Friday, November 23, 2007

မီးရယ် မီးရယ်

မီးရယ် မီးရယ်


ရန်ကုန်မှာ မီးတွေ ပြတ်နေပြန်ပြီ။ သိပ်စိတ်ညစ်ဖို့ ကောင်းတယ်။ စိတ်ဓာတ်လည်း ကျတယ်။ ည၁ဝနာရီ ပင်ပင်ပန်းပန်းနဲ့ အိမ်ပြန်လာရင် ရင်ဝကို ဆောင့်ကန်ခံရသလိုပဲ မီးကမလာတော့ ၁၁ထပ်ကို သေအောင် တက်ရတယ်။ လုပ်စရာရှိတဲ့ အလုပ်လေးတွေကို စိတ်ကူးလေးကောင်းတုန်း လုပ်မယ်ဆိုပြီး မီးလာအောင် စောင့်တယ်။ ၁၂ခွဲ တစ်နာရီမှ လာတယ်။ ပြီးရင် ကြောင်သေးပေါက်သလောက် လာပြီး ပြန်ပျက်သွားပြန်ရော။ မနက်မိုးလင်းရင် မီးက ပျက်နေပြီ။ ဘယ်လို အလုပ်လုပ်ရမလဲ။ မြန်မာပြည်မှာ လျှပ်စစ်ဒုကဿခ ခံစားနေရတာ ကြာလှပြီ။ ဝန်ကြီးလည်း သူတို့အိမ်တွေ မီးမပြတ်တော့ အပြင်မှာ မီးတွေပြတ်နေတာ ဘယ်လို သိပါတော့မလဲ။ မီးတွေပျက်ရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ အခုလည်း အလုပ်လုပ်နေရင်း တန်းလန်း မီးပျက်သွားတယ်။ ရန်ကုန်မှာ ကန်တှောလေးဘက်က မီးပျက်တဲ့ နေရာမှာ နာမည်ကြီးတဲ့။ တီဗွီတွေ၊ ဒီဗွီဒီတွေလည်း ကြည့်ဖို့ မဟုတ်ပါဘူး။ လူတွေ အဆင့်မီမီ လူလိုနေနိုင်ဖို့နဲ့ သာမန်အလုပ်လေး လူလုပ်ချိန် လုပ်နိုင်ဖို့ မီးလိုတာပါ။ နွေရာသီကျတော့ ရေမရှိလို့၊ မိုးရာသီကျတော့ ၃လလောက် လာလိုက်၊ ပြီးရင် အခု ဆောင်းတောင် ကောင်းကောင်း မကူးချင်သေးဘူး မီးတွေ ပျက်လာပြီ။ ... ရေ ငါဘာလုပ်ရမှန်း၊ ဘယ်နေရာမှာ နေရမှန်းတောင် မသိတော့ဘူး သူငယ်ချင်းရယ်။ လမ်းကြုံရင် နင့်ပါးပါးကို ပြောပြလိုက်ပါဦးကွယ် အပြင်မှာ ဘယ်လိုတွေ ဖြစ်နေပြီလဲဆိုတာ။ သိပ်စိတ်ဓာတ်ကျတယ် မီးရယ်။ မင်းကိုယ့်ကို နှိပ်စက်နိုင်လွန်းတယ်။


Powered by ScribeFire.

No response to “မီးရယ် မီးရယ်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz