Tuesday, September 18, 2007

ယုဒသန် ကမဿမဝါစင္တာ မနဿတေလးမွာ မှားဖွင့်ထားခြင်း

လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်တှောစာအုပ် တစ်အုပ် ဖတ်ပါတယ်။ မနဿတလေးက မြန်မာစာနဲ့ ပါရဂူဘွဲ့ရသူ ဒေါက်တာ ဖြူဖြူဝင်းရဲ့ ယုဒသန္ကမဿမဝါစင္တာ မနဿတေလးမွာ ဆိုတဲ့စာအုပ္ပါ။ စာအုပ်ကို စဖတ်မိကတည်းက တခုခု လွဲနေမှန်းတော့သိတယ်။ ဘာလွဲနေတယ်ဆိုတာ တိတိကျကျ မစစ်ဆေးနိုင်ခဲ့ဘူး။ တိုက်တိုက်ဆိုင်ဆိုင် ဂူဂယ်လ်က စာအုပ်တွေ ရလိုက်တော့မှ အဲဒီအချက်ကို သွားတွေ့ပါတယ်။

ပထမဆောင်းပါးက အဂဿငလိပ် မြန်မာ ပထမဆုံး အဘိဓာန်ကို ပြုစုသူဟာ မကဿခရာ မင်းသားကြီး မဟုတ်ဘဲ အဂဿငလိပ် ကုန်သည်ကြီး ချား(စ်)လိန်းဖြစ်ကြောင်းနဲ့ မကဿခရာ မင်းသားကြီးက မြန်မာစာတည်းသာ ဖြစ်ကြောင်း ပြောပြထားတဲ့ ဆောင်းပါးပါ။ ဒါကတော့ စဉ်းစားတတ်သူတိုင်း သိတဲ့ ကိစဿစပါ။ တည်ပုဒ်နဲ့ မြန်မာပြန်အကြမ်းကို လိန်း(စ်)ကထုတ်၊ မင်းသားကြီးက မြန်မာလိုအသုံး မှန်မမှန်စစ်ပေး ဒီလောက်ပါပဲ။ ချားလိန်း(စ်)က ကုန်သည်၊ မင်းသားကြီးကလည်း ဒါတွေကို စိတ်ဝင်စား၊ စိတ်အားထက်သန်မှုပဲရှိတာ၊ အတွေ့အကြုံ မရှိလို့ သူတို့ အဘိဓာန်ဟာ ယုဒသန်လို စနစ်တကျ မရှိပါဘူး။ မြန်မာလို စာလုံးပေါင်း အမှားတွေဆိုတာလည်း အများကြီးပါပဲ။ ရွှေနန်းတှောတွင်းမှာ ဉ (ညကလေး၊ ညဦးခေါင်းမဲ့)ကို ကျက်သရေ မရှိဘူးဆိုပြီး မသုံးလို့ အဲဒီစာလုံးနဲ့ ပတ်သတ်တဲ့ စာလုံးတွေအားလုံးမှာ (ည)ကို အစားထိုး သုံးထားတာကို တွေ့ရတာကြောင့် မကဿခရာမင်းသားကြီး တည်းဖြတ်တယ် ဆိုတာလည်း ပှေါလွင်လှပါတယ်။ အဲဒါနဲ့ တဆက်တည်း ဒုတိယ ဆောင်းပါးက ပထမဆုံး အဂဿငလိပ် မြန်မာ အဘိဓာန်ဟာ G.H.Hough ရဲ့ အဘိဓာန်သာ ဖြစ်ကြောင်း ဆောင်းပါလေးပါ။ ဟောင်းဟာ သူ့ရဲ့ စာအုပ်ကို ၁၈၂၅ ဧပြီလမှာ ထုတ်ဝေခဲ့ပါတယ်။ လိန်းရဲ့ အဘိဓာန်က ၁၈၄၁မို့ အများကြီး ကွာတယ်လို့ ထောက်ပြပါတယ်။ ဒီတော့ ဒီအယူအဆဟာ ဖြစ်နိုင် မဖြစ်နိုင် ကျွန်တှော စဉ်းစားကြည့်တယ်။

ဟောင်းဟာ သူ့ရဲ့ စာအုပ်ကို An English and Burman Vocabulary လို့ အမည်ပေးထားပါတယ်။ လိန်း(စ်)ကတော့ Dictionary, English and Burmese လို့ပေးထားပါတယ်။ ဘာလို့သူဟာ သူ့စာအုပ်ကို အဘိဓာန်(Dictionary)လို့ မပေးခဲ့လည်းဆိုတာ စဉ်းစားသင့်တဲ့ အချက်ပါ။ အဘိဓာန် လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ပြည့်စုံတဲ့ အဘိဓာန် တစ်စောင်မှာ ပါဝင်ရမယ့် အချက်ကြီး ငါးချက် ရှိတယ်လို့ မှတ်သားဖူးပါတယ်။ အဲဒါတွေကတော့ တည်ပုဒ်၊ အသံထွက်၊ ဗျုပဿပတ်၊ သဒဿဒါနဲ့ အဓိပဿပာယ် ဖြစ်ပါသတဲ့။ ဟောင်းရဲ့ စာအုပ်ဟာ အဲဒီအချက်တွေထဲမှာ အချက် သုံးချက်နဲ့သာ ကိုက်ညီပါတယ်။ ဟောင်းဟာ သူ့စာအုပ်မှာ အဂဿငလိပ် တည်ပုဒ်ကိုပေးတယ်။ ပြီးရင် မြန်မာအသံထွက်ကို အဂဿငလိပ်လို ရေးပြတယ်။ အဲဒါပြီးမှ မြန်မာစကားလုံးကို ပြပါတယ်။ တည်ပုဒ်တွေမှာလည်း နာမ်နဲ့ ကြိယာတွေကိုသာ အများဆုံး ထုတ်နှုတ်သုံးသွားပါတယ်။ စာလုံးတိုင်းအတွက် သဒဿဒါခြဲမျပထားဘူး။ ဗ်ုပဿပတ္မပါဘူး။ ဥပမာ ဥပေမယ် မထားဘူး။ အရိုးရှင်းဆုံး စကားလုံး ဘာသာပြန်ကိုသာ ပေးထားပါတယ်။ အနက်တူ အသုံးကွဲ စကားလုံးတွေလည်း မပြထားပါဘူး။ သူ့စာအုပ်ဟာ အဂဿငလိပ်တွေကို မြန်မာစာ နားလည်အောင် ပြုစုထားတဲ့ စာအုပ်မို့လို့ တည်ပုဒ်ကို အသံထွက်ရာမှာ မူရင်း အဂဿငလိပ် အသံထွက်ကို မပြဘဲ မြန်မာအသံထွက်ကို အဂဿငလိပ်လို ရေးပြတာကလည်း အဘိဓာန် အဂဿငါရပ်နဲ့ မကိုက်ညီဘူးလို့ ထင်မိပါတယ်။ ဒါကြောင့်လည်း ဟောင်းဟာ သူ့စာအုပ်ကို အဘိဓာန်လို့ နာမည် မတပ်ဘဲ အဂဿငလိပ်-မြန်မာ စကားလုံးများလို့ ခေါင်းစဉ်ပေးထားတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူကိုယ်တိုင်တောင် အဘိဓာန်လို့ မသတ်မှတ်တဲ့ စာအုပ်ကို ကျွန်တှောတို့က အဘိဓာန်လို့ သတ်မှတ်ဖို့ မလိုဘူးလို့ ထင်မိပါတယ်။ ပြီးတော့ ဟောင်းရဲ့ စာအုပ်မှာ စကားလုံးသက်သက် စာမျက်နှာ စုစုပေါင်း ၄၂၄မျက်နှာ ပါပါတယ်။ ဆရာမပြောတဲ့ စာမျက်နှာ ၂ဝဝကျှောဆိုတာနဲ့ လွဲနေလို့ စာအုပ်များ မှားနေသလားဆိုပြီး တိုက်ဆိုင်ကြည့်ဖို့ရာ ဟောင်းရဲ့ စာအုပ်နာမည်ကို ဖှောပြထားတာ မတွေ့မိပါဘူး။ ဒါပေမယ့် ၁၈၂၅မှာ ထုတ်ဝေခဲ့တယ် ဆိုတာကြောင့် ဒီစာအုပ်ကိုပဲ ဦးတည်ညွှန်းဆိုတယ်လို့ မှတ်ယူမိပါတယ်။

လိန်း(စ်)ရဲ့ အဘိဓာန်ကရော အဲဒါတွေ အားလုံးနဲ့ ကိုက်ညီရဲ့လားဆိုတာ စစ်ကြည့်ပါတယ်။ မကိုက်ညီပါဘူး။ ဒါပေမယ့် လိန်း(စ်)ရဲ့ စာအုပ်ဟာ အဘိဓာန်ဝိနည်း တှောတှောများများကို အခြေခံထားတာတော့ တွေ့ရပါတယ်။ အိတ်ဆောင် အဘိဓာန်၊ အကျဉ်းချုပ် အနေထားလောက် လက်ခံလို့ ရပါတယ်။ လိန်း(စ်)ဟာ ပထမ တည်ပုဒ်ကို ပြတယ်။ ပြီးရင် သဒဿဒါကို ဖှောပြတယ်။ နောက်ဆုံး အနက်တူ အသုံးကွဲ အဓိပဿပာယ် အားလုံးကို ပြပေးထားပါတယ်။ လိုအပ်တဲ့ နေရာတွေမှာ သက်ဆိုင်ရာ အဖွင့်ကိုလည်း အဂဿငလိပ်လို ပြတာ တွေ့ရပါတယ်။ အသံထွက်၊ ဥပမာတွေ မပါပေမယ့် စနစ်ကျတယ်လို့ ပြောလို့ရပါတယ်။

ဟောင်းရဲ့ စာအုပ် အဖွင့်မှာ ဒီစာအုပ်ဟာ အခြေအနေအရ လိုအပ်လို့ ပြုစုထားတာ ဖြစ်ကြောင်း၊ ဂျဒ်ဆင်က ပိုမိုပြီးပြည့်စုံတဲ့ဟာ ဖြစ်လာဖို့ ကြိုးစားနေကြောင်း ပါရှိပါတယ်။ နောက်ပိုင်း ဂျဒ်ဆင် ထုတ်တော့လည်း အဘိဓာန်ဆိုတဲ့ နာမည်တပ်ပြီး ပြည့်ပြည့်စုံစုံ ပြုစုနိုင်ခဲ့တယ်။ ဒါကြောင့် ဟောင်းရဲ့ စာအုပ်ဟာ ဆရာမပြောသလို အဘိဓာန် မဟုတ်ပါဘူး။ စကားလုံးစုစည်းမှု စာအုပ်သာ ဖြစ်တယ်လို့ မှတ်ယူမိပါတယ်။ ၁၈၄၅မှာ ဟောင်းရဲ့ Anglo-Burman Dictionary ဆိုတဲ့ စာအုပ်နဲ့ ဆရာမ ပထမထားချင်တဲ့ စာအုပ်ကို နှိုင်းယှဉ် ဖတ်ကြည့်မယ်ဆိုရင် ဘယ်ဟာကသာ အဘိဓာန် ပိုပီသလဲဆိုတာ သိနိုင်မှာ ဖြစ်ပြီး၊ ဒီတစ်ခေါက်မှာတော့ သူကိုယ်တိုင် သူ့စာအုပ်ကို ဘာလို့ အဘိဓာန်လို့ နာမည်ပေးတယ် ဆိုတာကိုလည်း သိနိုင်မှာ ဖြစ်ပါတယ်လို့ ယုံကြည်မိပါတယ်။ ဒါကြောင့်မို့ အဘိဓာန်နည်းစနစ်နဲ့ ပိုမို ကိုက်ညီမှုရှိပြီး ပိုလည်း ပြည့်စုံတဲ့ ၁၈၄၁ထုတ် ချား(စ်)လိန်းနဲ့ မကဿခရာမင်းသားကြီးတို့ရဲ့ အဘိဓာန်ကသာ ပထမဆုံး အဂဿငလိပ်-မြန်မာ အဘိဓာန်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အဲဒီအထဲကမှ အပြည့်စုံဆုံးကို ပြောပါဆိုရင်တော့ ယုဒသန်ရဲ့ အဘိဓာန်ကိုသာ ပထမအနေနဲ့ သတ်မှတ်သင့်တယ်လို့ ထင်မြင်မိပါတယ်။ ဒီစာအုပ်တွေ အပြင်မှာ မရှိတော့ရင် ဂူဂယ်လ်ကနေ ဒေါင်းလုဒ် ပေးထားပါတယ်။ တိုက်ဆိုင် ကြည့်နိုင်ပါတယ်။

ကိုးကား

ယုဒသန္ကမဿမဝါစင္တာ မနဿတေလးမွာ၊ ဆောင်းပါး ၁၊ ၂၊ ဒေါက်တာဖြူဖြူဝင်း (မြန်မာစာ)။ ထီးပေါင်းကား စာအုပ်တိုက်။
A Dictionary, English and Burmese, Charles Lane, 1841, Ostell and Lepage
A Dictionary, English and Burmese, Judson, 1849, ABM
An English and Burman Vocabulary, G.H.Hough, 1825, Serampore
Anglo-Burman Dictionary, G.H.Hough, 1845, ABM
အတွေ့အကြုံ၊ အဆုံအမြင်နှင့် အတွေးအမြင်။ ဒေါက်တာလှဘေ။ ဒေါင်းစာပေ။
ပူးတွဲဖတ်ရှုရန်


No response to “ယုဒသန် ကမဿမဝါစင္တာ မနဿတေလးမွာ မှားဖွင့်ထားခြင်း”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz