Friday, August 31, 2007

Research for Researchers

ကျွန်တှောက နည်းပညာ ကျွမ်းကျင်သူ မဟုတ်ပါဘူး။ ဒါပေမယ့် ကွန်ပျူတာလေး မတောက်တခေါက် တတ်လို့ ကွန်ပျူတာ သဘောတရားကို အတန်သင့် နားလည်ပါတယ်။ ကမဿဘာ့စာပေနဲ့ မြန်မာ့စာပေကို ဝါသနာလေးပါလို့ နဲနဲပါးပါး လေ့လာလိုက်စားတော့ စာအကြောင်း ပေအကြောင်း နဲနဲ သိလာပါတယ်။ ဘယ်စာက တန်ဖိုးရှိတယ် တန်ဖိုးမရှိဘူးဆိုတာ လူပြိန်းသာသာ ခွဲခြမ်းတတ် လာပါတယ်။ စမ်းသပ်ရတာတွေကို ဝါသနာပါလို့ အသစ်ထွက်ရာ ဆော့ဖ်ဝဲတွေကို စမ်းသပ်ရင်း စမ်းသပ်ရင်းက အားနည်းချက် အားသာချက် တွေကို သိလာပါတယ်။ လော့ဂျစ်ကယ်သင့်ကင်းလေး လေ့လာဖူးတော့ ဒါတွေ ဘယ်နေရာမှာ ဘယ်လို အသုံးချနိုင်တယ်ဆိုတာ ဆက်စပ် တွေးတောမိ လာပါတယ်။ ဒီလိုနဲ့ စဉ်းစားမိရင်းက အဖိုးတန် မြန်မာစာပေတွေကို နည်းပညာအကူအညီနဲ့ ထိန်းသိမ်းနိုင်ဖို့၊ ရီဆက်ချာ၊ စကှောလာတွေ အကျိုးရှိရှိ အသုံးချနိုင်ဖို့ လုပ်နိုင်ရင် ကောင်းမှာပဲလို့ စဉ်းစားမိရာက အလုပ်မရှိ** သန်းရှာပြီး ခြူးတစ်ပြားမှမရဘဲ ကိုယ့်ပိုက်ဆံ ကိုယ်အကုန်ခံပြီး လုပ်ကိုင်နေမိ ပါတော့တယ်။

ပြောပြမယ်။ စာအုပ်ကို စကန်လုပ်တဲ့အခါ အထဲကစာတွေဟာ စာသား မဟုတ်တော့ဘဲ ရုပ်ပုံအနေနဲ့သာ ရှိပါတော့တယ်။ အဲဒီအတွက် ဖတ်လို့တော့ရတယ်။ ဒါပေမယ့် အသင့်ကူးယူလို့ မရပြန်ဘူး။ နောက်ပြီး အဲဒီ ပုံဖှောမတ်ဟာ အထဲက စာသားတွေမှာ ဘာစကားလုံးတွေ ပါတယ်၊ ဘာစကားလုံးတွေကို ရည်ညွှန်းတယ် ဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့် မပြောပြ နိုင်ပါဘူး။ အဲဒီအတွက် Scholar, Researcher တွေဟာ စာကို ဖတ်နိုင်ပေမယ့် ကိုးကား သိမ်းဆည်း ချင်တဲ့အခါ အဲဒီ စာတွေကို ပြန်ရိုက်ရတော့တယ်။ ဒီလို ပုံဖှောမတ်မှာ Indexing လို့ခှေါတဲ့ ဘယ်နေရာမှာ ဘာရှိတယ် (အကဿခရာဝလိ သဘော) ဆိုတာကို မှတ်သားဖို့ရာ အလွန် အလုပ်ရှုပ် အချိန်ပေး ရပါတယ်။ အဲဒီအတွက် ကွန်ပျူတာဆိုတာ အရမ်းအရေးပါတဲ့ အခန်းကဏဿဍကို ရောက်လာပါတော့တယ်။

ကွန်ပျူတာထဲမှာ စာအုပ်တစ်အုပ်ဟာ စာသားအနေနဲ့ ရှိတဲ့အခါ ကိုယ်ရှာဖွေချင်တဲ့ အကြောင်းအရာကို ရှာတွေ့ဖို့ အလွန်လွယ်ကူပါတယ်။ ဆိုပါစို့ စာအုပ်တစ်အုပ်ကို အပြင်မှာဖတ်ရင် အဲဒီစာအုပ်ထဲမှာ (stupid) ဆိုတဲ့ စကားလုံး ဘယ်နှစ်လုံး ပါသလဲဆိုတာ သိနိုင်ဖို့ ခဲတံတစ်ချောင်းဆောင်၊ စကဿကူတွေ ကြားလိုက်ညှပ်ရင်း အချိန်တှောတှော ပေးရပါလိမ့်မယ်။ အဲဒီလို စာအုပ်ပေါင်း ၁၀၀ ရှိနေမယ်၊ အဲဒီစာအုပ် အားလုံးထဲမှာ ခုနလို စကားလုံး ဘယ်နှစ်လုံး ပါသလဲ သိချင်ရင်တော့ တှောတှော ခေါင်းခြောက်၊ ဒေါင်းတောက်အောင် ရှာရမယ့်ကိစဿစ ဖြစ်သွားပါပြီ။ ကွန်ပျူတာထဲမှာသာ အဲဒီစာအုပ်တွေ ရှိနေခဲ့ရင် အဲဒီလို ရှာဖွေဖို့ရာ အချိန် တစ်မိနစ်တောင် မကြာပါဘူး။ ဒါဟာ နည်းပညာရဲ့ အားသာချက် တစ်ခုပါပဲ။ ဆိုချင်တာက သုတေသန ပြုသူ Scholar, Researcher တစ်ယောက်ဟာ အဲဒီနေရာမှာသာ မြန်မြန်ဆန်ဆန် လုပ်နိုင်မယ်ဆိုရင် အခြားလုပ်ငန်းတွေကို ပိုအားစိုက်ထုတ် အချိန်ပေး လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တှောဟာ Scholar ဘဝကို အရမ်းလိုချင် ခဲ့ပါတယ်။ မဖြစ်လာတဲ့ အချိန်မှာ ကိုယ်သိထားတာနဲ့ အခြားစကှောလာတွေကို ဘယ်လို အကျိုးပြုနိုင်မလဲလို့ တွေးမိလို့ လုပ်နေဖြစ်တာပါ။ အခုနက ကျွန်တှော ပြောခဲ့တာတွေက သိပ်ကို အခြေခံကျတဲ့ သဘောတရားသာ ဖြစ်ပါတယ်။ ဒီလို ပရောဂျတ်မျိုးဟာ အရမ်းခက်ခဲပါတယ်။ စာရိုက်တတ်တိုင်း ကွန်ပျူတာတတ်တိုင်း၊ စာတတ်တိုင်း လုပ်လို့မရပါဘူး။ ဒီလိုဆိုရင် အရမ်းတှော၊ အရမ်းတတ်မှ လုပ်နိုင်မှာလား ဆိုရင်လည်း မဟုတ်ပြန်ပါဘူး။ အရေးအကြီးဆုံးက စီမံခန့်ခွဲခြင်းနဲ့၊ သဘောတရားပါ။

ဥပမာအားဖြင့် လူပုဂဿဂိုလ်များ အဘိဓာန်အတွက် ဒေတာဘေ့စ် လုပ်မယ်ဆိုပါတော့။ ပထမဆုံး စာအုပ်တွေ အများကြီး ဖတ်ရပါတယ်။ ဘယ်စာအုပ်မှာ ဘယ်သူ့အကြောင်း ပါတယ်ဆိုတာ မှတ်သားရပါတယ်။ ပြီးရင် သူ့အကြောင်း အခြား ဘယ်စာအုပ်တွေမှာ ပါသလဲဆိုတာ လိုက်ရှာရပြန်ပါတယ်။ သူ့ရဲ့ အတဿထုပဿပတဿတိ အကျဉ်းကို သက်ဆိုင်တဲ့ စာအုပ်တွေကို လိုက်ပြီး ကိုယ်တိုင် ပြုစု ရပါတယ်။ ကှောပီရိုက် ပြသဿသနာ မရှိရင်၊ အချိန်မပေး နိုင်ရင်တော့ သူများရေးထားတာ ကူးချရုံပါပဲ။ ပြီးရင် အဲဒီလူဟာ စာရေးဆရာ ဆိုပါတော့။ သူပြုစု ရေးသားခဲ့တဲ့ စာအုပ်စာရင်းကို ပြုစုရပါတယ်။ ရုပ်ရှင် သရုပ်ဆောင် ဆိုရင်လည်း သူပါဝင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို ပြုစုပေးရတယ်။ ပြီးရင် အဲဒီ စာအုပ်စာရင်းထဲက စာအုပ်တစ်အုပ်ချင်းစီရဲ့ စာအုပ်အညွှန်းကို ပြုစုပေးရပါတယ်။ စာအုပ်အညွှန်းကို ယခုခေတ် ဂျာနယ်တွေ၊ မဂဿဂဇင်းတွေမှာ ဖြစ်ကတက်ဆန်း ပါသလိုမျိုး လုပ်လို့ မရပါဘူး။ အဲဒီ စာအုပ်ဟာ ဆောင်းပါးပေါင်းချုပ်လို စာအုပ်မျိုး၊ သုတေသန စာတမ်းတွေ ပေါင်းချုပ် ထုတ်ဝေထားတဲ့ စာအုပ်မျိုး ဖြစ်နေမယ်ဆိုရင် အထဲက ဆိုင်ရာဆိုင်ရာ Article Names တွေကို ဖှောပြပေးရပါမယ်။ ဒါမှသာ စကှောလာ တစ်ယောက်၊ သုတေသနပြုသူ တစ်ယောက်ဟာ ကိုယ်သိချင်တဲ့ လူတစ်ယောက် အကြောင်းကို ရှာတဲ့အခါ ပထမဆုံး သူ့အတဿထုပဿပတဿတိအက်ဉ္းကို သိလာမယ်၊ သူရေးခဲ့တဲ့ စာစုစာရင်းကို သိလာမယ်။ အဲဒီစာစုစာရင်းထဲက စာအုပ်ကို ထပ်ရှာတဲ့အခါ အဲဒီစာအုပ်ရဲ့ စာအုပ်အညွှန်းကို ဖတ်ရမယ်။ အထဲမှာပါတဲ့ ခေါင်းစဉ်ခွဲတွေ၊ ဘာအကြောင်းတွေ ပါသလဲဆိုတာ သိလာမယ်။ ဒါမှသာ အဲဒီစကှောလာဟာ ကိုယ်လိုချင်တာကို အချိန်နဲနဲလေး အတွင်းမှာ ထိထိမိမိ လေ့လာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ နို့မဟုတ်ရင် စာအုပ်ပေါင်းများစွာ ဘေးချပြီး ကိုယ်သိချင်တဲ့ အကြောင်းလေးတစ်ခုရဖို့ တစ်အုပ်ချင်းဖတ် အချိန်အများကြီး ပေးရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆရာ တမဿပဝတီ ဦးဝင်းမောင်ရဲ့ မြန်မာမှုသုတေသနစာ ဆိုတဲ့ စာအုပ် အတွက် ကျွန်တှော ဒီလို ပြုစု အညွှန်းရေးပါတယ်။ (ဤနေရာကိုနှိပ်ပြီးဖတ်ပါ)။ ဒါတောင် ဒါက စာအုပ်ကြှောငြာ ဆန်ဆန် ဖြစ်ပါတယ်။ ပြောချင်တာက အထဲမှာပါတဲ့ အခန်းကဏဿဍတွေကို သိရတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာကို တန်းလေ့လာလို့ ရတယ် ဆိုတာကိုပါ။

ဒီလူပုဂဿဂိုလ် ဒေတာဘေ့စ်ဟာ ကျွန်တှော မျှောလင့်၊ ကြိုးပမ်းနေတဲ့ ပရောဂျတ်ရဲ့ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါတယ်။ မြန်မာ့ သမိုင်းကို ကြည့်လိုက်ရင် အရေးကြီးတဲ့ အရာတွေကို မြန်မာတွေထက် နိုင်ငံခြားသားတွေက တှောတှောများများ လုပ်ခဲ့ကြတာပါ။ ဒါကို ကျွန်တှော လုံးဝ မခံမရပ် ဖြစ်မိပါတယ်။ ဆရာဇှောဂျီတို့ ခေတ်ဟာ ရွှေခေတ်လို့ ပြောလို့ ရပါတယ်။ ပညာရှင်တွေ အများအပြား ပှေါခဲ့တယ်။ ဒါပေမယ့် သူတို့အားထားရာ၊ အကိုးအကား ပြုရသူများဟာလည်း နိုင်ငံခြားသားများသာ ဖြစ်နေခဲ့တယ်။ မြန်မာ အဂဿငလိပ် အဘိဓာန်ကို ပထမဆုံး ပြုစုခဲ့သူကလည်း နိုင်ငံခြားသားပဲ။ ပျူခေတ်ရဲ့ အချက်အလက်တွေကို မှတ်တမ်းတင် ခဲ့တာလည်း နိုင်ငံခြားသားတွေပဲ။ ရှင်းလင်းလွယ်ကူတဲ့ မြန်မာသဒဿဒါကျမ်းကို ရေးသားခဲ့တာလည်း မြန်မာမဟုတ်ဘဲ နိုင်ငံခြားသားတွေ ဖြစ်နေပြန်ပါတယ်။ နောက်ဆုံး အခုခေတ် မြန်မာယူနီကုဒ်တောင် မပြီးမစီးနိုင်လို့ မိုက်ခရိုဆော့ဖ်က သူတို့ကိုယ်တိုင် ရေးသားနေပြီလို့ သိရပြန်ပါတယ်။ ကျွန်တှောဟာ ဝီကီပီဒီးယားကို သိပ်သဘောကျပါတယ်။ အဲဒီကနေ ဒီလိုလုပ်ကိုင်ဖို့ အကြံရခဲ့တာပါ။ ဒါပေမယ့် ကျွန်တှော့အကြံ နောက်ကျပါတယ်။ ကျွန်တှော့ရှေ့မှာ ဒီလိုလုပ်နေတဲ့ နိုင်ငံခြားသားတွေ ရှိနေကြောင်း အခုမှ သိရပါတယ်။ ဒါပေမယ့် ကျွန်တှော နောက်ဆုတ်မှာ မဟုတ်ပါဘူး။ ကမဿဘာပှေါမှာ အဂဿငလိပ် အဘိဓာန်တွေ မျိုးစုံရှိတယ်။ တစ်မျိုးနဲ့တစ်မျိုး မတူပေမယ့် ထုတ်ဝေ နေကြသလိုပဲ သူတို့ လုပ်တာနဲ့ ကျွန်တှော လုပ်တာလည်း တူချင်မှ တူနိုင်ပါလိမ့်မယ်။ အဲဒီအခါ လေ့လာသူ တစ်ယောက်ဟာ ကွဲပြားတဲ့ ပုံစံတွေကို လေ့လာရတဲ့အတွက် ပိုအကျိုးရှိလာ နိုင်ပါတယ်။

မြန်မာ အီးလိုက်ဘရီ ကလည်း ဒီလိုပုံစံမျိုး လုပ်တော့မယ်လို့ သိရပါတယ်။ သူတို့က အမျိုးသား စာကြည့်တိုက်၊ တကဿကသိုလ် စာကြည့်တိုက် စတာတွေနဲ့ ချိတ်ဆက်ထားတာမို့ အချက်အလက် အရမ်းစုံလင် နိုင်ပါတယ်။ အဲဒီအတွက် ကျွန်တှော တှောတှော ဝမ်းသာမိတယ်။ အဖိုးတန် စာအုပ်စာတမ်းတွေ ကျွန်တှောတို့ လေ့လာနိုင်တော့မှာပါ။ တစ်ခုပဲ... Data Management, Technology နဲ့ Concept ပိုင်းမကျွမ်းကျင်ရင်တော့ လုပ်တိုင်း ထိရောက်မှာ မဟုတ်ပါဘူး။ ကျွန်တှောကတော့ ဒီလို ပရောဂျတ်မျိုးကို အရမ်း သဘောကျတယ်။ သူများ လုပ်ရင် ကိုယ်အသုံးပြုနိုင်မယ်။ ကိုယ်လုပ်ရင် သူများ အသုံးပြုနိုင်မယ်။ ပိုကောင်းအောင် လုပ်နိုင်ရင် ပိုအကျိုးရှိမယ်လို့ ခံယူထားတယ်။ သူငယ်ချင်းများက ဘာလို့ ကိုယ်လုပ်မယ့် အကြံအစည်၊ အချက်အလက်တွေကို သူများကို ဒီလို ပြောပြနေရတာလဲ၊ သူများ ဦးသွားမှာပေါ့လို့ ပြောပါတယ်။ သူများ မလုပ်ခဲ့လို့ အသက် ၂ရနှစ်အထိ ကျွန်တှော အသုံးမပြုခဲ့ရတာပါ။ ဒါကြောင့် သူများလုပ်ရင်လည်း ဒီလိုလုပ်ရင်ဖြင့် ပိုပြည့်စုံ ကောင်းမွန်တဲ့ အရာတစ်ခုကို ကျွန်တှောလည်း သုံးရမှာပဲ ဆိုပြီး ကိုယ်ဖြစ်ချင်တာနဲ့ နိုင်ငံတကာမှာ လုပ်နေကြတဲ့ ပုံစံကို ကျွန်တှော သိသလောက် ရှင်းပြတာပါ။ ကျွန်တှော ဒါလုပ်တဲ့အတွက် ပိုက်ဆံ တစ်ပြားမှ မရပါဘူး။ တခြား ဘာအကျိုးအမြတ်မှလည်း မရပါဘူး။ အားလုံးကို ကိုယ့်အိတ်စိုက်ပြီး လုပ်ခဲ့ရတယ်။ ဟိုးအရင်က သက်ဆိုင်ရာ လူပုဂဿဂိုလ်တွေနဲ့ မသိကျွမ်းခဲ့လို့ Data Resources အတွက် ငွေသိန်းချီ အကုန်ခံပြီး စုဆောင်းခဲ့ရတယ်။ အချိန်များစွာ ပေးခဲ့ရတယ်။ အများက အလုပ်မရှိ အကိုင်မရှိကောင်လို့ အထင်အမြင်သေးတာ ခံခဲ့ရတယ်။ အချက်အလက်နဲ့ နည်းပညာ အကူအညီ ရနိုင်မယ့် သူတွေဆီကို တကူးတက အပင်ပမ်းခံ၊ အချိန်ကုန်ခံ၊ ပိုက်ဆံကုန်ခံပြီး သွားခဲ့ရတယ်။ အခုတော့ ဒါတွေအတွက် ကျွန်တှော အသီးအပွင့်တစ်ချို့ ခံစားရလာပါပြီ။ ကျွန်တှော့ကို စာအုပ်စာတမ်း အခမဲ့ ငှားရမ်း၊ လက်ဆောင်ပေးသူတွေ ရှိလာတယ်။ ရှားပါးစာအုပ်တွေ ရလာတယ်။ နည်းပညာ ဆွေးနွေးပွဲတွေကို တက်လာရတယ်။ ပညာရှင် ပါရဂူတွေ၊ သုတေသန သမားတွေနဲ့ တွေ့လာရတယ်။ အကြံကောင်းတွေ အကြံသစ်တွေ ရလာတယ်။ ဒါတွေဟာ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့ မရဘူး။ ကျွန်တှော အလွန် ဝမ်းသာပါတယ်။ အကူအညီပေးသူတွေကိုလည်း ကျေးဇူးတင်မိပါတယ်။

No response to “Research for Researchers”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz