Thursday, August 9, 2007

Tar Yar Min Wai

တာရာမင်းဝေ

တာရာမင်းဝေကို ကျွန်တှော စသိတာက ကျွန်တှော ကိုးတန်းကျောင်းသား ဘဝ။ ကျွန်တှော စာအုပ်ငှားတဲ့ ဆိုင်လေးက မြစ်ကြီးနားမြို့ သီတာရပ်ထဲက စာအုပ်ဆိုင်လေး။ တစ်ရက်တော့ စာအုပ် သွားရှာရင်း စာအုပ်တစ်အုပ်ကို တွေ့လိုက်သည်။ ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေးတဲ့။ စာရေးသူကို ကျွန်တှောမသိ။ တစ်ရွက်နှစ်ရွက် အစမ်းဖတ်ကြည့်ပြီး သွားတာနဲ့ ထိုစာအုပ်လေးကို ကျွန်တှော ငှားလာဖြစ်ခဲ့တော့သည်။ ဖတ်ပြီးတော့လည်း ကျွန်တှော အရမ်းကြိုက်သွားသည်။ ဇာတ်လမ်းထဲမှ သီဟသစ်သည် ကျွန်တှောဖြစ်သွားပြီး နှင်းဆီဖြူသည် ကောင်မလေး တစ်ယောက် ဖြစ်သွားသည်။ ငါ့သမိုင်းကို ငါရေးမည်၊ ငါ့ငှက်များ ကောင်းကင်သို့ ပြန်စေသတည်းဟူသော စကားလေးကိုလည်း အလွန်နှစ်သက် သွားမိသည်။ ထို့အတူ တာရာမင်းဝေဆိုသော နာမည်ခပ်ဆန်းဆန်း စာရေးဆရာကိုလည်း မှတ်မှတ်ယယ ဖြစ်သွားခဲ့သည်။ ထိုစဉ်က ကျွန်တှောက ဆယ်တန်းကျောင်းသား ဖြစ်တော့မည့် အရွယ်ဆိုတော့ ဘဝမှာ ကိုယ်သာ အရေးအကြီးဆုံး၊ ကျောင်းသားဘဝသည် ပျှောရွှင်စရာ အကောင်းဆုံးဟု ယုံကြည်မိနေချိန်လည်း ဖြစ်သည်။ ကျွန်တှော နှစ်သက်သော အခြားစာအုပ်တစ်အုပ် ရှိသေးသည်။ မင်းလူ၏ ပန်းကျောင်းဆိုသော စာအုပ်။ ထိုစာအုပ် နှစ်အုပ်စလုံးမှာ အခြေခံပညာ ကျောင်းသားဘဝ နောက်ခံ အချစ်ဇာတ်လမ်းလေးတွေ ဖြစ်သည်။ ပန်းကျောင်းကတော့ ရိုးစင်းသည်။ တာရာမင်းဝေ၏ စာအုပ်ကတော့ စကားလုံးလေးတွေ ဆန်းသစ်သလို အတွေးအခှေါလည်း ဆန်းသစ်နေသည်။

ထို့နောက် ကျွန်တှောလည်း ဆယ်တန်းအတွက် နွေရာသီသင်တန်းများ တက်ရန် ရန်ကုန်သို့ ရောက်လာသည်။ သူငယ်ချင်းများနဲ့ YES မှာအဂဿငလိပ်စာ သင်တန်း တက် ဖြစ်သည်။ တစ်နေ့ ကျွန်တှောက သူငယ်ချင်း ပြည့်စုံဝင်းကို အဆိုပါစာအုပ်အကြောင်း ပြောဖြစ်တော့ သူက စာအုပ်တစ်အုပ် ယူလာပြသည်။ သူကတော့ ရွှေဖိနပ်ထက် ထိုစာအုပ်ကို ပိုသဘောကျကြောင်း ပြောသည်။ မှတ်မှတ်ယယ သူက မှာလိုက်သေးသည်။ ထိုစာအုပ်ကိုဖတ်လျှင် နောက်ဆုံး စာမျက်နှာကို ဖတ်ချင်လည်းဖတ်၊ မဖတ်ချင်လည်း နေလို့ရတယ် ဟူ၍ ဖြစ်သည်။ ထိုစာအုပ်မှာ တာရာမင်းဝေ၏ ပထမဆုံး လုံးချင်းစာအုပ်၊ ပန်းခေတ်ကလမင်းပင် ဖြစ်သည်။ ထိုစာအုပ်ကိုလည်း ဖတ်လိုက်မိသည်နှင့် ကျွန်တှော အရမ်းနှစ်သက် သွားခဲ့သည်။ ထိုဝတဿထုထဲမှ ဇာတ်ဆောင်သည် ကျွန်တှော့ကို ရည်ရွယ်ပြီး ရေးထားသည်ဟု ထင်ရလောက်အောင် ကျွန်တှောနှင့် တူသည်ဟု ခံစားမိခဲ့သည်။ သူငယ်ချင်း ပြောသလိုပင် ထိုဝတဿထုလေးသည် အလွန်ကောင်းပါသည်။ နောက်ဆုံး စာမျက်နှာသည် ထိုဝတဿထု၏ အသက်ဟုပင် ကျွန်တှော ဆိုချင်သည်။ အခြားသော ဝတဿထုများလို နောက်ဆုံး စာမျက်နှာ ဖတ်ရုံမျှနှင့်လည်း ဇာတ်လမ်းသဘောကို မသိနိုင်။ နောက်ဆုံး စာမျက်နှာကို မဖတ်လိုက်လျှင်လည်း ဝတဿထုက ပျက်မသွား။ သို့သှော နောက်ဆုံးစာမျက်နှာကို ဖတ်လိုက်လျှင်တော့ ဝတဿထုဇာတ်လမ်းတစ်ခုလုံး ပြောင်းပြန် ဖြစ်သွားလိမ့်မည်။ ရင်မောပြီး ကျန်ခဲ့ရလိမ့်မည်။

ထို့နောက်တွင် တာရာမင်းဝေ၏ စာအုပ်များ ဆက်တိုက်ဆိုသလို ထွက်၍လာသည်။ လူငယ်ထု ကြားတွင်လည်း သူ၏နာမည် ထင်ရှားလာခဲ့သည်။ လုံးချင်း ဝတဿထုမ်ားသာမက၊ ဝတဿထုတိုမ်ား၊ ဆောင်းပါးများ၊ ကဗျာများပါ သူအောင်မြင်စွာ ရေးဖွဲ့နိုင်ခဲ့သည်။ သူ၏ ကဗျာစာအုပ် မိုးခေါင်လို့တီးတဲ့ဗုံသံသည် အလွန်အောင်မြင်ခဲ့သည်။ လူငယ်တစ်ယောက်၏ ကျောက်ထွင်းရာဇဝင် ဝတဿထုလတ် သုံးပုဒ်သည် စာဖတ်ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သည်။ စုန်းကိုက်ခံရတဲ့သစ်သီး ဝတဿထုတိုများသည် အထူးထင်ရှားခဲ့သည်။ ပြိုင်မြင်းတို့၏ခွာသံ ဆိုသော စာအုပ်တွင် သူ၏ စာပေအယူအဆ ရေးရာများကို တွေ့နိုင်သည်။ သို့ရာတွင် နောက်ပိုင်း သူ၏ စာရေးအားမှာ တက်လာသလောက် အရည်အသွေး အနည်းငယ် ကျဆင်းသွားသည်ဟု ထင်မိသည်။ ထို့နောက် ထို့နောက် ကိုတာရာမင်းဝေတစ်ယောက် အရက်အရမ်း သောက်လာသည်ဟု သတင်းကြားရသည်။ နိုင်ငံရေးအရ ထိန်းသိမ်း ခံရသည်ဟုလည်း ကြားရသည်။ ပညာတတ် တစ်ယောက်၏ မွန်းကျပ်မှုများ၊ အလိုမပြည့်မှုများကို ကျွန်တှော ခံစားနားလည် နေမိပါသည်။

ဒီလိုနှင့် လွန်ခဲ့သော တစ်ရက်က သူ၏နာရေးသတင်းကို ကြားလိုက်ရတော့ အတှော စိတ်မကောင်း ဖြစ်သွားမိသည်။ မြန်မာပြည်တွင် စာရေးဆရာများ ပေါလှသည်။ အတွေးအခှေါ ကောင်းသော၊ ဆန်းသစ်သော၊ မျိုးချစ်စိတ်ရှိသော၊ သာရာမလိုက်တတ်သော၊ မဖားတတ်သော သူလိုလူကား ရှားသည်။ ကျွန်တှော့တွင် သူ့လက်ရေးနှင့် ရေးထားသော စာအုပ်တစ်အုပ် ရှိသည်။ ဆရာ သစဿစာနီသို့ လက်ဆောင်အဖြစ် ပေးထားသော သူ၏ ပထမ အကြိမ်ထုတ် ပထမဆုံး သူ၏ လုံးချင်းဝတဿထု ပန်းခေတ်ကလမင်း ဖြစ်သည်။ စာအုပ်ထောင့်တွင် အကိုကြီးကိုရဲ (သစဿစာနီ)သို့ ညီလေး တာရာမင်းဝေဆိုပြီး သူ့လက်မှတ်ထိုးထားသော စာအုပ်ဖြစ်သည်။ မှတ်မှတ်ယယ ထိုစာအုပ်ကို ကျွန်တှော အဟောင်းတန်းက ၁၅ဝနှင့် ဝယ်ယူခဲ့တာ ဖြစ်သည်။ အခုတော့ ကျွန်တှော လေးစားနှစ်သက် ခဲ့ဖူးသော ကိုတာရာမင်းဝေ တစ်ယောက် အားလုံးကို စွန့်ခွာပြီး မွန်းကြပ်ရာ ကမဿဘာမြေကနေ ထွက်ခွာသွားခဲ့ပြီ။ မြန်မာပြည် ရီနေဆန့်ခေတ်တွင်သာ လူဖြစ်ရပါလို၏ဟုများ သူဆုတောင်း လေမည်လားဟု ကျွန်တှော တွေးနေမိလေသည်။

No response to “Tar Yar Min Wai”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz