Tuesday, February 27, 2007

ကျွန်တှောနဲ့ ကတိကဝတ်များ

ကျွန်တှောနဲ့ ကတိကဝတ်များ




ရှောဝါရွက်တို့တွင်
ငါ့နာမည်ကားအခါခါထပ်နေ၏
ငါသည် လေနှင့်အတူ ကြွေလေပြီ။

စကဿကန့္လက္တံမ်ားနွင့္အတူ 
တွဲခိုနေခဲ့သော စိတ်များကား တဖျတ်ဖျတ်ခတ်လျက်
အို မိတ်ဆွေများ
သင်တို့လာခဲ့သလိုကား
ငါလည်းလာခဲ့သည် 
မှန်၏
သို့သှော
သင်တို့ပြန်သလိုတော့
ငါမပြန်လို
ငါ့ကို ယုံကြည်ကိုးစားမှုနည်းသူဟု 
သင်တို့ဆိုလိုကဆို။

လောကရဲ့ရင်ခွင်ထဲမှာ ခေါင်းတိုးဝင်ပြီး
ငိုချင်ရာငိုခွင့်ရသောအရွယ် မဟုတ်တော့
ကိုယ်တတ်နိုင်တာလေးနဲ့တင်
မီးလောင်နေလည်း တယောထိုးနေနိုင်ပါရဲ့

နွမ်းကြေခဲ့သော ငယ်ဘဝငါ့နွေရက်များတွင်
ငါ့ဓါးသွားများ မထက်မြကြ
ငါ့သွေးများ မရဲကြ
ငါ့စကားများလည်း မစူးရှကြပါ
ငါ့အသက်ဓါတ်များ အင်အားကြီးမားကြသောကြောင့်
လွယ်လွယ်နှင့်ငါ့ကို
စွန်ခွာမသွားခဲ့
သို့နှင့်
ငါလဲ ပင်ပန်းဆင်းရဲစွာ

ငါ့လက်ဖဝါးမှာ ဓါးလည်းရှိသည်
ငါ့လက်ဖဝါးမှာ ပန်းများလည်းပွင့်သည်
ငါ့လက်ဖဝါးက ဆောင်းတွင်းဖြစ်သလို
ငါ့လက်ဖဝါးက ရင့်သီးသော နွေလေပူလည်းဖြစ်သည်

တစ်ခုသောညကာလတွင်
လမင်းသည် ငါ့အဖို့ရာ အေးမြဖူးသည်
ငါတမ်းတပါ၏ချစ်သူ
လမ်းများပျောက်ဆုံးသောအခါ 
လူဟာ နားခိုရာ ဒါမှမဟုတ် အလင်းရောင်ကို
တမ်းတမြဲ ဖြစ်ပါ၏

မြေပုံသည် လမ်းကညွှိုန်းသှောလည်း
ခရီးသည်က မျက်ကန်းဖြစ်သည်
ခေါင်းလောင်းသံများ ဆူဝေစွာ အချက်ပေးကြသှောလည်း
ငါ့နားများက 
လေဟာနယ်ထဲ ရောက်နေ၏
ငါ့အိပ်မက်များကား သုံးဆယ့်တစ်

လမ်းများမဆုံးနိုင်သောအခါ
မျှောလွန်းသော မျက်လုံးများ
ပြာဝေလာတတ်သည်
မိတ်ဆွေများ
ကျွန်တှောခေါင်းငုံ့နေသည်ကို
ရင်မဆိုင်ဝံ့သောကြောင့်ဟု 
သင်တို့ ထင်မြင်နေခဲ့ပါသလား

နေသည်
အရှေ့မှထွက်ပြီး အနောက်သို့ဝင်ခဲ့သည်
ကျွန်တှောတို့က
ထိုနေကိုကြည့်ပြီး အချိန်ကိုသတ်မှတ်သည်
ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ
သူများကို ဂရုတစိုက်လုပ်သူများတွင်
လူသည် အဆိုးဝါးဆုံး သတဿတဝါတစ်မျိုးပင်ဖြစ်သည်ဟု 
ကျွန်ုပ်ဆိုခဲ့လျှင်
သင်တို့အားလုံးလည်း ငြင်းမည်မဟုတ်။ 

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz