Wednesday, November 21, 2007

ကျေးဇူးစကား

ကျေးဇူးစကား


ကျွန်တှော့အတွက် ဘလော့ဂ်ဆိုတာ အပျှောရေးတယ် ဆိုတာထက် ပိုပြီး ကျယ်ဝန်းတဲ့ အဓိပဿပာယ် ရှိလာပါပြီ။ ဒီဘလော့ဂ်ကြောင့် ကျွန်တှောဟာ ဝါသနာတူ မိတ်ဆွေတွေ ရလာတယ်။ ကိုယ်မသိတဲ့ နည်းပညာတွေ ဖလှယ်ခွင့် ရလာတယ်။ ကူညီမယ့်သူတွေ အများကြီး ရလာတယ်။ နောက်ဆုံး အခု အလုပ်ရတယ် ဆိုတာတောင် ဒီဘလော့ဂ်ကြောင့် လို့ပြောရင် မမှားနိုင်ပါဘူး။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူငယ်ချင်း တစ်ယောက်ကနေ မိတ်ဆက်ပေးလို့ ဆရာတစ်ယောက်နဲ့လည်း သိကျွမ်းရပါတယ်။ ဆရာက ကျွန်တှောလုပ်နေတဲ့ လုပ်ငန်းတွေကို သဘောကျလို့ဆိုပြီး သူ့ဆီမှာ ရှိနေတဲ့ ရှားပါးစာအုပ်တွေကို ဝေမျှပါတယ်။ ပိုက်ဆံထက် ဒီလို စာအုပ် ဝေမျှတာကို ကျွန်တှော တှောတှော ဝမ်းသာမိပါတယ်။ ပိုက်ဆံရှိတိုင်း စာအုပ်ကောင်းတွေ ဝယ်လို့ မရပါဘူး။ တချို့စာအုပ်တွေက အဟောင်းတန်းမှာ သွားရှာရင်တောင် မရှိနိုင်ပါဘူး။ နောက်တစ်ခုက ကြိုးမညီတဲ့ ဂစ်တာကို တီးရင် အသံကြောင်သလို အယူအဆ အတွေးအခှေါ မတူသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ လူဟာ ပင်ပန်းပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အပ်စပ်ရာ မိတ်ဆွေတွေနဲ့ တွေ့ဆုံ စကားပြောရတဲ့အခါ တှောတှော စိတ်ချမ်းသာပါတယ်။ ဆရာဦးကိုကိုလွင် ကျွန်တှော့ကို ပေးတဲ့ စာအုပ်တွေထဲက တစ်အုပ်ဟာ ဟိုတလောကမှ ကျွန်တှော သွားကြည့်ပြီး ဈေးများလွန်းတာနဲ့ မဝယ်နိုင်လို့ ပစ်ထားလိုက်ရတဲ့ ပညာရပ်ဝေါဟာရများ အဘိဓာန် ဆိုတဲ့ စာအုပ်ပါ။ အဲဒီစာအုပ် တစ်အုပ်နဲ့တင် တှောတှော ကျေးဇူးတင်မိပါတယ်။ ဆရာမိတ်ဆက်ပေးလို့ Social Work လုပ်နေကြတဲ့ ကျောင်းသား အများကြီးနဲ့လည်း သိကျွမ်းရပြန်သေးတယ်။ တှောတှောများများက သက်ဆိုင်ရာ ဘာသာရပ် အသီးသီးက ဘွဲ့ရတွေ၊ မာစတာတွေ၊ ပီအိတ်ခ်ျဒီ တွေပါ။ ဆရာက အတွေ့အကြုံ ဖလှယ်ပွဲလေး တစ်ခု လုပ်ဖို့ ပြောတာမို့ လာမယ့် တနဂဿငနွေကို ချိန်းဆိုလိုက်ပါတယ်။ တကယ်ဆို ကျွန်တှော အားတာ တစ်ပတ်မှ ဒီတစ်ရက်ထဲပါ။ ဒါပေမယ့် ကျွန်တှော့အတွက် အကျိုးရှိသလို သူများအတွက်လည်း အကျိုး ရှိနိုင်တာမို့ ချိန်းဖြစ်တာပါ။ အဲဒီပွဲမှာ ကျွန်တှော့ဘက်က အချက် နှစ်ချက်ကို ဆွေးနွေးပါမယ်။ တစ်ချက်က လူငယ်တစ်ယောက်ရဲ့ ရပ်တည်မှုပါ။ နောက်ခေါင်းစဉ် တစ်ခုက Digitalization ဆိုတာပါ။ အချင်းချင်း Interactive ပုံစံမျိုးနဲ့ သွားဖြစ်မယ်လို့တော့ စဉ်းစားထားပါတယ်။ ဘယ်လိုပဲ ပြောပြော ကျွန်တှော့ဆီက ကောင်းမှု၊ မကောင်းမှု တစ်ခုခု သူတို့ရပြီး ကျွန်တှောက လူလေးငါးဆယ်ဆီက အများကြီး ပြန်ရမှာမို့ တန်တယ်လို့ ထင်မိပါတယ်။ ဆရာ ဦးကိုကိုလွင်နဲ့ Social Work ကကျောင်းသား အားလုံးကို ကျေးဇူးတင်ပါတယ်။

Powered by ScribeFire.

No response to “ကျေးဇူးစကား”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz