများ အထောက်အထား ခိုင်ခိုင်လုံလုံနှင့် ထွက်ပှေါလာမည် ဖြစ်သလို ခံစားသူများ ဘက်မှလည်း နည်းစနစ်တကျ၊ ပညာပြည့်ဝစွာ လေ့လာ ခံစားနိုင်ကြမည် ဖြစ်သည်။ ထိုသို့မျှ မဟုတ်လျှင် အနုပညာသည် လူနည်းစုအတွက်သာ ဖြစ်နေမည် ဖြစ်ပြီး အခြားနားမလည်သူများက ဘာမှန်းမသိသော ပစဿစည်းတစ်ခုအဖြစ် အထင်ရောက်ကာ တဖြည်းဖြည်း ပစ်ပယ်ရင်း ပစ်ပယ်ရင်းနှင့် ကျွန်တှောတို့ မြန်မာ့အနုပညာ ပညာရပ်များ တစတစ မြန်မာပြည်မှ ပျောက်ကွယ် သွားတော့မည်မှာ အမှန်ပင် ဖြစ်ပေသည်။



မှတ်ချက်။ ။ တကဿကသိုလ် နံရံကပ် စာစောင်အတွက် အသုံးပြုခဲ့သော စာမူတစ်ခုအား အနည်းငယ် ပြင်ဆင်ပြီး ပြန်လည် ရေးသားသည်။

ညီလင်းဆက်

Friday, May 25, 2007

Lions


ငါကခြသေဿင့ မြက်မစားဆိုတဲ့သူတွေ ရယ်ဖို့ကောင်းတယ်။ မေရီအင်တွိုင်းနက်ရဲ့ စကားလေးလည်း ကြားယောင်မိပြန်တယ်။ 



ခြသေဿင့

ဟိမဝနဿတာတော၌ ခြသေဿင့မျိုး လေးပါးရှိသည်။ လေးပါးဟူသည်ကား ကဏဿဍုျခေသဿင့၊ တိဏျခေသဿင့၊ ကာဠျခေသဿင့၊ ေကသရျခေသဿင့ဟူ၍ ဖြစ်သည်။

ပဏဿဍု အမည်ရှိသော ခြသေဿင့သည် သစ်ခေါက်၊ သစ်ပွေးကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်။ သစ်ခေါက်၊ သစ်ခွန်များကို စား၏။ လူ၁၂ယောက်၏ ခွန်အားဗလမျိုး ရှိသည်။ အထက်သို့ မိမိအရပ်အလျား အပြန် တစ်ရာနှစ်ဆယ့်ငါးပြန် ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်ငါးရာ အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် နှစ်ထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိမိအရပ်အလျား အပြန် နှစ်သောင်းလေးထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။

တိဏခြသေဿင့သည် မြသီး၊ မြရွက်၊ ကမဿဗလာအစိမ်း အဆင်းကဲ့သို့ အလွန်စိမ်းသော ကိုယ်အမွေးအရောင် ရှိ၏။ အမြီးမှင် ဆံဦးစွန်းမှစ၍ အမြီးက ကျောရိုးလည်တိုင်သို့ လျှောက်၍ လက်ဝဲ၊ လကျှာ ဖုံးလျက် ဖားဖားဝေဝေ စိမ်းစိမ်းစိုစိုနှင့် ကျက်သရေ ရှိလှသည်။ ခြေနှစ်ဘက်၊ လက်နှစ်ဘက်အတွင်း ရေမျိုလည်ပင်း အောက်မှသည် ရင်အုပ် ဝမ်းပျဉ်း အတွင်းများမှာ ဘှောငွေအဆင်း ဖွေးဖွေးဖြူသော အမွေးများရှိသည်။ ခြေချောင်းလက်ချောင်း လူကဲ့သို့ ငါးချောင်း၊ ခြေသည်းလက်သည်း ကြောင်ကဲ့သို့ အဖျားချိတ်လျက် အအိမ်ဖုံး၍ အပြင်သို့မထွက် နူးညံ့သော ခြေဘဝါး လက်ဘဝါး ရှိသည်။ တိဏ ခြသေဿင့မျိုးသည် မြက်သစ်ရွက်ကိုသာ စား၏။ လူခြောက်ဆယ်မျှသော ခွန်အား ရှိသည်။ အထက်သို့ မိမိအရပ်အလျား အပြန် နှစ်ရာ့ငါးဆယ် ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်တစ်ထောင် အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် လေးထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိမိအရပ်အလျား အပြန် လေးသောင်းရှစ်ထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။

ကာဠခြသေဿင့သည် ပိတုန်းတောင် အဆင်းကဲ့သို့ မည်းမည်းမောင်းမောင်းသော အမွေးရှိသည်။ ရေမျိုလည်ပင်း အောက်မှသည် ရင်အုပ် ဝမ်းပျဉ်းအတွင်း ရဲရဲနီသော အမွေးရှိသည်။ ခြေချောင်းလက်ချောင်း ငါးချောင်းစီ ရှိပြီး၊ ခြေသည်းလက်သည်းမှာ မြွေငန်းစွယ်သဏဿဍာန် အဖျားကောက်လျက် အပြင်သို့ မထွက်ဘဲ နူးညံ့စွာသော ခြေ၊လက်ဘဝါး ရှိသည်။ ၎င်းခြသေဿင့သည် သား၊ ငါး၊ အမဲကိုသာ စား၏။ လူတစ်ရာအားနှင့် ညီမျှသည်။ အထက်သို့ မိမိအရပ်အလျား အပြန် သုံးရာခုနှစ်ဆယ့်ငါး ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်တစ်ထောင့်ငါးရာ အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် ခြောက်ထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိမိအရပ်အလျား အပြန် ခုနှစ်သောင်းရှစ်ထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။ ယင်းခြသေဿင့သည် မိမိဟောက်သော အသံအတွင်း သား၊ အမဲ၊ တိရစဿဆာန်တို့ကို တဟုန်တည်း လိုက်၍ ဘမ်းကိုက်စားသည်။ ယင်းမှ မိမိနေရာသို့တဖန် အရောက်ပြန်နိုင်စွမ်း ရှိသည်။ စားသောက်ပြီးသော အစာကို နေရာသို့ မဆောင်ယူ၊ ပစ်ထားခဲ့လေ့ ရှိသည်။

ကေသရ အမည်ရှိသော ခြသေဿင့သည် ရဲရဲနီစွေး အဆင်းရှိ၏။ မှင်ဆံ၊ အမြီး၊ ဦးစွန်း၊ လည်ဆံ၊ အမောက်မွေးတို့သည် ဖားဖားဝေလျက် ရှိသည်။ အခြားသော တိရစဿဆာန်တို့သည် တည့်တည့်မတ်မတ်မှ မကြည့်ဝံ့ကြပေ။ လည်မျိုမှ ဝမ်းပျဉ်းအတွင်း ခရုသင်းကဲ့သို့ ဆွတ်ဆွတ်ဖြူဖြူ ပြောင်ပြောင်လက်လက် ရှိ၏။ နူးညံ့သော ခြေဘဝါး၊ လက်ဘဝါးလည်း ရှိသည်။ ယင်းခြသေဿင့သည် သား၊ အမဲတို့ကိုသာ စား၏။ ခြေချောင်းလက်ချောင်း ရှည်၍ ခြေသည်းလက်သည်းမှာ သံချွန်းကောက်ကဲ့သို့ အဖျားခွေလျက် အအိမ်ဖုံးသည်။ လူတစ်ရာ့တစ်ဆယ်မျှသော အင်အားမျိုး ရှိသည်။ အထက်သို့ မိမိအရပ်အလျား အပြန် ငါးရာ ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်နှစ်ထောင် အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် ရှစ်ထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိုးကြိုးလောင်မီးအသံထက် လွန်လျက် မိမိအရပ်အလျား အပြန် ကိုးသောင်းခြောက်ထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။ သားကောင်ကို ဖမ်းယူစားသောက် ပြီးသောအခါ နေရာသို့ မဆောင်ယူ ပစ်ထားမြဲဖြစ်သည်။


အာဒိကပဿပကမဿဘာဦးက်မ္း

Book List

My Book List


  1. ဝင်ဦး မိန်းမလှအမုန်း ပျောက်ဆုံး
  2. ဝင်းဝင်းလတ် အချစ်၏နောက်ဆက်တွဲစာမျက်နှာ ဝတဿထုရှည် ပျောက်ဆုံး
  3. ဝဏဿဏသီရိ ညီေတာှအာနနဿဒာ ၂တြဲ ဘာသာရေး
  4. ကြည်အေး နွမ်းလျအိမ်အပြန် ဝတဿထုရှည်
  5. ကြယ်နီ ရေဆူလို့ပွက်ကရော့ ဝတဿထုရှည် အထူး
  6. ကိုတာ သူငယ်ချင်းများနှင့်စကားစမြည်ပြောခြင်း စာပေ
  7. ကိုတာ ကိုရင်တာနှစ်ပါးသွား အတွေးအမြင်
  8. ကိုပညာ တောင်သမန်ဝန်းကျင်သမိုင်းဝင်နေရာများ သမိုင်း
  9. ကိုမျိုး ဂီတမြစ်ငါးစင်း၏အဇဿဈတတံခါးများကိုဖွင့်ကြည့်ခြင်း ဂီတ
  10. ကုလသမဂဿဂ ကုလသမဂဿဂအကြောင်း မှတ်တမ်း
  11. ကြူးနှစ် လှေတစ်စင်းနှင့်မြင်းတစ်ကောင် ဝတဿထုတို
  12. ကျီးသဲလေးထပ် ဇိနတဿထပကာသနီကျမ်း ဘာသာရေး
  13. ကျီးသဲလေးထပ် စွယ်စုံကျှောထင်ကျမ်း ဘာသာရေး အထူး
  14. ခင်ဝမ်း စိတဿတဇပန်းချီ ပန်းချီ
  15. ခင္ခင္ထူး အညာသူအညာသားက်ြန္မေဆြမ်ိုးမ်ား ဝတဿထုတို
  16. ခင်နှင်းယု ရင်နင့်အောင်မွှေး ဝတဿထုရှည်
  17. ခင်နှင်းယု အောင်မြင်သောနေ့ ဝတဿထုရှည်
  18. ခင်မိမိသက် အညတနယ်မြေ ဂမဿဘီရ
  19. ခင်မျိုးချစ် ဥရောပစာပေ (ဘီစီ၅၀၀-အေဒီ၁၅၀၀) စာပေ
  20. ခင်သန်းဖြူ မြန်မာ့မှောဒန်ပန်းချီရေစီးကြောင်း ပန်းချီ
  21. ခင်မောင်ရင် ပှေါဦးသက်အလည်လာခြင်း ပန်းချီ
  22. ခိုင်သွယ် မရှိမဖြစ်စကားလုံးများ အဂဿငလိပ်
  23. ချစ်စံဝင်း မြန်မာမြို့ဟောင်း တကောင်းရုပ်ပုံလွှာ သုတေသန
  24. ချစ်စံဝင်း တကောင်းမှအသစ်တွေ့ရှိမှု ပျူအထောက်အထားများ သုတေသန
  25. ချစ်စံဝင်း မြန်မာ့ရသပညာ အနုပညာ
  26. ချစ်နိုင် သေနဂဿငဗျူဟာအတတ်ပညာ စစ်ပညာ
  27. ဂျာနယ်ကျှောမမလေး မုန်း၍မဟူ ဝတဿထုရှည်
  28. ဂျာနယ်ကျှောမမလေး သွေး ဝတဿထုရှည်
  29. ဂျာနယ်ကျှောမမလေး မြန်မာ့ဆေးပညာ ဆေးပညာ
  30. ဂျူး ချစ်ခြင်း၏အနုပညာနှင့်အခြားဝတဿထုတိုများ ဝတဿထုတို
  31. ဂျူး ချစ်သူလားစံကားတစ်ပွင့်ပွင့်ခဲ့တယ် ဝတဿထုရှည်
  32. ဂျူး ပင်လယ်နှင့်တူသောမိန်းမများ ဝတဿထုအထူး
  33. ဂျူး ကြယ်ကြွေတို့ရဲ့ အတောင်ပံ ဝတဿထုရှည်
  34. စစ်ကဲကြီးဦးရွှေနှော အာဒိကပဿပကမဿဘာဦးကျမ်း မြန်မာစာပေ အထူး
  35. စန်းလေး အိုရီဂါမီ စကဿကူခေါက်နည်း ပညာရပ်
  36. စိုးစိုး(အဂဿငပူ) အချိန်၏သမိုင်းအကျဉ်း ဘာသာပြန်
  37. စိနဿတေက်ာှသူဦးဩ ကဝိလကဿခဏာသတ္ပံု စာပေ အထူး
  38. ဆန်းလွင် ဉာဏ်လမ်းပှေါလျှောက်လူတစ်ယောက် ဘာသာရေး
  39. ဆရာဒဂုန် နကဿခတ်ဗေဒင်ဆိုင်ရာဝေါဟာရများ နကဿခတ်
  40. ဆရာဒဂုန် မြန်မာ့ရိုးရာပုံတှောစုံမဟာဘုတ်ဗေဒင် ဗေဒင်
  41. ဇာနည် ကမဿဘာကိုဖန္တီးသူမ်ား အတဿထုပဿပတိ ပျောက်ဆုံး
  42. ညီပုလေး မြေးသူကြီး အတဿထုပဿပတိ
  43. ညိုမြ ဤမိုးဤမြေ စာပေ
  44. တကဿကသိုလ်နေဝင်း လိင်သဘာဝသမိုင်း ဘာသာပြန်
  45. တက်တိုး မေတဿတာမွန် ဘာသာပြန်
  46. တက္တိုး အဂဿငလိပ္ဘာသာသိမွတ္စရာ အဂဿငလိပ္
  47. တင်ဦးခက် ဧဒင်ကိုစွန့်ခွာပြီးနောက် အတွေးအမြင်
  48. တမဿပဝတီဦးဝင်းမောင် မြန်မာမှုသုတေသနစာ သုတေသန
  49. တာရာမင်းဝေ ဧဒင်ကချေသည် ဝတဿထုရှည်
  50. တာရာမင်းဝေ သင်နှင့်နံနက်ခင်းကိုသာဝင်ခွင့်ပြုသည် ၂တွဲ ဝတဿထု ရှည်
  51. တာရာမင်းဝေ စုန်းကိုက်ခံရတဲ့သစ်သီး ဝတဿထုတို
  52. တာရာမင်းဝေ ပန်းခေတ်ကလမင်း ဝတဿထုရှည်
  53. တာရာမင်းဝေ ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေး ဝတဿထုရှည်
  54. တာရာမင်းဝေ လူငယ်တစ်ယောက်ရဲ့ကျောက်ထွင်းရာဇဝင် ဝတဿထုတို
  55. တာရာမင်းဝေ မိုးခေါင်လို့တီးတဲ့ဗုံသံ ကဗျာ
  56. တာရာမင်းဝေ ပြိုင်မြင်းတို့ရဲ့ခွာသံ စာပေ
  57. ဒဂုန်ခင်ခင်လေး မြေပဒေသာ ဘာသာပြန်
  58. ဒဂုန်ဦးစန်းငွေ လကဿငာဒီပဝတဿတုခြောက်ဆယ် ဘာသာရေး
  59. ဒဂုန်ဦးစန်းငွေ တဆယ့်နှစ်လမိုး မြန်မာမှု
  60. ဓမဿမိကဘသန်း ယောနသန်ဇင်ယှော အတွေးအမြင်
  61. နတ်နွယ် မြန်မာပြည်မြောက်ပိုင်း ဝတဿထုရှည်
  62. နတ်နွယ် တံခွန်တိုင်မောင်နှမများ ဝတဿထုရှည်
  63. နတ်နွယ် ကာရာမာဇော့ညီအကိုများ (၂တွဲ) ဘာသာပြန်
  64. နန်းညွန့်ဆွေ မောင်းထောင်ဦးကျှောလှ၏သံချိုပေါင်းချုပ် ကဗျာ
  65. ပြန်ကြားရေး ဝန်ကြီးဌာန ခေတ်ဟောင်းတေး(၃) ဂီတ
  66. ပန်းချီလှတင်ထွန်း မြန်မာ့ပန်းချီရေစီးကြောင်း ပန်းချီ
  67. ပီမိုးနင်း နေရီရီ ဝတဿထုရှည်
  68. ပီမိုးနင်း နေရီရီ ဝတဿထုရှည် ပျောက်ဆုံး
  69. ပီမိုးနင်း ပွဲစားကြီးသားအဖနှင့်မြမြ ဝတဿထုရှည် ပျောက်ဆုံး
  70. ပါရဂူ သီဟသေနာပတိ ဝတဿထုရှည်
  71. ပါရဂူ အိနဿဒိယခရီးသည် ခရီးသွား
  72. ပါရဂူ မဟာသမတ စာပေ အထူး
  73. ပါရဂူ နေရူး-ချစ်သမီးထံသို့ပေးစာများ ဘာသာပြန်
  74. ပါရဂူ ကမဿဘာ့အကြောင်းတစေ့တစောင်း ဘာသာပြန် အထူး
  75. ပါရဂူ ဝေတာလဝတဿထု ဘာသာပြန် အထူး
  76. ပုဂံ မြန်မာမင်းများအရေးတှောပုံ ၆စောင်တွဲ ရာဇဝင် အထူး
  77. ဗန်းမှောတင်အောင် အိုင်းစတိုင်းနှင့်သူ၏ဓမဿမတရား သိပဿပံ
  78. ဗိုလ်မှူးချုပ်သန်းထွန်း မြန်မာ့ဦးစွန်း မြန်မာ့မှောကွန်း သမိုင်း
  79. ဗိုလ်မှူးဘသောင်း စာဆိုေတာှမ်ားအတဿထုပဿပတိ အတဿထုပဿပတိ ပျောက်ဆုံး
  80. ဗိုလ်မှူးဘရှင် ရှေးဦးမြန်မာတို့၏ ပြည်ထောင်စုမြန်မာနိုင်ငံတည်ဟန် သမိုင်း အထူး
  81. ဘုန်းမြင့်(မနဿတေလး) ဗန့္ဂိုး အတဿထုပဿပတိ
  82. ဘုန်းနိုင် တပြည်သူမရွှေထား ဝတဿထုရှည်
  83. မြင့်မိုးအောင် အမဲလိုက်အက ကဗျာ
  84. မင်းခိုက်စိုးစံ သမုဒဿဒရာအကြောင်းဖတ်စာ စာပေ မှောဒန်
  85. မင်းစည်သူ မြန်မာနိုင်ငံ နတ်ကိုးကွယ်မှုသမိုင်း ယဉ်ကျေးမှု
  86. မင်းသိခဿင စနေမောင်မောင် ဝတဿထုရှည်
  87. မင်းသိခဿင မနောမယလက်ဆောင် ဂမဿဘီရ
  88. မင်းသိခဿင ပြည်တှောဝင်စနေမောင်မောင်
  89. မင်းသိခဿင ဆားပုလင်းနှင်းမောင်နှင့် မြကျွန်းသာပှေါက မျောက်သုံးကောင် ၂တွဲ
  90. မင်းသုဝဏ် မိုးပှေါမှာကြယ်တစ်လုံး နကဿခတ်
  91. မြတ်ငြိမ်း လက်ဆောင်မွန် (စပန်ဆာဂျွန်ဆင်) ဘာသာပြန်
  92. မြန်မာစာအဖွဲ့ မြန်မာအဘိဓာန် အဘိဓာန်
  93. မြန်မာစာအဖွဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း စာပေ အထူး
  94. မြန်မာစာအဖွဲ့ မြန်မာစာညွန့်ပေါင်းကျမ်း ရအုပ်တွဲ စာပေ အထူး
  95. မြန်မာစာအဖွဲ့ မြန်မာသဒဿဒါ စာပေ အထူး
  96. မြသန်းတင့် ရွှေပြည်တှောမျှောတိုင်းဝေး (၂တွဲ) ဘာသာပြန်
  97. မြသန်းတင့် လူလေးသို့ပေးစာများ ဘာသာပြန်
  98. မြသန်းတင့် တွိုင်ဘီနှင့်ငြင်းခုန်ခြင်း ဘာသာပြန်
  99. မြသန်းတင့် သုခမြို့တှော
  100. မြကေတု နန်းဓလေ့မှတ်တမ်းများ သမိုင်း ပျောက်ဆုံး
  101. မနဿတလေးမောင်ခင်မင် ခင်မြင့်ကြီး ၅တွဲ ဝတဿထုရှည်
  102. ယုဝတီခင်စိန်လှိုင် ဗိုလ်ရွှေဗြင် အတဿထုပဿပတိ ပျောက်ဆုံး
  103. ယဉ်ကျေးမှုဝန်ကြီးဌာန သဗဿဗဂီတကဿကမကာသနီကျမ်း (မဟာဂီတသီချင်းစု) ဂီတ
  104. ယဉ်ကျေးမှုဝန်ကြီးဌာန လောကဗျူဟာအင်ရုံစာတမ်း သမိုင်း အထူး
  105. ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာ့အနုသုခုမအဘိဓာန် အဘိဓာန်
  106. ရှင်ဥကဿကဌ ကျောက်ကွင်းအရေးတှောပုံ ဘာသာရေး
  107. ရှင်ဥကဿကဌ လူသေလူဖြစ် ဘာသာရေး
  108. ရှင်ဥကဿကံသမာလာ ဝဏဿဏဗောဓနကျမ်း စာပေ
  109. ရန်အောင်မောင်မောင် ထောင်တစ်သက်အတွေ့အကြုံ ဝတဿထုရှည်
  110. ရာမညကိုကိုနိုင် အမွေခံထိုက်သောမြန်မာ့ပန်းပုပညာ အနုပညာ
  111. လူထုစိန်ဝင်း နန်းစကားမန်းစကားမြန်မာတို့ရဲ့စကား မြန်မာမှု
  112. လူထုဒှေါအမာ အမေ့ရှေးစကား(၂) ပညာပေး
  113. လူထုဒှေါအမာ မြန်မာပြည်တွင်စစ်ဆေးခဲ့သောအမှုအခင်းများ(မောရစ်ကောလစ်) ဘာသာပြန်
  114. လူထုဒှေါအမာ ၁၂ပွဲဈေးသည် မြန်မာမှု
  115. လူထုဒှေါအမာ ပြည်သူချစ်သောအနုပညာသည်များ အတဿထုပဿပတိ အထူး
  116. လူထုေဒါှအမာ မနဿတေလးသူမနဿတေလးသားမ်ား အတဿထုပဿပတိ
  117. လူထုဒှေါအမာ အငြိမ့် အနုပညာ အထူး
  118. လူပေါင်းစုံ ကောင်းကင်အောက်ကချစ်သူများ ဝတဿထုတို
  119. လူပေါင်းစုံ စာပေမောင်နှံတို့ရဲ့ရွှေလက်ရာများ ဝတဿထုတို
  120. လူပေါင်းစုံ ဝါကျထဲကကွက်လပ်များ ဝတဿထု မှောဒန်
  121. လူပေါင်းစုံ ဗာဂျီးနီးယားဝုဖ် လက်ရွေးစင်ဝတဿထုများ ဝတဿထုတို
  122. လူပေါင်းစုံ တဂိုးစာနုယဉ် ကဗျာ
  123. လူပေါင်းစုံ နှစ်ဆယ့်တစ်အယ်လ်ဘမ် ကဗျာ
  124. လူပေါင်းစုံ ပှေါဦးသက် ပန်းချီ အထူး
  125. လူပေါင်းစုံ ချစ်ခြင်းအားဖြင့်ထူးအိမ်သင် အတဿထုပဿပတိ
  126. လူပေါင်းစုံ အတွေးအမြင် (၁၇၂) အတွေးအမြင်
  127. သခင်တင်မြ ဘုံဘဝမှာဖြင့် နိုင်ငံရေး အထူး
  128. သခင်တင်မြ ဘုံဘဝမှာဖြင့်ထက်ကြပ်မကွာ နိုင်ငံရေး
  129. သခင်ဘသောင်း ပန်းသာမစာအု ဝတဿထုရှည်
  130. သခင်ဘသောင်း ဗုဒဿဓ၏စကြဝဠာတရား ဘာသာရေး အထူး
  131. သခင်ဘသောင်း တထောင့်တညပုံပြင်များ ပုံပြင် အထူး ပျောက်ဆုံး
  132. သခင်ဘသောင်း သူခိုးအာမက် ပုံပြင် အထူး ပျောက်ဆုံး
  133. သစဿစာနီ ဝတဿထုတို၆၀ ဝတဿထုတို
  134. သစဿစာနီ အခြားသောအရာများနှင့်လူ ပအကြိမ် ဝတဿထုတို
  135. သစဿစာနီ အပိုင္းအစမ်ား ဝတဿထုတို
  136. သစဿစာနီ မိမိအရေပြားမှလမ်းလျှောက်ထွက်ခြင်း
  137. သိန်းသန်းထွန်း ဘယ်ပန်းချီရေးလို့မမှီ ဝတဿထုရှည်
  138. သိန်းဖေမြင့် အရှေ့ကနေဝန်းထွက်သည့်ပမာ ဝတဿထုရှည်
  139. သိန်းဖေမြင့် တက်ဘုန်းကြီး ဝတဿထု
  140. သိန်းဖေမြင့် တောတောင်ရေမြေဘိုးဘွားအမွေ ခရီးသွား
  141. သန်းအောင်ခိုင် မြို့မငြိမ်းနှင့်အနုပညာ အနုပညာ အထူး
  142. သာသနာရေးဝန်ကြီးဌာန ကျောက်သဘေဿငာဝါဒဝိနိစဿဆယ ဘာသာရေး
  143. သာသနာရေးဝန်ကြီးဌာန ပေစာကျမ်းလာမြန်မာ့ဆေးပညာ ဆေးပညာ
  144. အရှင်နာဂသိန် မြန်မာ့အကြောပြင်အတတ်ပညာ ဆေးပညာ
  145. အရှင်အာလောက နကဿခတ်တာရာသိမှတ်စရာ နကဿခတ်
  146. နိုင်မွန်အောင်သွင် သတဿတုမိုးမ်ား ကဗ်ာ
  147. နိုင္ေဇာှ အိလ်ဒ္နဲ့ဩဒေစဿဆ ဘာသာပြန်
  148. ကျှောအောင် နေဝင်ဘုရင်များ (မောရစ်ကောလစ်) ဘာသာပြန် အထူး
  149. စောမုံညင်း မြန်မာအမျိုးသမီးများဝတ်စားဆင်ယင်ပုံ မြန်မာမှု ပျောက်ဆုံး
  150. ဇေယျ မြန်မာ့မျက်ပွင့် စာပေ
  151. ဇေယျာလင်း ထင်ရှားသည့်အမှတ်အသား ကဗျာ
  152. ဇှောဂျီ ရသစာပေအဖွင့်နှင့်နိဒါန်း စာပေ
  153. ဇှောဂျီ ပလေးတိုးနိဒါန်း အတွေးအမြင်
  154. ဇှောဇှောအောင် နွားကျောင်းသားကဗျာများ ကဗျာ
  155. ဇှောဇှောအောင် မြန်မာစာပေသဘောတရားကျမ်း စာပေ
  156. ဇှောဇှောအောင် သရဖူဆောင်းပါးများ စာပေ မှောဒန်
  157. ဇှောဇှောအောင် မရမ်းကုန်းစစ်တမ်း စာပေ
  158. ဇှောဇှောအောင် ပန်းချီဝါကျများ စာပေ မှောဒန်
  159. ဇှောဇှောအောင် အနုပညာစံ ပန်းချီ
  160. တှောတွင်းခင်ကြီးဖျှော ကဝေသာရကျမ်း ဂမဿဘီရ
  161. ဒေါက်တာခင်မောင်ဝင်း သခဿငျာအတွေးအခှေါဆောင်းပါးများ ပညာရပ်
  162. ဒေါက်တာခင်မောင်ဝင်း ကွန်ပျူတာသုံးသခဿငျာ ပညာရပ်
  163. ဒေါက်တာခင်လေးမြင့် မင်းသားလေး ဘာသာပြန်
  164. ဒေါက်တာတိုးလှ မြေပှေါမြေအောက် ကျောက်စာမှတ်တမ်းများကပြောသော ရှေးဟောင်း မြန်မာနိုင်ငံ သမိုင်း
  165. ဒေါက်တာမင်းတင်မွန် ခေတ်အမြင်နှင့်သိမှတ်စရာ ဗုဒဿဓဘာသာအကျဉ်း ဘာသာရေး
  166. ဒေါက်တာမင်းတင်မွန် ကောင်းမွန်သောအဂဿငလိပ်စာ အဂဿငလိပ်
  167. ဒေါက်တာမျိုးသန့်တင် ရှေးခေတ်မြန်မာ့သိပဿပံကျမ်းများ သိပဿပံ အထူး
  168. ဒေါက်တာရီရီ သုတေသနအဘိဓာန်များမှတ်စု အဘိဓာန် အထူး
  169. ဒေါက်တာလှဘေ မြန်မာဗုဒဿဓဘာသာတစ်ယောက်၏ ပုခက်တွင်းမှသည် ဂူတွင်းအထိ စာပေ အထူး
  170. ဒေါက်တာလှဘေ မြန်မာစာပေဧည့်ခံစာတမ်း မြန်မာစာပေ ပျောက်ဆုံး
  171. ဒေါက်တာသန်းထွန်း ကပျာကယာဂျပန်ကဗျာတစ်ရာ ကဗျာ
  172. ဒေါက်တာသန်းထွန်း ကိုးကွယ်ရာအပင်နှင့်ပုံပြင် စာပေ အထူး
  173. ဒေါက်တာသန်းထွန်း လူကျှော ဘာသာပြန်
  174. ဒေါက်တာသန်းထွန်း ရှာရှာဖွေဖွေမြန်မာ့သမိုင်း သမိုင်း
  175. ဒေါက်တာသန်းထွန်း ဗုဒဿဓသာသနိကအနုပညာလက်ရာများ သမိုင်း
  176. ဒေါက်တာသန်းထွန်း နယ်လှဲ့ရာဇဝင် ပတွဲ သမိုင်း
  177. ဒေါက်တာသန်းထွန်း မြန်မာ့သမိုင်းမြေပုံများ သမိုင်း အထူး
  178. ဒေါက်တာသန်းထွန်း မြန်မာ့သမိုင်းပုံများ သမိုင်း အထူး
  179. ဒေါက်တာသန်းထွန်း သမိုင်းထဲကဒီဇိုင်း သမိုင်း အထူး
  180. ဒေါက်တာသန်းထွန်း ပျူတွေဘယ်ပျောက်သွားသလဲ သမိုင်း
  181. ဒေါက်တာသန်းထွန်း ထွေထွေရာရာမြန်မာ့သမိုင်း သမိုင်း
  182. ဒေါက်တာသန်းထွန်း နယ်လှဲ့ရာဇဝင် ၃တွဲပေါင်း သမိုင်း
  183. ဒေါက်တာသန်းထွန်း သုတေသနထုံး သုတေသန အထူး
  184. ဒေါက်တာသန်းထွန်း ငါပြောချင်သမျှငါ့အကြောင်း အတဿထုပဿပတိ အထူး
  185. ဒေါက်တာနိုင်ပန်းလှ ရာဇဓိရာဇ်အရေးတှောပုံကျမ်း ရာဇဝင်
  186. ဒေါက်တာနိုင်ပန်းလှ သုတေသနစာပေများ သမိုင်း
  187. နေဝင်းမြင့် လက်ရွေးစင်ဝတဿထုများ ဝတဿထုတို
  188. နေဝင်းမြင့် ပါရီနွေဦးသရုပ်လွန်အလင်း ခရီးသွား
  189. နေဝင်းမြင့် ချင်းတွင်းမဲဇာကတဿတီပါအစိမ်း ခရီးသွား
  190. နေဝင်းမြင့် ပလဿလင်အငြိမ့် ခုတင်အငြိမ့် အနုပညာ
  191. နေဝင်းမြင့် မြို့ပြပိုးမွှားများ
  192. နေမျိုး မြင်ကွင်းကျယ်အချစ် ဝတဿထုတို
  193. နေမျိုး အအေးလွန်ရာစုနှစ်နှင့် အျခားဝတဿထုတိုမ်ား ဝတဿထုတို
  194. နေမျိုး ကဗျာဆရာဝံပုလွေ ကဗျာ
  195. ပေါင်းတည်ဘုန်းကြည် နကဿခတ်ကြည့်ရှုနည်းနှင့် ကြယ်ပုံပြင်များ နကဿခတ်
  196. ဖေမြင့် နှလုံးသားအာဟာရ(၃) တက်ကျမ်း
  197. မောင်ချစ်ထွေး သမိုင်းထဲကတကောင်း သုတေသန
  198. မောင်စူးစမ်း ဂလိုဘယ်လိုက်ဇေးရှင်းခေတ်အိုင်ဒီယာစီးပွားရေး အတွေးအမြင်
  199. မောင်ထူးချွန် ကွန်ပျူတာအဘိဓါန် အဘိဓာန်
  200. မောင်မြင့်ကြွယ် ရေနံကုန်သည် ဘာသာပြန်
  201. မောင်သိကဿခာ ရေဆူလို့ပွက်ကရော့ ဘဝသရုပ်ဖှော ပျောက်ဆုံး
  202. မောင်သန်းဆွေ ရှေ့တှောဝင်မှတ်တမ်းများ ရာဇဝင်
  203. မောင်သိန်းဇှော နှင်းရည်စက်လက်+ရှုမျှောခင်း၂၁ ကဗျာ
  204. မောင်သာနိုး ခိုးစားတဲ့သစ်သီး ဝတဿထုတို
  205. မောင်သာနိုး မြန်မာ့စကားနဲ့ မြန်မာ့စာပေ စာပေ
  206. မောင်သာနိုး မြန်မာ့စကားနဲ့စာပေ စာပေ
  207. မောင်သာနိုး တောမှောရုံလမ်း ဘာသာပြန်
  208. မောင်သာနိုး ဆိုဖီရဲ့ကမဿဘာ ဘာသာပြန်
  209. မောင်ကျောက်တိုင် မနဿတန္ပညာ ဂမဿဘီရ အထူး
  210. မောင်ချောနွယ် ငှက်ဆိတ်တဲ့သစ်စည်း ကဗျာ
  211. မောင်ချောနွယ် မောင်ချောနွယ်အတု ကဗျာ
  212. မှောဘီဆရာသိန်း ပါးစပ်ရာဇဝင် သမိုင်း
  213. ယောမင်းကြီး ဝိမုတိရသကျမ်း ဘာသာရေး
  214. ယောမင်းကြီး ဥတုဘောဇနသဂဿငဟကျမ်း ဆေးပညာ အထူး
  215. ရွှေကိုင်းသား ဆင်ယင်ထုံးဖွဲ့မှု အနုပညာ
  216. ရွှေမန်းဝင်းမြင့် စာဆိုဖြစ်အင်နှင့်သူ့တေးတစ်ရာ ဂီတ
  217. ရွှေဥဒေါင်း ဘဝတသက်တာမှတ်တမ်း အတဿထုပဿပတိ ပျောက်ဆုံး
  218. ရွှေဥဒေါင်း ရူပစနဿဒီ၊ ရူပကလျာနီ စွန့်စားခန်း ပျောက်ဆုံး
  219. အောင်ခင်မြင့် မှောဒန်အမေရိကန်ပန်းချီ ပန်းချီ
  220. အောင်သန်းချစ် ပိုစ့်မှောဒန်ကကြီးခခွေး စာပေ မှောဒန်
  221. အောင်သန်းထွန်း အဓိကသမိုင်းဆိုင်ရာဝေါဟာရများ စာပေ အထူး
  222. အောင်ဝေး လင်းယုန်လေညင်း ကဗျာ
  223. ဦးဝန် မြန်မာသတ်ညွှန်းကျမ်း မြန်မာစာပေ အထူး
  224. ဦးကြင်ဥ ပဒေသာသီချင်းများ ကဗျာ ပျောက်ဆုံး
  225. ဦးကုလား မဟာရာဇဝင်တှောကြီး ပတွဲ ရာဇဝင် အထူး
  226. ဦးငြိမ်းအောင် တရိုဝေဒ ဗေဒင်
  227. ဦးစိန်ထွန်း ကမဿဘာပတ်၍ဘုရားရှာခြင်း (ပထမအကြိမ်) ဘာသာရေး အထူး
  228. ဦးဘကြည် ဇာတ်တှောကြီးဆယ်ဘွဲ့ ပန်းချီ
  229. ဦးမြင့်အောင် ဟန်လင်းကွင်းဆင်းသုတေသန သုတေသန
  230. ဦးမိုး မြန်မာ့စဉ်လာနကဿခတ်တာရာ အမြင်ကြည့် သင်ခန်းစာ နကဿခတ်
  231. ဦးလတ် ရွှေပြည်စိုး ဝတဿထုရှည်
  232. ဦးလတ် စံပယ်ပင် ဝတဿထုရှည်
  233. ဦးလှသိန်းထွဋ် ဗုဒဿဓနှင့်မြန်မာလူမျိုး ဘာသာရေး
  234. ဦးသာတင့် ပုဂဿဂလပညတ်ဓါတ်ကျမ်း ဓါတ်
  235. ဦးသာမြတ် မြန်မာစာရေးထုံးကျမ်း မြန်မာစာပေ
  236. ဦးသာမြတ် မြန်မာအကဿခရာအထုပဿပတ် မြန်မာစာပေ
  237. ဦးသုခ ဓမဿမကထာ ဘာသာရေး
  238. ဦးဟုတ်စိန် ပါဠိ-မြန်မာအဘိဓါန် အဘိဓါန် အထူး
  239. ဦးနု ကမဿဘာနဲ့ယဉ်ကျေးမှုအစ၊ သတဿတဝါအစ (ရုပ်စုံသမိုင်း) သမိုင်း အထူး
  240. ဦးဇောတိက မေတဿတာတရား၊ လမ်းပျောက်ရာမှ လမ်းမှန်ပှေါရောက်လာသူ ဘာသာရေး
  241. ဦးဇောတိက ဘာကိုတန်ဖိုးထားရမှာလဲ ဘာသာရေး
  242. ဦးမြင့်အောင် ကောင်းကင်မြေပုံများကပြောသော မြန်မာ့ရှေးဟောင်း မြို့တှောများ အထူး
  243. ဦးမောင်မောင်တင် ကုန်းဘောင်ဆက်မဟာရာဇဝင်တှောကြီး (၃တွဲ) ရာဇဝင်
  244. ဦးမောင်မောင်တင် ၁ ရွှေနန်းသုံးဝေါဟာရအဘိဓါန် အဘိဓာန် အထူး
  245. ဦးသှောဇင် စာပေရေးရာအလကဿငာ မြန်မာစာပေ
  246. ဦးသှောဇင် မိလိနဿဒပဥှာ ဘာသာရေး
  247. ဦးအောင် ကဝိသေနဂဿငဗျူဟာကျမ်း စာပေ
  248. မဟာတိတ်ထုံကျမ်း ဂမဿဘီရ အထူး
  249. ရှေးဟောင်းမြန်မာ့သမိုင်းအဘိဓာန် အဘိဓာန်
  250. ကျန်စစ်မင်းရုပ်ရှင်ဇာတ်ညွှန်း ဇာတ်ညွှန်း
  251. ကောင်းကင်နကဿခတ်အလင်းပြကျမ်း နကဿခတ် အထူး
  252. မှန်နန်းမဟာရာဇဝင်တှောကြီး(၃တွဲ) ရာဇဝင် အထူး
  253. ဝေဘူဆရာတှောဘုရားကြီး အတဿထုပဿပတိ
  254. ဝါဘ်စတားကွန်ပျူတာအဘိဓါန် အဘိဓာန်
  255. ပြင်သစ်-မြန်မာအဘိဓါန် အဘိဓာန်
  256. ဗိုလ်ချုပ်အောင်ဆန်းရှားပါးမိန်းခွန်းများ နိုင်ငံရေး အထူး
  257. ပန်းချီတှောဆရာချုံ အတဿထုပဿပတိ
  258. ကျိုက်ထီးရိုးဆံတှောရှင်သမိုင်း သမိုင်း

Thursday, May 24, 2007

Loneliness

အထီးကျန်ခြင်း

အထီးကျန်ခြင်း ဆိုတာ တကယ်တော့ အရာများစွာကို စွန့်လွှတ် ဆုံးရှုံး လိုက်ရခြင်းပါပဲ။ ကိုယ့်ကို ရစ်တွယ်နေတဲ့ ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ချစ်ခင်နှစ်သက်သူတွေ၊ ကိုယ်မြတ်နိုးတဲ့ အရာတွေကနေ အဝေးကို ရောက်သွားတဲ့အခါ၊ ဒါမှမဟုတ် ဒါတွေကို ဆုံးရှုံးသွားရတဲ့အခါ အဲဒီ အထီးကျန်ခြင်း ဆိုတဲ့ အရာဟာ ရင်ထဲကို ပြင်းပြင်းပြပြ ဝင်ရောက်လာပါတယ်။ အဲဒီစိတ် ဝင်ရောက်လာတဲ့ အခါ လူသားတစ်ယောက်ဟာ အများကြီး ပြောင်းလဲသွားပါတယ်။ ပတ်ဝန်းကျင်ကို ကြောက်ရွံ့လာတယ်။ မိမိကိုယ်ကို မုန်းတီးလာတယ်။ အရာရာကို အဆိုးမြင်လာတယ်။ သံသယစိတ်နဲ့ ကြည့်တတ်လာတယ်။ အယုံအကြည် နည်းပါးလာတယ်။ မိမိစိတ်ထင်ရာကို လုပ်တတ်လာတယ်။ အလေးအနက်ထားမှု ယိုယွင်းလာတယ်။ နာကျင်တယ်။ အချိန်တှောတှောများများမှာ ကိုယ့်ရဲ့ သိစိတ်ရော မသိစိတ်ကပါ အဲဒါရဲ့ စိုးမိုးမှုကို ခံလာရပါတယ်။

ဘယ်အရာတွေက အထီးကျန်ခြင်းကို ဖန်တီးသလဲ ဆိုတာ စဉ်းစားကြည့်တဲ့ အခါမှာ ပထမဆုံးက မတူညီတဲ့ အတွေးအမြင်များ ဖြစ်ပါတယ်။ ဒုတိယက လူတွေရဲ့ ပစ်ပယ်ခြင်း ဖြစ်ပါတယ်။ တတိယက လူတွေကို ပစ်ပယ်ခြင်း ဖြစ်ပါတယ်။ စတုတဿတက မိမိကိုယ်ကို ခွင့်မလွှတ်ခြင်း ဖြစ်ပါတယ်။ ပဥဿစမက သူတပါးကို ခွင့်မလွှတ်နိုင်ခြင်း ဖြစ်ပါတယ်။ ဆဋဿဌမက စိတ်ဖိစီးမှု၊ စိတ်အားငယ်မှုနဲ့ ဘဝင်မြင့်မှု ဖြစ်ပါတယ်။ သတဿတမက အတဿတ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ချစ်မြတ်နိုးသူတွေနဲ့ ကွေကွင်းခြင်း ဖြစ်ပါတယ်။

လူတစ်ကိုယ်တည်း နေလိုစိတ်နဲ့ အထီးကျန်စိတ်ဟာ အနည်းငယ် ဆက်စပ် ပေမယ့် လုံးလုံး ကြီးတော့ မတူပါဘူး။ လူတစ်ကိုယ်တည်း နေလိုစိတ်ဟာ ယောကျှားအများစုနဲ့ အချို့သော မိန်းမ အနည်းငယ်တို့မှာ တခါတရံ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ စိတ်အနေအထား တစ်ရပ် ဖြစ်ပါတယ်။ အဲဒီ စိတ်အနေအထားဟာ အထီးကျန်ခြင်းနဲ့ သူ့ရဲ့ အကျိုးအပြစ်တွေကို မခံစားရပါဘူး။ နာကျင်ခြင်း မရှိဘူး။ သူ့ရဲ့ အဓိက အသွင်အပြင်က တခြားသူ တစ်ဦးတစ်ယောက်ကိုမှ သူ့အနားမှာ မရှိစေဘဲ အေးအေးချမ်းချမ်း ခဏတာ နေလိုတာပဲ ဖြစ်ပါတယ်။ အဲဒီစိတ်ဟာ အစဉ်အမြဲ ဖြစ်နေတဲ့ စိတ်တစ်ခုတော့ မဟုတ်ပါဘူး။ ယောက်ျား အတှောများများဟာ တစ်စုံတစ်ခုသော ပြသနာကို ဖြေရှင်းနေရချိန် ဒါမှမဟုတ် တစ်ခုခုကို လေးလေးနက်နက် တွေးတော နေရချိန်မှာ တစ်ကိုယ်တည်း နေလိုစိတ် ဖြစ်ပှေါတယ်လို့ ဒေါက်တာဂျွန်ဂယ်ရီရဲ့ (Men from Mars Women from Venus) ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားပါတယ်။ ထိုစိတ်အခြေအနေမှာ ထိုယောကျှားဟာ ဘယ်သူနဲ့မှ မတွေ့ချင် စကား မပြောချင်ဘဲ တစ်ယောက်တည်း ထိုပြသနာ ဒါမှမဟုတ် တစုံတစ်ခုသော အဖြေကို ရှာဖွေနေတတ်ပါတယ်။

အထီးကျန်စိတ်ဆိုတဲ့ အကြောင်းချင်းရာမှာ အပေါင်းအသင်းကိုတောင့်တခြင်း တစ်ခုတည်း ဆိုတာထက် အများကြီး ပိုပြီး လေးနက်ပါတယ်။ စိတ်ပညာ ကျမ်းတွေမှာ အထီးကျန်ခြင်းဆိုတာကို ဘာမှမရှိခြင်း (Emptiness)၊ ကွဲထွက်နေခြင်း (Isolation) ၊ အဆက်ပြတ်ခြင်း (Disconnection)၊ အကူအညီမဲ့ ခံစားချက်စိတ် (Helpless) ဆိုပြီး ပြဆိုကြပါတယ်။ အထီးကျန် စိတ် ဖြစ်နေသူများရဲ့ စိတ်ထဲမှာ ခံစားချက်မှန်သမျှဟာ အဓိပဿပာယ် မဲ့နေတတ်ပါတယ်။ လေဟာနယ်ထဲမှာ ရောက်နေသလို ခံစားနေရတယ်။ အားလုံးနဲ့ ကိုယ်က ဘယ်အရာမှာမှ မတူညီနိုင်တော့ဘူးလို့ ခံစားနေရတယ်။ လူတစ်ယောက်နဲ့ စကားပြောဖို့ကို စိုးရွံ့နေတတ်တယ်။ ဘယ်သူကမှ ကိုယ့်ကိုနားလည်မှု မပေးနိုင်တော့ဘူးလို့ ခံစားနေရတတ်ပါတယ်။

မတူညီတဲ့ အတွေးအမြင်တွေဟာ လူတစ်ယောက်ကို အဲဒီ စိတ်အခြေအနေ ရောက်အောင် ဖန်တီးနိုင်ပါတယ်။ ဥပမာ- အများလက်ခံထားတဲ့ အယူအဆတစ်ခုကို လူတစ်ယောက်က ဘယ်လိုမှ လက်မခံနိုင်တဲ့ အခါ သူဟာ ထိုသူတွေနဲ့ စကားပြောဖို့ ဆက်ဆံဖို့ ရွံမုန်းလာတတ်ပါတယ်။ အဲဒီအခါ သူဟာ အဲဒီအဖွဲ့အစည်းကို ရှောင်ပါတော့တယ်။ အဲဒီအဖွဲ့အစည်းကလည်း ထိုသူကို သူတို့နဲ့ အမြင်မတူလို့ ရှောင်ပါတယ်။ ဒီလိုနဲ့ သူဟာ တဖြည်းဖြည်း စည်းအပြင်က လူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် အဲဒီလို ပစ်ပယ်ခံ လူတွေကနေ နောင်အခါ ကမဿဘာကို ပြောင်းလဲသူတွေ ထင်ရှားသူတွေ ဖြစ်လာတတ်တာကိုလည်း သတိပြုမိပါတယ်။ ဒါကတော့ လူနည်းစု သာ ဖြစ်ပါတယ်။

လူတွေရဲ့ ပစ်ပယ်ခြင်းမှာတော့ အကြောင်းအရာ အမျိုးမျိုး ရှိနိုင်ပါတယ်။ အထက်ကလို မတူညီတဲ့ အတွေးအခှေါကြောင့် ပစ်ပယ်တာလား၊ အပြစ်တစ်ခုကို ကျူးလွန်မိလို့ ပစ်ပယ်တာလား၊ ဂုဏ်အရည်အချင်း အဆင့်အတန်း မတူလို့ ပစ်ပယ်တာလား ဆိုတာတွေ ရှိနိုင်ပါတယ်။ လူ့အသိုင်းအဝိုင်းမှာ ယနေ့ထက်တိုင် အသားအရောင် ခွဲခြား ဆက်ဆံတာ၊ အဆင့်အတန်း ခွဲခြား ဆက်ဆံတာတို့ ရှိပါတယ်။ အပြစ်ရှိသူ တစ်ယောက်ဟာ သူ့အပြစ်အတွက် ပြစ်ဒဏ် ခံရပြီးတာတောင် အမည်းစက်က မပျောက်တော့ပါဘူး။ ဥပမာ ကျေးလက် ဒေသတွေမှာဆို စုန်း လို့ စွပ်စွဲခံရတဲ့ မိသားစု ဝင်တွေဟာ ရွာအပြင်မှာ သွားရောက်နေထိုင် ကြရပါတယ်။ ရွာအတွင်း၊ ရွာလူထုနဲ့ ကူးလူးဆက်ဆံခွင့် မပြုကြပါဘူး။ အိနဿဒိယမှာဆိုလည်း ယနေ့ထက်တိုင် ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားတဲ့ ဓလေ့က ရှိနေဆဲပါ။ ဇာတ်နိမ့်တဲ့ သူတွေဟာ ဇာတ်မြင့်သူတွေနဲ့ ကြမ်းတပြေးတည်းတောင် ထိုင်ခွင့် မရကြပါဘူး။ ဂျပန်၊ ဂျာမဏီ တို့ဟာလည်း လူမျိုးစွဲ သိပ်ကြီးတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ ဂျပန် နိုင်ငံသား တစ်ယောက်နဲ့ အိမ်ထောင်ကျလို့ မွေးလာတဲ့ ကိုယ့်မျိုးဆက် အဆက်ဆက်ဟာ ဂျပန် နိုင်ငံသား ဖြစ်နိုင်ပေမယ့် ဘယ်တော့မှ ဂျပန်လို့ သတ်မှတ် မခံရပါဘူးလို့ ဆိုပါတယ်။ ယနေ့ သိပဿပံခေတ်မှာ နေမျိုးနွယ်ဆိုတာတွေ၊ နတ်ဘုရားက ဆင်းသက်တယ် ဆိုတာတွေ၊ ဗြဟဿမာကြီးရဲ့ ဝင်သက်ထွက်သက်က မွေးဖွားတယ် ဆိုတာတွေဟာ ရယ်စရာ အယူအဆ တစ်ခု ဖြစ်နေပါပြီ။

လူတွေကို ပစ်ပယ်ခြင်း ဆိုတာကတော့ အထက်က နှစ်ချက်နဲ့ ပတ်သတ် ဆက်နွယ်နေပြန်ပါတယ်။ မတူညီတဲ့ အတွေးအခှေါကြောင့် လူတစ်ယောက်ဟာ လူ့အသိုင်းအဝိုင်းနဲ့ ကင်းရှင်းအောင် နေသလို၊ လူတွေရဲ့ ပစ်ပယ်ခြင်းကြောင့်လည်း လူတွေကို သူက ပြန်ပစ်ပယ်ပါတယ်။ ဥပမာ လမ်းနှစ်လမ်း ရှိတယ် ဆိုကြပါစို့။ တစ်လမ်းက လှည်းလမ်းကြောင်းဆိုရင် လှည်းသွားမှာ ဖြစ်ပါတယ်။ တစ်လမ်းက ခြောက်လမ်းသွား နိုင်လွန် ကတဿတရာဆိုရင် ကားတွေ သက်သက်သာသာ သွားလာ နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလမ်းနှစ်ခုကို စပ်ဆက် မယ်ဆိုရင် ဒီအတိုင်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ယေဘုယျအားဖြင့် လှည်းလမ်းကို ဒီအတိုင်း ဆက်ထားမလား၊ အဆင့်မြှင့် မလားဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ အဆိုပါလူဟာ လှည်းလမ်းဆိုရင် သူ့ကို သူ အဆင့်မြှင့် ပြောင်းလဲ ပြုပြင်ရမှာ ဖြစ်ပါတယ်။ ထိုသူရဲ့ စိတ်ဓါတ် အတွေးအခှေါက ကားလမ်း ဖြစ်နေပြီး လူအများစုက လှည်းလမ်းသာသာ ဖြစ်နေမယ် ဆိုရင်တော့ စဉ်းစားစရာ ဖြစ်လာပါပြီ။ အထက်ရောက်နေတဲ့ ထိုသူဟာ အောက်ကို ပြန်ဆင်းတော့မှာ မဟုတ်ပါဘူး။ ထိုအခါ ထိုသူဟာ လူတွေကို ပစ်ပယ် ပါတော့တယ်။ ဂှေါကီ၊ ဟစ်တလာ၊ ဗန့်ဂိုး ဆိုကရေးတီး ဂယ်လီလီယို စသူများဟာ သူတို့ခေတ်မှာ ဆန်းကြယ်တဲ့ အတွေးအခှေါ အယူအဆ ရှိသူတွေ ဖြစ်ခဲ့ပြီး လူတွေရဲ့ ပစ်ပယ် ခံခဲ့ ရပါတယ်။ ဒါပေမယ့် သူတို့ဟာ အဲဒီ ပစ်ပယ်ခြင်းကို အထီးကျန် စိတ်အားငယ်ခြင်း အသွင်ကို မကူးပြောင်းစေဘဲ၊ မိမိအယူအဆကို သေသည်အထိ ဆုပ်ကိုင်ပြီး ဖြန့်ဝေခဲ့သူတွေ ဖြစ်ကြပါတယ်။ ထိုသူတွေကြောင့် ကမဿဘာကြီးမှာ အများကြီး ပြောင်းလဲ ခဲ့တယ် ဆိုတာကိုလည်း ဂရုပြုရမှာ ဖြစ်ပါတယ်။

မိမိကိုယ်ကို ခွင့်မလွှတ်နိုင်ခြင်း ဟာ အထီးကျန်စိတ် ဖြစ်စေခြင်းမှာ အရေးပါတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ဘာလို့ ခွင့်မလွှတ်နိုင်တာလဲ ဆိုတာကို စဉ်းစားတဲ့အခါ အပြစ်တစ်ခု ကျူးလွန်မိလို့ ခွင့်မလွှတ်နိုင်တာနဲ့၊ ကိုယ့်ကြောင့် သူတစ်ပါး ဒုကဿခရောက်ရတာ၊ တွေကြောင့် ခွင့်မလွှတ်နိုင်တာ ဆိုတာကို တွေ့လာရပါတယ်။ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်လောက်အောင် ကျွန်တှောတို့ ဘာတွေ လုပ်မိကြသလဲ။ လူတိုင်းဟာ အမှားနဲ့ မကင်းကြပါဘူး။ ဒါပေမယ့် လူတိုင်းဟာ ခံစားချက် ပြင်းပြသူတွေ မဟုတ်ကြဘူး။ တစ်ချို့တွေ အတွက် အရာရာဟာ မေ့လွယ် ပျောက်လွယ်ပေမယ့် တစ်ချို့တွေ အတွက် ပြင်းပြင်းထန်ထန် စိတ်ထဲမှာ အမြစ်တွယ်နေတတ်ပါတယ်။ ဒီလို လူမျိုးတွေမှာ အဆိုပါ အထီးကျန် စိတ်ဟာ ခိုအောင်းကပ်ညိ လွယ်ပါတယ်။ တခါတရံမှာ ပြင်မရတဲ့ အမှားတစ်ခုကို မရည်ရွယ်ဘဲ လုပ်မိသွားတဲ့အခါ အဆိုပါ စိတ်ထားပိုင်ရှင်တွေဟာ အချိန်တှောတှောကြအောင် အဲဒါအတွက် ယူကြုံးမရ ဖြစ်တတ်ကြပါတယ်။ နောင်တ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အနီးကပ်ဆုံး ပြောရရင် နာကျင်တာလို့ အလွယ်ခှေါလို့ ရပါမယ်။ နောက်တစ်ခု ကိုယ့်ကြောင့် တစ်ပါးသူ နာကျင်ရတာမျိုးကို ခွင့်မလွှတ်နိုင်ခြင်းက ပိုဆိုးပါတယ်။ လူတိုင်းမှာ အတွေးအခှေါ အယူအဆ ခံယူချက် စိတ်ထားတွေ မတူကြပါဘူး။ အမြင်တွေ မတူကြပါဘူး။ ကိုယ့်အတွက် သာမန် ကိစဿစလေးတစ်ခုဟာ တစ်ပါးသူအတွက် ထာဝရ နာကျင်စေတဲ့ အရာတစ်ခု ဖြစ်သွားတဲ့အခါ တချို့သော သူတွေမှာ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင် ဖြစ်ကြရပါတယ်။ အဆိုပါ လူမျိုးတွေဟာ တစ်စုံတစ်ရာ ရှင်းပြရတာကိုလည်း လေးလံတတ်တဲ့ သူတွေ ဖြစ်ကြပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါး နာကျင်နေပြီဆိုတာ သိတဲ့အခါ ထိုသူတွေဟာ ပိုခံစားကြရပါတယ်။ စိတ်မကောင်း ဖြစ်ကြပါတယ်။ အဲဒီအခါ ကိုယ့်ကိုကိုယ် အပြစ်ဒဏ် ခတ်တတ်ကြပါတယ်။ အဲဒီအခါ သူတို့ဟာ ထိုသူတို့နဲ့ ပတ်သတ်တဲ့ ပတ်ဝန်းကျင်၊ ပတ်သတ်နိုင်တဲ့ ပတ်ဝန်းကျင် ကို ရှောင်ကြပါတော့တယ်။ ရင်မဆိုင်ရဲလို့ ရှောင်တယ်ဆိုတာထက် သူတို့ကို မမြင်ရက်လို့ ကိုယ့်ကိုကိုယ် အထီးကျန် ဖြစ်အောင် အပြစ်ပေးတာ တစ်မျိုး ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီအမှားကို ဘယ်တော့မှ ထုတ်မပြောပေမယ့် ဘယ်တော့မှ မေ့ပျောက် ဖုံးကွယ် ပစ်လိုက်ကြတာ မဟုတ်ပါဘူး။ ပြန်စဉ်းစားတိုင်း ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ဘဲ နာကျင်ရင်း နာကျင်ရင်းနဲ့ ထိုသူများဟာ တစ်ယောက်တည်း နေရင်းနေရင်းက အထီးကျန်ခြင်း ဖြစ်လာပါတော့တယ်။

သူတစ်ပါးက ကိုယ့်ကို ခွင့်မလွှတ်နိုင်ခြင်း ဆိုတာကတော့ အထက်က အချက်နဲ့ ဆက်စပ် နေပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါး နစ်နာသွားခဲ့ပေမယ့် ထိုသူက ခွင့်လွှတ်နိုင်ရင် တှောပါသေးတယ်။ ခွင့်မလွှတ်တဲ့အခါ အပြစ်လုပ်ခဲ့မိသူဟာ ပိုလို့ ခံစားရပါတော့တယ်။ သူဟာ လူတိုင်းကို ရင်ဆိုင်ဖို့ စိုးရွံ့လာပါတယ်။ သူရှင်သန် လှုပ်ရှားဖို့ရာ နယ်ပယ် ကျဉ်းမြောင်းလာပါတယ်။ သူ့အမှားကို ပိုပိုသိလာလေလေ ပိုပိုနေရထိုင်ရ ခက်ခဲလာလေလေ ဖြစ်ရင်းက လူအားလုံးကို ရှောင်ကြဉ်ရင်း အထီးကျန်ခြင်းဟာ သူ့ဆီမှာ အမြစ်တွယ် လာပါတော့တယ်။

စိတ်ဖိစီးမှုတွေ၊ စိတ်အားငယ်မှုတွေ ဟာ လူတစ်ယောက်ကို အများကြီး အပြောင်းအလဲ ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု (Depression) ဆိုတာက ဥပမာ- လုပ်ငန်းတစ်ခုမှာ အလုပ်တာဝန်တွေ စုပုံများလားတဲ့အခါ၊၊ တစ်ကိုယ်တည်း မနိုင်ဝန်တွေ ထမ်းဆောင် ရတဲ့အခါ ဖြစ်လာတတ်တဲ့ စိတ်တစ်မျိုးပါ။ စိတ်အားငယ်မှု (Dejection) ဆိုတာက သူတပါးလောက် ဘာကိုမှ မစွမ်းဆောင်နိုင်ဘူးလို့ ထင်တာ၊ မိမိကိုယ်မိမိ အသုံးမကျ ဘူးလို့ ထင်တဲ့ စိတ်မျိုးဖြစ်ပါတယ်။ အဲဒီစိတ်မျိုးဟာ မိမိကိုယ်မိမိ ဂရုစိုက်လွန်းအား ကြီးသူတွေ၊ သတ်မှတ်ချက် များလွန်းသူတွေမှာ ဖြစ်တတ်ပါတယ်။ အဲဒီစိတ်မှာ အမြင့်နဲ့အနိမ့် ဆိုပြီး နှစ်မျိုး ရှိပါသေးတယ်။ ဆိုက်ကိုလှောဂျီမှာတော့ (Self Esteem) လို့ ခှေါပါတယ်။ အထီးကျန်မှု (Loneliness) ဆိုတာကတော့ အဲဒါတွေ အားလုံးနဲ့ ပတ်သတ်နေပါတယ်။ မိမိကိုယ်ကို အထင်ကြီးမှု၊ အတဿတ၊ အားငယ်တတ်မှု များဟာ ဒီအထဲမှာ အကြုံးဝင်ပါတယ် ဆေးသုတေသန တွေရဲ့ အဆိုအရတော့ အဲဒီစိတ်တွေဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့၊ လေဖြတ်ခြင်း စတာတွေကို ဖြစ်စေပါတယ်။ လက်တွေ့ ဘဝမှာတော့ အဲဒီစိတ်တွေ ခံစားလာရတဲ့အခါ လောကနဲ့ အဆက်အသွယ် ပြတ်ပြီး အထီးကျန်ဆန် လာပါတော့တယ်။

အတဿတ ကတော့ မိမိတစ်ကိုယ်တည်း အတွက်သာ ကြည့်ခြင်းပါ။ မိမိကိုယ်ကို မိမိ အကောင်းဆုံးထင်တယ်။ မိမိလုပ်တာမှ ကောင်းတယ်လို့ ထင်တယ်။ သူများကို အလေးမထားဘူး၊ ဂရုမစိုက်ဘူး။ အထင်မကြီးဘူး။ အဲဒီလိုလူများဟာ ကြာလာတဲ့ အခါမှာ အသိုင်းအဝိုင်းက ဝိုင်းကြဉ်တာကို ခံရတတ်ပါတယ်။ သူ့ကို လူတွေ မဆက်ဆံတဲ့အခါ အစမှာ ထိုသူများဟာ ဂရုမစိုက်ကြပါဘူး။ ဒါပေမယ့် ကြာလာတဲ့ အခါမှာတော့ တစ်ယောက်တည်း အထီးကျန်စိတ် ဖြစ်လာကြပါတယ်။

နောက်ဆုံးအချက် ချစ်မြတ်နိုးသူတွေနဲ့ ကွဲကွာခြင်း ဆိုတာကတော့ အခြေအနေ အချိန်အခါ ကံကြမဿမာ အလှည့်အပြောင်းအရ ဖြစ်လာတဲ့ အခြေအနေပါ။ တခါတရံ ကိုယ့်ကြောင့် သူ့ကြောင့် မဟုတ်ရပါဘဲနဲ့ အလိုအလျောက် ဖြစ်လာတဲ့ အရာပါ။ တခါတရံတော့ လူကိုယ်တိုင် ဖန်တီးယူလို့ ဖြစ်လာတဲ့ အရာမျိုး ဖြစ်ပါတယ်။ ဥပမာ - မိသားစုနဲ့ တစ်သက်တာလုံး နေထိုင်လာသူ တစ်ယောက်ဟာ ရုတ်တရက် အလုပ်တစ်ခုကြောင့် အားလုံးနဲ့ ဝေးရာ အရပ်မှာ တစ်ယောက်ထဲ ရပ်တည်ရတဲ့ အခါမျိုး၊ အိမ်ထောင်စု တစ်ခု မမျှောလင့်ဘဲ ပြိုကွဲသွားတဲ့ အခါမျိုး၊ ကိုယ်မြတ်နိုးသူ တစ်ဦး ဆုံးပါးသွားတဲ့ အခါမျိုးတွေမှာ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်ကို နားလည်သူတစ်ယောက် ကိုယ့်အပါးက ထွက်ခွာသွားတဲ့အခါ ကိုယ့်မှာ အားကိုးတိုင်ပင်စရာ မဲ့သွားသလို ခံစားလာရရင်းနဲ့ ဝမ်းနည်းကြေကွဲတဲ့ စိတ်ကြောင့် ထိုသူဟာ အထီးကျန်ဆန်လာပါတော့တယ်။ အဲဒါမျိုးဟား တစ်ပါးသူအပှေါမှာ မှီခိုလွန်းသူတွေမှာ ပိုအဖြစ်များတာ တွေ့ရပါတယ်။

အထီးကျန်ခြင်းဟာ သိပ်ကို လွမ်းဆွတ်ကြေကွဲစရာ ကောင်းပါတယ်။ ဘယ်သူနဲ့မှ စကားမပြောချင်၊ ဘယ်သူကမှလည်း ကိုယ့်ကို နားလည်မပေးနိုင်၊ ဘယ်သူကမှ ကိုယ့်ခံစားချက်ကို မသိကြ ။ အဲလိုနဲ့ တမြေ့မြေ့ ခံစားရင်း ထိုသူဟာ လူတွေနဲ့ ပိုပြီးပိုပြီး ဝေးသွားပါတယ်။ အထီးကျန်သူများဟာ သူတို့ ခံစားချက်ကို လွယ်လွယ်နဲ့ ပြောမပြတတ်ပါဘူး။ သူတို့ တစ်ဦးချင်းစီမှာ နာကျင်ကြေကွဲစရာတွေ၊ ပြောပြလို့ မရတဲ့ အကြောင်းတွေ ၊ နောင်တတွေ၊ ခါးသီးမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တှောတို့ ပတ်ဝန်းကျင်မှာ အထီးကျန် ဖြစ်နေသူတွေကို တွေ့တဲ့အခါ ဒီအတိုင်း ပစ်မထားလိုက်ဘဲ နွေးနွေးထွေးထွေး ကူညီ ဖေးမ အကြံပေးကြမယ် ဆိုရင် ကျွန်တှောတို့ လောကကြီးမှာ နာကျင်ခံစား ခါးသီးတဲ့ အမုန်းတရားတွေ အများကြီး လျော့ပါးသွားနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်နေ မိပါတယ်။


ညီလင်းဆက်
၀၂.၀၂.၂၀၀၆

Myanmar Traditional Constellations

မြန်မာ့ရာသီခွင်များမှာ ကျမ်းတစ်စောင် နှင့်တစ်စောင်၊ စာတစ်အုပ် နှင့်တစ်အုပ် ပါဝင်သော ကြယ်လုံး အရေအတွက်၊ ပုံသဏဿဍာန် တူညီမှုမရှိကြောင်း တွေ့ရသည်။ အတိအကျ မမှတ်သား ခဲ့ကြသောကြောင့် တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို ဖြစ်နေသည်။ ထို့အပြင် အနောက်တိုင်း ကြယ်တာရာခွင် များနှင့် တိုက်ဆိုင် ကြည့်သောအခါတွင်လည်း မြန်မာ စာအုပ် စာတမ်းများတွင် ပါဝင်သော ပုံများမှာ နေရာအတိအကျ ရှိခြင်းမျိုး မတွေ့ရဘဲ စိတ်မှန်း မျက်မှန်းဖြင့်သာ ရေးဆွဲထားပုံများ ဖြစ်နေသည်ကို တွေ့ရသည်။ တကယ်တမ်း ထိုရုပ်ပုံများ ဆိုရာတွင်လည်း ကျွန်ုပ်တို့ နေထိုင်ရာ ကမဿဘာကြီးမှနေပြီး မြင်နေရသော အမြင်အရသာ ဆက်စပ်တွဲဖက် ပေးထားသော ကြယ်စုများ ဖြစ်သည်။ ထို့ကြောင့် ရုပ်ပုံများကို အခြေခံပြီး ရှာဖွေရာတွင်လည်း အမှန်တကယ် ရှိနေသော ကြယ်တာရာစုတွင် ရှာကြည့်သောအခါ အချို့ နကဿခတ်တာရာများမှာ ကောင်းကင်တွင် ရှိနေသော နေရာများနှင့် လွဲနေသောကြောင့် အတိအကျ သိရှိဖို့ မလွယ်ကူလှပေ။ ထို့အပြင် မြန်မာနကဿခတ် အများစုမှာ ကဗျာလကဿငာပုံစံ၊ ဂါထာပုံစံတို့ဖြင့်သာ အစဉ်အဆက် လက်ဆင့်ကမ်း မှတ်သားလာခဲ့ ကြသောကြောင့် သာမန်လူတို့ အနေဖြင့် ဤဘာသာရပ်ကို ဆရာမပါဘဲ လေ့လာရန်မှာ အတှောပင် ခက်ခဲ နေပေသည်။

မြန်မာ့နကဿခတ်ပညာတွင် ရာသီခွင် စက်ဝိုင်းကြီးကို ၉ပိုင်းပိုင်းပြီး အဓိကရ နကဿခတ် ၂ရလုံး၊ အတွင်းတာရာကြီး ၉လုံး၊ အပြင်တာရာ ၂ဂလုံးနှင့် အလွတ်တာရာ ၁၀၂လုံးကို နာမပညတ် သတ်မှတ်ထားသည်ကို တွေ့ရသည်။
ယေဘုယျအားဖြင့် ယင်းအဓိက အပိုင်းကြီး ၉ပိုင်း၏ တစ်ပိုင်းစီတွင် နကဿခတ်၃စုစီ ရှိနေကြသည်။ နကဿခတ်စု တစ်ခုစီကို မှတ်သားရ လွယ်ကူစေရန် သတဿတဝါ အသွင်သဏဿဍာန်များဖြင့် သတ်မှတ်ထားပြီး ယင်းသို့သော နကဿခတ်၃ခု ပေါင်းပြီးလည်း အသွင်တစ်မျိုး ထပ်ယူကာ အတွင်းနကဿခတ်ကြီး ၉လုံးအဖြစ် မှတ်သားကြခြင်း ဖြစ်သည်။ ၂ရလုံးသော နကဿခတ် ဆိုရာတွင်လည်း နကဿခတ်တစ်ခုစီ တစ်ခုစီတိုင်းမှာ ကြယ်အစုအဝေးနှင့် ရှိနေသောကြောင့် အမှန်စစ်စစ် ၂ရလုံး မကချေ။ နကဿခတ်တစ်ခုစီတွင် ကြယ်အစုအဝေး ပုံသဏဿဍာန်နှင့် ရှိနေသှောလည်း တကယ်တမ်း ရည်ရွယ်သည်မှာ ထိုကြယ်စုရှိ အလင်းဆုံး ပဓာန ကြယ်သာလျှင် ဖြစ်လိမ့်မည်ဟု ယူဆမိပါသည်။ ဥပမာအားဖြင့် အသဿသဝဏီနကဿခတ်တွင် ကြယ်လုံးရေ ၆လုံး ရှိသည်ဟု ဆိုသှောလည်း အလင်းဆုံး Hamal ကြယ်ကိုသာ ထိုအသဿသဝဏီနကဿခတ်၏ ပဓာနကြယ်အဖြစ် သတ်မှတ်ပေလိမ့်မည်။ ရှာဖွေရာတွင် လွယ်ကူစေရန် အတွက်သာ ပုံသဏဿဍာန်ပှေါစေရန် မြင်းခေါင်းပုံ ကြယ်ခြောက်လုံးအဖြစ် မှတ်သားထားသည်ဟု ယူဆမိပါသည်။ မြန်မာနကဿခတ် ပညာအရ ထိုသို့ နာမည်ပေးထားသော ကြယ်လုံးရေ ၁၆၆လုံး ရှိနေသှောလည်း နေရာအတိအကျ သိရသော၊ အနောက်တိုင်း နကဿခတ်နည်းအရ ရှာဖွေတွေ့ရှိရသော ကြယ်အရေအတွက်မှာ ၃ပုံ တစ်ပုံခန့်သာ ရှိပေသည်။ အလွတ်တာရာ ၁၀၂လုံး မဆိုနှင့် အပြင်တာရာ ၂ဂလုံးကိုပင် စုံစေ့အောင် သိနိုင်ဖို့ အတှော ခက်ခဲနေပေသည်။

မြန်မာ ကျမ်းဂန်များတွင် မှတ်သားခဲ့ကြသော နကဿခတ်များမှာ နည်းပညာ မထွန်းကားသေးသော ခေတ်ကာလများတွင် မျက်စိသက်သက် အမြင်ဖြင့် သို့တည်းမဟုတ် သာမန်မှန်ဘီလူး မျှလောက်ဖြင့်သာ မျက်မှန်း ပုံဖှော သတ်မှတ်ခဲ့ကြသောကြောင့် လက်ရှိ အနောက်တိုင်း နကဿခတ်များနှင့် နှိုင်းယှဉ်ရာတွင် အောက်ပါ အချက်အလက်များကို အခြေခံထား လေ့လာရသည်။

ကြယ်စုတစ်စု၊ နကဿခတ်တစ်ခုတွင် အလင်းဆုံး ဖြစ်သော ကြယ်ကို ရှာဖွေကာ အဆိုပါနကဿခတ်ကို ယေဘုယျ ပထမအဆင့် သတ်မှတ်ပါသည်။

ဒုတိယအနေဖြင့် အဆိုပါကြယ် ရှိနေသော နေရာတဝိုက်မှ ကြယ်များကို စုစည်းပြီး မြန်မာတာရာရုပ်ပုံများကို အနီးစပ်ဆုံး ပုံဖှောကြည့်ကာ အနောက်တိုင်း နကဿခတ်တွင် ဘယ်သို့ဘယ်ပုံ မြင်ကြသည်ကို ခွဲခြားပါသည်။

အချို့ မြန်မာနကဿခတ် တည်နေရာများမှာ နေရာအတိအကျ ဖှောပြခြင်းမျိုး မရှိဘဲ မည်သည့်တာရာစု အနီးတွင် ရှိသည်ဟုလည်းကောင်း အရောင်ဘယ်သို့ ရှိသည်ဟုလည်းကောင်း မသေမချာ ဖှောပြထားခြင်းမျိုးတွင် အနီးစပ်ဆုံး ဖြစ်နိုင်သော အလင်းဆုံး ကြယ်များကိုသာ ယေဘုယျ သတ်မှတ်ထားသည်။ အဘယ်ကြောင့်ဆိုသှော အမှန်စင်စစ် ကြယ်များမှာ များပြားစွာ ရှိနေသှောလည်း မြင်ရလွယ်ကူသော ကြယ်များကိုသာ အမည်သတ်မှတ် မှတ်သားလိမ့်မည်ဟု ထင်မြင်မိသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ပြိသဿသရာသီ နွားရုပ်မှ ရောဟဏီနကဿခတ်ဟု ဆိုရာတွင် အနီရောင်ရှိသောဟု ဆိုသောကြောင့် Aldebaran ကြယ်ကို ယူပါသည်။

လုံးရေ များစွာ ရှိနေသော မြန်မာနကဿခတ်အချို့ကို အနောက်တိုင်း နကဿခတ်နည်းအရ ကောင်းကင်ပြင်တွင် ရှာဖွေသှောလည်း မတွေ့ရခြင်းများလည်း ရှိသည်။ ဥပမာအားဖြင့် အလွတ်တာရာ ၁၀၂လုံးထဲမှ အမှတ် ၉၉ သာခါဝိတာရာမှာ လုံးရေ ၃ဝဟုပြထားပြီး ပြှုဗဿဗာဘရပိုက်နှင့် ဥတဿတရာဘရပိုက် (Pegasusမှ Markab နှင့် Alphertz) တောင်ဖက်တွင် ရှိသည်ဟု ဆိုထားသှောလည်း ရှာဖွေသောအခါ မတွေ့ရပါ။ ထိုကြယ်စုများမှာ အနောက်တိုင်းအခှေါ နက်ဗျူလာများ ဖြစ်နိုင်သည်ဟု ယူဆမိပါသည်။

အချို့နကဿခတ်များမှာ ပညာရှင်တို့ သတ်မှတ်ချက် ကွဲလွဲနေမှုများ တွေ့ရပါသည်။ ဥပမာအားဖြင့် ဝိသာခါနကဿခတ်ကို ပေါင်းတည်ဘုန်းကြည်၏ နကဿခတ်ကြည့်ရှုနည်းနှင့် ကြယ်ပုံပြင်များ စာအုပ်တွင် တူရာသီ Libra ချိန်ခွင်ရုပ်မှ လကျှာမောင်းတန်း အစွန်းကြယ် အဖြစ် ဖှောပြထားသှောလည်း ကပဿပဝဏဿဏနာကျမ်းတွင် ဆိုင်းဝိုင်းသဏဿဍာန် ကြယ်၁၄လုံး ဟုလည်းကောင်း၊ ကောင်းကင်နကဿခတ် အလင်းပြကျမ်းတွင် Corona ဟုလည်းကောင်း ဖှောပြထားသည်ကို တွေ့ရသည်။

မြန်မာနကဿခတ်ရုပ်ပုံများနှင့် အနောက်တိုင်း နကဿခတ်ရုပ်ပုံများတွင် အချို့ပုံများမှာ ယေဘုယျ သဏဿဍာန်အားဖြင့် တူသှောလည်း အချို့မှာ မတူညီပါ။ တူညီသော နကဿခတ်များတွင်သှောမှ ပါဝင်သော ကြယ်ဆက်လမ်းကြောင်း များ၊ ကြယ်လုံးရေများ မှာလည်း တစ်ခုနှင့်တစ်ခု မတူညီကြသည်ကိုလည်း တွေ့ရသည်။ မြန်မာ နကဿခတ်တာရာတွင် ၁၆၆စု ရှိနေသှောလည်း အနောက်တိုင်း နကဿခတ်တာရာကမူ ဂဂစုသာ ရှိသည်ကို တွေ့ရသည်။

Myanmar Who and Where?


အချို့သော သူများမှာ တစ်စုံတစ်ခုခုကို တတ်ကျွမ်းပြီး လုပ်ချင်သှောလည်း လုပ်ခွင့်မရကြ။ အချို့သော သူများကတော့ မကျွမ်းကျင် မလုပ်တတ်ဘဲ လုပ်နေကြသည်။ အချို့မှာကား လုပ်လည်း လုပ်တတ်သည် အခွင့်အလမ်းလည်း ရှိသည် သို့သှော မလုပ်ချင်၊ မလုပ်အား၊ မလုပ်ကြ။ အချို့သူများကား လုပ်လည်း လုပ်တတ်သည်၊ လုပ်ကိုင်ရန် အခွင့်အရေးလည်း ရှိသည်၊ သို့ရာတွင် မှီငြမ်းကိုးကားစရာ ကျမ်းဂန်စာအုပ်များ မပြည့်စုံ။ အချို့သူများကား လုပ်လည်း မလုပ်တတ်၊ အခွင့်အရေးလည်း မရ၊ သို့သှော လုပ်တတ်ချင်သည်။

အချို့သူများက ခေတ်အမြင်ရှိသည်၊ သို့သှော ခေတ်ဟောင်း ကျမ်းစာများကို အလေးမထား။ အချို့သူများက ခေတ်ဟောင်း ကျမ်းစာများကို ကျွမ်းကျင်သည်၊ သို့သှော ခေတ်အမြင်နှင့် မပေါင်းဖက်တတ်။ အချို့သူများက ခေတ်အမြင်လည်းမရှိ ခေတ်ဟောင်းကျမ်းဂန် များကိုလည်း မသိကြ။ သို့သှော သိချင်ကြသည်။ အချို့သူများက ခေတ်အမြင်လည်း ရှိသည်၊ ခေတ်ဟောင်းစာပေ ကျမ်းဂန်များနှင့်လည်း တိုက်ဆိုင် ဆုံးဖြတ်တတ်သည်။ သို့သှော ထိုသူများတွင် ထိုအရာအတွက် စိုက်စိုက်မတ်မတ် အချိန်ပေး နိုင်လောက်အောင် ငွေကြေးအင်အား မပြည့်စုံ။ ထောက်ပံ့ပေးမည့် အဖွဲ့အစည်း လူပုဂဿဂိုလ်များလည်း မရှိ။

သိချင်စိတ် ဖြစ်မှသာ သိစိတ် ဖြစ်လာနိုင်သည်။ အဆိုပါ သိချင်စိတ် ဖြစ်ပှေါလာသောအခါ လူသည် ထိုအကြောင်းအရာကို မရမက ရှာဖွေစူးစမ်း လာကြသည်။ ထိုသို့ ရှာဖွေသှောလည်း မှီငြမ်းလေ့လာစရာ အထောက်အထား အကိုးအကား ငွေကြေးအင်အား မပြည့်စုံ မလုံလောက်သောအခါ အခက်အခဲ ကြီးမားစွာ ဖြစ်ရတော့သည်။

မြန်မာပြည်တွင် တွေ့ရသော အခက်အခဲမှာ ထိုအရာပင် ဖြစ်သည်။ စာပေ လေ့လာလိုသူသည် အဘယ်နေရာတွင် သွားရောက်လေ့လာ ရမည်နည်း။ စုံစုံလင်လင်ဆို၍ ရန်ကုန်တကဿကသိုလ် စာကြည့်တိုက် တစ်ခုသာ ရှိသည်။ ထိုစာကြည့်တိုက်တွင်လည်း လွယ်လွယ်ကူကူ လေ့လာခွင့် ရမည် မဟုတ်။ ကျောင်းစာကြည့်တိုက်များ တကဿကသိုလ်စာကြည့်တိုက်များ ဆိုတာကလည်း များသောအားဖြင့် ခေတ်နောက်ကျ နေသော စာအုပ်များ၊ ဟန်ပြစာအုပ်များသာ ရှိသည်။ ထို့ကြောင့် စာအုပ် ဆိုင်တန်းများဘက်သို့ လှည့်မည်ဆိုလျှင်လည်း ငွေကြေးအင်အား မတတ်နိုင်ပါက ဝယ်နိုင်ဖို့ဝေးစွ အဆိုပါ စာအုပ်ဈေး ကြားလိုက်ရုံမျှနှင့်ပင် သိချင်စိတ်များ ကုန်ခမ်း သွားနိုင်သည်။ လူတစ်ဦး၏ ပုံမှန်ဝင်ငွေဖြင့် စာအုပ်ပုံမှန် ဝယ်မဖတ်နိုင်ပေ။ အသစ်ထွက်စာအုပ်များထက် စာအုပ်ဟောင်းများက ပို၍ပင် တန်ဖိုးကြီးမား နေပေသေးသည်။ ငွေကြေးတတ်နိုင်၍ ဝယ်ဖတ်နိုင်တောင်မှ စာအုပ်ရှားပါးမှုနှင့် ရင်ဆိုင်ကြရသည်။

ထိုမှတစ်ပါး ယနေ့ခေတ် ထွက်ရှိနေသော စာအုပ်အမျိုးအစားများကို သေချာစွာ ခွဲခြား ကြည့်ပါလျှင် လူများစုကြိုက် ရောင်းလွယ် ကုန်လွယ်သော စာအုပ်များသာ အများစု ဖြစ်နေသည်ကို တွေ့ရသည်။ ပညာရပ်စာပေ၊ အဖိုးတန်စာပေများ အလွန်တရာ နည်းပါးလှသည်။ ထိုစာအုပ်များမှာ လူများစု နားမလည်၊ မကြိုက်သောကြောင့် ထုတ်ဝေသူများကလည်း ပိုက်ဆံအကုန်ခံပြီး မထုတ်ဝေကြပေ။ ထုတ်သော အခါတွင်လည်း အုပ်ရေ အနည်းငယ်မျှသာ ထုတ်ကြသည်။ ထိုသို့ ထုတ်ပြီးသော အခါတွင်လည်း ထိုစာအုပ်များကို အဟောင်းရောင်းသူများက စုစည်းဝယ်ယူကြပြီး နောင်အခါ ဈေးနှုန်းအဆမတန်တင်၍ ရောင်းချကြသည်။ ဈေးနှုန်းကြီးမြင့်မှုကြောင့် လူတှောတှောများများမှာလည်း အဆိုပါ ပညာရပ် စာတမ်းများကို တှောရုံတန်ရုံ မဝယ်ကြတော့။ ဤသို့ဖြင့် ထိုပညာရပ်များမှာ တဖြည်းဖြည်းနှင့် လုံးပါးပါး ပျောက်ကွယ် ကုန်ကြပါတော့သည်။

ပညာကို တန်ဖိုးထားသော နိုင်ငံများတွင် အုပ်ချုပ်သူ လူတန်းစားက သှောလည်းကောင်း၊ အမြှောအမြင်ရှိသော တိုင်းပြည်ကို ပညာရည် မြင့်မားစေလိုသော ပုဂဿဂလိက အဖွဲ့အစည်းများ၊ ငွေကြေးချမ်းသာသူများက သှောလည်းကောင်း အဆိုပါ ပညာရပ်ဆိုင်ရာ စာပေစာတမ်းများကို ငွေကြေးထောက်ပံ့ ပေးပြီး ထုတ်ဝေကြသည်။ ပညာရှင်များကို အကူအညီပေးကြသည်။ စာကြည့်တိုက်များ ထူထောင် ပေးကြသည်။ စာကြည့်တိုက် ဆိုရာတွင်လည်း ကရှောကမယ် စာကြည့်တိုက်မျိုးကို မဆိုလို။ စာအုပ်စာတမ်း ပြည့်စုံလုံလောက်သော စာကြည့်တိုက်မျိုး ဖြစ်သည်။ ထိုအခါ လူငယ်များလည်း စာကြည့်တိုက်အသင်း ဝင်ရုံမျှနှင့် စာပေအမြောက်အများ ဖတ်ရှုခွင့် ရကြသည်။ အခြားသော နေရာများတွင် ပျှောပိုက်နေကြမည့်အစား စာကြည့်တိုက်များတွင် စာဖတ်ရင်း ဗဟုသုတ ပညာ တိုးပွားလာကြသည်။ ဥပမာ စကဿငာပူရှိ စာကြည့်တိုက်များတွင် ၅နှစ်သား ကလေးများမှအစ သက်ကြီး ရွယ်အိုများအထိ ပြည့်နှက်နေတတ်သည်။ ကျောင်းများ တကဿကသိုလ်များက အကြောင်းအရာ တစ်ခုခုကို လေ့လာခိုင်းလိုက်လျှင် အဆိုပါ စာကြည့်တိုက်များတွင် လာရောက်ရှာဖွေ မှီးငြမ်းကြသည်။ ဘယ်စာအုပ်မှာ ဘယ်လိုမှီငြမ်းစရာမျိုး ရနိုင်တာကို သူတို့ သိကြသည်။

ကျွန်တှောတို့ နိုင်ငံတွင်တော့ အဆမတန် ဈေးကြီးပေးရသော ကားကြီးများ ဝယ်စီးနေကြသှောလည်း အဆင့်မီ စာကြည့်တိုက်တစ်တိုက် ပှေါထွက်လာဖို့ စိတ်မဝင်စားကြ။ စိတ်အားမသန်ကြ။ ကြိုးလည်း မကြိုးပမ်းကြ။ ထိုထိုသော သူများထဲတွင်မှ ငွေကြေးအင်အား မြောက်များစွာ မစိုက်ထုတ် နိုင်သှောလည်း ဆရာကြီး ပါရဂူလို ကိုယ်တတ်နိုင်တာလေးကစပြီး အဆင့်မီ စာကြည့်တိုက်ကြီး ဖြစ်လာအောင် ကြိုးပမ်းနေသူ၊ ထိုကုသိုလ်အမှုကို ကူညီပေးသူ၊ ကိုယ်ပိုင်စာကြည့်တိုက် အသင်းအဖွဲ့လေးများ ထူထောင်ကြသူ များကတော့ တကယ့်ကို လေးစားစရာ ကျေးဇူးတင်စရာ ကောင်းပေသည်။ ဆရာကြီးတောင်မှ ရသမျှအားလေးဖြင့် လုပ်နိုင်လျှင် အဆိုပါ လူချမ်းသာ ထိတ်ထိတ်ကြဲများ အဘယ်ကြောင့် မလုပ်နိုင်ရမည်နည်း။ အကြောင်းရင်းကား အတဿတဟိတ မိမိကိုယ်အတွက်သာ လုံးပမ်းနေကြရသောကြောင့် ဖြစ်ပေမည်။ တိုင်းပြည်တစ်ခုတွင် လူငယ်များစွာ ရှိသည်။ ထိုလူငယ်များသည် နောင်အခါ လူကြီး ဖြစ်လာပေမည်။ ငယ်စဉ်ကတည်းက ပညာကို အလွယ်တကူ ရှာဖွေဆည်းပူးနိုင်ခွင့် မရခဲ့လျှင် နောင်အခါ နိုင်ငံကို အလုပ်အကျွေး ပြုနိုင်မည့် နိုင်ငံက အားထားရမည့် ပညာတတ်တစ်ယောက် ဖြစ်နိုင်ဖို့ အမှန်ပင် ခဲယဉ်းပါလိမ့်မည်။ ထိုလူငယ်များကို ပညာအစာ ကျွေးသင့်ပါသည်။ ထိုအစာ စားချင်လာအောင် စည်းရုံးသင့်ပါသည်။ စီးပွားရေးသည် နိုင်ငံ၏ လက်ရှိအင်အားဖြစ်သည်။ ပညာသည် နိုင်ငံ၏ အနာဂတ် တည်တံ့နိုင်စွမ်း ဂုဏ်ဒြပ်ဖြစ်သည်။ ပညာမတတ်သော နိုင်ငံရှိ နိုင်ငံသားများကို မည်သူကမျှ အလေးအနက်မထား အဖက်မလုပ်ကြပါ။ မတူသလို မတန်သလို ဆက်ဆံခံရမည်။ သင်ချမ်းသာနေသှောလည်း သင့်နိုင်ငံသားများ ပညာမတတ်ခဲ့လျှင် သင်သည်လည်းကောင်း၊ သင့်မျိုးဆက်များသည် လည်းကောင်း အလေးအနက်ထား ဆက်ဆံခံရလိမ့်မည် မဟုတ်ကြောင်း သတိချပ်သင့်ပေသည်။

Wednesday, May 23, 2007

Myanmar Unicode Standardization

ယူနီကုဒ်စနစ်ဟာ အလွန်အရေး ကြီးပါတယ်။ မြန်မာတွေ အများစု သိနေကြတဲ့ ဖောင့်တွေက ယူနီကုဒ် မဟုတ်ပါဘူး။ ယူနီကုဒ်ကသာ ကွန်ပျူတာက တိုက်ရိုက်နားလည် စီစဉ်မှု ပေးနိုင်တဲ့ ဖောင့်စနစ် ဖြစ်တယ်။ မြန်မာပြည်မှာ ယခုအချိန်အထိ ဘယ်ယူနီကုဒ် စနစ်ကို အတည်ပြုပြီလဲ ဆိုတာ မသေချာသေးပါဘူး။ ဟိုးအရင်တလောက မိုင်မြန်မာ ယူနီကုဒ်ကို လက်ခံတယ်လို့ အစိုးရပိုင်းက တရားဝင်ပြောကြားတာ တွေ့ရပေမယ့် အခုအခါ နေပြည်တှောမှာ အဲဒီဖောင့်အစား မြန်မာဆိုတဲ့ ယူနီကုဒ်ကို ပြန်လည် အသုံးပြုနေတယ်လို့ ကြားသိရပါတယ်။ ဒါကိုတော့ ထုတ်ပြန်တာ မတွေ့ရပါဘူး။

နိုင်ငံအလိုက် ယူနီကုဒ် စနစ်အတွက် နံပါတ် သတ်မှတ်ချက်တွေ ရှိပါတယ်။ မြန်မာ စာလုံးများကို အချင်းချင်း ပေါင်းစပ်လိုက်ရင် အများအပြား ထွက်လာတာမို့ အဲဒီစာလုံးတွေကို အစီအစဉ် စဉ်တဲ့အခါ တှောတှော ဦးနှောက်စားကြ ပါလိမ့်မယ်။ ရိုးရိုးဖောင့်တွေမှာ ကကြီးကို နှစ်လုံးဆင့်တဲ့အခါ အဆင့်ခံရတဲ့ ကကြီးကို တန်ဖိုးတစ်ခုပေးပြီး သတ်မှတ်ကြပါတယ်။ ယူနီကုဒ်မှာ အဲလို တန်ဖိုး မပြောင်းလဲ စေရပါဘူး။ ကကြီးဟာ ကကြီး တန်ဖိုးပဲ ဖြစ်ရပါမယ်။ အဂဿငလိပ် အကဿခရာတွေက မြန်မာ အကဿခရာတွေလို မရှုပ်တာမို့ စာလုံးစီတဲ့အခါ မခက်ခဲပါဘူး။ မြန်မာစာလုံးတွေကတော့ ဗျည်းစဉ်၊ သရစဉ်၊ အသတ်စဉ် စသည်ဖြင့် ရှုပ်ထွေးမှု ရှိတာမို့ တှောတှော ခက်ခဲပါတယ်။ ဒါပေမယ့် အကျိုးအများကြီး ရှိပါတယ်။ ယူနီကုဒ်ကို အသုံးပြုနိုင်တဲ့အခါ စာလုံးတွေကို စာလုံးပေါင်း သတ်ပုံအတိုင်း ရိုက်နိုင်ပါတော့မယ်။ ကကြီးကို ရရစ် တင်တဲ့အခါ ရိုးရိုးဖောင့်တွေလို ရရစ်ကို အရင်ရေးစရာ မလိုတော့ပါဘူး။ ကကြီး ရေးပြီးမှ ရရစ်ကို ရေးရမှာ ဖြစ်ပါတယ်။ အဲဒီစနစ်က အလိုလို ကကြီးရရစ် ဖြစ်သွားအောင် လုပ်ဆောင်သွား ပါလိမ့်မယ်။

မိုင်မြန်မာ ယူနီကုဒ်မှာ စာလုံးပေါင်း မှားရေးတဲ့အခါ ရေးလို့ မရအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။ ကျွန်တှောကတော့ အဲလို ရေးမရအောင် လုပ်မယ့်အစား Correction List ပေးမယ်လို့ စဉ်းစားထားတယ်။ ဒါမှမဟုတ် မြန်မာအဘိဓာန်နဲ့ ညှိနှိုင်းပြီး Auto Correction လုပ်ပေးနိုင် ပါလိမ့်မယ်။ အဲဒီအတွက် ယူနီကုဒ် စနစ်ထဲကို မြန်မာအဘိဓာန် ထည့်ပေးရမှာ ဖြစ်ပါတယ်။ အောက်ကပိုစ့်မှာ ကိုအန်ဒီမြင့် ပြောထားသလိုမျိုး (မဟထိုး လုံးကြီးတင် ဆန်ခတ်နဲ့ မလုံးကြီးတင် ဆန်ခတ် ဟထိုး) မတူတဲ့စာလုံးတွေကို ရိုက်သွင်းမယ်ဆိုရင် အဲဒီလို အမှန်ပြင်ပေး နိုင်တဲ့အတွက် သတ်ပုံသတ်ညွှန်းကို အလိုအလျောက် လိုက်နာနိုင် ပါလိမ့်မယ်။ အဓိကကတော့ ယူနီကုဒ်ဟာ သဒဿဒါစည်းမျဉ်းကို တိတိကျကျ လိုက်နာနိုင်ရမှာ ဖြစ်ပါတယ်။ (သဒဿဒါစည်းမျဉ်း လိုက်နာမနာကို သိချင်လျှင် ဖောင့်တစ်ခုကို အသုံးပြုပြီး မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းထဲမှ အကဿခရာဝလိ အစဉ်ကို အစအဆုံး ရေးပြီး ပြန်စီကြည့်ပါ)

ဒါကြောင့်လည်း မြန်မာပညာရှင်တွေ အချိန်အကြာကြီး လုပ်နေကြရတာလို့ ထင်မိပါတယ်။ ကျွန်တှောတို့ကတော့ သူတို့ ညှိနှိုင်းဆွေးနွေး ထားတာတွေ အပှေါမှာ ကိုးကား ဖတ်ရှုလေ့လာပြီး စမ်းသပ်ကြည့်တဲ့ သဘောပါ။ ကောင်းတဲ့ အချက်လေးတွေ ထွက်လာရင် မြန်မာယူနီကုဒ် ခိုင်ခိုင်မာမာ တစ်ခုရအောင် ကိုယ်တတ်နိုင်သမျှ အကြံပြုနိုင်အောင် လို့ပါပဲ။ မြန်မာစာလုံးတွေ ဘယ်လောက်များတယ် ရှုပ်ထွေးတယ် ဆိုတာကို သိချင်ရင် အချိန်အားတဲ့အခါ ဇယားချပြီး ဗျည်းနဲ့သရ၊ ဗျည်းနဲ့ဗျည်းတွဲ၊ ဗျည်းသရနဲ့ဗျည်းတွဲ၊ အဲဒါတွေနဲ့ အသတ်များ စတာတွေကို စီကြည့်မယ်ဆိုရင် သိလာပါလိမ့်မယ်။

Tuesday, May 22, 2007

Myanmar Literatures

ကိုယ်တိုင် မြန်မာဖောင့် လုပ်မယ်ဆိုတော့မှ မြန်မာစာနဲ့ ပတ်သတ်တဲ့ စာတွေ တှောတှော ပြန်ဖတ်မိတယ်။ အဘိဓာန်ကစလို့ ဟိုးအရင်က စာလုံးပေါင်း သတ်ပုံကျမ်းတွေ အထိပေါ့။ စာလုံးပေါင်း သတ်ပုံတွေ အများကြီး ပြောင်းလဲသွားတာ တွေ့ရတယ်။ ရှင်ဥကဿကံသမာလာရဲ့ ဝဏဿဏဗောဓနသတ်အင်းမှာ ပါတဲ့ တချို့စာလုံးတွေလည်း နောက်ပိုင်းမှာ ပျောက်သွားတယ်။ ဗျည်းအသတ်တွေလည်း အများကြီး ပြောင်းလဲသွားတယ်။ သရတွေကလည်း အမျိုးမျိုးတွေ့ရတယ်။ မြန်မာစာအဖွဲ့ထုတ် စာအုပ်မှာတော့ သရ ၁၂လုံးပြတယ်။ ဗျည်း ၃၃လုံးကို သရ ၁၂လုံးနဲ့တွဲ၊ ဗျည်း၃၃လုံးကို ဗျည်းတွဲ ၁၂မျိုးနဲ့တွဲ၊ ဗျည်း ၃၃လုံးကို ဗျည်းအသတ်တွေနဲ့တွဲ၊ ဗျည်းဗျည်းတွဲတွေကို သရ ၁၂လုံးနဲ့ ပြန်တွဲ၊ ဗျည်းအသတ်တွေကို သရတွေနဲ့တွဲ၊ အောက်မြစ်တွေ၊ သေးသေးတင်တွေပေါင်း။ ရှုပ်ရှက်ခက်နေတာပဲ။ အဲဒီလိုနဲ့ မြန်မာစကားနဲ့စာဟာ အလွန်ကျယ်ပြန့်ပါလားဆိုတာ သိလာတယ်။ အရင်က အဲဒီလောက် မထင်ခဲ့ဘူး။ ကဝိလကဿခဏာမှာ မပါတဲ့ စာလုံးတွေလည်း အခုနောက်ပိုင်း တွေ့လာရတယ်။ ကဝိလကဿခဏာဖတ်ရင်းက အဲဒီအထဲမှာ ဖြေမထားရသေးတဲ့ အဖြေတွေ အများကြီး ကျန်နေတာ တွေ့ရတယ်။ ကိုယ်ဖြေနိုင်တာတွေ တွေ့တော့ တေးမှတ်ထားတယ်။ နောင်တစ်ချိန် အားရင် ဖြေမယ် စိတ်ကူးတယ်။ ပညာရှင်လိုတော့ အကိုးအကား အစုံအလင်နဲ့ ဖြေနိုင်မှာ မဟုတ်ဘူး။ အညွှန်းလောက်ပေါ့။

မြန်မာ နကဿခတ်တာရာတွေ အကြောင်းကို အနောက်တိုင်း နကဿခတ်တွေနဲ့ တိုက်ဆိုင်ပြီး ရေးနေမိတယ်။ အရင်ထုတ်ခဲ့တဲ့ စာအုပ်တွေမှာ သိပဿပံနည်းကျ တိတိကျကျ မပါဘူး။ လူပြိန်းနားမလည်နိုင်ဘူး။ နားလည်မလွယ်တော့ လူတွေ စိတ်မဝင်စား ကြတော့ဘူး။ အဲဒီတော့ ပညာရပ်တွေ ပျောက်ကုန်တယ်။ နကဿခတ်ဗေဒင် စာအုပ်တွေပဲ ဈေးကွက်မှာ ရှိတယ်။ ဗဟုသုတ အနေနဲ့ လေ့လာချင်ရင် တှောတှောခက်တာ တွေ့ရတယ်။ ဆရာမရှိရင် မလွယ်ဘူး။ ဒီစာအုပ်လေးပြီးရင် လူတိုင်း ကောင်းကင်ကို ကြည့်တဲ့အခါ ဘယ်နကဿခတ်ဟာ ဘာဆိုတာ သိလာရမယ်။ လောလောဆယ်တော့ စာအုပ်ဟောင်းဈေးက သိပ်ကြီးတယ်။ အားလုံး မဝယ်နိုင်ဘူး။ အခွင့်သင့်ရင်တော့ တကဿကသိုလ်စာကြည့်တိုက် အသင်းဝင်မယ် စိတ်ကူးထားတယ်။

အခုတလော မြန်မာစာပေ စာအုပ်ဟောင်းတွေ ဖတ်ရတာ တှောတှော အရသာ တွေ့နေတယ်။ ဝယ်လည်း စုဖြစ်တယ်။ လောလောဆယ် ဖတ်ဖြစ်နေတဲ့ စာအုပ်တွေ-

မြန်မာအဘိဓာန်
မြန်မာစာရေးထုံးကျမ်း
ဝဏဿဏဗောဓနသတ်အင်း
စွယ်စုံကျှောထင်
ကဝိလကဿခဏာ ၃ကျမ်း
လောကဗျူဟာ
မြန်မာသဒဿဒါ
မြန်မာမင်းများ အရေးတှောပုံ
ဝေါဟာရလီနတဿထပကာသနီ
မိုးပှေါမှာကြယ်တစ်လုံး
အာကာသသျှတဿတရ အဖွင့်ကျမ်း
ကောင်းကင်အမြင်ကြည့်နကဿခတ်ပညာ
နကဿခတ်ပညာအလင်းပြကျမ်း
နကဿခတ္ဒီပနီ
မဟာဘရတ
ကိုးကွယ်မှု အပင်များနှင့် ပုံပြင်
အိနဿဒိယကို ရှာဖွေတွေ့ရှိခြင်း
မြန်မာ့ဦးစွန်း မြန်မာ့မှောကွန်း

စာအုပ်အဟောင်းတွေ ရောင်းတဲ့သူ ရှိရင်လည်း ဝယ်ချင်တယ်။ သိပ်ဈေးမများဘူး ဆိုရင်ပေါ့။ စာအုပ်တန်းမှာတော့ မတရား ဈေးဆိုကြတယ်။


Wednesday, May 16, 2007

109-110

အလုပ်လည်းမရှိ၊ ပိုက်ဆံလည်း မရှိ၊ အလုပ်ခန့်မယ့်သူလည်း မရှိ။ ပြန်စရာစရိတ်လည်းမရှိ။ နောက်ဆုံး သောက်သုံးနေသော ဆေးလိပ် ဈေးအပေါဆုံး အနီရောင် ပတဿတျမား။ ဟူး


Sunday, May 13, 2007

ေန့အိပ္ညေပ်ာှေတာှတီးေတာှ ၆

ေန့အိပ္ညေပ်ာှေတာှတီးေတာှ
အပိုင်း ၆


လိုတိုးပိုညှစ် ကိုဖိုးချစ်

နွေဥဩ တစ်ကောင်က စူးစူးဝါးဝါး လွမ်းလွမ်းဆွတ်ဆွတ် အှောမြည်နေတဲ့ အချိန်မှာ သူ့ကို မွေးခဲ့လို့ သူဟာ အချစ်ရေးမှာ အမြဲ ကံမကောင်းတဲ့သူလို့ သိတတ်စ အရွယ်ထဲက တဖွဖွ ပြောတတ်တယ်။ သူ့နာမည် အရင်းက ဇေယျာစိုင်း။ သူငယ်ငယ် ကလေးဘဝတုန်းက ဆိုးလွန်းလို့ သူ့မိဘတွေက မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး အဖိုး ဖြစ်သူထံမှာ အပ်ထားရသတဲ့။ သူ့အဖိုးကလည်း နာမည်တစ်လုံးနဲ့ နေတဲ့သူ။ ဦးဖိုးတဲ့။ ဟိုးအရင် အဂဿငလိပ်ခေတ်တုန်းက ရန်ကုန်တစ်ခွင်ကို အပိုင်ကိုင်ရတဲ့ ပုလိပ်အင်စပတ်တှောကြီး။ လမ်းသွားရင်တောင် လက်ထဲမှာ တုတ်လေး တဆဆနဲ့။ စဉ်းစားဖို့ လိုလာပြီဆိုရင် အပှေါ ဘလေဇာကုတ်ထဲကနေ စတီးလ်ဗူး အပြားလေးကို ထုတ်ပြီး ယမကာလေးက မှီဝဲတတ်သေးတယ်။ လမ်းမတှောဖိုးတုတ်တို့ ဗိုလ်တထောင် ငမိုးတို့ဆိုတာ သူ့နေရာမှာသာ ရဲကြတာ။ ဦးဖိုးနဲ့တွေ့ရင် အပိုးကို သေလို့။ မသေလို့လည်း မရဘူးလေ။ သူမူးလာရင် ခုံတစ်လုံး ပေးထိုင်ပြီး ရစ်နေတာ တစ်နေ့လုံး တစ်ညလုံး မပြီးတော့ဘူး။ လက်သံကလည်း ဘာပြောင်သလဲ မမေးနဲ့။ သူ မယ်ဒလင်တီးရင် အားလုံးနားပိတ်လို့ နေကြရတယ်။ အဲဒီလို။

ဒီလိုနဲ့ ဦးဖိုးတစ်ယောက် အသက်ကြီးလာတော့ အငြိမ်းစားယူပြီး ရွှေတောင်ကြားထဲက တိုက်လေးတစ်လုံးမှာ ဝါသနာပါရာ စာပေကျမ်းဂန်တွေကို လေ့လာလိုက်စား နေထိုင်နေတုန်းမှာပဲ သူ့ရဲ့ ပါရမီ ဖြည့်ဖက် ဒှေါဖွားမြတစ်ယောက် လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ ဘယ်တုန်းကမှ တစ်ယောက်ထဲ မနေတတ်တဲ့ ဦးဖိုးတစ်ယောက် တှောတော့ကို ခံစားခဲ့ရတယ်။ အရင်တုန်းက သူဘယ်လို မြည်တွန် တောက်တီး ဆူဆဲ အှောဟောက် ကြိမ်းမောင်း ခြိမ်းခြောက် လုပ်ခဲ့မိ လုပ်ခဲ့မိ တစ်လုံးတစ်ပါဒမှ ပြန်လည်းမပြော အပြစ်လည်း မယူခဲ့တဲ့ သူ့ကို အလွန်ချစ်ရှာတဲ့ဇနီး ဆုံးပါးသွားတဲ့နောက်မှာ ဘာကို အမှီပြုရမှန်း မသိတော့တာနဲ့ ယခင်က စတီးလ်ပြားလေးကိုပဲ ပြန်အဖှောပြုနေခဲ့ရတယ်။ ဒါကြောင့် မောင်ဇေယျာစိုင်းလေးရဲ့ မိဘများက ဖခင်ကြီးလည်း အဖှောရအောင်၊ ဒင်းကိုလည်း ဆုံးမရအောင်လို့ တစ်နေ့မှာတော့ အှောဟစ်ငိုယိုနေတဲ့ ကြားက အတင်းချုပ်ပြီး ဦးဖိုးဆီကို ပို့လိုက်ပါတော့တယ်။ (မကောင်းကျောင်းပို့ ဆိုတာမျိုးပေါ့။)

သားသားလေးရေ
သားသားလေးရေ
မြေးချစ်လေးရေ
ဇေယျာစိုင်းလေးရေ
ပူတူတူးလေးရေ

ဘယ်လိုခှေါခှေါ ဒင်းကတော့ ပြန်မထူးပါဘူး။ မျက်မှောင်ကို ကျုံ့ပြီး ပေကြည့်နေတယ်။ ကြာလာတော့ ဦးဖိုးလည်း စိတ်မရှည်တော့ဘူး။

ဟေ့ကောင်
သောက်ပင်းလေး
လာစမ်းဒီကို
ဒီလောက် ခှေါနေတာကို ပေကြည့်နေတယ်
ငါကိုင်ထည့်လိုက်ရ သေတော့မယ် တောက်

အဲဒီလို အကြမ်းကိုင် ထည့်လိုက်တော့မှ ဒင်းရဲ့မျက်နှာက လှုပ်လာတယ်။ ငိုမဲ့မဲ့ ဖြစ်လာတယ်။ ပြီးတော့ တအဲ့အဲ့ အသံထွက်လာတယ်။ ပြီးတော့ ရှိုက်ရှိုက်ငိုတယ်။ ပြီးတော့ ကြုံးကြုံးအှောငိုတယ်။ ဘိုးဖိုး မျက်နှာကြီးကတော့ အရင်ပုလိပ်ဘဝက သူ့အနွံအတာ ခံရတဲ့ တပည့်သားမြေးတွေကို ပြန်သတိရလိုက်ပြီး ပြုံးဖြီးဖြီး ဖြစ်လာတယ်။ အမှန်ကတော့ တစ်သက်လုံး သူတပါး အပှေါမှာ ဟိန်းဟောက် အမိန့်ပေးခဲ့တဲ့ သူ့ဝသီဘှောကို အငြိမ်းစား ယူပြီးကတည်းက ကောင်းကောင်း အသုံးမချရတာ ကြာနေခဲ့ပြီ။ အခုမှ သူ့ဆနဿဒရှိသလောက် ဆဲဆိုတဲ့ဒဏ်ကို ခံမယ့်သူတစ်ယောက် ရောက်လာပြီဆိုပြီး ငယ်မူငယ်သွေးတွေ ပြန်ကြွလာတဲ့ သဘောပါပဲ။

ဒီလိုနဲ့ အဲဒီနေ့ကစပြီး မောင်ဇေယျာစိုင်းလေးရဲ့ အှောဟစ်ငိုယိုသံ၊ ဦးဖိုးရဲ့ ဆူသံဆဲသံ ချော့မြူသံတွေဟာ ပတ်ဝန်းကျင်ကလူတွေ နားမခံသာအောင်ကို ကြားလာရတော့တယ်။ တစ်ခါတစ်လေတော့လည်း ဦးဖိုးစိတ်ကောင်း ဝင်နေတဲ့အချိန် မောင်ဇေယျာစိုင်းလေးကို ပုခုံးပှေါ ခွပိုးတင်ပြီး နံနက်ခင်းတိုင်း လမ်းလျှောက် ထွက်တတ်တယ်။ ပြီးရင် တွေ့တဲ့ သူတိုင်းကို ဒါကျုပ်မြေးချစ်လေးလေ ဆိုပြီး ဂုဏ်ယူမိတ်ဆက် တတ်သေးတယ်။ ဒါမျိုးက တစ်နေ့လည်းမဟုတ် နေ့တိုင်း။ ဒင်းကလည်း ဒင်းပဲ အဲဒီလို လူတွေရှေ့မှာ တယုတယ ဆက်ဆံလိုက်မိတိုင်း ဦးဖိုးရဲ့ ကိုယ်ပှေါကို သေးပေါက်ချတတ်တယ်။ အဲဒီအခါကျရင် ဦးဖိုးရဲ့ မျက်နှာကြီးက နီရဲလာပြီး ဒင်းကို ကှောကှောဆဲပါတော့တယ်။ ပြီးရင် အဲဒီ၎နှစ်သား ကလေးကို အဲဒီနေရာမှာ ဒီအတိုင်းထားခဲ့ပြီး သူကတော့ တရှုးရှုးတရှဲရှဲနဲ့ အိမ်ပြန်သွားတော့တယ်။ ထူးဆန်းတာက ဟိုကောင်လေးကလည်း တဗြဲဗြဲငိုရင်း အိမ်ကို တန်းတန်းမတ်မတ် ပြန်လိုက်သွားတတ်တာပါပဲ။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ မောင်ဇေယျာစိုင်းလေးကို ဦးဖိုးရဲ့ အချစ်တှော အှောပေလေးမို့ ဖိုးချစ်လို့ အားလုံးက အမည်ပေးလိုက် ကြတော့တယ်။ (အှောပေ ဆိုသည်မှာ ခေတ်ပှေါ မြန်မာ ဗန်းစကား အှောစတှောနီနှင့် ပေကြောင်ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်)

ဒီလိုနဲ့ မောင်ဖိုးချစ်လေးဟာ ဘဖိုးရဲ့ လက်အောက်မှာ အရွယ်ရလာတယ်။ ဘဖိုးကလည်း တစ်ဦးတည်းသော မြေးလေးမို့ အစစအရာရာ အလိုလိုက်ထားတယ်။ လိုချင်တာမှန်သမျှ ဝယ်ပေးတယ်။ ဒါပေမယ့် စည်းကမ်းနဲ့ ပညာရေးကိုတော့ တစ်ပြားသားမှ မလျော့ဘူး။ စာမေးပွဲတွေဆို အဆင့်တစ်ရမှ၊ ဂုဏ်ထူးဆို ဘာသာစုံပါမှလို့ ရာဇသံပေးထားတယ်။ အဲ တကယ်လို့မှ အဲဒီလို မရခဲ့ရင် ဘဖိုးက အပြတ်ဆှောတော့တာပဲ။ မောင်ဖိုးချစ်လေးလည်း အစွမ်းကုန် ကြိုးစားရှာပါတယ်။ ဒါပေမယ့် သိကြားမင်း ခရီးလှည့်လည်နေခိုက် ပဏဿဍုကဗလာ ကျောက်ဖျာတင်းလေတာကို မသိတာမို့ မောင်ဖိုးချစ်လေးဟာ သူငယ်တန်းကစလို့ လစဉ်လတိုင်း အမြဲ အဆှောခံရတော့တယ်။ ဒါပေမယ့် ဆှောလေချစ်လေလို့ပဲ ဆိုရမလား မသိပါဘူး သူတို့မြေးအဘိုးရဲ့ သံယောဇဉ်က တိုးတိုးလို့ လာခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ မောင်ဖိုးချစ်လေး မိဘတွေဟာ နိုင်ငံရပ်ခြားမှာ အခြေချဖို့ ကြုံလာလို့ မောင်ဖိုးချစ်လေးကို သူတို့အဖေ ဘဖိုးဆီကနေ လာခှေါတယ်။ ဘဖိုးကတော့ ဘာမှ ထွေထွေထူးထူး မပြောရှာပါဘူး။ အေးလေ တိုးတက်ရာ တိုးတက်ကြောင်းမို့ အဘိုး ခွင့်ပြုပါတယ်ကွာ လိုက်သွားတော့ ငါးမြေးကြီးရေလို့ ပြောပြီး မျက်နှာကို တစ်ဖက် လှည့်ထားတယ်။ အဲဒီအချိန်မှာ ပစဿစည်းတွေကို သိမ်းဆည်းနေတဲ့ မောင်ဖိုးချစ်ဟာ ဘဖိုး မျက်နှာလှည့်ထားတဲ့ဘက်က မှန်တွေကနေ သူ့အဘိုး မေးကြောကြီးတွေ ထောင်ထနေပြီး မျက်ဝန်းက မျက်ရည်တွေ ကျနေတာကို တွေ့လိုက်ရတဲ့အခါ အဘိုးနဲ့ခွဲပြီး ဘယ်မှ လိုက်မသွားတော့ဘူးဆိုပြီး ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။

အသက်ကြီး လာတာနဲ့အမျှ မောင်ဖိုးချစ်လေးရဲ့ အမူစရိုက်တွေက လည်း ပြောင်းလဲလာတယ်။ ငယ်ငယ်က ပေခဲ့ဆိုးခဲ့တာတွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး အေးအေးဆေးဆေး နေလာတာ တွေ့ရတယ်။ အားရင် ဘဖိုးရဲ့ စာအုပ်ပုံထဲက စာအုပ်တွေကို ယူယူဖတ်နေတတ်တယ်။ ဘဖိုးဆီမှာက စာအုပ်တွေက အများသား။ လူငယ်ကြိုက် အဖှောအချွတ် စာအုပ်တွေကစလို့ လောကီကျမ်း လောကုတဿတရာကျမ်းဂန်တွေအထိ ရှိတယ်။ (လူငယ်ကြိုက် စာအုပ်များမှာ ဘဖိုးဝယ်စုထားတာ မဟုတ်ရကြောင်း သူ့တပည့်များ ပေးထားသော စာအုပ်များသာဖြစ်ကြောင်း စာရေးသူအနေဖြင့် အာမခံလိုက်ပါသည်။ သို့မဟုတ်လျှင် မောင်ဖိုးချစ်က ကျွန်ုပ်အား မဟုတ်မဟတ် ရေးသည်ဟု အမျက်သိုသွားမည်ကို စိုးသောကြောင့် ဖြစ်ကြောင်း အလျင်းသင့်၍ တင်ပြအပ်ပါသည်။) သူကိုယ်တိုင်က စာဖတ်ဝါသနာပါသူ သုတေသန ဝါသနာပါသူမို့ အဖိုးတန် စာအုပ်လေးတွေကို စုစုထားတတ်တယ်။ ဘဖိုးကလည်း သူ့မြေးချစ်လေး ဆိုးသွမ်းနေတာထက်စာရင် ဒီလို ငြိမ်ငြိမ်ဆိမ်ဆိမ် အေးအေးလူလူ စာဖတ်နေတာကမှ တှောလိမ့်ဦးမယ်ဆိုပြီး ဘာဖတ်ဖတ် သဘောကျလို့ နေပါတယ်။ ဒီလိုနဲ့ မောင်ဖိုးချစ်လေးဟာ အသက် ၁၆နှစ်သားမှာ စာပေါင်းစုံဖတ်ပြီး အတတ်ပေါင်းစုံကို တှောတှောတတ်သိ နားလည် နေခဲ့ပြီ။ (ဒင်းဖတ်သော စာအုပ်များတွင် အထက်က ကျွန်တှော အာမခံထားသော စာအုပ်များ လုံးဝလုံးဝ မပါကြောင်း ထပ်ဆင့် အာမခံလိုက် ရပါသည်။ အဘယ်ကြောင့်ဆိုသှော ဒင်းသည် တဏှာရာဂကို ငယ်စဉ်ကတည်းက စိတ်ကုန်ခဲ့ပြီဟု စာရေးသူကို ဖွင့်ဟပြောခဲ့ဖူးသောကြောင့် ဖြစ်ပေသည်။ ဤကား စကားချပ်)

ဒီလို တည်ငြိမ်လာတဲ့ မောင်ဖိုးချစ်ရဲ့ ဘဝမှာ ထူးထူးခြားခြား သူငယ်ချင်းဆိုလို့ နှစ်ဦးပဲ ရှိခဲ့တယ်။ တစ်ဦးက သူတို့ အိမ်ဘေးမှာ နေတဲ့ ရဲတင်း( နောက်ပိုင်းတွင် ဒင်းသည်လည်း ရှုပ်ထွေးပွေလီလှသော စနေငပေ၏ ဇာတ်လမ်းကြီးထဲသို့ တိုးဝင်လာမည်ဖြစ်သော အထူးဇာတ်ကောင် တစ်ယောက် ဖြစ်ကြောင်းကို စာဖတ်သူများ ဖတ်ရှုကြရမည် ဖြစ်ပေသည်။) နောက်တစ်ယောက်ကတော့ မောင်ဖိုးချစ် ငယ်ငယ်ထဲက သံယောဇဉ် ဖြစ်ခဲ့ရတဲ့ သူ့ရဲ့ တစ်ဦးတည်းသော မိန်းခလေး သူငယ်ချင်း မြကျောက်။ ငယ်စဉ်ကတော့ သံယောဇဉ်ကို အကြောင်းပြခဲ့ပေမယ့် ကြီးလာတော့ အကျိုးတရားက အချစ်ဖြစ်လာခဲ့ပြီ။ ကြီးလာပြီဆိုတဲ့ အချိန်က မောင်ဖိုးချစ် ၁၂နှစ် (ရတန်း ကျောင်းသားဘဝ)

မြကျောက် နင့်ကိုငါ ချစ်တယ်
ချစ်ရင် ငှက်ပျောသီးဝယ်ကျွေး
ဝယ်ကျွေးစရာ မလိုပါဘူး မြကျောက်ရယ် အသင့်ရှိပါတယ် ဟင်းဟင်း
အင် ဟုတ်လို့လား အချစ်ကလည်း (အချစ်ဆိုသည်မှာ ဖိုးချစ်နှင့် စသိကတည်းက ခှေါသော အာလုတ်စကား)
အေးလေ ဟုတ်ပါတယ်ဟ ငါတို့အိမ်မှာ ငှက်ပျောပင်တွေမှ များကြီး
လာ ဒါဆို သွားစားကြရအောင်
အေး သွားမယ် ငါနင့်ကို ချစ်လို့ ကျွေးတာနှော ဟီဟိ
အေးပါဟယ် နင်ကလည်း ဟင့်

ဒီလိုနဲ့ ဖိုးချစ်ကလေးဟာ ၁၂နှစ်သားမှာ ငှက်ပျောသီးကျွေးရင် သူ့ရဲ့ အချစ်ကို မြကျောက်က အသိအမှတ်ပြုတာ ခံခဲ့ရပါတယ်။ ပျှောမဆုံး မှောမဆုံးပေါ့။ သူ့စိတ်ထဲမှာ သူတို့နှစ်ဦး ချစ်သူ ဖြစ်သွားကြပြီလို့ ထင်ထားတယ်။ ဘာလို့လည်းဆိုတော့ သူ့ဘဖိုး အရက်မူးတုန်းက သူ့ကို ပြောတာ ကြားဖူးတယ်။ မှတ်ထားငါ့မြေး မိန်းမတွေဟာ ချစ်ပြီဆိုရင် ဘာကိုမှ မစဉ်းစားတော့ဘူး။ ဘာကျွေးကျွေး စားတော့တာပဲ ဟူ၍ဖြစ်သည်။ (အမှန်စင်စစ် ဘဖိုး ပြောလိုရင်းမှာ မိန်းမတွေသည် သူတို့သာ ချစ်လို့ကတော့ အချစ်အတွက် အသက်ပင်သေသေ ချစ်သူအတွက် ရဲရဲရင့်ရင့် အဆိပ်ပင် သောက်ရဲသည်ဟု ဖြစ်မည် ထင်ရသည်။ သို့သှောလည်း ထိုအရာကို မောင်ဖိုးချစ်လေးက လိုရာဆွဲ၍ နားလည်လိုက်ဟန် တူလေသည်။ ဤကားစကားချပ်) မြကျောက်တို့ နေတာက ဖိုးချစ်တို့နဲ့ အိမ်နောက်ဖေးချင်း ကပ်လျက်။ သူတို့ အိမ်နှစ်အိမ်က တကယ်တော့ သိပ်မတည့်လှ။ ဘဖိုးနဲ့ မြကျောက်အဖိုး ဘိုးပွင့်တို့က ရည်းစားလုဘက်။ ဆုံးသွားတဲ့ ဒှေါဖွားမြ ငယ်ငယ် ဆံတောက်သိမ်း အရွယ်ထဲက သူတို့ နှစ်ဦးသားက ပြိုင်ပိုးခဲ့ကြတာ။ ဘိုးပွင့် အဂဿငလန်သွားပြီး ဆေးပညာ သင်ကြားနေချိန်မှာ ဘဖိုးက အရယူခဲ့တာ။ အမှန်ဆို ဘိုးပွင့်နဲ့ အရီးဖွားမြနဲ့က ဘိုးပွင့် ဟိုမှာနေလို့ ကျောင်းသုံးနှစ်ပြီးရင် ပြန်လာပြီး လက်ထပ်ပါမယ်လို့ ကတိစကားတွေ ထားပြီးသား။ ဒါပေမယ့် ဘိုးပွင့်က ဟိုမှာ စာပူတွေမိပြီး ပြန်မလာနိုင်တဲ့အခါ အရီးဖွားမြက သစဿစာဖျက်သူကြီးရယ်လို့ သတ်မှတ်ပြီး ဘဖိုးအချစ်ကို လက်ခံလိုက်တာ။ ဘိုးပွင့်ကလည်း အဲဒီသတင်းကို ကြားတဲ့အခါ နားလည်မှု မရှိတဲ့မိန်းမ၊ သစဿစာမရှိတဲ့ မိန်းမရယ်လို့ အမျက်ပွားပြီး အိမ်ကပေးစားသူနဲ့ ယူခဲ့ရတာ။ ဘဖိုးကလည်း ဒီဇာတ်လမ်းတွေကို သိပါတယ်။ ဒါပေမယ့် သူ့ဝါဒက အချစ်ဆိုတာ ရယူခြင်းရယ်လို့ လက်ခံထားတာမို့ သိစိတ်မှာ ဂုဏ်ယူနေခဲ့တယ်။ မသိစိတ်မှာကတော့ ငါဟာ သူ့အချစ်ကို ဒင်းနောက်မှ ရခဲ့တာဆိုပြီး တစ်သက်လုံး မကျေမချမ်း ဖြစ်နေခဲ့တာပါ။ ဒါကြောင့်လည်း ဘဖိုးက ရွှေတောင်ကြားထဲမှာ သူတို့လင်မယား နေမယ် အိမ်ရွေးတော့ ဘိုးပွင့်အိမ်နဲ့ နောက်ဖေးချင်း ကပ်လျက်ကို ရွေးလိုက်ရော။ ဇာတ်လမ်းက အဲဒီလို။ ဒါပေမယ့် သူတို့ချင်းသာ ငယ်သူငယ်ချင်းဖြစ်လျက်နဲ့ မတည့်ကြ ကြည့်မရကြ ဖြစ်နေတာပါ။ သူတို့ မြေးလေးတွေရဲ့ နုနယ်တဲ့ ဦးနှောက်ထဲကိုတော့ အဲဒီ အာဃာတတွေ ထည့်မပေးကြပါဘူး။ ဒါကြောင့်လည်း ဖိုးချစ်နဲ့ မြကျောက်လေးဟာ လွတ်လွတ်လပ်လပ် ပျှောပျှောရွှင်ရွှင် ပေါင်းလို့သင်းလို့ ရခဲ့တယ်။ ကျောင်းသွားပြီဆို သူရယ် ရဲတင်းရယ် မြကျောက်ရယ် အတူတူ သွားကြတယ်။ အဲဒီအချိန်အထိ ဖိုးချစ်တို့က ဘောင်းဘီတိုလေးတွေနဲ့။ မြကျောက်ကလည်း ဂါဝန်လေးနဲ့။ ဒီလို လွတ်လပ်ပျှောရွှင်တဲ့ သူတို့ရဲ့ ကလေးဘဝလေးကို ဖျက်ဆီးပစ်လိုက်တာက ရတန်းကျောင်းတွေပိတ်တဲ့ နွေရာသီ။

ရနှစ်တန်း စာမေးပွဲကြီးပြီးတော့ မြကျောက်တို့ မိသားစု အထက်အညာ မနဿတလေးကို အလည်သွားကြတယ်။ ဖိုးချစ်တို့ကတော့ ထုံးစံအတိုင်း ငါ့ကိုသတိရနေနှော၊ ငါလည်း သတိရနေမယ်၊ ပြန်မလာရင် ငိုမှာပဲ စတဲ့ အလွမ်းအဆွေး စကားလေးတွေကို ပြောရင်း ကြိတ်ဝမ်းနည်း နေရတာပေါ့။ ဒါပေမယ့် ဒါကလည်း တစ်ရက် နှစ်ရက်လောက်ပါပဲ။ နောက်နေ့ ရဲတင်းရောက်လာပြီး ဟိုကစား ဒီကစား ကစားမိကြတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပါပဲ။ မနက်မိုးလင်းတာနဲ့ သူတို့နှစ်ယောက်က ဟိုဘက် ရပ်ကွက်ကို ကူးပြီး သရေကွင်း ပစ်ကြတယ်။ ဂှေါလီရိုက်တယ်။ အရုပ်ပစ်တယ်။ ဖိုးချစ်က သရေကွင်း ပစ်တဲ့ နေရာမှာ နံပါတ်တစ်၊ ရဲတင်းက ဂှေါလီမှာ ဘုရင်။ ဖိုးချစ်က သူ့လည်ပင်းမှာ သူပစ်လို့နိုင်တဲ့ သားရေကွင်းတွေကို အတွဲတွေလုပ်ပြီး ချိတ်ဆွဲထားတတ်တယ်။ ရဲတင်းကတော့ လွယ်အိတ်တစ်လုံးနဲ့ နိုင်သမျှ ဂှေါလီတွေကို သိမ်းကြုံးထည့်နေ တော့တာပဲ။ သူတို့ကသာ ပျှောလို့ပါးလို့ လွတ်လပ်နေပေမယ့် သူတို့သတိမထားမိတာက ဘဖိုးဟာ အရင်လို မဟုတ်ဘူး။ ထူးခြားနေတယ်။ အရင်ကလိုလည်း မနက်မနက် ထထလမ်းမလျှောက်တော့ဘူး။ တခါတလေလည်း ခှေါရင် မထူးဘူး။ တနေရာရာကို ကြည့်ပြီး တွေးနေတတ်တယ်။ စာအုပ်ဘီရိုကြီးတွေ အားလုံးကိုဖွင့်ပြီး သဲသဲမဲမဲ ဖတ်နေတာလည်း တွေ့ရတတ်တယ်။ ခါတိုင်းလို သူတို့ကို စာကျက်ဖို့တွေ ဘာတွေလည်း သိပ်မပြောဘူး။ ထမင်းလည်း သိပ်မစားဘူး။ အရက်ကိုတော့ ခါတိုင်းထက် ပိုပိုသောက်တာ တွေ့နေရတယ်။ ဘဖိုး ဘယ်လိုပဲ ဖြစ်နေနေ ကလေးတွေဆိုတော့ သိပ်ဂရုမစိုက်ဖြစ် ကြဘူးပေါ့။ သူတို့လွတ်လပ်ရေးပဲ အရေးထားနေကြတာကိုး။

ဒီလိုနဲ့ နေလာလိုက်တာ ကျောင်းတွေဖွင့်ခါနီးတဲ့အထိ မြကျောက်တို့က ပြန်မလာဘူး။ ကျောင်းဖွင့်တော့လည်း မြကျောက် ရောက်မလာခဲ့ဘူး။ သူတို့ နှစ်ယောက်လည်း အဲဒီတော့မှ မြကျောက်ကို ကောင်းကောင်း သတိရလာ ကြတော့တယ်။ ဖိုးချစ်ကတော့ တခါတလေ ငါ့ချစ်သူ ရောက်မလာသေးဘူးကွာ.. ခံစားရတယ်ဆိုပြီး ရဲတင်းဆီမှာ ရင်ဖွင့်တတ်တယ်။ အဲဒီအခါမျိုးဆို ရဲတင်းက စွေစောင်းစောင်း ပမာမခန့်တဲ့ ပုံစံမျိုးနဲ့ ပြန်ကြည့်ပြီး ချစ်တယ်ဆိုတာ ခံစားရတယ်ကွ.. ချစ်မိသူဟာ အရှုံးပဲ ဘာညာနဲ့ ပြန်ပြောတတ်တယ်။ အဲဒီလိုသာ ပြောနေကြတာ သူတို့ပုံစံက ကျောင်းစိမ်း ဘောင်းဘီတိုလေးတွေနဲ့ ဘိုကေလို့ခှေါတဲ့ ရှေ့တစ်လက်မ နောက်ပြောင် ကေလေးတွေနဲ့။ အရပ်ကမှ ၅ပေ မပြည့်ချင်သေးဘူး။ (အဆိုပါ အချက်များမှာ စာရှုသူများကို ယင်းတို့၏ အခြေအနေ အသက် ဘဝပုံစံကို မြင်မြင်ထင်ထင် သိစေလို၍ တင်ပြထားခြင်းမျှသာ။ သူတို့ ရင်ထဲမှ ချစ်ခြင်းတရားများ၊ ခံစားချက်များ၊ ဒသနများကိုကား လားလားမှ အထင်အမြင် မသေးဝံ့ပါချေ)။ ဒီလိုနဲ့ သူတို့ နှစ်ယောက်ထဲ နေလာလိုက်တာ ရှစ်တန်းနှစ်လယ်လောက်မှာ မြကျောက်တို့ မိသားစု ပြန်ရောက်လာတယ်။


မြကျောက်

ဖိုးချစ်နဲ့ ရဲတင်းတို့ကား ကိုယ့်မျက်လုံးကိုကိုယ် မယုံချင် ဖြစ်နေကြတယ်။ သူတို့ဆီရောက်လာသော မြကျောက်ကို အထူးအဆန်း ပုံစံမျိုးနဲ့ ကြည့်နေမိတယ်။ ထွက်သွားတုန်းက ပိန်ပိန်သေးသေး ဂါဝန်လေးနဲ့ မြကျောက်။ အခုတော့ (ထိုအချိန်က မြကျောက်ပုံစံကို မှတ်သားထားခဲ့သော ရဲတင်း၏ ကိုယ်တိုင်ရေး အတဿထုပဿပတိပါ အချက်အလက် အချို့ကို ဆင်ဆာ ဖြတ်သင့်တာဖြတ်၍ တင်ပြလိုက်ပါသည်)

“ ထိုနေ့က ကျွန်တှောတို့ နှစ်ယောက်သား အိမ်ရှေ့က ဝါရန်ဒါအောက်တွင် ထိုင်ကာ ကျားထိုးနေကြသည်။ ထိုအချိန်တွင် ဟိတ်! ဟူသော အသံပြုပြီး မိန်းမတစ်ယောက် ရောက်လာသည်။ ရုတ်တရက် ကြည့်လိုက်မိသောအခါ တွေ့ဖူးသလိုလို ထင်လိုက်မိသည်။ ချက်ချင်းပင် အသိမဟုတ်ဘူးဟု ထင်လိုက်မိပြန်သည်။ သို့သှောလည်း ရင်းနှီးမှုကိုကား ခံစားနေရသည်။ ထိုအရာများမှာ တကယ်တော့ တခဏအတွင်း လက်ဖျစ်တတွတ်အတွင်း ခံစားလိုက်ရသော စိတ်အာရုံများသာ။ ဖိုးချစ်က ဟာ မြကျောက်ဟု ထအှောတော့မှ အဆိုပါ မိန်းခလေးမှာ မြကျောက်ဖြစ်မှန်း အသိစိတ်ဝင်လာတော့သည်။ မြကျောက်မှာ နေရောင်အောက်တွင် ဝင်းပနေသည်။ တီရှပ်အဖြူလေးနှင့် စကပ် အနက်ရောင်လေးကို ခပ်တိုတို ဝတ်ထားသည်။ လက်မောင်းသားလေးများမှ မွှေးညှင်းနုလေးများမှာ နေရောင်ထိုးသောကြောင့် ရွှေအိုရောင် တလက်လက် ထနေ၏။ ယခင်က တွေ့နေကြ ခြေထောက်များမှာလည်း အရင်ကလို မဟုတ်ကြတော့။ ပွတ်လုံးလေးတွေလို ဖြစ်နေသည်။ (ဆင်ဆာ..) ။

မျက်နှာလေးမှာ ခါတိုင်းထက် ဝင်းဖတ်နုစိုနေ၏။ နားဖျားလေးများနှင့် ပါးမို့မို့လေးများမှာ ရဲနေသည်။ နှုတ်ခမ်းလေးများကား နီဆွေးစွတ်ဆိုနေသည်။ မြကျောက်၏ ကိုယ်ခနဿဓာမှာ အရင်ကထက် ဖွံ့ထွားလာသည်ဟု သတိပြုလိုက်မိချိန်တွင် ကျွန်တှောတို့ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ အိမ်ဘေးက မာလကာပင်တွင် မာလကာသီးများ မှည့်ဝင်းနေကြပြီ။ အိမ်ရှေ့က စံပယ်ပင်တွင် စံပယ်ပန်းလေးများ ဖူးငုံနေကြပြီ။ (ဆင်ဆာ..) မဆီမဆိုင် ကျွန်တှော ဒါတွေလည်း တွေးလိုက်မိတယ်။ မြကျောက်မှာ ကျွန်တှောတို့နှင့် ဝေးကွာခဲ့သော ၉လကြာခန့် ကာလတွင် ပီဘိ မိန်းမတစ်ယောက် အဖြစ်သို့ အသွင်ပြောင်းလဲ ခဲ့လေပြီ။ ကျွန်တှောမှာ ပြောင်းလဲသွားသော သူ့ကိုယ်ခနဿဓာကောက်ကြောင်းများကို ကြည့်ရင်း ခဏချင်းပင် ဆရာမရှေ့ ရောက်နေသော ခလေးငယ်ပမာ သိမ်ငယ်စိတ် ဝင်လာမိသည်။ အမှန်တော့ ဒီပြောင်းလဲခြင်း တရားတွေကို ကျွန်တှောတို့ နှစ်ယောက်လုံး မသိကြလို့ မဟုတ်ပါ။ ကာလအတန်ကြာကပင် သူငယ်ချင်း နှစ်ယောက်သား ခြေခြေမြစ်မြစ် လေ့လာခဲ့ကြပြီး ဖြစ်သည်။ သို့သှောလည်း လက်တွေ့တကယ် ကြုံလာသောအခါဝယ် အံ့အားသင့် မင်တက်မိခြင်းမျိုးပင် ဖြစ်ချေတော့သည်။ မြကျောက်က သူ့ကို ထူးထူးဆန်းဆန်း ပုံစံဖြင့် ကြည့်နေကြသော ကျွန်တှောတို့ နှစ်ယောက်ကို ကြည့်ပြီး တခစ်ခစ် ရယ်ပါတော့သည်။ ပြီးတော့ ဘာကြည့်နေတာလဲ ငါပြန်လာတာလေ လို့ပြောပြီး ကျွန်တှောတို့ နှစ်ယောက်ရဲ့ ပုခုံးကို ကိုင်လိုက်ချိန်တွင် ဖိုးချစ်တစ်ယောက် တုန်တုန်ရီရီ ဖြစ်လို့နေတာ တွေ့လိုက်ရသည်။ ပြီးတော့ ကျွန်တှောတို့ နှစ်ဦးဘေးတွင် သူလာထိုင်ပြီး ငါနင်တို့ကို သိပ်သတိရတာပဲဟု ပြောနေသည်။ ကျွန်တှောမှာ သူဘာပြောနေတာလည်း ဆိုတာကို သေချာမကြား။ သူ့ရဲ့ အဖြူရောင် လက်သွယ်သွယ်လေးတွေကို ကြည့်နေမိသည်။ လည်ဂုတ်သားလေးမှာ မွှေးညှင်းနုလေးများကို ငေးနေမိသည်။ ရယ်မောလိုက်တိုင်း တသွင်သွင် လှုပ်အိနေသော သူ့ကိုယ်လေးကို သတိထားနေမိသည်။ ခြေဆင်းထိုင်နေသော သူမခြေထောက် ကလေးများ၏ ဖြူဖွေး နူးညံ့ပုံကိုလည်း ရင်မောနေမိသည်။ ( .. ဆင်ဆာ)"

ထိုမှတ်တမ်းကို ထိုထက် ပိုဖှောပြပါလျှင် ကျွန်ုပ်၏ ဝတဿထုတှောကြီးမှာ ဟိုဘက်သို့ ရောက်သွားမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း၊ လူငယ်များ လမ်းကြောင်းလွဲပြီး ပို၍ ပို၍ စိတ်ဝင်စားစိတ်များ တိုးပွားလာမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း ဤနေရာတွင် ရပ်တံ့လိုက် ရပါသည်။ ဆိုလိုရင်းမှာ မြကျောက်အရွယ်ရောက်ကာ ပြောင်းလဲသွားခြင်းကို ဖှောပြလိုခြင်း ဖြစ်ပေသည်။ (ထိုသူနှစ်ဦး ကျွန်တှော့ကို ဆဲပေတော့မည်။ ဤအဖြစ်အပျက်များမှာ ဖြစ်ရပ်မှန်ဟု လုံးဝလုံးဝ အာမမခံပါ။ ဟီဟိ)


ယခင်အပိုင်းများ

Tuesday, May 8, 2007

Greek Mythology 3

အခန်း (၂)

2.1 ယူရေးနပ်စ်အား သားဖြစ်သူ ခရိုးနပ်စ်မှ လုပ်ကြံခြင်း

ဂေးအာရဲ့ သားအဖြစ်သာမက ယောက်ျား အဖြစ်နဲ့ပါ စကြဝဠာကို အုပ်စိုးတဲ့ ယူရေးနပ်စ်ဟာ မွေးဖွားလာတဲ့ သားသမီးအားလုံးကို မျက်နှာသာ လုံးဝ မပေးပါဘူး။ ခွန်အားနဲ့ စွမ်းရည် အန်မတန်မှ ကြီးမားပြီး သူ့ကို တန်ပြန် အနဿတရာယ် ပြုနိုင်တဲ့ ဟီကာတွန်ချီးရပ်စ် သုံးဦးနဲ့ ဆိုင်ကလုပ်စ် သုံးဦးတို့ကို ငရဲမှာ ချထားလိုက်ပါတယ်။ သူဟာ အာဏာကို ယစ်မူးနေပြီး သူ့နေရာကို အစားထိုးပေးဖို့ ဆိုတာကို လက်မခံနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့်မို့ တိုင်တန်တွေကိုလည်း နှိမ်ထားဖို့ စီစဉ်ပါတယ်။ ဒီတစ်ခါတော့ သူတို့ကို ငရဲမပို့တော့ဘဲ မွေးလာသမျှ တိုင်တန်တွေကို မွေးမွေးချင်း ဂေးအာရဲ့ ဗိုက်ထဲကို ပြန်ထည့်လိုက်တာပါပဲ။ ဒီလိုနဲ့ တိုင်တန် ၁၂ယောက်စလုံးကို ဂေးအာဟာ ပြန်အန်ထုတ်ပြီး ရှင်သန်စေခဲ့တယ်။

ဒီလို အခြေအနေမျိုးကို ဂေးအာဟာ မကျေနပ်နိုင်ပါဘူး။ သူမွေးတဲ့မျောက် သူ့ပြန်ချောက် ဆိုသလို အရာအားလုံးရဲ့ ဖြစ်တည်ရာ မိခင်နတ်ဘုရားမ တစ်ဦးဟာ ယောက်ျားဖြစ်သူ ယူရေးနပ်စ်ရဲ့ လွှမ်းမိုး ချယ်လှယ်မှု ခံနေရတယ်ဆိုတာ တှောတှော ခံပြင်းစရာပဲ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ သားသမီးတွေကို ကိုယ်တိုင် ဒုကဿခပေးတာ မြင်နေရတဲ့ အမေတစ်ယောက် အနေနဲ့လည်း မခံစားနိုင်တော့တာကြောင့် သူမဟာ ယူရေးနပ်စ်ကို လက်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်ပြီး တိုင်တန်များကို တိုင်ပင်ပါတော့တယ်။ ဒါပေမယ့် အစပိုင်းမှာ တိုင်တန်တွေဟာ ယူရေးနပ်စ်ကို အလွန်ကြောက် နေကြပါတယ်။ သူတို့ဟာ မိခင်ဖြစ်သူရဲ့ အကြံကို လက်မခံနိုင် လက်မခံရဲ ကြပါဘူး။ နောက်ဆုံးမှာတော့ တိုင်တန်တွေထဲက အငယ်ဆုံးဖြစ်တဲ့ ခရိုးနပ်စ်က ဂေးအာရဲ့ အကြံကို လက်ခံလိုက်ပြီး ယူရေးနပ်စ်ကို သုတ်သင်ဖို့ ကတိပေးလိုက်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ခရိုးနပ်စ်ဟာ ဂေးအာရဲ့ အိပ်ခန်းထဲကနေ အသွားထက်မြက်တဲ့ လက်နက်ကို ကိုင်ဆောင်ရင်း တိတ်တဆိတ် စောင့်ဆိုင်းနေပါတယ်။ အဲဒီ အချိန်မှာပဲ ဖခင် ယူရေးနပ်စ် ရောက်လာပြီး ဂေးအာနဲ့ လက်တွဲပြီး ပျှောပွဲဆင်နွှဲဖို့ ပြင်တယ်။ ခရိုးနပ်စ်ဟာ ရလာတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ ဖခင် ယူရေးနပ်စ်ရဲ့ မျိုးပွားအဂဿငါကို လက်နဲ့ကိုင်ပြီး အခုန လက်နက်နဲ့ အပိုင်းပိုင်း ဖြတ်လိုက်တာ ယူရေးနပ်စ်ဟာ ဘာမှ တုံ့ပြန်ချိန် မရလိုက်ဘဲ သူ့ရဲ့ မျိုးအဂဿငါ အကုန်လုံးဟာ ပင်လယ်ထဲကို ကျရောက်သွားပါတော့တယ်။ အဲဒီနောက်ပိုင်း ယူရေးနပ်စ်ဟာ ကွယ်ပျောက်သွားခဲ့ပြီး သူ့နေရာကို သားဖြစ်သူ ခရိုးနပ်စ်က ရယူလိုက်ပါတယ်။


2.2 အကြွင်းမဲ့အာဏာရှင် ခရိုးနပ်စ်

ယူရေးနပ်စ်ကို လုပ်ကြံပြီး အာဏာသိမ်းယူမှု အောင်မြင်တဲ့အခါ ခရိုးနပ်စ်ဟာ ဖခင်ဖြစ်သူရဲ့ စကြဝဠာ ဧကရာဇ် နေရာကို ယူလိုက်ပါတယ်။ ငရဲကျနေတဲ့ သူ့မောင်နှမ အားလုံးနဲ့ တိုင်တန်အားလုံးကို အပြစ်ကနေ လွတ်ငြိမ်းခွင့် ပေးလိုက်တယ်။ မကြာခင်မှာပဲ သူဟာ ညီမဖြစ်သူ ရီအာ(Rhea) ကိုလက်ထပ် ထိမ်းမြားလိုက်ပါတယ်။

ခရိုးနပ်စ်ဟာ အစဦးပိုင်းမှာ တာတားရပ်စ်က လွတ်လာတဲ့ လူ့ဘီလူးကြီးတွေကို ဂရုမပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အာဏာယစ်မူးလာပြီး သူ့ကို အနဿတရာယ်ပေးလာမှာ စိုးရိမ်လာခဲ့တယ်။ ဒါကြောင့်မို့ သူဟာ အဲဒီ ညီအကို ခြောက်ဦးကို သူ့ဖခင်တုန်းကလိုပဲ ငရဲမှာ နောက်တစ်ခါ ချုပ်နှောင်ထားလိုက် ပြန်ပါတယ်။ ဒါပေမယ့် တိုင်တန်များရဲ့ ရန်ကိုတော့ မမှုတာမို့ လွတ်လပ်ခွင့် ပေးထားမြဲ ပေးထားတယ်။ ကျန်တိုင်တန် မောင်နှမများဟာ အချင်းချင်း ပြန်လက်ထပ်လိုက်ကြပါတယ်။

ခရိုးနပ်စ်ဟာ မိမိကိုယ်တိုင်က ဖခင်ဖြစ်သူကို လုပ်ကြံပြီး အာဏာလုယူခဲ့သူမို့ ကိုယ့်အလှည့်မှာလည်း ဒီလို အဖြစ်မျိုး ကြုံလာမှာကို စိုးရိမ်လို့ လာပါတယ်။ သူ့ဖခင်တုန်းက သူ့မိခင် ကိုယ်တိုင်က ဖြုတ်ချရေးမှာ အကြံပေးတိုက်တွန်း ကူညီခဲ့ဖူးတာကို လက်တွေ့ ကြုံခဲ့ရသူ လည်း ဖြစ်တယ်။ ဒါကြောင့်မို့ သူဟာ မိမိအာဏာ မထိပါးရေးအတွက် ဖခင်ရဲ့ လမ်းစဉ်ကို လိုက်ပြီး မွေးလာတဲ့ ခလေးတွေကို သုတ်သင်ဖို့ ပြင်ဆင်ခဲ့တယ်။ အဲဒီအခါ သူတို့တုန်းက ယူရေးနပ်စ်က ဂေးအာရဲ့ ဗိုက်ထဲကို ပြန်ထည့်ခဲ့ပေမယ့် ဂေးရာကိုယ်တိုင်က ပြန်လည်ထုတ်ယူ ခဲ့တာမို့ သူတို့ လွတ်မြောက်နိုင်ခဲ့တာကို သတိမူပြီး သူ့အလှည့်မှာတော့ သူ့ဗိုက်ထဲကိုပဲ မြိုချပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ သူ့မိန်းမ ရီအာ ကလေးမွေးလာတိုင်း မွေးလာတိုင်း ခရိုးနပ်စ်ဟာ သားသမီးအားလုံးကို သူကိုယ်တိုင် မြိုချပစ်လိုက်တာ စုစုပေါင်း ငါးယောက်တိတိပါပဲ။

သားသမီးတွေ ဒီလို အလုပ်ခံရတာကို မခံစားနိုင်တော့တဲ့ ရီအာဟာ နောက်ဆုံး ခြောက်ယောက်မြောက် ကလေးဖြစ်တဲ့ ဇုစ်ကို မွေးဖွားလာချိန်မှာတော့ ခရိုးနပ်စ်ကို လှည့်စားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ဇု(စ်)ကို ခရိ(တ်) တောင်တန်းများကြားမှာ ဝှက်ထားလိုက်ပြီး သူ့အစား ကျောက်တုံးအကြီးကြီး တစ်ခုကို အဝတ်နဲ့ထုပ်ပြီး ဇု(စ်)အဖြစ်နဲ့ ခရိုးနပ်စ်ဆီ ပို့လိုက်ပါတယ်။ အဝတ်ထုပ်ကို တွေ့တွေ့ချင်းပဲ ခရိုးနပ်စ်ကလည်း မဆိုင်းမတွ ကလေးမွေးပြန်ပြီဆိုပြီး ဗိုက်ထဲကို မြိုချလိုက်ပါတော့တယ်။ သူ့အထင်မှာတော့ သူ့ကလေးအားလုံး သူ့ဗိုက်ထဲမှာ ရှိနေပြီး ဘယ်သူမှ သူ့ကို အနဿတရာယ် မပြုနိုင်တော့ဘူးလို့ ယုံကြည်နေပါသတဲ့။


2.3 ဇု(စ်)ရဲ့ ငယ်ဘဝ

ဇု(စ်)ဟာ အဘွားဖြစ်သူ ဂေးရာရဲ့ စောင့်ရှောက်မှုနဲ့ တိတ်တဆိတ် ကြီးပြင်းလာတယ်။ ဒါပေမယ့် သူ့ကို တကယ်တမ်း ထိန်းကျောင်းရတာက Nymph နင့်(ပ်)လို့ခှေါတဲ့ နတ်သမီးလေးတွေနဲ့ Curetes လို့ခှေါတဲ့ နတ်အငယ်စား လေးတွေပဲ ဖြစ်တယ်။ ဇု(စ်) ငိုတဲ့အခါ သူ့ငိုသံကို ခရိုးနပ်စ် မကြားရလေအောင် ကျူရီတပ်စ်များက အသံပေးကခုန်ရင်း၊ သူတို့ လက်နက်များကို ရိုက်ခတ်ရင်း ကာကွယ်ပေး ကြရပါတယ်။ ဒါကြောင့်မို့လို့လည်း ခရိုးနပ်စ်ဟာ သူ့သားတစ်ယောက် အပြင်မှာ အသက်ရှင် ကြီးပြင်းနေတာကို မတွေ့ရှိခဲ့၊ သံသယ မဖြစ်ခဲ့ပါဘူး။

ဇု(စ်)ကို ဆိတ်တစ်ပိုင်းလူတစ်ပိုင်း Amalthea အမယ်လ်သီရာ ဆိုတဲ့ နတ်သမီးလေး တစ်ယောက်က နို့တိုက်ကျွေးပြီး စောင့်ရှောက်ခဲ့ပါတယ်။ ဇု(စ်)ဟာ အမယ်သီရာကို လေးစားသလို သူ့ကျေးဇူးကိုလည်း အထူးအောက်မေ့ မိတာမို့ နောက်ပိုင်း အမယ်လ်သီရာ သေဆုံးသွားတဲ့အခါ သူ့အရေခွံကို ဒိုင်းအဖြစ်ကျပ်စည်းပြီး တိုက်ပွဲတိုင်းကို ယူဆောင်သွားခဲ့တယ်။ နောက်ပြီး သူ့ရဲ့ လက်ဆောင်အဖြစ် အမယ်လ်သီရာကို ကောင်းကင်မှာ Capricon ဆိုတဲ့ ကြယ်စင်တန်းအဖြစ် ပြောင်းလဲ ဂုဏ်ပြုခဲ့တယ်။ အမယ်လ်သီရာလိုပဲ သူ့ကို စောင့်ရှောက် ပြုစုခဲ့ကြတဲ့ အခြား နတ်မိမယ်လေး နှစ်ပါးကိုလည်း အမယ်လ်သီရာ ဆီကနေ ချိုတစ်ခုကို တောင်းယူပြီး လိုချင်တာ မှန်သမျှ ပြည့်ဝစေတဲ့ Cornucopia (မင်းသိခဿငတို့ အဆောင်အဖြစ် ပေးတဲ့ပုံ) ဆိုတဲ့ အဆောင်လေးကို လက်ဆောင်အဖြစ် ပေးခဲ့တယ်။

2.4 ခရိုးနပ်စ်ကို တှောလှန်ပုန်ကန်ခြင်း

ဒီလိုနဲ့ ဇု(စ်)ဟာ ကလေးဘဝကနေ သန်သန်မာမာ ထွားထွားကျိုင်းကျိုင်း အရွယ်ရောက်လို့ လာခဲ့တယ်။ ပြီးတော့ သူဟာ ဖခင် ခရိုးနပ်စ်ရဲ့ ကျိန်စာအတိုင်း ခရိုးနပ်စ်ကို လုပ်ကြံဖို့ အသင့်ဖြစ်နေပြီလို့ ယုံကြည်နေခဲ့တယ်။ ဒါကြောင့် သူဟာ သူနေထိုင်ရာ ခရိ(တ်) တောင်တန်းကြီးကို စွန့်ခွာပြီး သူ့ရဲ့ တစ်ဝမ်းကွဲ နှမဖြစ်သူ သမုဒဿဒရာ နတ်မိမယ် မီတီစ် ထံကို ရောက်လာခဲ့တယ်။ သူမဟာ ဉာဏ်အမြှောအမြင် ပညာနဲ့ ပြည့်စုံသူ တစ်ဦးလို့ ထင်ရှားတာမို့ သူမထံက အကြံဉာဏ် လာယူတာလည်း ဖြစ်တယ်။ မီတီစ်က ဇု(စ်)ကို ပထမဆုံး ခရိုးနပ်စ်ရဲ့ အမှုထမ်း တစ်ယောက်အသွင် ယူဖို့ အကြံပေးတယ်။ ပြီးတဲ့အခါမှ ခရိုးနပ်စ်သောက်တဲ့ ဖျှောရည် အရက်ထဲမှာ အန်စေတဲ့ အဆိပ်တစ်မျိုးကို ထည့်ဖို့ အကြံပြုပါတယ်။ ဒါမှ ခရိုးနပ်စ် ဗိုက်ထဲ ရောက်နေတဲ့ ဇု(စ်)ရဲ့ မောင်နှမတွေ ပြန်အန်ထွက်လာမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဇု(စ်)ဟာ အဲဒီအကြံအတိုင်း တသွေမတိမ်း လုပ်ကြံခဲ့ရာ ခရိုးနပ်စ် ဗိုက်ထဲက သူ့မောင်နှမတွေ အထိအခိုက် အနာအကျင်မရှိ ပြန်ထွက်လာပါတော့တယ်။


2.5 တိုင်တန်တို့ရဲ့ တိုက်ပွဲကြီး

မောင်နှမတွေကို ကယ်တင်အပြီးမှာ ဇု(စ်)ဟာ သူတို့ကို ခေါင်းဆောင်ပြီး ခရိုးနပ်စ်ကို တှောလှန်ပါတော့တယ်။ သူတို့ဟာ အိုလံပီယာတောင်ကို အခြေပြုထားတာမို့ အိုလံပီယာ နတ်ဘုရားတွေလို့ ခှေါပါတယ်။ ခရိုးနပ်စ်ရဲ့ အမူအကျင့်ကို မကြိုက်တာမို့ တိုက်တန် တှောတှောများများက ခရိုးနပ်စ်ဘက်က စစ်ကူတိုက်ဖို့ကို ငြင်းဆန်ကြတယ်။ လူသားတွေရဲ့ အချစ်တှော ပရိုမီးသီးယပ်စ်ဟာ ပထမတော့ တိုက်တန်တွေဘက်က အကြံပေးအဖြစ် နေနေပါသေးတယ်။ ဒါပေမယ့် ခရိုးနပ်စ် ဘက်တှောသားတွေက သူ့ကို မလေးစား၊ သူ့အကြံပေးချက်တွေကို ဂရုမထားတာ တွေ့တဲ့အခါ တိုက်တန်တွေကို စွန့်ခွာပြီး အိုလံပီယာတွေဘက်ကို ကူးသွားခဲ့တယ်။ သူ့ရဲ့ ညီ အက်တလပ်စ် Atlas ကတော့ ခရိုးနပ်စ်ဘက်က စွမ်းစွမ်းတမံ ကူတိုက်ပေးခဲ့တယ်။

ဒီတိုက်ပွဲကြီးဟာ ဆယ်နှစ်တာ ကြာခဲ့တယ်။ သူတစ်ပြန် ကိုယ်တစ်ပြန် နိုင်လိုက် ရှုံးလိုက်နဲ့ ကွဲကွဲပြားပြား အဖြေမပှေါလာခဲ့ဘူး။ ဒါကြောင့်မို့ အဖွားဖြစ်သူ ဂေးအာက တားတားရပ်စ် ငရဲမှာ ချုပ်နှောင်ခံနေရတဲ့ လူ့ဘီလူးကြီးတွေကို ကယ်တင်ပြီး စစ်ကူတောင်းဖို့ အကြံပေးလိုက်တယ်။ ဒါနဲ့ ဇု(စ်)ဟာ မြေအောက် ကမဿဘာကို အရောက်သွားပြီး သူ့ဦးလေးတွေကို ကယ်တင်ဖို့ ကြိုးပမ်းတယ်။ အဲဒီမှာ သူတို့ကို စောင့်ရှောက်ဖို့ ခရိုးနပ်စ် ခိုင်းထားတဲ့ ကမ်ပီ Campe ဆိုတဲ့ သူနဲ့ ရင်ဆိုင်ရတယ်။ နောက်ဆုံးမှာတော့ အားလုံးကို အနိုင်ရပြီး အဲဒီ လူ့ဘီလူးကြီး ခြောက်ယောက်ဟာ လွတ်မြောက်လာတော့တယ်။ ခရိုးနပ်စ်ကို ဒေါသအင်မတန်ထွက်နေတဲ့ သူတို့ဟာ မဆိုင်းမတွဘဲ ဇု(စ်)ရဲ့ မဟာမိတ်အဖြစ် ခရိုးနပ်စ်ကို တှောလှန်ဖို့ သဘောတူလိုက်ကြတယ်။

သူတို့ခြောက်ယောက် ဇု(စ်)ဘက်မှာ ပါဝင်လာတာနဲ့ စစ်ပွဲမှာ အလှည့်အပြောင်း ကြီးမားစွာ ဖြစ်ပှေါလာပါတယ်။ မုန်တိုင်းနတ်ဘုရားတွေဖြစ်တဲ့ ဆိုင်ကလုပ်စ် သုံးယောက်ဟာ သူတို့အစွမ်း ရှိသမျှ ထုတ်သုံးပြီး ခရိုးနပ်စ်ဘက်ကို တိုက်ခိုက်ကြတယ်။ လျှပ်စီး၊ မိုးကြိုး၊ ငလျှင်စတဲ့ လက်နက်တွေကို စေလွှတ်ကြတယ်။ ဟီကာတွန်ချီးရပ်စ် တွေကလည်း ကျောက်တောင်တွေကို ဖဲ့ဖဲ့ပြီး ခရိုးနပ်စ်ရဲ့ ခံတပ်ကို တရစပ် ပစ်ခတ်ကြတာမို့ သူတို့ဟာ အသာစီး ရလာခဲ့တယ်။

ဒါပေမယ့်လည်း စစ်ပွဲဟာ ပြတ်ပြတ်သားသား မပြီးဆုံးသေးဘဲ ဖြစ်နေတာမို့ နောက်ဆုံးမှာ ဇု(စ်)ဟာ ကိုယ်ပျောက်စေတဲ့ ဦးထုပ်ကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ်။ နတ်ဘုရားတစ်ပါးက အဲဒီ ဦးထုပ် ဆောင်းစေပြီး ခရိုးနပ်စ်ရဲ့ တပ်တှောထဲကို ဝင်လာလိုက်တာ ဘယ်သူမှ သတိမပြုမိပါဘူးတဲ့။ ပြီးမှ ခရိုးနပ်စ်ရဲ့ နန်းဆောင်ထဲဝင်ပြီး သူ့ရဲ့ အစွမ်းထက် လက်နက်အားလုံးကို ခိုးယူပြီး ပြန်လာခဲ့ပါတယ်။ နောက်တစ်နေ့ စစ်ပွဲမှာတော့ ဇု(စ်)ဟာ သူ့ရဲ့ အစွမ်းအထက်ဆုံး လက်နက်ဖြစ်တဲ့ မိုးကြိုးလက်နက်နဲ့ တရစပ် တိုက်ခိုက်သလို၊ ဆိုင်ကလုပ်စ်တွေ ဟီကာတွန်ချီးရပ်စ် တွေကလည်း ခရိုးနပ်စ်ဘက်ကို ကျောက်တုံးတွေ မိုးရွာသလို ဆက်တိုက် ပစ်ခတ် တိုက်ခိုက် လွှမ်းမိုးလိုက်နိုင်တာမို့ နောက်ဆုံးမှာ ခရိုးနပ်စ်နဲ့တကွ ဘက်တှောသား တိုက်တန်အားလုံးကို ဖမ်းဆီးရမိ အနိုင်ယူလိုက် နိုင်တော့တယ်။ ဒီလိုနဲ့ စကြဝဠာ ပျက်လုနီးပါး တိုက်နေကြတဲ့ နတ်ဘုရားတွေရဲ့ ၁ဝနှစ်ကြာ တိုက်ပွဲကြီးလည်း ပြီးဆုံးသွားပါတော့တယ်။

End of Part 3

Greek Mythology 2

1.2 ဂေးအာ+ပွန်တပ်စ်

သားဖြစ်သူ ပွန်တပ်စ်နဲ့ လည်း သားသမီး ငါးယောက် မွေးဖွားရခဲ့တယ်။ ပွန်တပ်စ်အကြောင်း ဂရိရာဇဝင်မှာ များများစားစား မရှိလှပါဘူး။ သူနဲ့ ဂေးအာ ပေါင်းသင်းပြီး ရခဲ့တဲ့ သားသမီးတွေကတော့ ထင်ရှားကြတယ်။ သူတို့တွေကတော့

Ceto
Eurybia
Nereus
Phorcys and
Thaumas တို့ပဲ ဖြစ်တယ်။


1.2.1 Ceto

ဆီ(တ်)တို ကို ပင်လယ်ပြင် မိစဿဆာတွေရဲ့ အရှင်သခင်မအဖြစ် အသိအမှတ် ပြုကြတယ်။ သူ့ရဲ့ ယောက်ျားကတော့ အကိုဖြစ်သူ ဖှောဆီအက်စ် Phorcys ပဲဖြစ်တယ်။ သူတို့ စုံတွဲကနေ သားသမီး အမြောက်အများ ထွန်းကားပြန်တယ်။


ဆီ(တ်)တို+ဖှောဆီအက်စ်

1.2.1.1 The Graeae လို့ခှေါတဲ့ ညီအမသုံးဖှော။ သူတို့ဟာ မွေးစကတည်းက အဖွားအိုပုံစံ ပေါက်နေကြတယ်။ သူတို့နာမည်တွေက ino, Enyo, Phephredo တို့ ဖြစ်တယ်။ သူတို့ဟာ ညီအမ သုံးဖှောလို့ ဆိုပေမယ့် အမြဲတွဲနေတယ်။ အားလုံးပေါင်းမှ မျက်လုံး တစ်လုံး၊ သွားတစ်ချောင်းပဲ ရှိတယ်။ အဲဒီ မျက်လုံးနဲ့ သွားကို တစ်ယောက် တစ်လှည့်စီ အသုံးပြုရတယ်။ သူတို့ဟာ နရောင်မထိနိုင်တဲ့ အမှောင်ထုထဲမှာပဲ နေကြတယ်။

1.2.1.2 The Gorgons လို့ခှေါတဲ့ ညီအမ သုံးဖှောကလည်း အခုန ညီအမတွေနဲ့ မခြားလှပါဘူး။ ပုံဆိုးပန်းဆိုးတွေ ဖြစ်တယ်။ သူတို့ရဲ့ ဆံပင်တွေက မြွေတွေဖြစ်တယ်။ ခက်ထန်မာကျောတဲ့ သွားစွယ်တွေ၊ ကြေးနီရောင် လက်သည်းတွေ၊ အတောင်ပံတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ နောက်ပြီး သူတို့ရဲ့ မျက်စောင်းဒဏ် ခံရသူများဟာ ကျောက်တုံးဘဝကို ပြောင်းလဲသွားနိုင်တယ်။ နတ်ဘုံရော လူ့ဘုံကပါ သူတို့ ညီအမသုံးဖှောကို တှောတှော ကြောက်ကြတယ်။ အဲဒီ သုံးယောက်ထဲမှာ Euryale နဲ့ Stheno တို့ဟာ အမတမျိုး ထာဝရအသက်ကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တယ်။ နောက်ဆုံး တစ်ယောက်ဖြစ်တဲ့ မီဒူဆာကတော့ လူသိများပေမယ့် သေမျိုး ဖြစ်တယ်။

1.2.1.3 The Hesperides လို့ခှေါတဲ့ ညီအမ တွေကတော့ နတ်မိမယ်လေးတွေ ဖြစ်တယ်။ ရာဇဝင် တစ်ခုနဲ့ တစ်ခု အရေအတွက် မတူညီဘဲ အမျိုးမျိုး ရေးကြပေမယ့် သုံးယောက်ပဲလို့ အများလက်ခံ ထားကြတယ်။ သူတို့တွေက Aegle, Erythia, and Hesperarethusa တို့ပဲ ဖြစ်တယ်။ သူတို့ဟာ အရင် ညီအမတွေထက်တော့ အနဲငယ် ပိုကြည့်ကောင်းတယ်။ သူတို့ဟာ ဟက်စ်ပီရီဒက်စ် ဥယျာဉ်ကြီးထဲမှာ နေထိုင်ကြပြီး အဲဒီမှာ ပေါက်နေတဲ့ ရွှေရောင်ပန်းသီးကို စောင့်ရှောက်ရသူတွေ ဖြစ်တယ်။

1.2.1.4 Landon ဆိုသူကတော့ မြွေနဂါးခေါင်း တစ်ရာတိတိနဲ့ ပုဂဿဂိုလ်ဖြစ်တယ်။ သူလည်း ဟက်စ်ပီရီဒက်စ် ဥယျာဉ်ကြီးထဲမှာ သူ့အမတွေနဲ့အတူ နေထိုင်ပြီး အခုန ရွှေရောင်ပန်းသီးကို စောင့်ရှောက်ရသူ တစ်ဦးလည်း ဖြစ်တယ်။ နောင်တစ်ချိန် အသတ်ခံရပြီးတဲ့နောက်မှာ သူဟာ ကောင်းကင်မှာ ကြယ်စဉ်စုအဖြစ် ဂုဏ်ပြုသတ်မှတ်ခံရတယ်။

1.2.1.5 Echidna ကတော့ မကောင်းဆိုးဝါး မိစဿဆာ မိန်းမပျို တစ်ယောက်ဖြစ်တယ်။ သူ့မှာ လှပလွန်းတဲ့ မိန်းမ ခနဿဓာကိုယ် ရှိပြီး ခြေထောက်တွေ နေရာမှာတော့ မြွေအမြီးလိုဖြစ်နေတယ်။ လူတပိုင်း မြွေတပိုင်း မိန်းမပျိုဖြစ်တယ်။


1.2.2 Eurybia

သူကတော့ ဂရိရာဇဝင်မှာ သိပ်မထင်ပှေါပါဘူး။ သူ့ကို တိုင်တန်နတ်ဘုရား Crius ရဲ့ မိန်းမအဖြစ်နဲ့ Astraeus, Pallas, and Perses တို့ရဲ့ မိခင်အဖြစ်သာ အသိများတယ်။

1.2.3 Nereus

နီရီရပ်စ်ဟာ ပင်လယ်နတ်ဘုရား တစ်ပါးဖြစ်တယ်။ ပိုဆိုဒ်ဒန်ဟာ နောက်ပိုင်းမှာ ရေပြင်ကို အလုံးစုံ အစိုးရသူ ဆိုပေမယ့် နီရီရပ်စ်ကတော့ သူမမွေးခင်ကတည်းက သူ့အရင် ဒီဘွဲ့ထူးကို ရရှိခဲ့သူ ဖြစ်တယ်။ သူဟာ ပုံစံအမျိုးမျိုး ပြောင်းနိုင်တယ်။ သူ့ကို နေရာအနှံ့အပြားမှာ တပြိုင်နက် ပုံစံမျိုးစုံနဲ့ တွေ့နိုင်တယ်။ ရှေ့ဖြစ်ကို မြင်နိုင်စွမ်းလည်း ရှိတယ်။ နောင်အခါ ပင်လယ်နတ်ဘုရားမ တစ်ပါး ဖြစ်လာမယ့် Nereid ရဲ့ ဖခင်လည်း ဖြစ်တယ်။

1.2.4 Phorcys

သူလည်း နီရီရပ်စ်လိုပဲ ပင်လယ်နတ်ဘုရား တစ်ပါးဖြစ်တယ်။ အမဖြစ်သူ ဆီ(တ်)တိုနဲ့ လက်ထပ်ပြီး နာမည်ကြီး သားသမီးများစွာ မွေးဖွားခဲ့သူလည်း ဖြစ်တယ်။ တချို့ ရာဇဝင် တွေမှာတော့ သူ့ကို လူတစ်ပိုင်း ငှက်တစ်ပိုင်း ပင်လယ် နတ်သမီးတွေဖြစ်တဲ့ Sirens တို့ရဲ့ ဖခင်အဖြစ် ဖှောပြကြတယ်။ ( ဆိုင်ရင်န် တွေမှာ အရမ်းချိုသာ ကောင်းမွန်တဲ့ အသံရှိတယ်။ သူတို့ဟာ အဲဒီအသံနဲ့ သာယာဖွယ် သီချင်းတွေကို သီကျူးပြီး ပင်လယ်ပြင်ထဲ ရွက်လွှင့်နေတဲ့ သဘေဿငာသားတွေကို ကျောက်ဆောင် ပေါများရာ ကမ်းနားကို ကပ်လာအောင် ဖြားယောင်းကြတယ်။ အဲဒီလိုနဲ့ ကျောက်ဆောင်နဲ့ တိုက်မိပြီး သဘေဿငာနစ်မြုပ်တဲ့အခါမှ အဲဒီ သဘေဿငာသားတွေကို တိုက်ခိုက် သတ်ဖြတ်ပစ် တတ်ကြတယ်။ ဟိုးမားရဲ့ ဩဒေးဆယျု ဇာတ်လမ်းမှာ ဩဒေးဆယျုနဲ့ သူ့နောက်လိုက် သဘေဿငာသားတွေကို ဆိုင်ရင်န်တေါက ဖြားယောင်း တိုက်ခိုက်ခန်း ပါပါတယ်။)

1.2.5 Thaumas

သူးမက်(စ်) ဟာ သမုဒဿဒရာ နတ်ဘုရားမ Electra ရဲ့ ယောက်ျားဖြစ်တယ်။ အိုင်းရစ် Iris နဲ့ ဟားပီးစ် Harpies တို့ရဲ့ ဖခင်ဖြစ်တယ်။ (အိုင်းရစ်ဟာ သက်တန့်နတ်သား ဖြစ်သလို အိုလံပီယာနတ်ဘုရားတွေရဲ့ တမန်တှောလည်း ဖြစ်တယ်။ ဟားပီးစ်တွေကတော့ လူလိုလို ငှက်လိုလို ပုံသဏဿဍာန် ရှိပြီးတော့ သေသူတွေရဲ့ ဝိဉာဉ်တွေကို ထမ်းပိုးထားကြတယ်။ ပစဿစည်းတွေ ပျောက်ဆုံးတဲ့အခါ၊ ကလေးငယ်တွေ ပျောက်ဆုံးတဲ့အခါ မျိုးတွေဟာ ပားပီးစ်တွေရဲ့ လက်ချက်လို့ လူတွေ ယုံကြည်ကြတယ်)

End of Part 2

Greek Mythology 1

မြန်မာစာပေမှာ ဒီလောက်ထင်ရှား ကျှောကြားတဲ့ ဂရိရာဇဝင်နဲ့ ပတ်သတ်လို့ အချက်အလက် သေသေချာချာ ပြည့်ပြည့်စုံစုံ ရေးထားတဲ့ စာအုပ်မျိုး လိုက်ရှာတဲ့အခါ လုံးဝမရှိတာ တွေ့ရပါတယ်။ တချို့လည်း ရေးတော့ရေးတယ် အကုန်မဟုတ်ဘူး။ အဲဒီတော့ ဖတ်ချင်တဲ့သူက ခက်ခက်ခဲခဲ အဂဿငလိပ်စာအုပ်တွေ ရှာဖတ်ရတယ်။ ဒါကြောင့် အမှတ်တရ အနေနဲ့ ဒီအကြောင်းကို ဖတ်မိသလောက် ရေးထားလိုက်တယ်။ အဆင်ပြေရင်လည်း စာအုပ် ထုတ်ရအောင်ပေါ့။


ဒဏဿဍာရီလာ ဂရိနတ်ဘုရားသမိုင်း


အခန်း ၁
အစပ်အဆက်မဲ့ခြင်းများထဲမှ

စကြဝဠာအစ လူသားတွေရဲ့အစ ဆိုတာ ဟိုးရှေးရှေးတုန်းကတော့ ဒီနေ့လို သက်သေ အထောက်အထား တွေနဲ့ ရှာဖွေ စူးစမ်းနေကြတာမျိုး မဟုတ်ဘူး။ Chaos ခေးအော့စ်လိုခှေါတဲ့ အစပ်အဆက်မဲ့ ပြန့်ကျဲ ဖြစ်စဉ် ကြီးထဲမှာ အရာအားလုံး ရှိနေကြတယ်လို့ ယုံကြည်ကြတယ်။ အဲဒီအထဲမှာ ကမဿဘာကြီးရော စကြဝဠာဆိုတာရော၊ ကောင်းကင်၊ ပင်လယ် ဘာမှ ရှိမနေကြသေးဘူး။ ရှိမနေဘူးဆိုတာက အဲဒါတွေ ရှိနေကြပေမယ့် အဲဒါတွေလို့ ယနေ့လူတွေ သတ်မှတ်နေကြတဲ့ ပုံသဏဿဍာန် အသွင်အပြင်တွေ မရှိတာကို ဆိုလိုတာပါ။ ပြောရရင် ပညတ် နာမည်တွေ မရှိကြဘူး။ အဲဒီလို အခြေအနေကနေ အဲဒီ အရာတွေ အချင်းချင်း တွန်းတိုက် အားပြိုင်ကြရင်း ပုံသဏဿဍာန် ပညတ်တွေ ဖြစ်လာကြတယ်။ ဒါကိုပဲ စကြဝဠာအစလို့ ဆိုကြတယ်။

ဒီလို စကြဝဠာအစကို အမျိုးမျိုး ယုံကြည်နေကြတဲ့ အထဲက ဟီးဆီးအော့(Hesiod) ရဲ့ အလိုအရဆိုရင် အခုန ပြန့်ကျဲနေတာကြီးကနေ တွန်းကန်လှုပ်ရှားကြရာက အရာဝတဿထု ငါးမျိုး ဖြစ်လာပါသတဲ့။ အဲဒါတွေကတော့ ဂေးအာ(Gaia) လို့ခှေါတဲ့ ကမဿဘာမြေကြီး၊ တာတားရပ်စ်(Tartarus) လို့ခှေါတဲ့ မြေအောက်ငရဲ၊ နင့်စ်(Nyx) လို့ခှေါတဲ့ ည၊ အီရီဘပ်စ်(Erebus) လို့ခှေါတဲ့ အမှောင်ထု၊ အီရော့စ်(Eros) လို့ခှေါတဲ့အချစ် စတာတွေပဲ ဖြစ်တယ်။ ဂေးအာဟာ ကမဿဘာမြေဖြစ်သလို အမိမြေနတ်ဘုရားမလည်း ဖြစ်ပြန်တယ်။ သူဟာ သမရိုးကျ မဟုတ်တဲ့ ပုံစံနဲ့ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ ပေါင်းသင်းခြင်း မပြုဘဲ သားသုံးယောက်ကို မွေးဖွားခဲ့တယ်။ သူတို့တွေက ကောင်းကင်နတ်ဘုရား ယူရေးနပ်စ်(Uranus) ၊ ပင်လယ်နတ်ဘုရား ပွန်တပ်စ်(Pontus) နဲ့ တောင်တန်း နတ်ဘုရား တို့ပဲဖြစ်တယ်။


1.1 ဂေးအာ+ယူရေးနပ်စ်

နောက်ထပ် လိုအပ်တဲ့ အရာတွေကို ဖန်ဆင်းဖို့အတွက် ဂေးအာဟာ သားဖြစ်သူ ယူရေးနပ်စ် နဲ့ ပေါင်းသင်းပြီး ရေပြင်၊ တောအုပ် စတာတွေကို မွေးဖွားပြန်တယ်။ (ဂရိရာဇဝင်မှာ မောင်နဲ့နှမ၊ သားနဲ့အမိ၊ ဖခင်နဲ့သမီး ပေါင်းသင်းကြတာတွေ အများကြီး တွေ့ရပါတယ်)

1.1.1 လက်တစ်ရာနဲ့ ခေါင်းအလုံးငါးဆယ်ရှိတဲ့ ဘီလူးကြီးများ

ဂေးအာနဲ့ ယူရေးနပ်စ်နဲ့ ပေါင်းသင်းရာက ပထမဆုံး မွေးလာတဲ့ သားတွေကတော့ Hecatoncheires လို့ခှေါတဲ့ တစ်ယောက်စီမှာ လက်တစ်ရာနဲ့ ခေါင်းအလုံး ငါးဆယ်စီရှိတဲ့ လူ့ဘီလူးကြီး သုံးယောက်ပဲ ဖြစ်တယ်။ သူတို့ကို Cottus, Briareus (or Aegaeon), and Gyges(or Gyes) လို့ခှေါကြတယ်။ သူတို့ထဲက Briareus ဟာ နောက်ပိုင်းမှာ ဇု(စ်)နတ်မင်းကြီးရဲ့ သက်တှောစောင့် ဖြစ်လာတယ်လို့ ဆိုကြတယ်။ သူတို့ဟာ အင်မတန်မှ သန်စွမ်းကြတယ်။ ကျောက်တုံးကြီးပေါင်းများစွာကို တခဏအတွင်း အရှိန်အဟုန်နဲ့ ကျောက်တောင်ကြီးလို ဖြစ်သွားအောင်ကို ပစ်ခတ်နိုင်စွမ်း ရှိကြတယ်။ သူတို့ကို ဖခင်အရင်း ကိုယ်တိုင်ကကို ကြောက်ရွံ့လာလို့ အနဿတရာယ် ပြုလာမှာ စိုးတာနဲ့ မြေအောက်ငရဲမှာ ချုပ်နှောင် ထားခဲ့တယ်။


1.1.2 မျက်စိတစ်လုံးသာရှိတဲ့ ဆိုင်ကလုပ်စ်များ (Cyclopes)

နောက်ထပ် မွေးလာတဲ့ သားသုံးယောက်ကတော့ မျက်စိတစ်လုံးစီသာ ရှိကြတဲ့ ဆိုင်ကလုပ်စ်Cyclopes လို့ခှေါတဲ့ ဧရာမ လူ့ဘီလူးကြီး တွေပဲ ဖြစ်တယ်။ မျက်စိတစ်လုံးသာ ရှိတာမို့ အမြင်အာရုံပိုင်း ချို့တဲ့ပေမယ့် သူတို့ရဲ့ အနဿတရာယ်ကလည်း တှောတှောကြီးတယ်။ ဂရိဒဏဿဍာရီတွေထဲမှာ နောက်ပိုင်း ဆိုင်ကလုပ်စ်တွေ အများကြီး ရှိသေးတယ်။ Uranian Cyclopes, Sicilian Cyclopes, and Gasterocheires Cyclopes ဆိုပြီး ခွဲခြားထားတယ်။ ဂေးရာနဲ့ ယူရေးနပ်စ်က မွေးလာတဲ့ အခု ဆိုင်ကလုပ်စ် သုံးကောင်ကိုတော့ ယူရေနီယန် လို့ သတ်မှတ်ကြတယ်။ သူတို့ သုံးယောက်ကို မုန်တိုင်း နတ်ဘုရားတွေလို့ ခှေါတယ်။ ယူရေးနပ်စ်ဟာ ဒီသုံးယောက်ကိုလည်း ကြောက်ရွံ့တဲ့အတွက် တာတားရပ်စ် ငရဲကို ပို့လိုက်ပြန်တယ်။


1.1.3 တိုင်တန်နတ်ဘုရားများ (The Titans)

နောက်ဆုံး မွေးတဲ့ သားသမီးတစ်စုကတော့ အင်မတန်မှ နာမည်ကြီးတဲ့ တိုင်တန် နတ်ဘုရား အုပ်စုပဲ ဖြစ်တယ်။ စုစုပေါင်း ၁၂ ယောက်ရှိတယ်။ ယောကျှားခြောက်ယောက် မိန်းမခြောက်ယောက် ဖြစ်တယ်။ ဒီတိုင်တန် ၁၂ယောက် မွေးလာမှ နတ်ဘုရားဆိုတဲ့ အာဏာပိုင် ဂုဏ်ထူး ဝိသေသန ပှေါလာတာ ဖြစ်တယ်။ ဟိုးအရင် ဆိုင်ရာဆိုင်ရာ နတ်တွေ၊ အရှင်သခင်တွေဟာ သူတို့ရဲ့ ဩဇာနဲ့ အာဏာ အောက်မှာသာ ရှိတော့တယ်။ တိုင်တန်တွေကို ဂရိရာဇဝင်မှာ ပထမဆုံး အာဏာပိုင် အစိုးရ အဖွဲ့အစည်းလို့ ခှေါဆိုလို့ ရတယ်။

တိုင်တန် ၁၂ ပါး

Coeus
Crius
Cronus
Hyperion
Iapetus
Oceanus
Mnemosyne
Phoebe
Rhea
Tethys
Theia
Themis

End of Part 1
 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz