သိဒဿဓတဿထ
အဲဒီညက သူဟာ နောက်ဆုံးအနေနဲ့
အခန်းထဲ တိတ်တဆိတ်ဝင်လာရင်း ငေးမောနေခဲ့တာ
နှစ်ပေါင်းများစွာ ကြာတဲ့အထိ
အဲဒီအဖြစ်ကို နောက်တစ်ခေါက် မတွေ့နိုင်တော့ဘူး
ပင်လယ်တွေထဲမှာ
စကြဝဠာထဲမှာ
သစ်တောတွေထဲမှာ
နှစ်ပေါင်းများစွာ ကြာတဲ့အထိ သူ့စကားသံကို ရှာကြသူတွေ
ပင်လယ်တွေထဲမှာ
စကြာဝဠာထဲမှာ
သစ်တောတွေထဲမှာ
နစ်မွန်းလွင့်မျောပျောက်ကွယ်လို့သာသွားတယ်
အဲဒီအဖြစ်ကို နောက်တစ်ခေါက် မတွေ့နိုင်တော့ဘူး
သူ့ရဲ့နှုတ်ဆက်အနမ်းအဆုံးမှာ
နှစ်ပေါင်းများစွာ ကြာတဲ့အထိ
သူဟာသူ့ကို ရှာဖွေသူများနဲ့ဝေးရာ
ပင်လယ်တွေထဲမှာ
စကြဝဠာထဲမှာ
သစ်တောတွေထဲမှာ။
လင်းဆက်
07 Nov. 2007
18:59
မှတ်ချက်။ ။ဗဟိုဆွဲအား ဗဟိုခွာအား နှစ်ခုစလုံးကို ယှဉ်ရေးဖြစ်သော ကဗျာ
No response to “သိဒဿဓတဿထ”
Post a Comment
Trackbacks
Leave a trackback