Tuesday, September 18, 2007

တောပြောတောပျောက်

တောပြောတောပျောက်


သတိထား…
တောထဲဝင်ရင် ငါ့နာမည်မခှေါနဲ့။
ငါက ဝံပုလွေလာဆင်ပဲဖြစ်ဖြစ်။
ဟယ်ရီပှေါတာပဲ ဖြစ်ဖြစ်။
အနိစဿစပဲ ဖြစ်ဖြစ်။
ဒုကဿခပဲ ဖြစ်ဖြစ်။
“ဟေ့လူ” လို့ခှေါ။
မင်းက ဂျက်လန်ဒန်ပဲ ဖြစ်ဖြစ်။
ဆာအဲလက်စ်ဖာဂူဆန်ပဲ ဖြစ်ဖြစ်။
ခေတ်ပျက်သူဌေးပဲ ဖြစ်ဖြစ်။ ဂြိုဟ်သားပဲ ဖြစ်ဖြစ်။
“ဟေ့လူ” လို့ပဲခှေါမယ်။
ငါတို့
“ဟေ့လူ” လို့ပဲ အပြန်အလှန်ခှေါကြ။
လမ်းမှားရင်လည်းအတူတူ။ ဆူးစူးရင်လည်းအတူတူ။
လူကွဲသွားရင် လှမ်းခှေါလိုက်ပေါ့ “ဟေ့လူ”….။
မိုက်မဲလှတဲ့ မြေခွေးတစ်ကောင်ကိုမိရင်
ငါတို့ “ဟေ့လူ” နှစ်ယောက် ခုတ်ပိုင်း ခွဲဝေကြ။
ပါလာတဲ့အရက်တွေကို
“ဟေ့လူ”နှစ်ယောက်မျှသောက်ကြ။
မြေခွေးအသားကင်ကိုစားလို့။
မြေခွေးအကကို ကလို့။
ဆဲဆိုရမ်းကားလို့ စိတ်ကိုဖောက်ခွဲလိုက်တဲ့အခါ
“ဟေ့လူ” တွေပေါက်ကွဲနေကြတယ်… ပေါ့။
ပြီးရင်
စမ်းချောင်းထဲ စိမ်မယ်။
တောသံတောင်သံတွေနဲ့
ကြယ်တွေစုံလွန်းလှတဲ့ညထဲ စိမ်မယ်။
ပွိုင့်တူးတူးကို ထမ်းလို့
ပြီးဆုံးသွားတဲ့ ကစားပွဲကို ထမ်းလို့။
ငါတို့
မြို့ကိုပြန်ရောက်ကြတဲ့အခါ
ပုခုံးဖက် ကခုန်ခဲ့ဖူးသမျှ နွေးထွေးလက်တွေ
ပြန်လည် အေးစက် ဆုတ်ခွာသွားခဲ့ကြ။
နာမည်များကို သိထားတဲ့အတိုင်း
ပြန်ခှေါကြရမယ်။
အရင်အတိုင်း….
ငါက ငါပဲ။
မင်းက မင်းပဲ။

နိုင်မွန်အောင်သွင်
သတဿတုမိုးများ၊ နှင်းဆီတရာ၊ ကလောမြို့

ကျွန်တှော သိပ်ကြိုက်တဲ့ ကိုနိုင်မွန်အောင်သွင်ရဲ့ ကဗျာလေးပါ။ ခင်ဗျားတို့လည်း ကျွန်တှော့ကို အခြားနေရာတွေမှာ တွေ့တဲ့အခါ ဟေ့လူလို့ ခှေါကြပါ။ ပြီးရင် အဲဒီအရာတွေ အားလုံးကို မေ့ထားလိုက်ပါတော့။ နောင်တချိန် အပြင်မှာ ပြန်တွေ့ကြတဲ့အခါ ကျွန်တှောကကျွန်တှော၊ ခင်ဗျားက ခင်ဗျားပေါ့။ ဟေ့လူကို ယူမလာပါနဲ့တော့။ နာမည်ဝှက် သုံးကြစတမ်းပေါ့ဗျာ။ တောမှာပြောတဲ့စကား တောမှာပျောက် ပါစေတော့။

Tags:

No response to “တောပြောတောပျောက်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz