Sunday, August 12, 2007

Myanmar E- Library

မြန်မာ အွန်လိုင်းလိုက်ဘရီ
Myanmar E- Library

မြန်မာ အီလက်ထရောနစ် စာကြည့်တိုက် အကြောင်း အများသူငါ သိပြီး ဖြစ်ပါလိမ့်မယ်။ အခု ဘာအသင်းလို့ နာမည်တွင် နေလဲတော့ မသိဘူး။ ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးက ဦးစီးပြီး လုပ်တယ် ဆိုလား ခေတ်လူငယ်ဆိုလား ဘာလားပါပဲ။ ဒါတွေလည်း ကျွန်တှော နားမလည်ပါဘူး။ ကျွန်တှော နားလည်တာက အဲဒီ အီးလိုက်ဘရီ ဆိုတာကြီးက အီးလိုက်ဘရီ မဟုတ်ဘဲ အီးဘွခ်ရှဲယားရင်း ဆိုဒ်တစ်ခု ဖြစ်နေတယ် ဆိုတာကိုပါပဲ။

ကျွန်တှောဟာ ဒီအီးလိုက်ဘရီကြီး စလုပ်နေပြီ ကြားကတည်းက အတှောဝမ်းသာ ခဲ့ပါတယ်။ နိုင်ငံရပ်ခြားက မြန်မာတွေ အနေနဲ့ မြန်မာစာအုပ်တွေကို အွန်လိုင်းကနေ လွယ်လွယ်ကူကူ ပိုက်ဆံ မကုန်ဘဲ ဖတ်နိုင်တော့မယ်ပေါ့။ အဲဒီလို သတင်းကြားရတာ နှစ်နှစ် သုံးနှစ်လောက် ရှိမယ် ထင်ပါရဲ့၊ တလောက မြန်မာ့ အီးလိုက်ဘရီကြီး အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တာကို တွေ့လိုက်ရပါတယ်။ ကျွန်တှောလည်း အားရဝမ်းသာ အင်တာနက် ကဖီးကနေ အချိန်ကုန်ခံပြီး သွားရောက် လေ့လာ လည်ပတ်ဖြစ်ခဲ့ ပါတော့တယ်။ အရင်က မြန်မာ အီးလိုက်ဘရီမှာ လူတိုင်းလူတိုင်း အခမဲ့ ဝင်ပြီး ဖိုင်တွေကို ရယူနိုင်တယ်။ အခုကတော့ မန်ဘာကြေးတွေ ဘာတွေ သွင်းပြီးမှ ရယူနိုင်တယ်လို့ သိရပါတယ်။ ကျွန်တှောကတော့ ပိုက်ဆံရှိရင် အဖွဲ့ဝင်ဖို့ အစီအစဉ် ရှိပါတယ်။ အခုတော့ ခြူးတစ်ပြားမှ မရှိသေးလို့ လက်ရှောင်ထားတယ်။ ကိုယ်လိုချင်တဲ့ ဖိုင်တွေကတော့ အရင်ကတည်းက ကူးယူပြီးသားပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တှောကတော့ စာပေ လောဘ ကြီးသူမို့ အဲဒါလောက်နဲ့ မတင်းတိမ် နိုင်ပါဘူး။ ဒီဆိုဒ်ကြီးကို ဒီထက်ပို မျှောမှန်းမိတယ်။ ဖြစ်စေချင်ခဲ့တယ်။

ဒီအီးလိုက်ဘရီရဲ့ ပထမဆုံး အားနည်းချက်ကတော့ ဖိုင်တွေကို အသစ်မရိုက်ဘဲ၊ စကန် ဖတ်တဲ့ ကိစဿစပါပဲ။ အဲဒါက စကန်နာ ရှိတဲ့လူတိုင်း လုပ်နိုင်တဲ့ ကိစဿစပဲ ဖြစ်ပါတယ်။ စကန်နာ ဖတ်တဲ့ နေရာတောင် အဲဒီ အီးလိုက်ဘရီက စာအုပ်တွေဟာ အဆမတန် ဆိုဒ်ကြီး နေပါသေးတယ်။ နှိုင်းယှဉ်ပြပါမယ်။ ဖှောအဲဗားတို့၊ ချယ်ရီသစဿစာတို့၊ မြန်မာပြည်သားတို့မှာ အရင်က အီးဘွခ်တွေ တင်ခဲ့ကြ ဖူးပါတယ်။ အဲဒီအထဲက ဒေါင်းလုဒ် လုပ်ထားတဲ့ မြန်မာဆိုရိုးစကားဆိုတဲ့ စာအုပ်ဟာ စာမျက်နှာ ၄၈၇ မျက်နှာ ရှိပါတယ်။ ဆိုဒ်က ၁.၈၇ မက်ဂါဘိုက်ပဲ ရှိတယ်။ အီးလိုက်ဘရီက စာအုပ်တစ်အုပ်ဖြစ်တဲ့ မြန်မာဒဂဿငါးများ ဆိုတဲ့ စာအုပ်ဟာ စာမျက်နှာ ၁၄၅ မျက်နှာသာ ရှိပြီးတော့ ၃ရမက်လောက် ရှိနေတယ်။ ဒါဟာ ပြီးပြီးရော ကူးထားလို့ ဖြစ်တဲ့ ပြသဿသနာမျိုးပါ။ စက်ပစဿစည်းနဲ့ နည်းပညာကို မကျွမ်းကျင်လို့လည်း ပါကောင်း ပါလိမ့်မယ်။ ကျွန်တှော သိသလောက် .mm ဒိုမိန်း ယူထားတဲ့ အစိုးရ ဆိုဒ်များဟာ ဝဘ်ဆိုဒ် ဟိုစ့်တင်းအတွက် အခကြေးငွေ အဆမတန် ပေးရပါတယ်။ ထင်တာ မမှားဘူးဆိုရင် တင်ထားတဲ့ ဆိုဒ်ပမာဏအလိုက်၊ ဒါမှမဟုတ် ဒေါင်းလုဒ်ဆွဲတဲ့ ဘန်းဝဒ်အလိုက် ပေးရတာမျိုးပါ။ အဲဒါကြောင့် အလကားနေရင်း မလိုအပ်ဘဲ ပိုက်ဆံတွေ ပိုကုန်ကျ နိုင်ပါတယ်။ ဆိုဒ်ကြီးလွန်းတဲ့ အတွက်လည်း စာအုပ်တစ်အုပ်ကို ရယူဖို့ ခက်ခဲလွန်း နေပါတယ်။ မြန်မာပြည်ထဲက လူတှောတှောများများ အနေနဲ့ ဒီဆိုဒ်က စာအုပ်တစ်အုပ်ကို အချိန်ပေး ဆွဲဖို့ဆိုတာ တှောတှော့ကို မလွယ်ကူတာမျိုးကြီး ဖြစ်နေပါတယ်။ သိုလှောင်ပမာဏ ၅၀၀ ဂစ်ဂါဘိုက်၊ ပီအိရှ်ပီတွေ၊ စီပန်နယ်တွေ၊ ဘာတွေ ညာတွေ အကုန်ရတဲ့ နိုင်ငံခြားက ဝဘ်ဟိုစ့်တင်း တစ်ခုကို တစ်နှစ် ဒှေါလာ ၁ဝဝလောက်နဲ့ ရနိုင်ပါတယ်။ ဒိုမိန်းတောင် အခမဲ့ ရနိုင်ပါသေးတယ်။ ဘက်ကပ် အတွက်လည်း စိတ်မပူရဘူး။ ဘာလို့ ဒီလိုမျိုးတွေ မသုံးတာလည်း ဆိုတာကိုလည်း နားမလည်ပါဘူး။

ဒုတိယ အားနည်းချက်ကလည်း ပထမနဲ့ ဆက်စပ်နေပါတယ်။ အဲဒီ အသင်းမှာ အသင်းဝင်ပေါင်း သန်းနဲ့ချီ ရှိတယ်လို့ ထင်ပါတယ်။ ဘာရယ်မဟုတ် ကွန်ပျူတာနဲ့ အကျွမ်းတဝင် ရှိသူဟာ တစ်သောင်းလောက်တော့ ရှိမှာပါပဲ။ အဲဒီ တစ်သောင်းလောက်ကို တစ်ဦးချင်းစီ တာဝန်ပေးပြီး စာစီစာရိုက် လုပ်ခိုင်းလိုက်ရင် စကန်ကူးစရာ မလိုဘဲ စာမူ အနေနဲ့ ရလာမှာပါ။ နိုင်ငံရပ်ခြားက တကဿကသိုလ်တွေ၊ လိုက်ဘရီတွေမှာ ဒီလိုပဲ အီးဘွခ်ငှားရမ်းတာကို အခကြေးငွေ ယူပြီး လုပ်ကြပါတယ်။ ဒါပေမယ့် သူတို့က သူများ ထုတ်ပြီးသား စာအုပ်ကို အခန့်သင့် စကန်ဖတ်တာမျိုး မလုပ်ကြပါဘူး။ အစကနေ အဆုံး ပြန်ရိုက်ကြတာပါ။ ပြီးမှ သူတို့ အဖွဲ့အစည်းရဲ့ လိုဂိုတွေ၊ စည်းမျဉ်းစည်းကမ်း အချက်အလက်တွေ ထည့်သွင်းပြီး ငှားရမ်းကြတာပါ။ အဲဒီလို လုပ်တဲ့အတွက် သူတို့ရဲ့ အားစိုက်ထုတ်မှုလည်း ပါလာပါတယ်။ ထို့အတူ ဖတ်ရှုသူတွေ အနေနဲ့လည်း တိုက်ရိုက် ကူးယူနိုင် လာပါတယ်။ အဲဒါက အရေးကြီးပါတယ်။ အခုဆို ဒီအီးလိုက်ဘရီက ဘယ်စာအုပ်မဆို ရုပ်ပုံဖှောမတ်နဲ့ လုပ်ထားတော့ ဒီလောက် ဆိုဒ်အကြီးကြီးကို ဒေါင်းလုဒ်လုပ်ပြီး စာသားတွေကို တိုက်ရိုက် ကူးယူလို့လည်း မရပြန်ပါဘူး။ အဲဒီအထဲက စာသားတွေ လိုချင်ရင် အစကအဆုံး ပြန်ရိုက် ရပါတော့တယ်။

တတိယ အားနည်းချက်က ယူနီကုဒ် အသုံးမပြုခြင်းပါ။ ကျွန်တှောက ဇှောဂျီဖောင့်ကို ပှေါစကတည်းက သုံးစွဲလာသူပါ။ အခုထိလည်း သုံးစွဲနေသူ၊ နှစ်ခြိုက်သူ ဖြစ်ပါတယ်။ ကျွန်တှော့ရဲ့ ကွန်ပျူတာမှာ ပါဆင်နယ် အချက်အလက်၊ ဝတဿထု၊ ဆောင်းပါး ဘာပဲရေးရေး ဇှောဂျီဖောင့်ကိုပဲ အသုံးပြုပါတယ်။ ဒါပေမယ့် ကျွန်တှော လုပ်နေတဲ့ မြန်မာဝီကီလို စွယ်စုံကျမ်း ပရောဂျတ် အတွက်ကိုတော့ မြန်မာယူနီကုဒ်ကို အသုံးပြုဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာလို့လဲဆိုရင် ဇှောဂျီဟာ ယူနီကုဒ်အစစ် မဟုတ်လို့ပါ။ ဒါကို အခုအချိန်မှာ လူတိုင်း နားလည် လွယ်ဦးမှာ မဟုတ်ပါဘူး။ တှောတှောများများဟာ ဖောင့်ဆိုရင် တစ်မျိုးတည်းလို့ပဲ သိကြပါတယ်။ ယူနီကုဒ်သုံးလို့ ဘာအကျိုးထူးတယ် ဆိုတာမျိုးလည်း အသိဉာဏ် မရင့်သန် ကြသေးပါဘူး။ တကယ်လို့သာ အဲဒီက စာတွေဟာ ယူနီကုဒ်နဲ့ ဖြစ်နေမယ် ဆိုရင် နောက်ပိုင်း အခြားဘာသာ ပြန်ခြင်းလုပ်ငန်း၊ ဝဘ်ပှေါမှာ ရှာဖွေခြင်း လုပ်ငန်းတွေမှာ အများကြီး တွင်ကျယ် လာနိုင်ပါတယ်။ ဒီဝဘ်ဆိုဒ်မှာ ဇှောဂျီကို အသုံးပြုထားတယ် ဆိုပေမယ့် ခေါင်းစဉ်တွေ၊ အချက်အလက် အတိုကောက်တွေ အတွက်ပဲ အသုံးပြုခြင်းမျိုးပါ။ အဲဒီအတွက် ဝဘ်ဆိုဒ်ကို ရှာဖွေတဲ့အခါ ခေါင်းစဉ်ကိုသာ ရှာဖွေနိုင်ပါတယ်။ ရေးထားတဲ့ အကြောင်းအရာ စာကို ရှာလို့ မရပါ။ ဥပမာ ဆရာကြီး မင်းသုဝဏ်ရဲ့ ပန်းနှင့်ပင်စည် ဆိုတဲ့ စာအုပ်လိုမျိုးဆိုရင် အထဲမှာ ရေးထားတဲ့ အကြောင်းအရာတွေက မြန်မာစာပေနဲ့ ပတ်သတ်တဲ့ အကြောင်းတွေပါ။ ပန်းပင်စိုက်ဖို့၊ ပန်းရောင်းဖို့၊ ပန်းအမျိုးအစား ခွဲပြတဲ့ စာအုပ်မျိုး မဟုတ်ပါဘူး။ အဲဒီအတွက် မြန်မာစာပေနဲ့ ပတ်သတ်တဲ့ စာအုပ်အကြောင်း ရှာချင်လို့ရှိရင် ဝဘ်ဆိုဒ်က ရှာဖွေရေး အင်ဂျင်ဟာ အထဲက စာကို ရှာမပေးနိုင်ဘဲ ခေါင်းစဉ်ကိုသာ ရှာပေးနိုင်တဲ့အတွက် အဲဒီ ပန်းနှင့် ပင်စည် စာအုပ်ဟာ ရှာမတွေ့နိုင်ပါဘူး။ ဒါပေမယ့် ပန်းဆိုပြီး ရိုက်ထည့်လိုက်ရင်တော့ အဲဒီစာအုပ်ကိုလည်း တစ်အုပ်အပါအဝင်အဖြစ် ပြပါလိမ့်မယ်။ အဲဒီတော့ ပန်းဝါသနာရှင်များက ဟာပန်းအကြောင်း စာအုပ်ပါလား ဆိုပြီး အချိန်ကုန်ခံကာ ဒေါင်းလုဒ် လုပ်ရပြီပေါ့။ ပြီးမှ တလွဲကြီးဆိုတာ သိပါလိမ့်မယ်။ ဒါက ဥပမာ ပြောတာပါ။ အဲဒီစာအုပ် အဲဒီဆိုဒ်မှာ မတွေ့မိသေးပါဘူး။ တကယ်ဆို ဇှောဂျီဖောင့်ကို ပြည့်ပြည့်ဝဝ သုံးထားမယ် ဆိုရင်လည်း ရှာဖွေရေးမှာ အိုကေပါတယ်။ အွန်လိုင်းမှာလည်း အဆင်ပြေတယ်။ အခုဟာက ယူနီကုဒ်အစစ် မပြောနဲ့ ဇှောဂျီကို အသုံးပြုတယ် ဆိုရုံလေး ခေါင်းစဉ်လေးများမှာ အသုံးပြုတာကတော့ အားနည်းနေတယ် ထင်မိတယ်။

စတုတဿထ အားနည်းချက်က တတိယ အားနည်းချက်နဲ့ ဆက်စပ် နေပြန်ပါတယ်။ တကယ်လို့ ယူနီကုဒ် အသုံးမပြု နိုင်သေးလို့ အထဲက စာအထိ ရှာမပေးနိုင်သေးဘူး ဆိုရင်လည်း စာအုပ် အညွှန်းကို ကောင်းမွန်စွာ တင်ပြပေးထား သင့်ပါတယ်။ ဒီစာအုပ်ဟာ ဘာအကြောင်းရေးထားတာ၊ ဘာခေါင်းစဉ်တွေပါတယ်၊ ဘယ်လူပုဂဿဂိုလ်တွေ အကြောင်းပါတယ်၊ ဆိုဒ်ဘယ်လောက်ရှိတယ် စတာတွေကို ရှင်းရှင်းလင်းလင်း ရေးပြထား သင့်ပါတယ်။ ဒါမှလည်း စာဖတ်သူက သူလိုချင်တဲ့ စာအုပ် ဟုတ်မဟုတ်ဆိုတာ သိနိုင်မှာပါ။ အခု အဲဒီ လိုက်ဘရီက အညွှန်းတွေကတော့ အဖြစ်လောက်ပါပဲ။ အဖြစ်ဆိုတာမှာတောင် ဘာစာအုပ်မှန်း သေချာ သိရတာမျိုး မဟုတ်ပါဘူး။ ကျွန်တှောတို့ကသာ စာအုပ်တွေ တစိုက်မတ်မတ် ဖတ်ဖြစ်၊ စာအုပ်အညွှန်းတွေ ဖတ်ဖြစ်မို့လို့ စာအုပ်နာမည် တွေ့တာနဲ့ ဘာအကြောင်း ရေးထားတယ် ဆိုတာ သိတာပါ၊ အခြားလူ အများစု အနေနဲ့ မသိနိုင်ပါဘူး။

ပဥဿစမ အားနည်းချက်ကတော့ အဂဿငလိပ် စာအုပ်တွေ များနေပြီး မြန်မာစာအုပ် အရေအတွက် နည်းပါးခြင်းပါ။ မှတ်မှတ်ယယ အဲဒီဆိုဒ်ကနေ အဂဿငလိပ်စာအုပ် တစ်အုပ်မှ ကျွန်တှော မကူးခဲ့ဖူးဘူး။ အဂဿငလိပ်စာအုပ် အီးဘွခ် လိုချင်ရင် နိုင်ငံခြားက ဆိုဒ်တွေမှာသာ ရှာပါတယ်။ သူတို့ လုပ်ထားတဲ့ အီးဘွခ်တွေဟာ ပိုက်ဆံယူထားတာနဲ့အညီ ကောင်းမွန် သပ်ရပ်မှု ရှိပါတယ်။ ပြီးတော့ ပိုက်ဆံနဲ့ မဝယ်ချင်ဘူး ဆိုရင်တောင် အင်တာနက်မှာ အလကား ရနိုင်တဲ့ နေရာတွေ အများကြီးပါ။ အဲဒီ အဂဿငလိပ် စာအုပ်တွေအတွက် ပိုက်ဆံ အကုန်မခံ သင့်ပါဘူး။ ကောလဟာလ သတင်းပဲလား မသိပါဘူး။ အဲဒီ အသင်းကြီးကနေ နိုင်ငံခြားက စာအုပ်တွေဝယ်ဖို့ ဒှေါလာ ထောင်သောင်းချီ ရန်ပုံငွေ တောင်းခံတယ်လို့ ကြားရပါတယ်။ မှန်မမှန် ကျွန်တှော မသိပါ။ မှန်တယ်ဆိုရင် အဲဒီ ငွေတွေအတွက် ကျွန်တှော အရမ်းကို နှမြောမိပါတယ်။ အစိုးရ ငွေဆိုတာ နိုင်ငံသားတွေ အခွန်ထမ်းလို့ရတဲ့ ငွေတွေလည်း ပါနေပါတယ်။ တကယ်ဆို ရန်ကုန် တကဿကသိုလ် စာကြည့်တိုက်မှာ အဖိုးတန် မြန်မာစာအုပ်ပေါင်း သောင်းနဲ့ သိန်းနဲ့ချီ ရှိနေပါတယ်။ ပြန်မရိုက်နှိပ်တော့တဲ့၊ ပုံမနှိပ်ဖြစ်သေးတဲ့ ရှားပါးစာအုပ်၊ တန်ဖိုးကြီး စာအုပ်တွေလည်း အများအပြားပါ။ အဟောင်းဈေးကွက်မှာ သိန်းချီ တန်နေတဲ့ စာအုပ်မျိုးတွေလည်း ရှိပါတယ်။ ဒီအွန်လိုင်း စာကြည့်တိုက်ဟာ အစိုးရက ပံ့ပိုးထားတဲ့ အဖွဲ့ဖြစ်လေတော့ အဲဒီစာအုပ်တွေကို အပြင်မှာ ဝယ်နေစရာလည်း မလိုပါဘူး။ တခါတည်း အီးဘွခ် လုပ်လိုက်ရုံပါပဲ။ ဒါကလည်း မခက်ပါဘူး။ လူတစ်ယောက် ခပ်ပျင်းပျင်း လုပ်ရင်တောင် တစ်နေ့ကို အီးဘွခ် တစ်အုပ် ပြီးပါတယ်။ စကန်ဆွဲတာ အဲဒီလောက် လွယ်ပါတယ်။ အဲဒါကို ဘာလို့ မြန်မာစာကြည့်တိုက်က အလကားရတဲ့ အဖိုးတန် မြန်မာစာအုပ်တွေကို မစုစည်းသေးဘဲ၊ အဂဿငလိပ်စာအုပ်တွေကို ရန်ပုံငွေပိုက်ဆံ အကုန်ခံပြီး လိုက်စုနေတာလဲ ဆိုတာကတော့ တွေးကြည့်ရင် အဖြေတစ်မျိုးပဲ ရပါတယ်။ ထားပါတော့။

ဒီအွန်လိုင်း လိုက်ဘရီဖြစ်ဖို့ ဘယ်လောက် အကုန်အကျ ခံခဲ့ရတယ် ဆိုတာကတော့ အထက်က အကြောင်းအရာတွေနဲ့ တိုက်ဆိုင် စဉ်းစားကြည့်ရင် သိပါလိမ့်မယ်။ ဒါပေမယ့် ဒါက အကုန်အကျ ခံရတာကို ပြောတာပါ။ ကုန်ကျတာကို ပြောတာ မဟုတ်ပါဘူး။ ကျွန်တှော့မှာသာ စာရိုက်ပေးမယ့် အချိန်ပြည့် ဝန်ထမ်း ၁ဝယောက်လောက်၊ ရန်ပုံငွေ သိန်း၁ဝဝလောက်ရှိရင် ဖတ်သူတိုင်း အကျိုးရှိမယ့် အဆင့်မီဆိုဒ်မျိုး လုပ်ပြချင်ပါသေးတယ်။ ဒါပေမယ့်လည်း ဒီအွန်လိုင်း လိုက်ဘရီဟာ တနည်း တဖုံတော့ အကျိုးပြုပါသေးတယ်။ ရှားပါး စာအုပ်တွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်း ပေးတယ်။ လွယ်လွယ်ကူကူ ရှာမရတဲ့ အဖိုးတန် စာအုပ်တွေ ဖတ်လို့ရတယ်။ အနည်းဆုံးတော့ ကူးယူလို့ မရတောင် စိတ်အစာပြေ ဖတ်လို့မှတ်လို့ ရနေသေးတယ်၊ ဘာမှ မရှိတာထက်စာရင် ဒီလိုရှိတာလေးက တှောသေးတယ်၊ ပိုက်ဆံကုန်လည်း ကိုယ်ကုန်တာမှ မဟုတ်ဘဲလို့ ကိုယ့်ကိုကိုယ် ဖြေသိမ့် လိုက်ပါတယ်။

အစိုးရက အားပေးပံ့ပိုးထားတဲ့ ဒီလိုက်ဘရီကြီးကို ဒီထက် အဆပေါင်းများစွာ ကောင်းစေချင် မိပါတယ်။ အမှားတွေ၊ အားနည်းချက်တွေ၊ ကောင်းစေချင်တဲ့ စိတ်ဆနဿဒလေးတွေကနေ ဒီထက် ပိုပိုကောင်းလာ လိမ့်မယ်လို့လည်း မျှောလင့်နေမိ ပါတယ်။ မြန်မာ ပညာရှင်တွေ OCR လို့ခှေါတဲ့ Automatic Recognition and Interpretation ဆိုတဲ့ဟာကို မြန်မာဖောင့်တွေမှာ အသုံးပြုနိုင်ဖို့ စမ်းသပ်နေတယ်လို့ သိရတယ်။ (စမ်းသပ်နေတာကလည်း တှောတှောကြာပြီ) ဒီဟာသာ ပြီးသွားရင် မြန်မာဖောင့်တွေကို စကန်ဖတ်တဲ့အခါ ရုပ်ပုံသက်သက် အနေနဲ့ မဟုတ်ဘဲ စာလုံး အနေနဲ့ သိလာနိုင်မယ် ထင်ပါရဲ့။ ဒါဆိုရင်တော့ ကျွန်တှောတို့လို Researcher သမားတွေအတွက် အများကြီး အကျိုးရှိ လာနိုင်ပါတယ်။ အထက်က အချက်တွေဟာ အလကားနေရင်း သူတစ်ပါး လုပ်ရပ်အပှေါ အားနည်းချက်တွေ ရှာပြနေတာ မဟုတ်ပါဘူး။ National Project တစ်ခုကို ဒီထက် ကောင်းစေချင်တဲ့ ဆနဿဒနဲ့ ကျွန်တှော့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြတဲ့ သဘောပါပဲ။ ကျွန်တှော သူများရဲ့ အွန်လိုင်း လိုက်ဘရီတွေ သုံးတဲ့အခါ အဲဒီလို အချက်မျိုးတွေ မတွေ့ရဘူး ဆိုတာပေါ့။ ဒီလို ရေးလိုက်မိလို့ သက်ဆိုင်သူတွေ ကျွန်တှောနဲ့ သိကျွမ်းသူတွေ အနေနဲ့ စိတ်ဆိုးကောင်း စိတ်ဆိုး ပါလိမ့်မယ်။ ဒါပေမယ့် ရလေလိုလေ အိုတစေဿဆဆိုတဲ့ စကားလေးကို စာဖတ်သူတစ်ယောက် ဘက်က အမြင်အနေနဲ့ နားလည်ပေးလိမ့်မယ်လို့ ကျွန်တှော ယုံကြည်မိပါတယ်။

Myanmar E- Library (http://www.myanmarelibrary.com)

2 Responses to “Myanmar E- Library”

ကိုညီလင်းဆက်ခင်ဗျာ....
မြန်မာ အွန်လိုင်းလိုက်ဘရီ အတွက် ရေးထားတဲ့ အကြံဥာဏ် လေးတွေ ကောင်းတယ် ဗျာ။ ကျွန်တော်လည်း စာအုပ်ဖတ်တာကော စုတာကော ၀ါသနာပါတယ် အကို။ အခု ကျွန်တော် လိုက်ဘရီ ၁ ခုလုပ်ထားပါတယ်။ ကိုယ်တတ်နိုင်သလောက်ပေါ့။ အကို့ ဆီမှာ စာအုပ်ကောင်းတွေ ရှိခဲ့ရင် ကျွန်တော်လိုချင်ပါတယ် ခင်ဗျာ။ စာပေ၀ါသနာပါသူ တစ်ဦးမို့  တောင်းဆိုမိတာပါ။
ကျွန်တော့် Email က admin@sagarwarmyae.net ပါခင်ဗျာ။ ကျွန်တော့ လိုက်ဘရီလေးကတော့ http://sagarwarmyae.net/ ပါ အကို။

htun nandarmyo said...

အရမ်းကောင်းတယ်။အားကျမိပါတယ်။အားလည်းပေးပါမယ်။မြန်မာစာပေလောကအတွက်ညီနောင်တို့လို့လူတွေရှိနေတာ
အရမ်းဝမ်းသာမိပါတယ်။ကျွန်တော်ကအတတ်ပညာလိုင်းကတော့မကူညီတတ်ဘူး။ငွေကြေးလေးနည်နည်းပါးပါးဖြစ်ဖြစ်ဝိုင်းကူညီခြင်ပါတယ်။ဘယ်လိုကူညီနိုင်မလဲ။ကျွန်တော့လိပ်စာကwww.htunnandarmyo@gmail.comပါ။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz