Tuesday, September 11, 2007

Alpha Zawgyi Unicode Latest Version



Alpha Mandalay နဲ့ Planet ကနေ ဇှောဂျီဖောင့်ကို အသုံးပြုရ ပိုမို အဆင်ပြေ လွယ်ကူအောင် အသစ် မွမ်းမံ ပြုပြင်မှုတွေနဲ့အတူ ထပ်မံ ဖြန့်ဝေ လိုက်ပါတယ်။ ဒီတစ်ခါ ဇှောဂျီဟာ မိုက်ခရိုဆော့ဖ်ရဲ့ အေရီရယ်လ်ဖောင့်ကို ဟက်ခ် လုပ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။ ဒီဖောင့်ကို ဩဂုတ် ၃၁ရက် ဘလော့ဂ်ဒေးအမီ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

သုံးစွဲသူတွေကို အကြံပေးချင်တာက ယခင်က သွင်းခဲ့တဲ့ ဇှောဂျီကီးဘုတ်တွေ၊ အယ်လ်ဖာ ဇှောဂျီ ကီးဘုတ်တွေ ဂျီတော့ခ် အဒ်အင် စတာတွေကို ပထမ ပထမဆုံး စက်ထဲကနေ အရင် ထုတ်ပစ်လိုက်ပါ။ ပြီးသွားမှ ဒါကို အသစ်အနေနဲ့ သွင်းပါ။ ယခင် ရှိပြီးသား အပှေါမှာ မသွင်းပါနဲ့။ ပတ်ဆင့်တွေ ရိုက်ရာမှာ ဒုကဿခရောက်တာ ကြုံဖူးလို့ပါ။ ဒီဗားရှင်းမှာ အသစ်သွင်းထားတာတွေ ပါပါတယ်။ ယခင်ကဆို ဇှောဂျီနဲ့ ရေးထားတဲ့ ဆိုဒ်တွေကို ကြည့်မယ်ဆိုရင် ဖောင့်ပြောင်းရတာတွေ၊ ဆက်တင် ပြင်ရတာတွေ ရှိပါတယ်။ ဒီဗားရှင်းမှာတော့ အဲဒါတွေကို အလိုအလျောက် လုပ်ပေးထားတဲ့အတွက် သုံးစွဲသူတွေ ပိုမို အဆင်ပြေပါလိမ့်မယ်။

ဒီနေရာမှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။

http://www.alpha.com.mm/blogday/index.html


No response to “Alpha Zawgyi Unicode Latest Version”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz