Friday, November 9, 2007

Research and Resources

Research and Resources


က်ြန္ေတာှ ေတာှေတာှေလးကို ခေါင်းနောက်နေတယ်။ အခု ကျွန်တှော Research လုပ်နေတဲ့ အရာက ပြောရင် တွေးကြည့်ရင် သိပ်လွယ်သလိုနဲ့ လက်တွေ့ လုပ်ကြည့်ရင် အဆင့်တွေ သိပ်များတာ တွေ့ရတယ်။ အဓိကကတော့ Customer ကဒါကို အဆင့်အတန်းမီမီ လိုချင်တယ်။ ကျွန်တှော့ဆီမှာ ဒါကို ဘယ်လို လုပ်သင့်တယ်၊ ဘယ်လို နည်းလမ်းနဲ့ ချဉ်းကပ်ရမယ်ဆိုတဲ့ အကြံဉာဏ် ရှိတယ်။ ခက်တာက ကျွန်တှောတို့ဆီမှာ စာအုပ်တွေ၊ စာတမ်းတွေ ရှားပါးမှုပဲ။ မြန်မာပညာရှင်တွေ ထုတ်တဲ့ စာအုပ်ဆိုတာလည်း ရှားမှရှားပဲ။ ဒီပရောဂျတ်မှာ ယေဘုယျ အဆင့်နှစ်ဆင့် ရှိတယ်။ ပထမအဆင့်က အိုကေတယ်။ ဒုတိယ အဆင့်ကတော့ နှစ်နဲ့ချီပြီး ကြာနိုင်တယ်။ ဒါပေမယ့် ကိစဿစမရှိဘူး။ ဒီပရောဂျတ်အတွက် လိုအပ်သူက အချိန်ပေးနိုင်ရင် ဒုတိယ အဆင့်အတွက် နှစ်ဘယ်လောက်ကြာကြာ ထိုင်ပြီး Research လုပ်ဖို့ ကျွန်တှော ဝန်မလေးဘူး။ တကယ်တော့ ဒါက ကျွန်တှော တစိုက်မက်မက် လုပ်နေတဲ့ ခေါင်းစဉ်တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တှော လုပ်ချင်တာ လုပ်နိုင်ဖို့ ငွေပမာဏ နဲနဲလိုတယ်။ ဒါကြောင့် ကျွန်တှော must be လုပ်ရမယ်။

လုပ်မယ်ဆိုတော့ ပထမအဆင့် စာတွေ ဖတ်ရတယ်။ သူများနိုင်ငံက နှစ်ပေါင်းများစွာ သုတေသန ပြုလာတဲ့ ခေါင်းစဉ်တစ်ခု၊ ကျွန်တှောလိုကောင်က အခုထလုပ်ရင် အရည်အသွေး မမီတာပဲ ရနိုင်မယ်။ ဒီတော့ သူများတွေ ဘယ်နည်းဘယ်ပုံ သွားကြတယ် ဆိုတာကို ပထမဆုံး လေ့လာရတယ်။ စာအုပ်မရှိတော့ အင်တာနက်ကို အားကိုးရတယ်။ သူတို့ ရေးထားတဲ့ စာတမ်းတွေ ဖတ်ရတယ်။ ပထမဆုံး ဒါတွေကို အကြမ်းဖတ်ပြီးချိန်မှာ နဲနဲတော့ အားတက်သွားတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တှော ခေါင်းထဲမှာ စဉ်းစားထားတာနဲ့ သူတို့သွားတဲ့ ပုံစံက ယေဘုယျ ဆင်တူလို့။ သွားရမယ့် အဆင့်ချင်းကလည်း တူတယ်။ တစ်ခုပဲ ကျွန်တှောက စနစ်တကျ မသင်ကြား မလေ့လာခဲ့တော့ ပထမအဆင့်နဲ့ ဒုတိယ အဆင့် ကူးပြောင်းပုံ အချက်အလက်တွေကို မချိတ်မိဘူး ဖြစ်နေတာ။ စာဖတ်လိုက်တော့ ရှင်းသွားတာပဲ။ ဒီလိုနဲ့ စာဖတ်ရင်း အချက်အလက်တွေကို ချရေး၊ နည်းလမ်းတွေကို လိုက်မှတ်၊ ကိုယ်လုပ်ချင်တာလေးတွေ တေးထား၊ ဘယ်လို လုပ်နိုင်တယ်ဆိုတာတွေ လိုက်ရှာ၊ သူများ လုပ်ပြီးသားတွေကို လိုက်ကြည့် အဲဒီလို လုပ်ရတယ်။

အဲဒီမှာ အခက်အခဲ ဖြစ်လာတာက ကျွန်တှောတို့ဆီမှာ National Corpus မရှိဘူး။ Lexicon Database မရှိဘူး။ အားလုံးက အဘိဓာန်ကိုပဲ ပြေးပြေး မြင်နေကြတယ်။ အကျဉ်းပြောရရင် NC ဆိုတာက စာပေဘဏ် ဆိုပါတော့။ သူ့အထဲမှာ ဘာသာရပ်တိုင်းက စာတွေ၊ စာတမ်းတွေ၊ ဝတဿထုတွေ၊ ဆောင်းပါးတွေကို စနစ်တကျ ထည့်သွင်း စုဆောင်းထားတာ မျိုးပါ။ ဒီ NC မှာ စာတွေကို သိမ်းပုံ သိမ်းနည်းကလည်း စနစ်ကျဖို့ လိုအပ်ပါတယ်။ အနည်းဆုံး စာတစ်ကြောင်းချင်းစီကို အမှတ်အသား စဉ်တပ်ပြီး သိမ်းရတာမျိုးပါ။ အသေးစိတ် သိချင်ရင် ဂူဂယ်လ်မှာ ဖြစ်ဖြစ် ဝီကီမှာဖြစ်ဖြစ် National Corpus လို့ ရိုက်ထည့်ပြီး ရှာကြည့်လို့ ရပါတယ်။ နိုင်ငံခြားက အဖွဲ့တစ်ဖွဲ့ Myanmar Corpus ဆိုပြီး လုပ်နေတယ်လို့ ကြားတယ်။ ကြာတော့ ကြာပြီ။ မြန်မာတွေ လုပ်ရမယ့်ဟာကို သူများက ယူလုပ်နေတာ ရှက်ဖို့ကောင်းတယ်။ Lexicon Database ဆိုတာကလည်း အရမ်း အရေးကြီးပါတယ်။ LD ဆိုတာ ပြောရရင် Dictionary, Thesaurus, Glossary, Grammar အဲဒါတွေ အားလုံးရဲ့ အရင်းအမြစ် ဆိုပါတော့။ ဥပမာ ပြရရင်




အထက်ကလို သိမ်းထားတဲ့ ဒေတာဘေ့စ်။ အဲဒီ Lexicon ထဲက အချက်အလက်တွေကို အဘိဓာန် စာအုပ်ထဲမှာ မြင်ရတာက ညာဘက်က ပုံစံ။ တှောတှောများများ အဘိဓာန်တွေ ရိုက်ကြတယ်။ ဒါပေမယ့် အဲဒီလို စနစ်တကျ အဆင့်မီမီ သိမ်းထားတဲ့ ပုံစံ တစ်ခါမှ မမြင်ဖူးသေးဘူး။ အဘိဓာန် သွားတဲ့ ပုံစံက Root Base လို့ခှေါတယ်။ တည်ပုဒ် စာလုံး တစ်ခုမှာ ဆင့်ကာဆင့်ကာ ဆက်စပ်ရာတွေ ထည့်သွားတာ။ ဒီ LDမှာက စာလုံးပြောင်း၊ ဒါမှမဟုတ် အဓိပဿပာယ် တစ်ခု ပြောင်းတာနဲ့ ဒေတာတစ်ခု အနေနဲ့ မှတ်ရတာမျိုး။

နောက်ထပ် ဒါတွေအပြင် ဘာသာရပ်ဆိုင်ရာ အဘိဓာန်တွေ လိုအပ်တယ်။ တခြားဘာသာတွေ မစဉ်းစားပါနဲ့ဦး။ မြန်မာ-အဂဿငလိပ်၊ အဂဿငလိပ်-မြန်မာကိုပဲ စဉ်းစားကြည့်ပါ။ ရုကဿခဗေဒနဲ့ ပတ်သတ်ပြီး ကျောင်းပြီးထားတဲ့ သူတွေက ရုကဿခဗေဒ အဘိဓာန် ပြုစုကြသလား၊ သတဿတဗေဒနဲ့ ပြီးတဲ့သူကရော သတဿတဗေဒ အဘိဓာန် ပြုစုသလား။ ဘာသာရပ်တွေ အမျိုးမျိုး ရှိသလို အသုံးအနှုံးတွေလည်း မတူကြဘူး။ ဘူမိဗေဒ အဘိဓာန်၊ စိတ်ပညာ အဘိဓာန်၊ ရူပဗေဒ အဘိဓာန် အဲဒါမျိုးတွေ အများကြီး လိုတယ်။ ဘာသာရပ် အဘိဓာန်ဆိုလို့ တည်ပုဒ်လေး ၅ဝဝလောက်နဲ့ ကချှောကချွတ် စကားလုံးစုမျိုးက အဘိဓာန်လို့ မခှေါနိုင်ဘူး။ ခေတ်မီအသုံးတွေ၊ စကားလုံးအတွဲတွေ၊ ဂျာဂွန်းတွေ ပါမှ ပြည့်စုံလိမ့်မယ်။ အခု လိုပြီဆိုတော့ ဘယ်မှာ ရှာရမလဲ။ ကိုယ့်ဘာသာ လုပ်ဖို့ကလည်း ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်တွေ မဟုတ်ဘူး။ တချို့အဘိဓာန်တွေဆိုလည်း သက်ဆိုင်ရာ ဌာနတွေကနေ ထုတ်တယ်။ အပြင်မှာတောင် မမြင်လိုက်ရဘူး ပျောက်သွားတယ်။ ဥပမာ- လယ်ယာ စိုက်ပျိုးရေးက ထုတ်တဲ့ မြန်မာ့ဆေးပင်များ အဘိဓာန် ဆိုပါတော့။ ဘယ်မှာဝယ်လို့ ဝယ်ရမှန်းတောင် မသိဘူး။ ဒီတော့ ကျွန်တှောတို့က Resource မရှိတဲ့ တိုင်းပြည်မှာ အလုပ်လုပ်ရသလို ဖြစ်နေတယ်။ ကျွန်တှော့အတွက်တော့ National Resource ဆိုတာ ကျောက်စိမ်းမဟုတ်ဘူး၊ ကျွန်းမဟုတ်ဘူး။ ပညာသာ နိုင်ငံရဲ့ အရင်းအမြစ် ဖြစ်တယ်လို့ ခံယူတယ်။

ဒါတွေက ကျွန်တှော့ ပရောဂျတ်မှာ ထိပ်တန်းက အရေးပါတယ်။ အခု ဒါတွေကို ဘယ်သူကမှ လုပ်မထားတော့ တှောတှော ခေါင်းစားရတာပေါ့ဗျာ။ တစ်ချို့ကလည်း နဲနဲ လုပ်ထားတာတော့ ရှိပါရဲ့။ ဒါပေမယ့် ပိုက်ဆံကို မျှောကိုးပြီး လုပ်နေကြတာက များနေတယ်။ အလကား ပေးရမယ်ဆိုရင် စကားတောင် မပြောချင်တော့ဘူး ဆိုတာနဲ့ တိုးနေတယ်။ လုပ်ချင်တယ်၊ စိတ်ဝင်စားတယ် ဆိုတဲ့သူတွေ အများကြီးနဲ့လည်း တွေ့လာရတယ်။ သုံးလေးငါးနှစ် ပိုက်ဆံ မရသေးဘဲ တစိုက်မက်မက် အချိန်နဲ့ လူ့စွမ်းအား ရင်းရမယ်လဲဆိုရော လစ်သွားကြရော။ ဘာဖြစ်လို့ ဒီအချိန်လေးကို ထည့်တွက်နေကြတာလဲဗျာ။ နောက်၁ဝနှစ်လောက်ကို မျှောကြည့်စမ်းပါ။ ခဏလောက် အငတ်ခံကြစမ်းပါ။ သူများ မလုပ်တဲ့ဟာကို လုပ်မှ Pioneer ဖြစ်တာဗျ။ အခုဆို ဘာသာရပ်ပိုင်း ဆိုင်ရာ အဂဿငလိပ်-မြန်မာ အဘိဓာန်တွေ လိုက်စုတာ ဒီလောက်ပဲရတယ်။
  • အဂဿငလိပ်-မြန်မာ ဆေးပညာ အဘိဓာန် - ဒေါက်တာရဲလှ
  • စီးပွားရေး ဝေါဟာရ အဘိဓာန် - မောင်ဘောဂ
  • အဂဿငလိပ်-မြန်မာ စစ်ဝေါဟာရ အဘိဓာန် - ဗိုလ်မှူးကြီးစံလွင်
  • ကွန်ပျူတာ အဘိဓာန် - မောင်ထူးချွန်
  • အဓိက သမိုင်းဆိုင်ရာ ဝေါဟာရများ - အောင်သန်းထွန်း
  • မြန်မာ့ ဆေးဝါးပင်များ အဘိဓာန် - လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန
  • မြန်မာ့ အနုသုခုမ အဘိဓာန် - ယဉ်ကျေးမှု ဝန်ကြီးဌာန
  • ဗိသုကာ ဝေါဟာရ - ဒေါက်တာသန်းထွန်း (စကှောလာဂျာနယ် အတွဲ၁၊ အပိုင်း ၂)
  • အရှေ့တောင်အာရှ အနုသုခုမ လက်ရာများ အဘိဓာန် - တောင်ခိုး
  • နကဿခတ်ဗေဒင်ဆိုင်ရာ ဝေါဟာရများ - ဆရာဒဂုန်

အထက်က အဘိဓာန် ပြုစုသူတွေကို တကယ်ကျေးဇူးတင်တယ်။ ဒါပေမယ့် ဘာသာရပ် အများကြီး ကျန်နေသေးတယ်။ တစ်ချို့ ဘာသာရပ် စကားလုံးတွေဆိုရင် အဘိဓာန် မရှိလို့ အောက်ခြေမှတ်စုလေးတွေ လိုက်ဖတ်ပြီး ကိုယ့်ဘာသာ ပြန်ကူးယူ ထားရတယ်။ ဘယ်စာအုပ်တွေ ကျန်သေးတယ်ဆိုပြီး လမ်းညွှန်ပေးမယ့်သူ ကူညီမယ့်သူလည်း မရှိဘူး။ စိတ်ဓာတ်ကျတယ်။ မြန်မာပြည်မှာ စည်းစနစ်ကို မရှိဘူး။ ဘာမှလည်း ကြိုမတွေးကြဘူး။ တစ်ခုနဲ့တစ်ခု ဆက်စပ်လို့လည်း မရဘူး။ တကယ်ပါဗျာ။ စာအုပ်အနေနဲ့ မထွက်ဘဲ ဒါမျိုး အဘိဓာန်လေးတွေ ပြုစုပေးချင်တဲ့ ပညာရှင်တွေ ရှိရင် ပြောပြကြပါ။ စာအုပ် မထုတ်ပေးနိုင်ပေမယ့် ဉာဏ်ပူဇှောကြေး ကန်တော့လို့ ရပါတယ်။ သူတို့လည်း အလုပ်အတွက် ဝင်ငွေရမယ်။ ကျွန်တှောတို့လည်း စနစ်တကျ အလုပ်လုပ်နိုင်မယ်။ နိုင်ငံအတွက်လည်း ပညာအရင်းအမြစ်တွေ တိုးပွားလာမယ်။ ဒါတွေနဲ့ ပတ်သတ်လို့ စိတ်ဝင်စားတယ်၊ သိချင်တယ်ဆိုရင် အခမဲ့ ပြောပြပေးပါဦးမယ်။ အသုံးချ နည်းပညာတွေ၊ ဆော့ဖ်ဝဲလ်တွေကိုလည်း သိသလောက် ပြသပေးပါဦးမယ်။ အခုတော့ ဘာဆက်လုပ်ရမယ် မသိသေးဘူး။ ရှိတာလေးတွေနဲ့ စလုပ်ကြည့်မယ်။ ကိုယ်ပိုင်သုံးဖို့ Lexicon Database တစ်ခု ဆောက်ယူရမယ်။ ပြီးမှ လိုအပ်တာလေးတွေ အဆင်ပြေသလို လိုက်ဖြည့်တော့မယ်။ လောလောဆယ်တော့ Fundamental Research မှာတစ်နေတယ်။ သိပ်မကြာခင်တော့ Applied Research ကို ကူးနိုင်လိမ့်မယ်လို့ မျှောလင့်မိပါတယ်။

No response to “Research and Resources”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz