Thursday, September 13, 2007

Technorati Tags Generator for Blogger

Technorati Tags Generator for Blogger



အထက်က ကျွန်တှော့ ကွန်ပျူတာမှာ ပှေါနေတဲ့ ဘလော့ဂင်း ဧရိယာရဲ့အောက်မှာ နောက်ထပ် ထူးခြားတဲ့ဟာ တစ်ခုကို မြင်ကြမှာပါ။ ဒါက Tags Generator ဖြစ်ပါတယ်။ ဒီအတွက် တက်ခ် ဆိုတဲ့ ဝေါဟာရကို နားလည်ဖို့ လိုပါလိမ့်မယ်။ Tag ဆိုတာ တကယ်တော့ Keyword (or) Label ပါပဲ။ ကိုယ်ရေးတဲ့ ပိုစ့်တွေကို အမျိုးအစား သတ်မှတ် ပေးထားတဲ့ လေဘယ်လ် လေးတွေပါ။ တှောတှောများများ လွဲမှားနေတာက ပိုစ့်တစ်ခုနဲ့ တစ်ခု တက်ခ် လုပ်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် တက်ခ် လုပ်ကြတယ် ဆိုပြီး ပြောသံရေးသံတွေ ကြားရပါတယ်။ တကယ်ဆို အဲဒီလို လုပ်တာကို link လုပ်တယ်လို့သာ ဆိုသင့်ပါတယ်။ ဥပမာ ကျွန်တှောက နည်းပညာ အကြောင်း ရေးတယ်ဆိုရင် အဲဒီပိုစ့်ကို Technology လို့ Tag လုပ်လိုက်မယ်။ ပြီးရင် ကျွန်တှောရေးထားတဲ့ အကြောင်းအရာနဲ့ တူညီတဲ့ ပိုစ့်တွေကို အဲဒီ Tag Label ကိုလိုက်ပြီး ရှာဖွေလို့ ရပါတယ်။ ဆက်စပ်နေတဲ့ ပိုစ့်တွေကို Related Posts အနေနဲ့ ပြပေးတဲ့ သဘောပါပဲ။ ကျွန်တှောတို့ အခုသုံးနေတဲ့ ဘလော့ဂ်တွေမှာ အဲဒါနဲ့ အလားသဏဿဍာန် တူတဲ့ Links to this post ဆိုတဲ့ Function ပါပါတယ်။ ဒါကြောင့် တက်ခ် ဆိုတာက အမျိုးအမည် သတ်မှတ်တာ ဖြစ်ပြီး Related Posts ကသာ ဆက်စပ်ရာ ပိုစ့်တွေလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

အခု ဘလော့ဂါမှာ လေဘယ်လေးတွေ တွေ့ကြမှာပါ။ တချို့လည်း လေဘယ်တွေကို ပွထနေအောင် ပေးကြတယ်။ အဲဒါဟာ တက်ခ် သဘောတရားကို နားမလည်သေးလို့ပါ။ ဥပမာ စာရေးဆရာ တစ်ယောက်က သူ့ဘလော့ဂ်မှာ သူ့ပိုစ့်တစ်ခု အနေနဲ့ဆို Sci-fi, Horror, Fiction, Humor စသည်ဖြင့် အမည်ကွဲလေးတွေ ပေးလို့ရပါတယ်။ သူက သူ့ဘလောဂ်မှာ စာပဲ ရေးတာကိုး။ ဒီလိုမဟုတ်ဘဲ General Blog တစ်ခုကနေပြီး တောင်ကြီးမှာ ခရီးသွားရင်း ကြုံခဲ့ရတဲ့ ဇာတ်လမ်းလေး တစ်ခုကို Taungyi, Travel, Love, Diary, Essay စသည်ဖြင့် ပေးထားမယ် ဆိုရင်တော့ ဒီပိုစ့်ဟာ တကယ်တမ်း ဘာကို ရည်ညွှန်းချင်တဲ့ ပိုစ့်လဲဆိုတာ မထင်ရှားတော့ပါဘူး။ ဒါကြောင့် ပိုစ့်တစ်ခုချင်းစီ အတွက် အလိုက်ဖက်ဆုံး Tags, Label တွေကိုသာ ရွေးချယ် သင့်ပါတယ်။

တက်ခ်ဆိုတဲ့ဟာကို လုပ်ဖို့ရာ ကြားထဲက အခံတစ်ခု လိုပါသေးတယ်။ ဥပမာ အခုကျွန်တှော ဘလော့ဂ်မှာ အသုံးပြုထားတာ Technorati ကွန်ယက်အတွက် Tag ဖြစ်ပါတယ်။ ဒီပိုစ့်ကို ကျွန်တှောက Technology လို့သတ်မှတ်ထားရင် အဲဒီကွန်ယက်ထဲက အခြား Technology နဲ့သက်ဆိုင်တဲ့ ပိုစ့်တွေနဲ့အတူ ကျွန်တှော့ပိုစ့်ကို တွေ့ရမှာပါ။ ဒီ Tagsဟာ အဲဒီ Tecnorati ကွန်ယက်အတွက်သာ အဓိက ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဘယ်ကွန်ယက်ကို အဓိကထားပြီး တက်ခ် လုပ်မယ်ဆိုတာကလည်း အရေးကြီးပါတယ်။ ဒီ တက်ခ်တွေဟာ အရေးပါပါတယ်။ အင်တာနက် အသုံးပြုသူနဲ့ ကွန်ယက် အများစုဟာ အဲဒါတွေကို ပထမဆုံး ရှာဖွေတာပါ။ ကိုယ့်တက်ခ်တွေက အရေးပါ ထိရောက်တဲ့ တက်ခ်တွေ မဟုတ်ဘူးဆိုရင် ကိုယ့်ပိုစ့်ကို စိတ်ဝင်စားသူ နည်းသွားမှာပါ။ နောက်တစ်ခုက မြန်မာလို တက်ခ်လေဘယ်တွေ ရေးသားခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာက အင်တာနက် ယူဇာတွေကို ဆွဲဆောင်ချင်တယ်ဆိုရင် မြန်မာလို တက်ခ် တွေကို ရှောင်ရှားသင့်ပါတယ်။ မြန်မာလို တက်ခ်တွေကို မြန်မာဖောင့်ရှိတဲ့ မြန်မာတွေသာ နားလည်ကြတာမို့ပါ။

အခု ဒီဂျင်နရေတာလေးက အဲဒီလို တခ်လေးတွေ ထည့်လို့ရအောင် ကူညီပါလိမ့်မယ်။ ဒါကို အသုံးပြုဖို့အတွက် မီးလျှံမြေခွေး (Copyright) ဘရောက်ဇာကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒါက တန်းပလိတ်ထဲက ကုဒ်ဒင်တွေကို ဝင်ပြင်စရာ မလိုဘဲ ဘရောက်ဇာမှာ အက်အင်လေး တစ်ခု ထည့်လိုက်တာပါ။

အဆင့် ၁
မီးလျှံမြေခွေးဘရောက်ဇာကို အသုံးပြုပါ။

အဆင့် ၂
Grease Monkey FF Extention ကိုထည့်သွင်းပါ။ (https://addons.mozilla.org/firefox/748/)

အဆင့် ၃
ဘရောက်ဇာကို restart လုပ်ပါ။ ဘရောက်ဇာ အောက်ခြေတွင် မျောက်ပုံလေး ပှေါလာပါမည်။

အဆင့် ၎
http://userscripts.org/scripts/source/3111.user.js
အထက်ပါလင့်ခ်ကို နှိပ်ပြီး အဆိုပါကုဒ်ကို သွင်းယူပါ။ အလိုအလျောက် လုပ်သွားပါလိမ့်မည်။ သို့မဟုတ် နှစ်သက်ရာကို ဤနေရာတွင် ရွေးပါ။ (http://userscripts.org/scripts/search?q=technorati+)

အဆင့် ၅
ပြီးပါပြီ။ သင့်ဘလော့ဂ်တွင် ပိုစ့်အသစ်တင်ရန် ဖွင့်လိုက်လျှင် တက်ခ်များ ထည့်သွင်းနိုင်သော နေရာလေးတစ်ခုကို တွေ့ရမည် ဖြစ်ပါသည်။

အဆင့် ၆
အောက်ခြေတွင် ကျွန်တှော အသုံးပြုထားသော Tags များကို နမူနာထား လေ့လာ နိုင်ပါတယ်။

ဒီ တက်ခ်နဲ့ ပတ်သတ်ပြီးတော့ အခြား စိတ်ဝင်စားဖွယ် နည်းလမ်း တစ်မျိုးကို တေဇာရဲ့ ဘလော့ဂ်မှာ ဖတ်ရှုလေ့လာ နိုင်ပါတယ်။ (Related Link)


No response to “Technorati Tags Generator for Blogger”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz