Monday, December 24, 2007

သိမ်းမယ်

သိမ်းမယ်

အထပ်ထပ်ကြဲချခြေရာများ
နှလုံးသားပှေါမြတ်နိုးစွာ
သိမ်းမယ်။

ဘာကြောင့်ပစ်ပစ်ဘယ်လောက်ပစ်ပစ်
မင်းမျက်စောင်းတွေအားလုံး
အချစ်နဲ့လဲပြီး သိမ်းမယ်။

မြင်လိုက်တာနဲ့
စံပယ်ဖူးလို စူသွားတဲ့မင်းနှုတ်ခမ်း
မျက်ဝန်းထဲမှာ သိမ်းမယ်။

ရင်ခုန်သံတွေအပှေါ
နင်းသွားတဲ့ မင်းခြေဆောင့်သံ
နားနှစ်ဖက်နဲ့ သိမ်းမယ်။

အထပ်ထပ်ဝါးထားတဲ့
မင်းပီကေလေး
ခေါင်းထက်မှာ သိမ်းမယ်။

တွေ့လိုက်တာနဲ့ချာခနဲ လှည့်အထွက်
အကဿငျီကြားက မင်းခါးသားလေး
ဝင်းမွတ်စွာ သိမ်းမယ်။

မင်းချွေးသုတ်ပြီး လွှင့်ပစ်တဲ့
တစ်သျှူးပှေါက အနံ့လေး
အိပ်ကပ်ထဲမှာ အမြဲသိမ်းမယ်။

အမြဲမလစ်လပ်တဲ့ မင်းနှလုံးသား
လပ်ရဲလပ်ကြည့်အတွေးနဲ့
သိမ်းမယ်။

အရမ်းခံစားပြီး ရေးထားတဲ့ကဗျာလေးပေးဖတ်လိုက်တဲ့
အခါအစိတ်စိတ်အမွှာအမွှာ ဆုတ်ဖြဲပြီး
ဘာကြောင်တာလဲ ဆိုတဲ့မင်းအသံလေးနဲ့ပဲ ထုပ်သိမ်းမယ်။

ရည်းစားတစ်ယောက်က တစ်ယောက်အကူး
ထွက်ကျသွားတဲ့ မင်းရယ်သံ
နှုတ်ခမ်းထက်မှာ သိမ်းမယ်။

နေ့ည တွေးသမျှ အတွေးတွေအကုန်လုံး
မင်းသိမ်းသွားတဲ့အခါ
အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။

ရည်းစားဘဝ စိတ်ကောက်ရင်ရာထူးတက်တယ်တဲ့
ရည်းစားမဟုတ်သေးပေမယ့်မင်းစိတ်ကောက်နေတာလေး
စိတ်နဲ့ သိမ်းမယ်။

မတွေ့မမြင်တာကြာလို့ မေးတဲ့အခါဖျားနေတာ
အဖျားတွေ တသက်လုံးသိမ်းပါလား တဲ့
တုံ့ပြန်စကားလုံးများအိမ်မက်ထဲမှာ သိမ်းမယ်။

ရိုက်တော့မယ်လို့မာန်စောင်နေတဲ့
မင်းလက်ဖဝါးလေး
ပါးပြင်ပှေါမှာ သိမ်းမယ်။

အချစ်တစ်ခုတည်းနဲ့သာလိမ်းခြယ်ထားမိတဲ့ဘဝလေး
ကျားသစ်လက်ငါးမန်းပါးစပ်နဲ့
တစ်ဟုန်ထိုး ဟပ်ဟပ်နေတာ
မင်း ...ပြန်မအမ်းတော့ဘူးလားဟင်
သိမ်းချင်လို့ပါ
သိမ်းမယ်။ ။


စောဝေ

Credit to Hsu Wai : Hololodilolo
Thanks PW for sharing that poem. :)

7 Responses to “သိမ်းမယ်”

kzy1980 said...

merry x'mas ပါ ကိုညီလင်းဆက်

မေ said...

ကဗျာလေးက ချစ်ဖို့ကောင်းတယ်။ သိမ်းမယ် :D

Anonymous said...

ကဗျာလေး တကယ်ကောင်းတယ်။
အေးချမ်းသူ

mamo said...

အဲဒါကဗျာဆရာကိုစောဝေရဲ.ကဗျာလား။ကိုယ်တိုင်ရေးတာလား။
ဆန်းသစ်တယ်၊

prizewai said...

Bro Lynnseck,
Thz u very much. I am glad for u like this poem too.

chaos said...

ကဗျာလေးကောင်းတယ်
ကိုညီလင်းဆက်

ETN said...

ကဗျာလေး ရေးထားတာ လှလိုက်တာ … အရမ်းကောင်းတာပဲ
သိမ်းထားလိုက်ပြီ
ကျေးဇူးပါပဲ ဟိုလိုလို ဒီလိုလို & ကိုညီလင်း 

ETN

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz