Monday, December 10, 2007

10.12.2007 Diary

10.12.2007 Diary


ဪ အသက်တစ်ရာ မနေရ အမှုတစ်ရာ ကြုံရ။ ကိုယ့်ဘာသာ အကြောင်းရှိလို့ ဘလော့ဂ် ပိတ်ထားတာလည်း ရင်မဆိုင်ရဲလို့ ပိတ်တယ် ဖြစ်ရသေးတယ်။ ဒီကြားထဲ အင်တာဗျူးက နှောက်ယှက်သေးတယ်။ ငါပြောတာတွေ အားလုံးမထည့်ဘဲ လွတ်တာတွေပဲ ထည့်တော့ ငါ့အင်တာဗျူး ငါပြန်ဖတ်ပြီး ကိုယ့်ကိုကိုယ်တောင် သောက်မြင်ကတ်လာတယ်။ မဂဿဂဇင်းထဲက လေသံက ဆောင့်ကြွားကြွား ဖြစ်နေတယ်။ ရည်ရွယ်တာတွေ အားလုံး မပါလာဘူး။ စကားလုံး တစ်လုံးမှာ အင်အားရှိတယ်။ ဒီစကားလုံးတွေကို ဂရုတစိုက် ပြောနေတာကို ဖြုတ်ချင်တာဖြုတ်ပြီး လုပ်ချင်တာ လုပ်ကြတယ်။ ကျွန်တှော သေချာပြောပါတယ်။ တချို့ စကားတွေက Off Topic ပါလို့။ ကျွန်တှော ဘာပြသဿသနာမှ မဖြစ်လိုပါဘူးလို့။ ဒီလောက် ပြောထားရဲ့သားနဲ့ တချို့ဟာတွေကို ထည့်ခဲ့သေးတယ်။ ကျွန်တှော အရွယ်သုံးပါးမရွေး ဘယ်သူ့ကိုမဆို ယဉ်ယဉ်ကျေးကျေးပဲ ဆက်ဆံပါတယ်။ ထားပါတော့ မပြောချင်တော့ပါဘူး။ သူတို့လာဗျူးတုန်းကလည်း ဒီလိုပဲ ဆက်ဆံပါတယ်။ စာအုပ်ထဲကလို လေသံတွေက မာမနေပါဘူး။ ဒီတော့ ဒီနေ့ကစပြီး ဘယ်သူ့ကိုမှ ဘယ်အကြောင်းမှ ပြောပြရန် မရှိပါ။ အတွေ့အကြုံ ဖလှယ်ပွဲ၊ ဆွေးနွေးပွဲတွေကိုလည်း မတက်ရောက်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အင်တာဗျူးများ စကားစမြည်များလည်း ပြောကြားရန် မရှိပါ။

နောက်တစ်ခုက ကျွန်တှော့ဘလော့ဂ်ကို တန်းပလိတ် အသစ်လေး ပြင်နေတယ်။ ၂ဝဝဂမှာ အသစ်လေး ဖြစ်ချင်တယ်။ အလုပ်က အရမ်းရှုပ်နေတာမို့ အဲဒီဘက်ကို လုံးဝမလှည့်အားသေးဘူး။ ဟိုပြင်ဒီပြင်မို့လို့ရယ် အလုပ်ထဲမှာ ဘလော့ဂ်နဲ့ ပတ်သတ်တဲ့ ဆုပေးဖို့ ရှိတာတွေရယ်ကြောင့် ကိုယ့်ဘလော့ဂ်ကို ပိတ်ထားလိုက်တယ်။ သူများတွေ လာပြောလို့ ကိုယ့်အကြောင်း ရေးထားတဲ့ အင်တာနက် ဆိုဒ်တွေ လိုက်ဖတ်ကြည့်တော့မှ ကျွန်တှောလည်း သူတို့လုပ်မှ မြန်မာပြည်ရဲ့ အရေးအပါဆုံး ပုဂဿဂိုလ်ကြီးလိုလို ဘာလိုလို ညာလိုလို ဖြစ်တော့တယ်။ ဒီမှာက ကိုယ့်အကြောင်းနဲ့ကိုယ်။ တှောတှောလည်း အံ့ဩမိတယ်။ ကျွန်တှောဟာ သာမန် နိုင်ငံသား တစ်ယောက်ပါ။ ကိုယ့်ထင်တာ၊ မြင်တာ၊ တွေးတာလေးတွေ ရေးတာတောင်မှ နိုင်ငံဖျက်မယ့်ကောင် ပုံစံနဲ့ နာမည်တပ်ပြီး ဝိုင်းဆှောကြသေးတယ်။ ဖတ်ရတဲ့ စာတွေဟာ အရေးအသား ရင့်သီးတယ်။ သူတို့ ခွင့်လွှတ်မှ ထမင်းစားရမယ့် လေသံမျိုးတွေ လုပ်ကြသေးတယ်။ ကျွန်တှော ကိုယ့်အလုပ် ကိုယ်လုပ်နေတာပါ။ ကိုယ့်ထမင်း ကိုယ်ရှာစားနေတာပါ။ ဘယ်သူ ဘယ်လိုထင်ထင် ကျွန်တှော လုပ်တဲ့ အလုပ်ဟာ သူတစ်ပါးကို မထိခိုက်ဘူး၊ အကျိုးရှိတယ်ထင်ရင် လုပ်မှာပါ။

ကိုယ်နဲ့ အယူအဆ မတူရင် သူတစ်ပါးကို နာမည်တပ်ပြီး မကောင်း ပြောတတ်တာကတော့ ဆိုးရွားပါတယ်။ ဒီရွာကို ဒီလမ်းက သွားမှ မဟုတ်ပါဘူး။ အခြားလမ်းတွေကလည်း ရောက်နိုင်ပါသေးတယ်။ ဘာမဟုတ်တဲ့ ကျွန်တှောလို ကောင်ကိုတောင် လိုက်ပြောနေမယ့်အစား ကိုယ်ယုံကြည်ရာလေးကို ကိုယ့်လမ်းကိုယ်သွား သွားမယ်ဆိုရင် အလုပ်လည်း ပိုဖြစ်ပါလိမ့်မယ်။ စာလေး တစ်ပုဒ်လောက်ဖတ်ပြီး လူတစ်ယောက်ကို အကဲမဖြတ်သင့်ပါဘူး။ ကျွန်တှောလည်း ကျွန်တှော့ကို လေးစားအောင် ဘာမှ လုပ်မနေပါဘူး။ လေးစားပါ လေးစားပါလို့လည်း ပြောမနေပါဘူး။ ကျွန်တှောလုပ်နေတာ အကောင်းတွေချည်းပဲလို့ မပြောပါဘူး။ အခုတော့ ဒီလူတွေ လုပ်ပုံက ကျွန်တှော့ကို အစွန်းမရောက်ရောက်အောင် လုပ်နေသလိုပါပဲ။

မြန်မာပြည်မှာ အင်တာနက်မကျယ်ပြန့်ရင် ဘယ်လိုမှ ဒစ်ဂျစ်တယ် မီဒီယာခေတ် မဖြစ်နိုင်ဘူး။ အဲဒီလို မကျယ်ပြန့်သရွေ့ အဲဒီအပှေါက ကျယ်ပြန့်တဲ့ အင်တာနက် စီးပွားရေးကို ကျွန်တှောတို့ ဖှောဆောင်နိုင်မှာ မဟုတ်ဘူး။ အဲဒီလို လုပ်နိုင်ဖို့ မြန်မာပြည်မှာ အင်တာနက် သုံးစွဲသူတွေ သန်းချီပြီး ရှိလာမှ ဖြစ်မယ်။ ခင်ဗျားတို့ ထင်နေသလို ကျွန်တှောက ဘလော့ဂ်လေးကို ကြည့်နေတာ မဟုတ်ဘူး။ ကျွန်တှော အဲဒါကနေ ပှေါလာမယ့် အကျိုးဆက် အပှေါမှာ ကိုယ်လုပ်နိုင်တာ တစ်ခုကို လုပ်မလို့ ကြည့်နေတာ။ ဒီလောက်ပဲ ပြောပြပါဦးမယ်။ ကျွန်တှောက ဟိုးအဝေးကြီးက အလုပ်တစ်ခုကို ကြည့်နေတယ် ခင်ဗျားတို့က လက်ရှိအရာလေး တစ်ခုအပှေါမှာ လာတိုက်ခိုက်နေကြတယ် ဆိုတော့ နဲနဲ ဝေးသွားပြီဗျာ။ ကျွန်တှော ငရဲသွားလည်း လိုက်ခဲ့ပါဆိုပြီး ဘယ်သူ့မှ မခှေါပါဘူး။ ဒီတော့ ဒီလိုကောင် ကျမယ်ဆိုလည်း ဂရုစိုက် ကြည့်မနေပါနဲ့။ ခင်ဗျားတို့ အချိန်ကုန်ပါတယ်။ ကျွန်တှော သိလိုက်တာက ခင်ဗျားတို့ဟာ လူတစ်ယောက်ကို စည်းရုံးနည်း အတတ်ပညာကို မသိဘူး ဆိုတာပါပဲ။ ဒီဘလော့ဂ် နယျူးရီးယားမှ ပြန်စဖြစ်ပါလိမ့်မယ်။ တန်းပလိတ် အသစ်လေး လုပ်နေတယ်။ အခုတော့ ခင်ဗျားတို့ အပြစ်ထပ်ရှာချင်ရင် တွေ့နိုင်အောင် ပြန်ဖွင့်ထားလိုက်ပါတယ်။ ကုဒ်တွေ မပြင်ရသေးတာမို့ အဆင်မပြေသေးရင်တော့ ခွင့်လွှတ်ကြပါ။


10 Responses to “10.12.2007 Diary”

Anonymous said...

" အများအကျိုး ရွက်သည်ပိုးက ၊ ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း ၊ မဖဲ့မစောင်း
ကိုယ့်လမ်းကြောင်းကို ၊ စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့"
announcement ကိုဖတ်လိုက်ရလို့ ဘလော့ဂ်ပိတ်လိုက်တာ သိလိုက်တယ်။ ဒါပေမဲ့နောက်ပိုင်း messageတွေကြောင့် သူများတွေထင်သလို ထင်လိုက်မိတယ်။ စိတ်များကုန်သွားသလားလို့ပါ။ ဒီလိုပါပဲ အံချှောမှုတွေကတော့ ရှိနေမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အရင်စိတ်ရှိနေသေးတယ် ဆိုတာသိရလို့ ဝမ်းသာပါတယ်။

my view said...

အခုလိုပြန်ပှေါလာတဲ့အတွက် ကိုညီလင်းဆက်ကို လေးစားပါတယ်၊ ကိုညီလင်းဆက်ဟာ ဗမာပြည်ကို ချစ်မြတ်နိုးသူ တယောက် ဆိုတာကို လုံးလုံး ယုံကြည်ပါတယ်၊ ပြည်ပက bloggerတွေဟာလဲ ဗမာပြည်ကို ချစ်မြတ်နိုးသူ တွေပါဘဲ၊ ကိုညီလင်းဆက် အမြင်နဲ့ သူတို့အမြင် မတူရင်ရင်လည်း သူတို့တွေ ဝေဖန်ခွင့်ရှိပါတယ်၊ ကိုညီလင်းဆက်လုပ်ခဲ့တာ ဘယ်လိုကြောင့် မသင့်တှောဘူး၊ နားလည်အောင်ရှင်းပြပြီး၊ ဆက်မလုပ်ဖို့ ဆွဲဆောင်သင့် ပါတယ်၊ ကိုညီလင်းဆက် လုပ်ခဲ့တာမှားတယ်လို့ ထင်လို့ ကောင်းကောင်းမွန်မွနိ ဝေဖန် ထောက်ပြ တာကို ကိုညီလင်းဆက်ကလဲ ဒေါသတကြီး ပြန်လဲတုံ့ပြန်မယ့် သူမျိုးလဲ မဟုတ်ပါဘူး၊ဒါပေမယ့်ဗျာ ဒေါသတကြီးနဲ့ ရန်သူလို့ သတ်မှတ်ပြီး ရန်ငါစည်းခွဲခြားရလောက်တဲ့ အထိတော့ မဖြစ်သင့်ဘူးဗျာ.. သူတို့တွေဟာ နိုင်ငံရေးကို တကယ်စိတ်ဝင်စားပြီး ဆောင်ရွက်နေသူတွေဆို စည်းရုံးရေးကို တကယ်ဘဲ နားလည်သင့်တယ်၊ နိုင်ငံရေးဆိုတာ စည်းရုံးရေးပဲ၊စည်းရုံးရေးဟာ အသက်ပဲ၊ ပြည်သူကို စည်းရုံးရမယ်၊ နားမလည်သူကို နားလည်အောင် စည်းရုံးရမယ်၊ အမြင်မတူသူတွေကို လက်ခံလာအောင် စည်းရုံးရမယ်၊ အခုတော့ဗျာ လူတွေ ကျင့်သုံးနေတာကြီးက အမြင်မတူရင် ထချရေးကြီးဗျ၊ စိတ်ပျတ်ပါတယ်။ နောက်ပြီး နိုင်ငံရေးဆိုတာ နအဖကို အပြစ်ပြောပြီး ဝိုင်းဆဲရေးကြီးလို ဖြစ်နေတယ်၊ နအဖမကောင်းတာတော့ ကလေးကအစ သိပါတယ်၊ ခက်တာက စည်းရုံးရေး.. အမြင်မတူသူတွေ ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ရေး ကြတော့ ဘယ်သကောင့်သား နိုင်ငံရေးလုပ်နေပါတယ်ဆိုတဲ့ ဘိုးတှောမှ နားမလည်ဘူး။

ရန်ကင်း said...

:) warmly welcome back.

ahh..What happened ?
Who cares?
People can say as they like. Who cares?

Go on, little monkey!
Cheers!!!

ATUN said...

မှန်တယ်ထင်တာဆက်လုပ်ပါဗျာ။သူများတွေလက်ခုပ်တီးပေးလို.
ထမင်းမစားရဘူး။နအဖကိုထိုင်ဆဲရင်လက်ခုပ်တီးပေးမဲ.သူရဲကောင်း
တွေပေါမှပေါပဲ.ထောင်ကျရင်တော.ကို.ဟာကိုခံပေါ.။
ကိုထင်ကျှောတို.လက်တွေ.ခံနေရပီ။အဝေးကသူရဲကောင်းကြီးတွေကတော.
ရဲပေမပေါ.ဗျာ။လက်တွေကျစွာဆက်လူပ်ပါကိုညီလင်းဆက်။

Eight August said...

Native Flowers Lovers မှာ Team member
တွေအများကြီးရှိပါတယ်။

Maung Maung Hla Win Ko Gyi Thu
Steven Alexander baganthar
Photographic Enthusiasts Group
mg myo aung ရွှေသွေးအောင်
Yan ကိုငယ် Aie Rot seikkyithar
နေဘုန်းလတ် TKG ktyeph mlv
NLS မေ Mr. Mandalay
nay tun (or) ko ko pandora

Native Flowers Lovers said...

ahh..What happened ?
Who cares?
People can say as they like. Who cares?

Go on, little monkey!
Cheers!!!

အထက်ပါ comment ဟာ team members
တွေအားလုံးကိုကိုယ်စားပြုမပြု၊
team members အားလုံးရဲ့
အမြင်ဟုတ်မဟုတ်ဆိုတာ အရေးကြီးပါတယ်။
ဒီ့အတွက်ဖြေရှင်းချက်ပေးသင့်ပါတယ်၊
လူကြီးလူကောင်းပီသမယ်ဆိုရင်ပေါ့ဗျာ..
team members အားလုံးကိုလဲအသိမပေးဘူး
team members တွေ ရဲ့ အမြင်မဟုတ်ဖူးဆိုရင်တော့
ဒါ group account ကိုအလွဲသုံးစားလုပ်တယ်လို့
သတ်မှတ်ရပါလိမ့်မယ်ခင်ဗျာ...

Anonymous said...

နိမ့်ရာစိုက်မဲ့ ဓါး လှံ များ ဟာ ထုံး စံ ပဲ..။

ကိုညီလင်းဆက်ရေ…
ဘလော့ဂ်ပုံစံအသစ်ပြောင်းလိုက်တော့ အရင်က ကွန်မန့်ဟောင်းတွေ အကုန် ပြန်ပါမလာတော့ဘူးနှော။ ဘာရယ်မဟုတ်ပါဘူး။ မေးကြည့်ရုံသက်သက်ပါပဲ။

NLS said...

Dont worry man!
I do value those comments not less than you.
As laymen know, this is blogger comment, mine is helloscan comment. So recently how can i be mixing up them. :)

pinkozone said...

ကိုညီလင်းစက်ရေ...
မှန်တယ်ထင်ရင်ရှေ့ဆက်နှော၊ ဒီနိုင်ငံမှာမှန်တာတွေကို လုပ်ဖို့သိပ်ခဲယဉ်းနေတယ်။ လုပ်ခွင့်ရနေတာနည်းတဲ့အရည် အချင်းမှမဟုတ်တာ။ အဲသလိုလုပ်နိုင်ဖို့ အရည်အချင်းမရှိ တဲ့ ကိုယ့်ကိုကိုယ် အားမရဘူး။ ဓာတ်ပုံက ကိုညီလင်းစက် ရဲ့ပုံလား။ မိုက်တယ်။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz