Wednesday, November 21, 2007

ကိုယ့်သတင်းကိုယ်ပြန်ကြားခြင်း

ကိုယ့်သတင်းကိုယ်ပြန်ကြားခြင်း


ကျွန်တှောလည်း အင်တာနက် သုံးသာ သုံးနေရတယ် ကိုယ့်အာရုံနဲ့ကိုယ် ဆိုတော့ အပြင်မှာ ဘာတွေ ဖြစ်နေတယ် ပြောနေကြတယ် ဆိုတာ မသိဘူး ဖြစ်နေတာ ဒီနေ့မှ စုံစုံစေ့စေ့ သိရတော့တယ်။ ပထမတော့ တှောတှောလေး တင်းသွားတယ်။ နောက်တော့လည်း ရယ်မိပါတယ်။ ဒီလို လွန်ခဲ့တဲ့ သုံးလေးရက်ထဲက နိုင်ငံခြားက သူငယ်ချင်း တစ်ယောက်က ပြောတယ်။ ကျွန်တှော့ မကောင်းကြောင်းတွေ၊ မဟုတ်မဟတ် သတင်းတွေကို ငတိတစ်ကောင်က လျှောက်ပြောနေတယ်တဲ့။ ဘယ်သူ ပြောသလဲဆိုတာ ကျွန်တှောသိသလို သူကလည်း ပြောပါတယ်။ ဘယ်လောက်တောင် လုပ်သလဲဆိုရင် ကျွန်တှော့ မြန်မာဝီကီ လုပ်ငန်းအတွက် ထောက်ပံ့ကြေး ပေးမယ်ဆိုတဲ့ လူတွေတောင် ကျွန်တှော့ကို မခှေါမပြော ဖြစ်လာတယ်။ အရင်ကဆို နိုင်ငံခြားကနေ ဖုန်းတဂွမ်ဂွမ် ဆက်နေတဲ့ သူတွေ၊ ဂျီတော့ခ်မှာ သေအောင် ကြေအောင် လိုက်ဖမ်းနေတဲ့ သူတွေက ခုကြတော့ ဘာဖြစ်နေတာလဲပေါ့။ ခုမှ ရှင်းသွားတော့တယ်။ မောင်ရင်က ဒီလို လိုက်လုပ်ထားတာကိုး။

ဒီလိုလိုက်လုပ်တယ်ဆိုလို့ ဒီလူနဲ့ ကျွန်တှော အလွန်အမင်း သိကျွမ်းခြင်းလည်း မရှိပါဘူး။ သိတယ် ဆိုတာကလည်း သူကိုယ်တိုင် ကျွန်တှော့အိမ်လာပြီး ကျွန်တှော့ကို လာတွေ့လို့ သိသွားကြတာပါ။ ထားပါတော့။ သူလိုချင်တာ ကျွန်တှောက မပေးနိုင်ဘူးဆိုတာ သိတော့ ဒါမျိုးတွေ လုပ်တယ်ပေါ့ဗျာ။ နောက်တစ်ခုက ကျွန်တှော လုပ်နေတာ ကိုယ်ယုံကြည်ရာကို ဘယ်အရိပ်မှ ခိုမနေဘဲ လုပ်နေတယ်ဆိုတာ ကျွန်တှော့ပတ်ဝန်းကျင်က သူတွေ အားလုံး သိကြတယ်။ ရသမျှ ပိုက်ဆံတွေအားလုံးကို ဒီအလုပ်လေး တစ်ခု အတွက်ပဲ လုပ်နေလို့ အိမ်ကတောင် မကြည်ဖြူပါဘူး။ တစ်ခါတစ်ရံ ပိုက်ဆံ ပြတ်သွားလို့ ဗိုက်ဟောင်းလောင်း နေရတဲ့ နေ့တွေလည်း ကြုံခဲ့ဖူးတာပဲ။ ကျွန်တှော့ အတွက်လည်း ပိုက်ဆံလိုတာရယ်၊ ကိုယ်လုပ်ချင်တာ လေးတွေလည်း အေးအေးဆေးဆေး လုပ်ရအောင်ရယ်၊ ကိုယ်လုပ်ချင်တာနဲ့ သူတို့ လုပ်ချင်တာ ကိုက်နေတာရယ်ကြောင့် ကျွန်တှော ကုမဿပဏီ တစ်ခုမှာ အလုပ်ဝင်ဖြစ်တယ်။ ကျွန်တှောဟာ သာမန် ကုမဿပဏီ ဝန်ထမ်း တစ်ယောက်ပဲ။ ကျွန်တှော အခက်အခဲ ဖြစ်နေတာ ခင်ဗျားတို့သိလား၊ ကျွန်တှော ပိုက်ဆံလိုတာ ခင်ဗျားတို့သိလား။ အိမ်နဲ့ အဆင်မပြေတာ ခင်ဗျားတို့သိလား။

အခုတော့ ဘာတဲ့ အစိုးရအတွက် Data Banking Project လုပ်ဖို့အတွက် ကျွန်တှောက ဒါကို လုပ်တာဆိုပြီး ဖြစ်လာတယ်။ သေလိုက်ပေါ့ဗျာ။ အစိုးရက ဒါမျိုး စိတ်ဝင်စားရင် ကျွန်တှောလိုကောင်နဲ့ လုပ်မလား။ ဒီစကားလုံးကလည်း မနေ့တနေ့ကမှ ကျွန်တှော့ပါးစပ်က ပြောလိုက်တဲ့စကား။ ပြောတာက ကုမဿပဏီရဲ့ Corpus အကြောင်း ပြောတာကို Data Banking တွေဘာတွေ ကြီးကြီးကျယ်ကျယ် ဖြစ်ကုန်ပြန်တယ်။ ဒုကဿခ။ ကျွန်တှော နေပြည်တှောမှာ ဘလော့ဂ်အကြောင်း သွားပြောပြ ခဲ့တာကို တိုက်ခိုက်ကြတယ်။ ကျွန်တှော့ ခံယူချက်ကို ဒီနေရာမှာ အောက်မှာတောင် ရေးထားသေးတယ်။ ကိုက်စရာ မရှိရင် အချင်းချင်း ပြန်ကိုက်နေကြတဲ့ မြန်မာစရိုက်ကို တှောတှော ရွံတယ်။ နိုင်ငံခြားမှာ နေတိုင်း အဆင့်အတန်း မြင့်တယ်တော့ မဟုတ်ပါဘူး။ နိုင်ငံခြား သွားတယ်ဆိုတာ ကိုယ်သာ ပညာတတ်ရင် ထမင်းစား ရေသောက်လောက်ပဲ။ ဘာမှ မခက်ဘူး။ ဒါပေမယ့် လူမှာ စရိုက်ရှိတယ်။ စရိုက်ကတော့ ဘယ်မှာနေနေ ပြင်လို့ကို မရဘူး။ သူများကို မနာလိုတတ်သူဟာ ဘယ်တော့မှ အဲဒီစရိုက်က ပျောက်မသွားဘူး။ ကျွန်တှော့ကို မကူညီချင်နေ ဘာဖြစ်လို့များ ကျွန်တှော့ အလုပ်ကို၊ စိတ်ကို နှောက်ယှက်ရတာလဲလို့ စဉ်းစားမိရင် အဲဒီ အဖြေပဲ ထွက်လာတယ်။ ကျွန်တှောပြောမယ် ဘယ်ထောက်ပံ့ကြေးမှ မရလည်း ဒီကောင်က လုပ်ပြဦးမယ်။ သောက်ဂရုကို မစိုက်ဘူး။ ကျွန်တှော စားစရာ မရှိတုန်းက ဘယ်သူတွေ အနားမှာ ရှိခဲ့သလဲ။ ဘယ်သူမှ မရှိဘူး။ အဲဒီအတွက် ဘယ်သူ့ကိုမှ မယုံဘူး။ ထပ်ပြောဦးမယ် ကျွန်တှောက ဘာဂုဏ်သိကဿခာမှ လိုချင်တဲ့ကောင် မဟုတ်ဘူး။ အေးအေးလူလူ နေရ စားရ ကိုယ်လုပ်ချင်တာ လုပ်နေရရင် ပြီးတာပဲ။ ဒီတော့ လာပြီး ဂရုတစိုက် အပုပ်ချမနေနဲ့။ ကျွန်တှောလည်း မဟုတ်တာ လျှောက်ပြောနေတဲ့ ကောင်တွေအပှေါ ရွံရှာစိတ် ဖြစ်ရတယ်။ ခင်ဗျားတို့လည်း သူတို့ပြောသမျှ လိုက်နားထောင်ပြီး ယုံနေရရင် အသုံးမကျရာ ရောက်တယ်။ ကျွန်တှော ကိုယ့်အလုပ်ကို ကိုယ်တတ်တဲ့ ပညာနဲ့ လုပ်နေတယ်။ လောလောဆယ် ရမယ်ဆိုရင် ဒှေါလာ သန်း၂ဝလောက် လိုနေတယ်။ ပေးမလား ခင်ဗျားတို့။ ပေးရင် ဘယ်အဖွဲ့ကိုမဆို ထောက်ခံမယ်ဗျာ။ အိုကေတယ်ဟုတ်။ အနည်းဆုံး ဘယ်သူနဲ့မှ မပေါင်းစေချင်ရင် တစ်လ ဒှေါလာ ၂ဝဝဝလောက် ပေးထားမလား။ ဘာမှမပေးဘဲနဲ့တော့ အလုပ်မရှိ ကြိုးကျစ်ပြီး လေဖမ်း ဒန်းဆီး သူများအကြောင်း မိန်းမပါးစပ်လို တဗျစ်တောက်တောက် ဟုတ်ဟုတ် မဟုတ်ဟုတ် လျှောက်ပြောမနေနဲ့။ နားခါးတယ်။ အဲလိုကောင်တွေလည်း မြန်မာပြည် ရောက်လာရင် ကျွန်တှောနဲ့ ဘာအကြောင်းဖြစ်ဖြစ် လာမပတ်သတ်နဲ့၊ အချိန်ကုန်တယ်။

Powered by ScribeFire.

No response to “ကိုယ့်သတင်းကိုယ်ပြန်ကြားခြင်း”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz