Monday, September 3, 2007

Blog Seminar

ကျွန်တှောတို့ မြန်မာဘလော့ဂါ ဆီမီနာဟာ ၁ရက်နေ့က အောင်မြင်စွာ ပြီးစီးသွား ခဲ့ပါတယ်။ တှောတှောကို စိတ်မော လူမောနဲ့ ပြီးသွားတာပါ။ ဒီလူကြီး ပွဲတိုင်း အမြဲနောက်ကျမှ ရောက်ရောက် လာပြီးတော့ ဘာများ စိတ်မောလူမော ဖြစ်နေရတာလဲလို့ ထင်နေကောင်း ထင်နေကြ ပါလိမ့်မယ်။ ဒီပွဲအတွက် အားတက်သရော ပါဝင်ခဲ့ကြတဲ့ ရန်ကုန် ဘလော့ဂါ ၂ဝလောက် ရှိတယ်။ အခက်အခဲတွေကို အမှတ်တရ ပြောပြချင် ပါသေးတယ်။

ပထမဆုံး ကျွန်တှောတို့ ဒီပွဲလုပ်ဖို့အတွက် မကြာခဏ အစည်းအဝေး ပြုလုပ်ကြရပါတယ်။ အတည်တကျ အစည်းအဝေး မဟုတ်သေးဘူး။ ကျွန်တှောရယ်၊ ကိုနေဖုန်းလတ်ရယ်၊ စိုးဇေယျရယ်၊ မောင်ပွတ်ရယ် မကြာခဏ တွေ့ဖြစ်ကြတယ်။ ဘာတွေ ဘယ်လို လုပ်မယ် တိုင်ပင်ကြတယ်။ အဲဒီကနေ အားလုံးကို တိုင်ပင်ပြီး သူတို့ရဲ့ အကြံတွေနဲ့ ဒီပွဲအတွက် စစီစဉ်ကြတယ်။ အဲဒီကာလက ကျွန်တှောဟာ အရမ်း အလုပ်ရှုပ်နေတာပါ။ ပိုက်ဆံလည်း တှောတှော ပြတ်နေတဲ့ အချိန်ပေါ့။ အစည်းအဝေး ဆိုတိုင်း ကျွန်တှောဟာ ပိုက်ဆံ ၅၀၀၀ အရင်ရှာရတယ်။ ကျွန်တှော ပထမ နေထိုင်ရာ နေရာက လိုင်းကားစီးရတာ အရမ်းခက်သလို ခရီးလည်းဝေးတာမို့ များသောအားဖြင့် တက်(စ်)စီ စီးရပါတယ်။ တခါတလေ အလုပ် ချိန်းထားတာတွေက နှစ်ခုသုံးခု ဆက်နေတာမို့ ခရီးစရိတ်တင် တစ်ရက် တစ်သောင်း အထက်မှာ ရှိနေချိန်ပါ။ ဒါပေမယ့် ဒီဆီမီနာဟာ ကျွန်တှောတို့ အတွက် အရေးကြီးလို့ တတ်နိုင်သမျှ တစ်ပွဲမှ မပျက်အောင် တက်ရောက်ခဲ့ဖြစ်တယ်။

ပထမတော့ ဆီမီနာမှာ ကျွန်တှော အကြောင်းအရာတစ်ခု ပြောမလို့ပါပဲ။ ဒါပေမယ့် ဒီပွဲမှာ မပါပါနဲ့လို့ ကျွန်တှော့ကို တစုံတယောက်က တားပါတယ်။ ဆပွန်ဆာ လိုအပ်သလောက် အကူအညီ ပေးမယ်လို့လည်း ပြောပါတယ်။ အစည်းအဝေး လုပ်နေရင်းတန်းလန်း ကျွန်တှော့မှာ ဒုကဿခရောက် ရပါတော့တယ်။ ထားပါတော့။ ကျွန်တှော ပြောတာ မပြောတာက ကျွန်တှော့အတွက် ဘာမှ အရေးမကြီးပါဘူး။ ဒါကြောင့် ဒီပွဲမှာ လူရှေ့ထွက် ပြောရမယ့် အစီအစဉ်ကို ဖျက်လိုက်ပြီး အှောဂနိုက်ဇာ အဖြစ်သာ တာဝန်ယူလိုက်ပါတယ်။ ဒီလိုယူတာ အကြောင်းရှိပါတယ်။ ဆီမီနာမှာ ပြသနာ တစ်ခုခု ဖြစ်လာရင် အှောဂနိုက်ဇာတွေ ခေါင်းခံရမှာပါ။ ဒီလိုနဲ့ ကျွန်တှောတို့ ဆီမီနာကိစဿစအတွက် ဆပွန်ဆာ ရရှိရေး၊ နေရာရွေးချယ်ရေး၊ ဟောပြောမယ့် ခေါင်းစဉ် ရွေးချယ် သတ်မှတ်ရေး၊ စတဲ့ အရာတွေကို ရန်ကုန်က ဘလော့ဂါတွေ စုပြီး စလုပ်ဖြစ်ကြတယ်။ စုစုပေါင်း လူ၂ဝလောက် ရှိမယ် ထင်ပါရဲ့။

ဒီလိုလုပ်ရင်း ဓါတ်ဆီဈေးတွေ တက်တော့ လူတွေ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်တယ်။ ကားခတွေလည်း မတရား တက်လာတယ်။ ဒီလိုဆိုတော့ ကျွန်တှောတို့ ဆီမီနာအတွက် စိုးရိမ်ခဲ့ ရပါတယ်။ ကျွန်တှောတို့ကလည်း နေရာတွေ ဖိတ်စာတွေ လုပ်ပြီးထားပြီဆိုတော့ ေတာှေတာှ ဒုကဿခ ရောက်ပါတယ်။ ရက်ရွှေ့ဖို့ကလည်း မဖြစ်နိုင်ဘူး။ ဒီပွဲမှာ အခြားကိစဿစတွေ ပါလာရင် ပြသနာ ဖြစ်မှာစိုးလို့ဆိုပြီး ကျွန်တှော့ကို ဒီပွဲမှာ မပါဖို့ ပြောကြပါတယ်။ ကျွန်တှောလည်း ခေါင်းကျိန်းမိတယ်။ ဒါပေမယ့် ကျွန်တှောတို့ လုပ်တဲ့ပွဲဟာ နည်းပညာနဲ့၊ အတွေ့အကြုံ ဖြန့်ဝေတာက လွဲပြီး ဘာအခြား ရည်ရွယ်ချက်မှ မပါသလို အခြား ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သတ်တာမို့ ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တခြား ကိစဿစ တစ်ခုက ရန်ကုန် အပြင်က ဘလော့ဂါတွေ ကိစဿစပါ။ အဓိကကေတာ့ မနဿတေလး ဘလော့ဂါများပေါ့။ ရန်ကုန် မနဿတလေး ကွဲနေတာမျိုးကို မဖြစ်စေချင်ပါဘူး။ လူတွေ ဘယ်လောက်ငြင်းငြင်း ဒါက ဖြစ်နေတဲ့ ကိစဿစပါ။ ဒါကြောင့် ကျွန်တှောတို့ဟာ စပွန်ဆာ ရတဲ့ ငွေကြေးထဲကနေ ကျပ်ငါးသောင်းကို မနဿတလေး ဘလော့ဂါတွေကို ဖိတ်ခှေါရာမှာ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို ဖိတ်ခှေါရာမှာလည်း ငွေရှိလို့ ပိုက်ဆံပေးပြီး ဖိတ်ခှေါတဲ့ ပုံစံမျိုး မဖြစ်ရအောင် ကြိုးစားရပါတယ်။ ဒါပေမယ့် ဒီကိစဿစက ျဖစ္မလာပါဘူး။ မနဿတေလး ဘေလာ့ဂါမ်ားက ၃၁ရက်၊ ဩဂုတ် ဘလော့ဂ်ဒေးမှာ မနဿတလေး ဘလောဂါများ တွေ့ဆုံပွဲဆိုပြီး ကျင်းပမယ်လို့ သိလာရတယ်။ အခြေအနေ အရပ်ရပ်ကြောင့် ဒီမှာ တစည်းတလုံးတည်း မလုပ်ဖြစ်တာကို စိတ်မကောင်း ဖြစ်မိတယ်။ တကယ်ဆို ဘလော့ဂ်စာအုပ် လုပ်တဲ့အချိန်ထဲက နိုင်ငံတကာက မြန်မာ ဘလောဂါတွေ စုစုစည်းစည်း ဖြစ်ဖို့ ကြိုးစားနေတယ်ဆိုတာ သိကြမှာပါ။ ထားပါတော့။

ဒီပြသနာက ဆီမီနာအထိ ရောက်လာတယ်။ တက်ရောက်သူတွေက မေးတဲ့ မေးခွန်းတွေထဲမှာ အခု ဆီမီနာဟာ မြန်မာပြည်မှာ ပထမဆုံး ကျင်းပတဲ့ ဆီမီနာလား၊ မနဿတလေးက ပထမလား၊ ရန်ကုန်က ပထမလား စတာတွေ ဖြစ်လာတယ်။ ဒါကြောင့် ကျွန်တှော ဒီလို ဖြေလိုက်တယ်။ ပထမတော့ အားလုံး တစုတစည်းထဲ ကျင်းပဖို့ ဖြစ်ကြောင်း၊ အခက်အခဲ အမျိုးမျိုးကြောင့် မနဿတလေးက ၃၁ရက်နေ့မှာ အရင်ကျင်းပလိုက်ကြောင်း၊ ကျွန်တှောတို့က ၁ရက်နေ့ကို ရွှေ့လိုက်ပြီး ကျင်းပလိုက်ရကြောင်း၊ နိုင်ငံတကာ မြန်မာ ဘလော့ဂါများ ဆီမီနာ အနေနဲ့ဆိုရင်တော့ ဒီပွဲကို ပထမဆုံး အကြိမ်လို့ သတ်မှတ်လို့ ရပါကြောင်း မယုတ်မလွန် ဖြေခဲ့ပါတယ်။ ကျွန်တှော အဖြေပေးတာ အချိုးမပြေခဲ့ရင် အချင်းချင်း စိတ်ဝမ်းကွဲသွားမှာကို မလိုလားပါဘူး။ ဒါကို နားလည်ကြမယ်လို့ ထင်ပါတယ်။ တကယ်ဆို ကျွန်တှောတို့ ရည်မှန်းတာ နယ်မြေဒေသစွဲတွေ မထားရှိဘဲ လွတ်လပ်တဲ့ အွန်လိုင်း ဘလော့ဂါ အဖွဲ့အစည်းလေးပါ။

ဒီဆီမီနာပွဲနဲ့အပြိုင် ကျွန်တှော့မှာလည်း အလုပ်တွေက ရှုပ်လာပါတယ်။ ကျွန်တှော လုပ်နေတဲ့ စွယ်စုံကျမ်းအတွက် အထောက်အကူ ပြုနိုင်တဲ့သူတွေကို သွားရောက် တွေ့ဆုံရတယ်။ ပိုက်ဆံ မရှိရင် ချေးငှားပြီး သွားရတယ်။ တဖက်မှာလည်း ဆီမီနာအတွက် စီစဉ်ကြရတယ်။ အဲဒီရက်ပိုင်းက ၁ပတ်လောက် အိပ်ရေးပျက် ခဲ့ရပါတယ်။ တရက်တော့ ကျွန်တှောတာဝန်ခံထားတဲ့ စပွန်ဆာက နာရေးတစ်ခုကြောင့် အကူအညီ မပေးနိုင် ဖြစ်ပါတယ်။ အဲဒီနေ့က မိုးတွေကလည်းရွာ၊ တကဿကစီ အသွားအပြန်နဲ့တင် ၁ဝဝဝဝလောက် ကုန်ပါတယ်။ လက်ထဲမှာ ပိုက်ဆံက ၅ဝဝတောင် မကျန်တော့ဘူး။ စိတ်တွေ တှောတှောညစ်မိပါတယ်။ သူများတွေက ကျွန်တှော ပိုက်ဆံ မရှိဘူးဆိုရင် လျှောက်ပြောနေတယ် ထင်ကြတာကိုး။

ဒီလိုနဲ့ အဲဒီပွဲနေ့ရောက်လာတယ်။ လူတွေက ထင်တာထက် အများကြီး လာတယ်။ ပထမ ကျွန်တှောတို့ မှန်းထားတာ လူ၃ဝဝပါပဲ။ တကယ် လာတက်သွားတာ ၆ဝဝလောက် ရှိပါတယ်။ ကျွန်တှောတို့ ကျင်းပရေး အဖွဲ့မှာ မိန်းကလေးက ၄ယောက်ပဲ ပါပါတယ်။ ကျန်တာ ယောက်ျားလေးတွေ ပဲဆိုတော့ ကြိုဆိုရေး၊ နေရာချထားရေး၊ ဧည့်ခံရေးတွေမှာ အားနည်းချက် ရှိလာပါတယ်။ တချို့ စပွန်ဆာ တွေကလည်း သူတို့ကို အရေးမလုပ်ဘူးဆိုပြီး မျက်မှန်းတန်းရာ ကျွန်တှော့ကို လူကြားသူကြားထဲ ကဲ့ရဲ့ ပြစ်တင်ပါတယ်။ တတ်နိုင်သမျှ ကျွန်တှောတို့လည်း အဆင်ပြေအောင် ကြိုးစားကြရပါတယ်။ တက်ရောက် လာသူတွေကလည်း စိတ်ဝင်တစားနဲ့ မေးကြမြန်းကြပါတယ်။ လက်ခံရရှိတဲ့ မေးခွန်း အရေအတွက်ဟာ ၁ဝဝကျှောပါတယ်။ တချို့မေးခွန်းများဟာ ဒီဆီမီနာနဲ့ မသက်ဆိုင်တာတွေ ပါသလို၊ တချို့မေးခွန်းများက နိုင်ငံရေးတွေနဲ့ ပတ်သတ်နေပါတယ်။ ဒါကြောင့် ဒီမေးခွန်းတွေကို အခြားသူကို မဖြေစေတော့ပဲ ကျွန်တှောရယ်၊ ကိုနေဘုန်းလတ်ရယ် ဖြေဆိုဖို့ ဆုံးဖြတ်လိုက်တယ်။ ဆရာလုပ်ချင်လို့ မဟုတ်ပါ။ ခေါင်းခံချင်လို့ပါ။ ကျွန်တှောတို့နဲ့ မသက်ဆိုင်တဲ့ ပြင်ပ မေးခွန်းတွေကို အချိန်ငဲ့ပြီး ချန်ခဲ့ရပါတယ်။

မေးခွန်း တစ်ခုက ဒီလိုမေးပါတယ်။ ဘလော့ဂ်တွေဟာ ချုပ်ထိန်းမှုက လွတ်ကင်းပါသလားတဲ့။ ပိတ်ပင်လို့ ရပါသလားတဲ့။ ကျွန်တှောက အိမ်တစ်အိမ်မှာ နေထိုင်ရင် အဲဒီအိမ်က စည်းကမ်းအတိုင်းသာ ဖြစ်ကြောင်း၊ ဒီနိုင်ငံက ခွင့်မပြုတဲ့ အရေးအသားမျိုးဆိုရင် ပိတ်လို့ရကြောင်း ဖြေကြားခဲ့တယ်။ နောက်တစ်ခုက ဘလော့ဂ်တွေမှာ ကိုယ့်ဘာသာ ရေးချင်ရာ ရေးလို့ရတယ်ဆိုတော့ စာပေစိစစ်ရေးက မချုပ်ကိုင်ဘူးလားတဲ့။ ဒီမေးခွန်းကတော့ ဖြေသင့်တာမို့ ဖြေဆိုပါတယ်။ ဘလော့ဂ်ဟာ စာပေစိစစ်ရေး အောက်ကလို့ ကျွန်တှော မထင်တဲ့အကြောင်း၊ ဖြစ်ချင်းဖြစ် ဆက်သွယ်ရေး ဒါမှမဟုတ် နည်းပညာ လက်အောက်ကသာ ဖြစ်မယ်လို့ ထင်ကြောင်း၊ ဘလော့ဂ်တွေမှာ အဆိုးတွေပဲ ရှိနေတာ မဟုတ်ကြောင်း၊ နိုင်ငံကို အကျိုးပြုနိုင်တဲ့ ဘလော့ဂ်တွေ အများကြီး ရှိနေတာမို့ တထစ်ချ အဆိုမမြင်သင့်ကြောင်း စသည်ဖြင့် ဖြေကြားခဲ့ပါတယ်။ ဘလော့ဂ် စည်းမျဉ်း စည်းကမ်းတွေ လိုက်နာရမှာ ရှောင်ကြဉ်ရမှာတွေနဲ့ ပတ်သတ်ပြီးလည်း မေးပါသေးတယ်။ တစ်ကမဿဘာလုံး ဘလော့ဂ်မှာ ဘယ်သူကမှ စည်းမျဉ်းစည်းကမ်း ချမှတ်မထားကြောင်း၊ မိမိကို သူများက မကောင်းတာရေးရင် မိမိက မကြိုက်သလို သူများကို မကောင်းတဲ့ ပုဂဿဂိုလ်ရေး တိုက်ခိုက်မှု အနေနဲ့ မရေးသင့်ဘူး ဆိုတာတော့ လူတိုင်းနားလည် နိုင်မယ်လို့ ထင်ကြောင်း၊ ကိုယ်ပိုင် ပြဌာန်းတဲ့ စည်းကမ်းများသာရှိကြောင်း၊ ပြသနာ ရှိစေနိုင်တဲ့ သူတစ်ပါးပိုင် အကြောင်းအရာ၊ ပစဿစည်းများကိုတော့ ကှောပီရိုက်ကို လေးစားသောအားဖြင့် ကူးယူ ပြသ ရေးသားဖို့ မသင့်ကြောင်း ဖြေကြားပေးခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်တှောတို့ပွဲဟာ ညနေ ငါးနာရီ တိတိလောက်မှာပဲ အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။ ဒီစာကို ရေးပြီးတဲ့ အချိန်မှာ မြန်မာဘလော့ဂ်တွေ တိုးတက်လာတယ်၊ ဘလော့ဂ် လုပ်ချင်သူတွေ တိုးပွားလာတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတဲ့အတွက် ကျွန်တှောတို့ အားလုံး ဝမ်းသာ နေကြပါတယ်။ အားလုံးလည်း စိတ်တွေ ပေါ့သွားကြတယ်။ ဒီပွဲမှာ အရေးတကြီး မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်း ရှိတယ်။ ဒါကတော့ ဒီပွဲ ဖြစ်မြောက်အောင် အချိန်ကုန်၊ ငွေကုန်၊ လူအားစိုက်ထုတ် ပေးခဲ့ကြတဲ့ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ မောင်ပွတ်၊ ကိုစစ်အိမ်၊ ကိုဘလာဂေါက်၊ ဘာညာ၊ ကိုမျက်လုံး၊ ကိုဖြိုးကိုတက်စ်၊ မပင့်ကူ၊ မမီ၊ တေဇာမင်းယွန်း၊ ကိုကျှောဇေယျကိုသန့်ဇှောမင်းစေတန်ဂေါ့ကိုမိုးလှိုင်ည စတဲ့သူ အားလုံးကို ကျေးဇူး တင်ကြောင်းပါ။ နာမည်မပါဘဲ ကျန်ခဲ့သူတွေအပြင်၊ တကူးတက အကူအညီများစွာ ပေးခဲ့တဲ့ ကိုရဲမြတ်သူ၊ နိုင်ငံတကာကနေ ကျွန်တှောတို့ကို ပံ့ပိုး ကူညီ ခဲ့ကြတဲ့ မြန်မာ ဘလော့ဂါ သူငယ်ချင်းတွေ၊ ကုမဿပဏီတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း အမှတ်တရ ပြောလိုက်ချင်ပါတယ်။

ကျွန်တှောတို့ ဘလော့ဂ်ပွဲနဲ့ ပတ်သတ်တဲ့ မှတ်တမ်း ဓာတ်ပုံတွေကို ဒီနေရာမှာ ကြည့်ရှု နိုင်ပါတယ်။

Why Do We Blog!

အမှတ်တရ

ညီလင်းဆက်

No response to “Blog Seminar”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz