Thursday, November 8, 2007

နေပြည်တှော သို့ ခရီးတစ်ခေါက်


မနဿတလေး ရောက်တုန်းရောက်ခိုက် တန်ဖိုးရှိတာလေးတွေ လုပ်ဦးမယ်ဆိုပြီး စီစဉ်နေတုန်း ပျဉ်းမနားက ဆက်သွယ်ရေး ကျောင်းအုပ်ကြီးက ဖုန်းဆက်လာပါတယ်။ ဝန်ထမ်းတွေကို ဘလော့ဂ် အကြောင်း ဟောပြောပေးဖို့ ဆိုပါတော့။ ကျွန်တှော့ဆီ ဖုန်းဆက်လာတော့ ကျွန်တှောလည်း တှောတှော ငြင်းရ ခက်ပါတယ်။ နောက်ဆုံး လုပ်ချင်တာလေးတွေ စဉ်းစားပြီး လက်ခံလိုက်တယ်။ အဓိကကတော့ ဘလော့ဂ်တွေ အပိတ်ခံထား ရတာကို ပြန်ပွင့်မလားလို့ရယ်၊ နောက်တစ်ချက်က ဘာမှ မသက်ဆိုင်၊ နားမလည်သေးတဲ့ ဝန်ထမ်းတွေကို ဒါတွေ ဒီလို လုပ်လို့ရတယ်ဆိုတာ ဝေမျှ ပြောပြချင်တာရယ်ကြောင့် ဖြစ်ပါတယ်။ ဒီသတင်းက ခဏလေးနဲ့ ပြန့်နှံ့သွားတယ်။ ကျွန်တှော ဂျီတော့ခ် တက်လိုက်တာနဲ့ နေပြည်တှောသွားပြီး အစိုးရကို လက်ထောက်ချ တော့မယ်ပေါ့၊ ဂုဏ်ယူပါတယ်၊ ဟမ်းဖုန်းတစ်လုံးတော့ သေချာပြီ ဘာညာနဲ့ ကလိကြပါတယ်။

အခု ဖြစ်ပြီးသွားတဲ့ အရေးအခင်းမှာ နာမည်အကြီးဆုံးက မြန်မာဘလော့ဂ်တွေပဲ။ နိုင်ငံခြားက လူတွေကလည်း တကယ်ကို ဂုဏ်ပြုချင်တာလား၊ မတာလား၊ မစာနာတာလား မသိဘူး စောက်သရမ်းတွေ ချီးမွမ်းခန်း ဖွင့်လိုက်ကြတာနဲ့ သိပ်မကြာခင်ဘဲ ဘလော့ဂ်ကို ပိတ်ထည့်လိုက် ပါတော့တယ်။ ကျွန်တှောတို့မှာ အခက်အခဲပေါင်း များစွာနဲ့ ပိုက်ဆံ အကုန်အကျများစွာ ခံပြီး ဒီအင်တာနက်လေးကို သုံးနေရတာ။ ဒီအင်တာနက်မှာမှ ကိုယ့်အတွက် ဗဟုသုတလည်းရ၊ ပိုက်ဆံလည်း ဝင်နိုင်၊ စိတ်လည်း အပန်းပြေ ဒီဘလော့ဂ်လေးတွေ လုပ်ပြီး နည်းပညာ ဖလှယ်နေကြရတာ။ သူများတွေ အားပါးတရ သုံးနေတဲ့ ဒီဘလော့ဂ် ပလတ်ဖောင်းလေးကို မြန်မာပြည်သူ ပြည်သားတွေလည်း သုံးနိုင်အောင် ကျွန်တှောတို့ တတ်နိုင်သမျှ ကြိုးပမ်းနေကြတာ။ အခုတော့ ဒီအခွင့်အရေးတွေ ဆုံးရှုံးသွားပြီ။ ပိတ်ထားလို့ ဝင်မရဘူး မဟုတ်ဘူး။ ဝင်လို့ရတဲ့ နည်းလမ်းတွေက ရှိပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူ ဘယ်ဝင်လို့ ရတော့မလဲဗျာ။ ပုံမှန် လာဖတ်သူ အရေအတွက်လည်း ထက်ဝက်မက နည်းပါးသွားခဲ့ရတယ်။ ဒီဘလော့ဂ်ကို အသုံးပြုပြီး ဒှေါလာ ထောင်သောင်း ရသွားသူ မြန်မာ ဘလော့ဂါတွေလည်း ရှိတာပေါ့။ ရတဲ့သူ အများစုက နိုင်ငံခြားကပါဗျာ။ အင်တာနက်ကို စိတ်ကြိုက်သုံးလို့ ရနေတဲ့ နိုင်ငံတွေကပါ။ ကျွန်တှောတို့ ဆီကတော့ အမှုရှာတဲ့ ဘလော့ဂါရယ် ဆိုပြီး ပုဂံဆာဗာက တစ်ခါတည်း ပိတ်ပစ်လိုက်တော့ တှောတှောများများ ဒုကဿခရောက်ကုန် ပါတော့တယ်။ ထားပါတော့။

ဒီလိုနဲ့ အဲဒီဟောပြောပွဲအတွက် သူတို့ဘက်က ခရီးစရိတ်၊ နေထိုင်ဖို့ အားလုံး စီမံပေးပါတယ်။ ဒီသင်တန်းမှာ ပို့ချသူတွေက ဒါရိုက်တာ တင်သန်းဦးရယ်၊ ဦးကိုကို (Yangon Times)ရယ်၊ ဦးသောင်းစုငြိမ်း (Inforithm Maze)၊ ဦးရဲမြတ်သူ (Alpha Mandalay)၊ ကိုဇှောမိုးအောင် (Mandalay Blogger) နဲ့ ကျွန်တှော မောင်ညီလင်းဆက် (၁၀၉-၁၁၀) တို့ပဲ ဖြစ်ပါတယ်။ အစီအစဉ် မရှိဘဲ ရုတ်တရက် ဖြစ်လာတဲ့ အကြောင်းအရာမို့ ကျွန်တှောတို့ ဘက်ကလည်း ဘာပြင်ဆင်ချိန်မှာ မရှိပါဘူး။ မနဿတလေးမှာတုန်းကလည်း ဘလော့ဂ်ဖွင့်ရင် ဆွဲစိတယ် ဆိုတာနဲ့ ကိုယ့်ဘလော့ဂ်ကိုယ်တောင် မဖွင့်ခဲ့ရဘူး။

သင်တန်းကို အထက်က ဆရာများ ရောက်မလာသေးတာကြောင့် ကျွန်တှော့လက်ချာနဲ့ စပါတယ်။ ကျောင်းအုပ်ကြီးဟာ ကျွန်တှောတို့ကို ကြည့်ရင်း အံ့အားသင့်နေပုံ ရပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တှောတို့က ဘောင်းဘီရှည်နဲ့ စပို့ရှပ်နဲ့ ဘာတွေနဲ့ဆိုတော့ ဆရာဂိုက် မပေါက်ဘူးပေါ့ခင်ဗျာ။ ဒီလိုနဲ့ ဘလော့ဂ်အကြောင်း သမိုင်းအကျဉ်း ရှင်းပြ၊ ဘလော့ဂါတွေ ဘာကြောင့် ဘလော့ဂ် လုပ်နေတယ် ဆိုတာတွေ ရှင်းပြ၊ ဘလော့ဂ်ရဲ့ အကျိုးကျေးဇူးတွေကို ရှင်းပြရင်း အားလုံးကို လက်တွေ့ ဘလော့ဂ် တစ်ခုဆီ စမ်းသပ်ဖို့ ပြောတဲ့အခါ ဂူဂယ်လ်အကောင့်ကို မြန်မာပြည်က ပိတ်ထားတာနဲ့ ကြုံပါလေရောခင်ဗျ။ ကျွန်တှောကလည်း အဲဒီအချိန် နှာစေးနေတယ် ပိတ်ထားရင် ဘယ်လို ကျှောရမယ် မသိဘူးပေါ့။ ဒါနဲ့ ပညာရှင်များကို အကူအညီ တောင်းတော့လည်း သူတို့လည်း အအေးမိထားတယ်ခင်ဗျ။ ဒါနဲ့ အေးဗျာ ခင်ဗျားတို့ အဆင်ပြေသလိုသာ အကောင့်တစ်ခုဆီဖွင့်ပြီး ဘလော့ဂ် တစ်ခုဆီ ယူထားကြပါလို့ ပြောပြီး ခရီးဆက်ရပါတယ်။ ဘလော့ဂ်ဆိုတာ Underground Channel မဟုတ်တဲ့အကြောင်း၊ ဘလောဂ့်ဆိုတာ Media Explosion တစ်ခုဖြစ်ကြောင်း၊ ဒါကို ဘာမှမတတ်တဲ့ သူတစ်ယောက်ကတောင် လွယ်လွယ်ကူကူ ဖန်တီးနိုင်ကြောင်း၊ အပျှော လုပ်တာကနေ ဝင်ငွေလည်း ရနိုင်ကြောင်း၊ ဒါကို ပိတ်တာဟာ အကျိုးမရှိဘဲ ကိုယ့်မှာသာ နစ်နာချက်တွေ ဖြစ်နိုင်ကြောင်း စတာတွေပြောရင်း သူတို့ကို ကိုယ်တိုင် စမ်းသပ် လုပ်ကိုင်စေပါတယ်။ အဲဒီမှာ ကျွန်တှော ဝန်ထမ်းတွေ ဘဝကို တှောတှော သနားသွားတယ်။ သူတို့တှောတှောများများဟာ တကယ်တော့ ဘာမှ သိပ်မသိကြဘူး။ Technology Knowledge လည်းသိပ်နည်းနေကြတယ်။ သူတို့ဟာ သာမန်လူသားတွေပဲ။ သူတို့မှာ နောက်ဆုံးပှေါ နည်းပညာတွေ၊ အခွင့်အလမ်းတွေနဲ့ ထိတွေ့ ကျွမ်းကျင်မှု ရှိရင် နေရာစုံမှာ တိုးတက်လာနိုင်တယ်လို့ ကျွန်တှော စဉ်းစားမိလာတယ်။ ဘလော့ဂ်ဆိုတာလည်း ကျွန်တှောတို့ တီထွင်ထားတာလည်း မဟုတ်၊ ပိုင်ဆိုင်တာလည်း မဟုတ်၊ ကိုယ်တစ်ယောက်တည်း ရေးဖို့ လုပ်ပေးထားတဲ့ အရာလည်း မဟုတ်ပါဘူး။

ကျွန်တှော့ရဲ့ အမြင်မှာ လူအားလုံးဟာ တန်းတူ အခွင့်အရေး ရှိပါတယ်။ ဝန်ထမ်းတွေကို ဒီ Infrastructure အောက်က လူတွေမို့လို့ ဒါတွေ သင်မပေးသင့်ဘူးဆိုတဲ့ အယူအဆကို ကျွန်တှော မထောက်ခံဘူး။ ဒါတွေသင်ပေးလို့ သာကီနွယ်လို ဘလော့ဂ်တွေ များလာရင် ခင်ဗျားတို့ကြောင့်လို့ ပြောတာလည်း ခံရပါတယ်။ ကျွန်တှောကတော့ ဘယ်သူရေးရေး ကောင်းတဲ့ဘလော့ဂ်၊ အချက်အလက် သတင်းမှန်ကန်တဲ့ ဘလော့ဂ်ဆိုရင် ဖတ်မယ်။ မကောင်းတဲ့၊ မမှန်တဲ့ ဘလော့ဂ်ဆိုရင် မဖတ်ဘူး။ ဒီတော့ ကိုယ်လုပ်တဲ့ ဘလော့ဂ်ကို လူကြိုက်များစေချင်ရင် အဲဒီအချက်တွေနဲ့ အနည်းဆုံး ပြည့်စုံမှရမယ်။ အဲဒီအခါမှာ Competition ဆိုတာ ဖြစ်လာမယ်။ အဲဒီလို ပြိုင်ဆိုင်မှုတွေ ရှိလာရင် တဖက်မှာ တိုးတက်မှုတွေလည်း ရှိလာတာပဲ။ ကျွန်တှောတို့ဆီမှာ အားနည်းတာ အဲဒါလို့ ကျွန်တှောထင်တယ်။ ပြိုင်ဆိုင်မှု မရှိဘူး။ ဒီတော့ လူတွေ များများရေး၊ ဘလော့ဂ်တွေ များများတင်။ နောက်ဆုံး နှစ်ခုပြိုင်မှ ဘယ်သူပိုကောင်းတယ်ဆိုတာ ကျွန်တှောတို့ ရွေးလို့ရမယ်။ သတင်းတွေ ထွက်လာတိုင်းလည်း ဖင်ပိတ် ငြင်းနေတာမျိုးက မကောင်းပါဘူး။ မျက်စိနဲ့ တပ်အပ် မြင်နေရသူတွေက ဖင်ပိတ်ငြင်းတဲ့ သတင်းတွေ ကြားရတော့ ရှက်ဖို့ ကောင်းတာပေါ့။ ဆရာကြီးတစ်ယောက် ပြောတာ ကြားနာလိုက်ရပါတယ်။ ဘီဘီစီ၊ ဗွီအိုအေ၊ အာအဖ်အေ လိမ်နေသည် လို့သာ ပါတယ်တဲ့၊ အဲဒီအထဲမှာ ဒီဗွီပီ မပါတော့ ဒီဗွီပီက မလိမ်ဘူးလို့ လောဂျစ်အရ ပြောလို့ရတယ်တဲ့။ မှတ်သားစရာပါပဲ။

ဒီဟောပြောပွဲမှာ ဦးရဲမြတ်သူက ဒီဘလော့ဂ်တွေ အကြောင်းအပြင် Web.2 ပှေါပေါက်လာပုံနဲ့ နည်းပညာ အကြောင်းတွေကို ရှင်းပြသွားတယ်။ ဦးသောင်းစုငြိမ်းက နိုင်ငံခြားမှာ ဝန်ကြီးချုပ်တွေတောင် ဘလော့ဂ်လုပ်ပြီး သူတို့ရဲ့ ပှေါလစီ၊ ခံယူချက်၊ အတွေ့အကြုံတွေကို ဖှောထုတ်ကြတဲ့အကြောင်း အထောက်အထား ခိုင်ခိုင်မာမာနဲ့ ပြောသွားတယ်။ ရန်ကုန်တိုင်း(မ်)က ဦးကိုကိုကတော့ ဂျာနယ်လစ်တွေရဲ့ ခံယူချက်တွေ၊ ကြုံတွေ့ရတာတွေ၊ သတင်းတွေအကြောင်းကို ပြောသွားပါတယ်။ ဒါရိုက်တာ တင်သန်းဦး ဟောပြောသွားတဲ့ အချက်များဟာလည်း အလွန်ကောင်းပါတယ်။ အချို့ အချက်များဟာ သမိုင်းဝင်မယ့် အဖြစ်အပျက်တွေပါ။ ကိုဇှောမိုးအောင်က ဘလော့ဂ်တွေမှာ အသုံးပြုတဲ့ ဆော့ဖ်ဝဲလ်တွေ၊ ကုဒ်တွေ၊ အပလီကေးရှင်းတွေ အကြောင်း ပြောပါတယ်။ ကျွန်တှောကတော့ ဒီဘလော့ဂ်ရဲ့ သဘောသဘာဝနဲ့ အကျိုးကျေးဇူးတွေ အကြောင်းကို ဟောပြောခဲ့တယ်။

မြန်မာနိုင်ငံမှာ မီဒီယာ အရမ်းအားနည်းတယ်လို့ စကဿငာပူနိုင်ငံသား သူငယ်ချင်းက ပြောဖူးတယ်။ အိနဿဒိယနိုင်ငံက အိုင်တီ မန်နေဂျာ တစ်ယောက်ဟာ မြန်မာပြည်ကို ယိုးဒယားရဲ့ အစိတ်အပိုင်းလို့ ထင်နေတုန်းပဲ။ ပြောချင်တာက ဘလော့ဂ်တွေ အများကြီး ဖြစ်စေချင်တယ်။ မြန်မာပြည်မှာ ဘလော့ဂါတွေ အများကြီး ရှိလာရင် နယ်တွေက သတင်းတွေ ရမယ်။ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေကို သိရမယ်။ တိုင်းရင်းသား အချင်းချင်း ရင်းနှီးမှုတွေ ပိုများလာမယ်။ အစိုးရကလည်း ဘလော့ဂ်တွေလုပ်မယ်။ သတင်းမှန်တယ်ဆိုရင် အစိုးရ ဘလော့ဂ်တွေမှာ လူတွေ များလာမယ်။ ဟိုးအရင်တုန်းက ကျွန်တှောတို့ မြန်မာတိုင်း(မ်) သတင်းစာဆိုရင် အမြဲ ထူးခြားတဲ့ သတင်းတွေ၊ စစ်မှန်တဲ့ သတင်းတွေကြောင့် အမြဲ ဖတ်ဖြစ်ပါတယ်။ အခုနောက်ပိုင်းတော့ မဖတ်တော့ဘူး။ တီဗွီမှာလည်း အမြဲ ကောင်းတာတွေပဲ မြင်နေရတော့ မကြည့်ဖြစ်တော့ဘူး။ လူဆိုတာက မကောင်းတာကို ပိုကြိုက်တာ မဟုတ်လား။

ဒီလို ဘလော့ဂ်တွေကို လွတ်လွတ်လပ်လပ် ရေးခွင့်ပေးမယ်ဆိုရင် ဘယ်အစိုးရပြောင်းပြောင်း ဘယ်နေရာမှာ ဘယ်လိုကောင်းပါတယ်လို့ အောက်ကလူတွေ လိမ်ထားလည်း အဖြစ်မှန်ကို ဒီလို ဘလော့ဂ်တွေကနေ အုပ်ချုပ်သူ လူတန်းစားက သိလာမယ်။ သူများ နိုင်ငံတွေမှာ ထူးခြားတာ တစ်ခုခု ဖြစ်ရင် အဲဒီသတင်းဟာ ထိပ်ဆုံးကနေ ပါလာတယ်။ ရဟတ်ယာဉ်တွေနဲ့ ဖြစ်စဉ်ကို အဆက်မပြတ် ရိုက်ကူးပြတယ်။ ကျွန်တှောတို့ဆီမှာ အရင်လ အရေးအခင်း ဖြစ်တုန်းက သတင်းစောင့် နားထောင်တော့ အဲဒါမျိုး ပါမလာတဲ့အပြင် မြန်မာအမျိုးသမီး ဘောလုံးအဖွဲ့ကို ဂုဏ်ပြုညစာစားပွဲ တည့်ခင်းဧည့်ခံတာတွေ လျှောက်ပြနေတယ်။ အစိုးရ သတင်းဌာနကနေ အဲဒီလို သတင်းမျိုး မကြားရတော့ ရေဒီယိုကိုပဲ နားထောင် ရတော့တယ်။ အဲဒီက သတင်းတွေ မှန်မမှန် ဆိုတာတော့ အားလုံးအသိပါပဲ။

အင်တာနက် ကွန်နက်ရှင်က သိပ်မကောင်း၊ အချိန်ကလည်းမရ၊ ကိုယ်ကလည်း အလုပ်တစ်ဖက်နဲ့မို့ သိပ်တော့ အားမရပါဘူး။ ဒါပေမယ့် ဝန်ထမ်းတွေ အရမ်းစိတ်ဝင်စားကြတာ တွေ့ရလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် သူတို့ကလည်း ကုဒ်တွေမတတ်၊ ကိုယ်ကလည်း အချိန်မရဆိုတော့ နားလည်အောင် ပြောပြ ရှင်းပြရတာ တှောတှော ပင်ပန်းပါတယ်။ ညဘက်မှာ ကျွန်တှောတို့ကို ပျဉ်းမနားမှာ အမြဲညစာ ကျွေးပါတယ်။ Breakfast ကိုတော့ ကိုယ့်ဘာသာ ဝယ်စားရတယ်။ အဲဒီမှာ သွားရေးလာရေး ဆက်သွယ်ရေးက သိပ်ခက်ခဲပါတယ်။ ကျွန်တှောတို့ အဲဒီမှာ ၃ရက်ကြာတယ်။ အဲဒီကပြီးတော့ မနဿတလေး ပြန်တက်ဖို့ကလည်း အခက်အခဲ ရှိတာမို့ ရန်ကုန်ကိုပဲ တန်းပြန်လာခဲ့ ပါတော့တယ်။ လေယာဉ်ပျံကြီးက ကောင်းကင်ပှေါမှာဝဲလျက်၊ အဲပုဂံမှ ကိုယ်လုံးမိုက်မိုက် လှတပတ လေယာဉ်မယ် ပျိုလေးများက ပျူပျူငှာငှာ၊ ကျွန်တှော့ လက်ထဲက ထိုဟောပြောပွဲအပြီးလက်ဆောင် ဦးဂျမ်းပုဆိုးနှင့် အဲရိုးရှပ်မှ အသစ်ရနံ့လေးကလည်း သင်းသင်းပျံ့ပျံ့၊ ပျဉ်းမနား-မနဿတလေး လက်မှတ်မရလို့ ရန်ကုန်ကို ပါလာရတဲ့ ကိုဇှောမိုးအောင်လည်း ငူငူငိုင်ငိုင်၊ လေယာဉ်ကွင်းကနေ ရန်ကုန်မြို့တွင်း တက်(ခ်)စီခက ၈၅၀၀။ ဒါပေမယ့် သူတို့ဆီက (ပါဆင်နယ်) ဘလော့ဂ်လေးတွေ တက်လာတော့လည်း ကျွန်တှောကြည့်ပြီး ဝမ်းသာနေမိ ပါတော့တယ်။

3 Responses to “နေပြည်တှော သို့ ခရီးတစ်ခေါက်”

သားကြီး စင်ကာပူ said...

I didn't really get what you actually mean? What is your point of view? But I tried to understand to you because I feel your difficulity to experss your opinion.

ရန်ကင်း said...

ကိုညီလင်းဆက်..... ခင်ဗျားကိုလေးစားထားပါတယ်။
ဒါပေမယ့်အခုပို့ စ်မှာနိုင်ငံခြားကဘလော့ဂါတွေပဲဒှေါလာထောင်သောင်းချီပြီး
ရသွားတယ်...ပြည်တွင်းမှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး
ပြောတာကတော့ခင်ဗျားနဲနဲစဉ်းစားသင့်တယ်။သတင်းအချက်အ
လက်တွေကိုနိုင်ငံခြားကဘလော့ဂါတွေကကမဿဘာကိုတင်ပြတာ
ခင်ဗျားပြောတဲ့ဒှေါလာတွေကိုအခြေခံလို့ လို့ ခင်ဗျားယူဆသလား။အခုဒီကွန်မန့် ကိုမကျေနပ်ရင်ခင်ဗျား
ဖျက်လိုက်နိုင်တယ်။ခင်ဗျားဘက်ကိုမတွေးပဲဒီလိုဝင်ပြောတယ်လို့ တော့ခင်ဗျားမထင်နဲ့ ။စစ်အစိုးရရဲ့ ယနဿတရားတွေကိုခင်ဗျားသွားပြီးလက်ချာပေးတာဘာညာကိုဘာမှ
မပြောလိုပါဘူး။ခင်ဗျားသေချာစဉ်းစားပြီးကျွန်တှော့ကိုသောက်မြင်
ကတ်နိုင်ပါတယ်။

ကျွန်တှောတို့ ပြည်ပရောက်နေတဲ့ blogger တွေလည်း တချို့ က အလုပ်အပျက်ခံ၊ တချို့ က ကျောင်းစာတွေ အလွတ်ခံပြီး လုပ်နေကြတာပါ။ စေတနာရယ်၊ယုံကြည်ချက်ရယ်၊ ဝါသနာတွေရူးသွပ်မှုတွေပေါင်းစပ်ပြီးလုပ်နေကြတာပါ။ ဒီ blog လေးလုပ်ရုံနဲ့ ဘယ်သူက ဒှေါလာသောင်းချီပြီးပေးမှာတုန်းဗျ။ ခင်ဗျားစဉ်းစဉ်းစားစားပြောဖို့ ကောင်းတယ်ဗျာ။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz