Monday, November 12, 2007

Gawgi : ဂှေါဒိုင် စကားလုံးသူပုန်

Gawdi- ဂှေါဒိုင် (စကားလုံး သူပုန်)




စိတ်ဝင်စားစရာ မြန်မာဆိုဒ်လေးတွေ မညွှန်းဖြစ်တာ ကြာပါပြီ။ ဒီနေ့တော့ ဟိုကြည့် ဒီကြည့်နဲ့ ဒီဆိုဒ်လေး (Gawdi)ကို သွားတွေ့တယ်။ ဒီဆိုဒ်က မြန်မာ ဘန်းစကားတွေကို စုနေတဲ့ ဆိုဒ်ပါ။ အလွန်ကောင်းပါတယ်။ ဒါမှ ခေတ်တစ်ခေတ်မှာ ပှေါပေါက်ခဲ့ဖူးတဲ့ စကားတွေ ပျောက်ကွယ် မသွားမှာ။ တချို့စကားတွေဟာ ကိုယ့်နယ်မှာသာ အသုံးများတဲ့ စကားမျိုးပါ။ သူများနယ်က လူတွေ မသိနိုင်ပါဘူး။ တချို့စာလုံးတွေကလည်း ယောက်ျားလေး အချင်းချင်း ပြောဆို သုံးစွဲကြတဲ့ ပွင့်ပွင့်လင်းလင်း စကားလုံးတွေပါ။ ညစ်ညမ်းစာလုံးလို့ အများသတ်မှတ်ကြတဲ့ စာလုံးတွေလည်း ပါပါလိမ့်မယ်။ ကျွန်တှော ညွှန်းချင်တာက အရသာခံပြီး ဖတ်နေဖို့ မဟုတ်ပါဘူး။ အဲဒီလို စကားလုံးတွေ ရှိနေတယ် ဆိုတာကို မှတ်တမ်းတင်နေတာမို့ ကိုယ်တိုင် သိတာလေးတွေလည်း ဝင်ထည့် နိုင်အောင်လို့ပါ။ ပြီးတော့ ခေတ်လူငယ်တွေ ဘာအထာနဲ့ သုံးနေတယ်ဆိုတဲ့ လျှို့ဝှက် စကားတွေကိုလည်း သိရတာပေါ့။ ဘာအကောင့်မှာ တည်ဆောက်ဖို့ မလိုပါဘူး။ လွယ်လွယ် ဝင်ဖတ် ဝင်ရေးလို့ ရပါတယ်။ အရှက်ကြီးသူ သိပ်ယဉ်ကျေးသူများ သွားစရာ မလိုပါဘူး။ (18+)

Ref: http://www.gawdi.com/index.php

No response to “Gawgi : ဂှေါဒိုင် စကားလုံးသူပုန်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz