Friday, August 31, 2007

Me and My Family

က်ြန္ေတာှ့ မိဘမ်ားကို က်ြန္ေတာှ ေတာှေတာှ ကျေးဇူးတင်မိတယ်။ တကယ်ဆို ကျွန်တှောဟာ ခေတ်ပညာတွေကို ငွေကြေးအကုန်အကျ များစွာခံပြီး နိုင်ငံရပ်ခြားမှာ သင်ခဲ့ပြီးမှ ကိုယ့်အတွက် ဘာအကျိုးအမြတ်မှ မရှိတဲ့ အလုပ်တစ်ခုကို ရူးရူးမိုက်မိုက် လုပ်နေမိသူပါ။ ဒါမျိုးဟာ အဖွဲ့အစည်းနဲ့ လုပ်ရင် ပိုကောင်းတဲ့၊ ပိုမြန်တဲ့ အလုပ်ဖြစ်ပေမယ့် ကျွန်တှော့လို အငတ်ခံပြီး အရူးထချင်သူများနဲ့ သိပ်မတွေ့ကြုံ ခဲ့ရတာမို့ ကိုယ်တစ်ယောက်တည်း လုပ်ရပါတယ်။ ဘာအလုပ်တွေ လုပ်နေပြီလဲလို့ သူများမေးတိုင်း ကျွန်တှော့မှာ အဖြေရကျပ်ခဲ့တယ်။ အိမ်က နေထိုင်စားသောက်ဖို့ ထောက်ပံ့တဲ့ အသုံးစရိတ်တွေကို အချက်အလက်တွေ စုဆောင်းဖို့ ကျွန်တှော သုံးခဲ့ရတယ်။ တှောရုံတန်ရုံ ကျွန်တှော ဘတ်(စ်)ကား မစီးပါဘူး။ Taxi စီးဖြစ်ပါတယ်။ ဒါဟာ ကြီးကျယ်တာ မဟုတ်ပါ။ ဒီနိုင်ငံမှာ ဘတ်(စ်)ကားစီးရတာ အချိန်အရမ်း ကုန်ပါတယ်။ လူပင်ပန်းပါတယ်။ နောက်ပြီး ကျွန်တှော့ရဲ့ အကြီးကျယ်ဆုံး အားနည်းချက်ဖြစ်တဲ့ လူနံ့ မခံနိုင်တာပါ။ ဘတ်(စ်)ကား စီးဖူးသူတိုင်း အဲဒီအနံ့ကို သိပါလိမ့်မယ်။ ကျွန်တှောက မရွံတတ်ပါဘူး။ ဒါပေမယ့် အဲဒီ ဘတ်(စ်)ကားထဲက လူနံ့ကိုတော့ လုံးဝ မခံနိုင်ဘူး။ အဲဒီ အနံ့ရတိုင်း ရင်ထဲမှာ ပျို့ပျို့တက်လာပါတယ်၊ ခေါင်းထဲမှာ မူးနောက်လာပါတယ်။ တခါတရံ ဖျားပါတယ်။ လူတွေ ပြွတ်သိပ်၊ အသက်ရှူ မွန်းကြပ်၊ ကားတွေက မကောင်းတာမို့ အလွန်ပင်ပန်းပါတယ်။ ကျွန်တှောတို့ တကဿကသိုလ် တက်တုန်းက ဘေးနားမှာ အရက်ချက်စက်ရုံ ရှိပါတယ်။ အဲဒီက ထွက်တဲ့ ကစှောပုပ်နံ့ဟာ အလွန်ဆိုးရွားပါတယ်။ တစ်နေ့လုံး တစ်ညလုံး အဆက်မပြတ် နံနေတာပါ။ အဲဒီအနံ့မျိုးကတော့ ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် အဲဒီ ဘတ်(စ်)ကားထဲက လူနံ့ကိုတော့ လုံးဝ မခံနိုင်ဘူး။ ဒါကြောင့် ပိုက်ဆံလေးရှိရင် တကဿကစီပဲ စီးဖြစ်တယ်။ ဒီအတွက် ကုန်တဲ့ ပိုက်ဆံကို ကျွန်တှော လုံးဝ မနှမြောဘူး။ ကိုယ့်ရဲ့ အားနည်းချက်ကို ပိုက်ဆံ အကုန်ခံပြီး ကုစားရခြင်း တစ်မျိုးပါပဲ။ ဒါကြောင့် ကျွန်တှော ဘတ်(စ်)ကား စီးနေတာနဲ့များ တွေ့ခဲ့ကြုံခဲ့ရင် ဒီကောင် ပိုက်ဆံ တှောတှော ပြတ်နေလို့ပဲလို့သာ မှတ်ထားလိုက်ပါ။ လမ်းလျှောက်နေတာသာ မြင်လို့ကတော့ မေးမနေပါနဲ့တော့ဗျာ။

ကျွန်တှောဟာ ကျွန်တှော့မျိုးဆက် ထားရှိဖို့ စိတ်ကူး မရှိတော့ပါဘူး။ အတဿတကြီးတယ်လို့ ဆိုချင်လည်း ဆိုနိုင်ပါတယ်။ ကိုယ်လုပ်ချင်တာတွေ များလွန်းတာမို့ မျိုးဆက် ရှိလာတဲ့အခါလည်း ကိုယ်လုပ်ချင်တာသာ လုပ်နေဖြစ်မှာမို့ သူ့ကို မွေးပြီး နှိပ်စက်တာနဲ့ တူနေပါလိမ့်မယ်။ မိသားစုကိုငဲ့ပြီး ပိုက်ဆံအတွက် ကိုယ့်လုပ်ချင်တာ မလုပ်ရရင်လည်း လူဖြစ်ရတာ မထိုက်တန်ဘူးလို့ ကျွန်တှော ခံယူပါတယ်။ ကလေးမွေးပြီး မျှောလင့်ချက် ကြီးကြီးထားမိကာမှ ဒီကလေးက သောက်သုံး မကျတဲ့ကောင် ဖြစ်လာရင်လည်း မွေးရကျိုးနပ်မယ် မထင်ပါဘူး။ ကိုယ့်ကလေးက အရမ်းတှောပြီး နိုင်ငံရပ်ခြားမှာ ပညာသင်ပါရစေ ပို့ပေးပါဆိုရင်လည်း ပိုက်ဆံမရှာတတ်သူ ကျွန်တှောဟာ ရင်ကွဲနာ ကျရပါလိမ့်မယ်။ ဒီတော့ လောင်မယ့်မီးကို မမွှေးတာ ကောင်းပါတယ်။ ဒါကြောင့်လည်း ကျွန်တှောဟာ တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ် Existentialist တစ်ယောက်လို ဖြစ်နေပြီလားလို့ တွေးမိတယ်။ အဓိကကတော့ ကျွန်တှော အသုံးမကျတာပါ။ ကျွန်တှောတို့ မိသားစုဟာ မချမ်းသာဘူး။ ကျွန်တှောတို့ မိသားစုဟာ တခါတုန်းက တှောတှော့ကို ဆင်းဆင်းရဲရဲ ဖြတ်သန်းခဲ့ဖူးတယ်။ အဖေက ပညာတှောတယ်၊ ကြိုးစားတယ်၊ သူတစ်ပါးကို မကောင်းမကြံစည်တတ်ဘူး၊ သူတစ်ပါးကို အကျိုးတစုံတရာအတွက် အောက်မကျို့တတ်ဘူး၊ မိသားစုကို ချစ်တယ်။ အမေက သားသမီးတွေကို ရင်းရင်းနှီးနှီး ပေါင်းတယ်၊ ရသမျှနဲ့ တင်းတိမ်တတ်တယ်၊ ပကာသန မလုပ်တတ်ဘူး၊ အပင်ပန်းခံတယ်၊ အနစ်နာခံတတ်တယ်။ တလောက ကျွန်တှော့ကို မွေးစမှာ ရေးထားတဲ့ အမေ့ရဲ့ ဒိုင်ယာရီလေး ဖတ်ရတယ်။ အဲဒီအချိန်တုန်းက ကျွန်တှောတို့ မိသားစု အရမ်းခက်ခဲတဲ့ ဘဝပေါ့။ ပိုက်ဆံမရှိလို့ အမေ အရမ်းစိတ်ညစ်နေရတဲ့ အကြောင်းပါ။ အဲဒါနဲ့အပြိုင် အဖေ့ ဒိုင်ယာရီမှာတော့ သူဘယ်လို မသုံးမဖြုန်းဘဲ အဆင်းရဲခံ ပိုက်ဆံစုနေတဲ့ အကြောင်းလေးပါ။ သူတို့ဟာ အဲဒီလို ဘဝကနေ ကျွန်တှောတို့ မောင်နှမတွေ အားလုံးကို ခေတ်ပညာတတ် ဖြစ်အောင် လုပ်ပေးခဲ့တယ်။ လူတန်းစေ့ နေနိုင်အောင် လုပ်ပေးခဲ့တယ်။ ကျွန်တှောတို့ လုပ်ချင်တာ တှောတှောများများကို လုပ်နိုင်အောင် မရှိတဲ့ ကြားထဲက ထောက်ပံ့ ပေးခဲ့တယ်။ ကျွန်တှောဟာ သူတို့ ခြေဖျားကို မီမယ် မထင်ပါဘူး။ စေတနာ မပြောနဲ့ ကြိုးစားမှုမှာတောင် မှီနိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် ကျွန်တှောဟာ ဒါတွေကို သူတို့ကို ပါးစပ်နဲ့ မပြောဖြစ်ဘူး။ အဓိကက နှုတ်နဲ့ တန်ဆာဆင်တဲ့ စကားလုံးတွေကို မကြိုက်လို့ပါ။ အဲဒီအတွက် ကျွန်တှော တစ်ခုခုနဲ့ ကျေးဇူး ပြန်ဆပ်ချင်တယ်။ ကျွန်တှောက ငွေကြေး မရှာချင်သူ၊ မရှာတတ်သူ ဆိုတော့ ကိုယ်တတ်တဲ့ အရာလေးနဲ့သာ သူတို့ကို ကျေးဇူး ပြန်ဆပ်နိုင်ပါလိမ့်မယ်။ ကျွန်တှော့ အတွက်က နာမည်ဆိုတာ သေသွားရင် ကိုယ့်ဆီပါလာတဲ့အရာ မဟုတ်လို့ တန်ဖိုးရှိတဲ့အရာလို့ မထင်ဘူး။ ဒါပေမယ့် သူတို့အတွက်တော့ ကျွန်တှော အောင်မြင် နာမည်ကောင်းရင် ပီတိဖြစ် ဝမ်းသာနေကြမယ်လို့ ကျွန်တှော ယုံကြည်တယ်။

No response to “Me and My Family”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz