Wednesday, November 28, 2007

What's Reality?

What's Reality?
အစကြိုးကြာ ဆယ့်ခြောက်ခါတည့် ဟသဿငာကိုးပါး ခြောက်ဖြစ်ကားခို ကျေးညိုသုံးခါ သံသာကျူးဟိတ် ကရဝိတ်ငါး လေးပါးကိနဿနရီ စာမရီဆယ့်ငါး မျောက်ကားတစ်ဆယ် ဆင်ဝယ်ဆယ့်တစ် နွားဖြစ်ဆယ့်လေး ဧက သိနဿဓဝ ကျွဲအဋဿဌနှင့် သံသာမြညောင်း ဥဒေါင်းနှစ်ခါ သာလိကာသတဿတ ဒွါဒသဿသကြက် ဝက်ကားဆယ့်သုံး ပေါင်းစုံများစွာ တစ်ရာ့သုံးဆယ် ခြောက်ဖြစ်ဝယ်၌ အနဿတရာယ်တစိ၊ ဘေးမရှိသည် မုနိထွတ်ထား မြတ်ဘုရားကို အဟံ ကျွန်ုပ်သည် ဝေနဿဒဝနဿဒာမိ ရွိခိုးပါ၏ဘုရား။



အထက်က ဘုရားရှိခိုးသည် ကျွန်တှောတို့ ငယ်ငယ်က အဘွား ဘုရားရှိခိုးတိုင်း ကြားနေရသောကြောင့် မကျက်ရဘဲ အလွတ်ရနေသော ဂါထာတစ်ပုဒ်လို ဖြစ်နေသည်။ အောက်က အင်းဇယားသည် ရထားပြေးနည်းဖြင့် သွင်းထားသော အဘယဇာတကအင်းဟု ခှေါသည်။ အဆိုပါ အင်းကွက်တွင် ထူးခြားချက်မှာ အထဲမှ နှစ်သက်ရာ တစ်ကွက်ကို ယူပြီး ၎င်းနှင့် ဆက်စပ် ဂဏာန်း လေးလုံးကို ပေါင်းလိုက်လျှင် ၃၄ ရသည်ချည်းပင် ဖြစ်သည်။ အနောက်တိုင်းတွင် ယင်းကို Magic Square ဟုခှေါပေမည်။ သခဿငျာပညာရပ်တွင် ယင်းကဲ့သို့သော Magic Square များရှိသည်။

ဘုရားရှင်သည် ဘေးအနဿတရာယ် တစ်စုံတစ်ရာ မရှိဘဲ ဖြစ်တှောမူခဲ့သော ဘဝပေါင်း ၁၃၀ ရှိသည်ဟူ၍ ယင်းသို့သော အဘယဇာတက ဘုရားရှိခိုး ဖြစ်လာသည်ဟု အစဉ်အဆက် မှတ်သားလာကြသည်မှာ ကျွန်တှောတို့ အထိပင် ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်း ဘုရားဖြစ်လာသူ ဖြစ်သည်။ ယင်းတွင် Super Natural Events များမပါဝင်ပါ။ ယခုကဲ့သို့ အစီအစဉ်တကျ အကွက်ထဲ ထည့်လိုက်ရုံဖြင့် ထူးဆန်းဖွယ် ရလာဒ်များကို ပေးနိုင်စွမ်းရှိသော ဘဝများကိုလည်း ဟိုးကတည်းက ကြံစည်၊ ဖြစ်တည် ခဲ့မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ယင်းဘုရားရှိခိုး ဘယ်ကပှေါလာသနည်းဆိုတာ ကျွန်တှောတို့ စဉ်းစားကြည့်ဖို့ကောင်းသည်။

အဖြစ်နိုင်ဆုံးမှာ ရှေးခေတ်အခါက မြန်မာပြည်တွင် အင်း၊အိုင်၊လှက်ဖွဲ့၊ ခါးလှည့်၊ မနဿတာန်များ အလွန် ခေတ်စားသည်။ ဘုန်းတှောကြီးများသည် ယင်းပညာကို လက်ဆင့်ကမ်း သင်ယူလာသူများ ဖြစ်ကြသည်။ ပညာသင်ကြားသောအခါ နှုတ်တက် အာဂုံဆောင် သင်ကြားခြင်းမျိုး ဖြစ်သည်။ ထိုအင်းသည် ယခင်ကတည်းက ရှိခဲ့သော နာမည်ကြီး အင်းတစ်ခု ဖြစ်နိုင်ပေသည်။ သို့ရာတွင် ယင်းကို ရိုးရိုး သင်ကြားခြင်းမျိုးထက် ယခုကဲ့သို့ ဇာတ်တှောလေး တစ်ခု ဖန်တီးပြီး ကဗျာသံပေါက်ဆန်ဆန်၊ ဘုရားရှိခိုးဆန်ဆန် လက်ဆင့်ကမ်း သင်ကြားပေးပါက ပိုမို ထိရောက်မည် ထင်သဖြင့် ယင်းကဲ့သို့ အဘယဇာတက ဘုရားရှိခိုး ပှေါပေါက်လာသည်ဟုပင် ယုံကြည်မိပါတော့သည်။ ထို့အတူ ကျွန်တှောတို့ ထေရဝါဒတွင် ယင်းကဲ့သို့သော ဖန်တီးမှုဆန်ဆန် ဇာတ်လမ်းများ မည်မျှ ပါနေမည်နည်း ဆိုသည်ကို တွေးကြည့်ပါလျှင် ရင်လေးစရာပင် ဖြစ်တော့သည်။

5 Responses to “What's Reality?”

thetmgmg said...

ကိုညီ တန်းပလိပ်က မလန်းတော့ဘူး ပထမဟာလေးက ကောင်းရဲ့သားနဲ့ ဒါကြီးကလှဘူးဗျ

pandora said...

အဲဒီ ဇယားလေးကို ဘလော့ဂ်ပို့စ် ထဲမှာ ဘယ်လိုရေးလိုက်တာလဲ ညီလင်းဆက်
စကားမစပ် အဖြူနောက်ခံနဲ့ ပိုဖတ်ကောင်းသွားတယ် (အနည်းဆုံး ကိုယ့်အတွက်ပေါ့)

balargout said...

ကိုညီလင်းဆက်စီရေ အင်းအိုင် လက်ဖွဲတွေအကြောင်း ထဲ က အစွမ်းထက်တာတွေ ရှိသလိုမရှိတာတွေလဲ ရှိတာ သိမှာပါနှော။ နောက်လူတွေ အတွက် အင်းကျိုးခြင်း အင်း ကန်းခြင်း အကြောင်းတွေ ဆက်ရေးပေးစေချင်တယ်ဗျာ။ ဒါတွေဘက်မှာ ခင်ဗျားက ကျွန်တှောတို့ထက် ပိုတှော တယ်။ စာပေလဲနှံ့စပ်ပါတယ်။ ရေးပါဦးဗျာ။

緬甸人 said...

zj052231@gmail.com
我不能打缅文。我要怎么办?
http://mmmmm5m.blogspot.com/2007/06/blog-post.html

Han Thit Nyeim said...

ဖြစ်တော်မူဘဝပေါင်းက ၁၃၆ ပါ။ ကိုညီလင်းဆက်ရေ... ၁၃၀ မဟုတ်ပါဘူး။ “တစ်ရာ့သုံးဆယ်၊ ခြောက်ဖြစ်ဝယ်၌” လို့ ဆိုထားပါတယ်။

ခင်မင်စွာဖြင့်
ဟန်သစ်ငြိမ်

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz