Tuesday, October 23, 2007

မနဿတေလးသြား ျမို့လား (၁)

မနဿတေလးသြား မြို့လား (၁)


ဒီတခေါက် မနဿတလေး ခရီးသွားရတာ စိတ်လက် ပေါ့ပါးတယ်။ ဘာလုပ်မယ်ရယ်လို့ ရည်ရွယ်ထားတာ ကြီးကြီးမားမား မရှိခဲ့ဘူး။ သူငယ်ချင်းရဲ့ ညီမ စေ့စပ်ပွဲ သွားတက်မယ်ဆိုပြီး အဝတ် သုံးစုံလောက် ဆွဲထည့်ရင်း ထွက်ခဲ့ပါတယ်။ အမြတ် ထွက်အောင်တော့ မနဿတလေး တဝိုက်က ဘုန်းကြီးကျောင်းတွေရဲ့ ကနုတ်တွေ ဓာတ်ပုံလိုက်ရိုက်မယ်ပေါ့။ အဆင်ပြေရင်လည်း ပုဂံကူးမယ်ပေါ့။ ပိုက်ဆံလေး ပိုလျှံ နေသေးရင်လည်း ပုပဿပါးသွားမယ်ပေါ့။ စိတ်ကူးနဲ့ အခြေအနေပှေါ မူတည်ပြီး အဆင်ပြေသလို လုပ်မယ်ဆိုပြီး ထွက်ခဲ့တာ။

တကယ်တော့ ကားနဲ့ ခရီးသွားရတာ ပင်ပန်းတယ်။ ကျွန်တှောက ဘယ်ဘက် အာရုံကြောမှာ ဒဏ်ရှိတဲ့သူဆိုတော့ တနေရာထဲမှာ ကြာကြာ မထိုင်နိုင်ဘူး။ ကားခုံတွေကလည်း သိတဲ့အတိုင်း လှုပ်မရ ပြုမရနဲ့ ဒူးတောင် မလွတ်ချင်ဘူး။ ၂နာရီလောက် ထိုင်မိရင် ဘယ်ဘက် ခေါင်းကနေစပြီး ညာဘက် ခြေဖျားအထိ တလျောက်လုံး ညောင်းလာတယ်။ ဒီခံစားချက်ကို တှောတှော စိတ်ပျက်တယ်။ နာတာလည်းမဟုတ်၊ ကျင်တာလည်း မဟုတ်၊ ညောင်းနေတာ။ ဆေးအခှေါ Stiffness လို့ ပြောရမလားမသိဘူး။ ဒါကြောင့် ခရီးဝေး သွားရမယ်ဆိုရင် လွတ်လွတ်လပ်လပ် ခြေခင်းလက်သာ သွားရတဲ့ယာဉ်၊ ဒါမှမဟုတ် အချိန် သိပ်မပေးရတဲ့ လေယာဉ်နဲ့ပဲ သွားချင်တယ်။ ဒါပေမယ့်လည်း လေယာဉ်ဈေးက သိတဲ့အတိုင်း။

အညာဒေသကို ဝင်လာတာနဲ့ လေထဲမှာ အနံ့တမျိုးရတယ်။ တမာနံ့လိုလို၊ ဖုံနံ့လိုလို၊ ဆူးချုံပင်တွေကလိုလို၊ ချောင်းကော မြောင်းကောလေးတွေက လိုလို။ လမ်းတလျောက်လုံး အခြေခံလူတန်းစားတွေကို ကျွန်တှော မြင်နေရတယ်။ စိတ်မကောင်းဘူး။ တချို့က နွားတွေဖက်ပြီး လယ်ထွန်နေရတုန်းပဲ။ တချို့က ရေလွှမ်းနေတဲ့ စပါးပင်တွေကို လမ်းဘေးကနေ ငေးနေတယ်။ တချို့က ဗွက်သာသာ ချောင်းရေထဲမှာ ကူးခပ်နေတယ်။ တချို့က သနပ်ဖက် ဆေးလိပ်ကြီးတွေဖွာရင်း ဘယ်ကနေ ဘယ်ကိုမသိ နေပူပူကြီးမှာ လျှောက်သွားနေကြတယ်။ တချို့က လယ်ကန်သင်းတွေဘေးက မြောင်းသေးသေးလေးထဲကနေ ငါးဖျစ်သလဲလေးတွေကို ပက်ယူနေကြတယ်။ ကလေးငယ် တချို့က နွားတွေ ကျွဲတွေ ကျောင်းနေကြတယ်။ သူတို့တွေရဲ့ ဘဝတွေကို ကျွန်တှောတို့ ဘယ်လိုများ ကူညီနိုင်မလဲ။ ပညာတတ်အောင် သင်ပေးရမယ်။ ပညာတတ်ချင်လာအောင် လှုံ့ဆှောပေးရမယ်။ လက်မှုကနေ စက်မှုပြောင်းနိုင်အောင် ချေးငွေများများ ထုတ်ချေးပေးရမယ်။ ကျန်းမာရေး အသိဉာဏ်တွေ ပေးရမယ်။ နည်းပညာတွေ ပေးရမယ်။ လုပ်တော့ လုပ်နေကြတယ်လို့ သိရတာပဲ။ ဒါပေမယ့် အဲဒီ လုပ်နေတာထက် အဆပေါင်းများစွာ အရှိန်ဟုန်မြှင့်ပြီး လုပ်မှ သူတို့တွေရဲ့ လူနေမှုဘဝနဲ့ အသိဉာဏ်တွေ ပြောင်းလဲလာလိမ့်မယ်လို့ ကျွန်တှော ထင်တယ်။

မနဿတလေးကို ကျွန်တှောတို့ရောက်တော့ ညနေစောင်း။ သူငယ်ချင်းက မြန်မာပြည်ထုတ် ဂျစ်တစ်စင်းနဲ့ လာကြိုရှာတယ်။ သံပြားတွေကို လက်နဲ့ ရိုက်၊ ချိုး၊ ခွေ၊ ခေါက်၊ ညှပ်၊ ကပ်၊ ဆက် ထားတဲ့ အဲဒီကားတွေကို ကျွန်တှော တှောတှော စိတ်ပျက်တယ်။ စက်တွေကတော့ ကောင်းပါရဲ့။ ဒါပေမယ့် ဘယ်လိုဖြစ်ရင် ဘယ်လို ကာကွယ်ထားတယ်ဆိုတဲ့ အစီအမံတွေ၊ ခေတ်မီ တိုင်းတာချက်တွေ ဘာတစ်ခုမှ ရှိတာလည်း မဟုတ်ဘူး။ ပြီးတော့ သိန်းတစ်ရာကျှော ပေးပြီး ဝယ်ရသေးတယ်။ သိန်းတစ်ရာဆိုတော့ ဒှေါလာ ဂဝဝဝလောက်ပေါ့။ ဒါတွေပြောနေရင် တခြားနိုင်ငံက လူတွေ မျက်စိပြူးကုန်မှာပဲ။ ဘာလို့များ ဒီလောက် ကားဈေးတွေ ကြီးနေရလဲလို့။ ထားပါတော့။ ဒီလိုနဲ့ သူငယ်ချင်း အိမ်ကိုအသွား ဖြုန်းကနဲ မိုးက သည်းသည်းမည်းမည်း ရွာပါလေရော။ ကျွန်တှောတို့လည်း ရွှဲရွှဲစိုပေါ့။ လမ်းတွေပှေါမှာ ရေက တရိပ်ရိပ် တက်လာတယ်။ ရေနှုတ်မြောင်းတွေလည်း မတွေ့ရပြန်ဘူး။ သူ့အိမ်ရှေ့မှာကို ရေက ခြေသလုံးလောက် ရောက်နေပြီ။ စတိုင်လိုမိုင်လို လာခဲ့တဲ့ ရန်ကုန်သား စစ်စစ်တွေလည်း ကြွက်စုတ်တွေကို ဖြစ်လို့။

စကားမစပ် ခုနက ကျွန်တှော ရန်ကုန်သား စစ်စစ်လို့ ရေးတာ ဖတ်မိပါလိမ့်မယ်။ တကယ်တော့ ဒါက ရန်ကုန်လေ မဟုတ်ဘူး။ မနဿတလေးလေ။ မန်းသူ မန်းသားတွေက သူတို့ကိုယ်သူတို့ မနဿတေလးသား၊ မနဿတေလးသူ စစ္စစ္လို့ ပြောရတာ သိပ်ပြီး အာတွေ့ လျှာတွေ့ တွေ့ကြပုံပှေါတယ်။ မနဿတလေးမှာမွေး၊ မနဿတလေးမှာနေ အဲဒီလိုမျိုး လူကိုမှ မနဿတလေးသား စစ်စစ်လို့ ကျွန်တှော့ သူငယ်ချင်း ထိပ်တင်မောင်မောင်တုတ်ခန့်က ဂုဏ်ယူဝင့်ကြွားစွာ ပြောပြတယ်။ ကျွန်တှောက ဒီကောင့်ကို စချင်တော့ ဒီလိုဆို ဒီတသက်တော့ ငါဘယ်လိုမှ မနဿတလေးသား မဖြစ်နိုင်တော့ဘူးပေါ့လို့ မေးလိုက်တော့၊ ဒါတော့ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပဲမောင် ဆိုပြီး အထက်စီးကနေ ဓနရှင်အပြုံးနဲ့ ပြောပါတယ်။ ရပါတယ်ကွာ ဒီလိုမှ မဖြစ်ရရင်လည်း မနဿတလေးသူကိုယူ၊ ကလေးလေး နှစ်ယောက်လောက် မွေးပြီး မနဿတေလးသူ၊ မနဿတေလးသား အေဖပဲ လုပ်တော့မယ်လို့ ကျွန်တှောက ပြန်ပြောတော့မှ မိုက်ရိုင်းလိုက်တဲ့ကောင်ကွာ ဆိုပြီး ဆဲဆိုနေပါတော့တယ်။ (နောက်တနေ့ ကျွန်တှောရယ်၊ ကိုရဲရယ်၊ အိုင်တီ မောင်မောင်ကြီးရယ်၊ ဆရာမ မဖြူဖြူဝင်းရယ်၊ မချောအိမာန်ရယ် ညစာစားရင်း စကားပြောဖြစ်တော့ အဲဒီ စစ်စစ်အကြောင်းက ရောက်ဖြစ်အောင် ရောက်သွားပါသေးတယ်။ ထုံးစံအတိုင်းပေါ့ဗျာ နောက်ဆုံးတော့ 300 ဇာတ်ကားထဲကလို ကျွန်တှော ရန်ကုန်သား တပ်လန်ထွက်သွားတာပေါ့။ ဟားဟား။ )

ကျွန်တှော မနဿတလေးမှာ လူတန်းစား ၂မျိုး မြင်တယ်။ တစ်မျိုးက မိရိုးဖလာ စီးပွားရေး လုပ်တဲ့သူ၊ နောက်တစ်မျိုးက ခေတ်မီ စီးပွားရေး လုပ်တဲ့သူ။ လူထုစိန်ဝင်း ပြောသလို မနဿတလေးဟာ မြန်မာပြည် အောက်ပိုင်းထက် သူ့ကျွန်ဖြစ်တာ နောက်ကျခဲ့လေတော့ မြန်မာမှု အငွေ့အသက်တွေက အဲဒီမှာ ပိုကျန်နေသေးတာပေါ့။ မနဿတလေးမှာ ခေတ်မီ စီးပွားရေးသမား အများစုက စိန တိုင်းသားတွေပဲ။ သူတို့က အမြဲ နိုင်ငံခြား ရုပ်သံလိုင်းတွေကို ကြည့်တယ်၊ မဂဿဂဇင်းတွေ ဖတ်တယ်။ ဒါကြောင့် သူတို့ပိုင်တဲ့ ဆိုင်တွေဆိုရင် အခင်းအကျင်း၊ အပြင်အဆင်တွေက တှောတှော ခေတ်မီတယ်။ ရန်ကုန်ထက်ကို သာတယ်လို့ ကျွန်တှော ထင်တယ်။ စားသုံးသူလည်း မပြတ်ဘူး။ ဒါဆိုရင် ဘာလို့ မနဿတလေးရဲ့ စီးပွားရေးဟာ ရန်ကုန်လို အဆက်မပြတ် တိုးတက်မှု ဖြစ်မလာရတာလဲ။


အပိုင်း ၁ ပြီး၏။

One response to “မနဿတလေးသွား မြို့လား (၁)”

Chaw said...

2007 တုန်းက post ကိုအကြောင်းတိုက်ဆိုင်လို့ ခုမှဖတ်မိလို့
မန်းတလေးက ရန်ကုန်လို ဘာကြောင့်အဆက်မပြတ် မတိုးတက်ရသလဲ ဆိုတဲ့ အပိုင်း(၂) ကို ထင်မြင်ချက်ထပ်ရေးပါဦး

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz