Sunday, August 12, 2007

Make Money

Make Money

ဖုန်းရတဲ့ တနေ့က အမေက ပြောတယ်။ ပိုက်ဆံလည်း ရှာဦးတဲ့။ အသက်ကြီးတောင် ပိုက်ဆံမရှိလို့ မိဘဆီက ပြန်လက်ဖြန့် တောင်းရရင် ရှက်ဖို့ကောင်းသတဲ့။ အဲဒီညက ဒေါက်တာလှဘေရဲ့ အတွေ့အကြုံနှင့် အတွေးအမြင် ဆိုတဲ့ စာအုပ် ဖတ်ဖြစ်တယ်။ အဲဒီ စာအုပ်ထဲမှာ ဆရာကြီးက သူ့မိန်းမ မျက်စိတိမ်ဖုံးလို့ အဂဿငလန္မွာ သြားကုတာ ေဒါှလာ ၁၅ဝဝဝေက်ာှ ကုန်တဲ့အကြောင်း ရေးထားတယ်။ သူ့မှာ ပိုက်ဆံရှိပေလို့ ကုနိုင်တာပေါ့၊ ပိုက်ဆံသာ မရှိရင် ဘယ်လိုလုပ် သွားကုမလဲ ဆိုတဲ့အတွေး ကျွန်တှော့ဆီ ရောက်လာတယ်။ ဒီလို အတွေးမျိုးက ကျန် အချိန်တွေမှာလည်း ရောက်လာတတ်ပါတယ်။ ဒါပေမယ့် အဲဒီအတွေးနဲ့ ဆက်စပ်ပြီး နောက်အတွေး တစ်ခုက ထပ်ရောက်လာတယ်။ ကိုယ်ချစ်ခင် မြတ်နိုးတဲ့ မိဘမောင်ဘွား တစ်ယောက် အသက်အနဿတရာယ်နဲ့ ကြုံနေရပြီ ဆိုပါတော့၊ အဲဒါကလည်း သိန်းပေါင်းများစွာ အကုန်အကျခံမှ ပျောက်ကင်းမယ် ဆိုပါတော့။ ကိုယ့်မှာ ပိုက်ဆံမရှိရင် ဘယ်လို လုပ်ရမလဲ။ သေမှာကို ဒီအတိုင်း ထိုင်ကြည့်နေရမလား။ ဒါမှမဟုတ် ဘယ်လို ပိုက်ဆံ ရှာရမလဲ။ ကျွန်တှော့ အတွက်တော့ မည်သူ့ကိုမျှ ဒုကဿခမေပးလို။ ခနဿဓာကိုယ္နဲ့ မ်က္လံုးကို ဆေးရုံကို လှူဒါန်းဖို့ ကျွန်တှော ဆုံးဖြတ်ထားတယ်။ သေနေတဲ့ ကျွန်တှော့ကို ဘေးထားပြီး တဗျူးဗျူး တဗြဲဗြဲ ငိုနေတာက ကျက်သရေ တုံးတယ်။ အထူးသဖြင့် မိန်းမတွေ မျက်ရေက ဇာတ်တှောထဲပါတဲ့ ဖားပါးစပ်ထဲက ထွက်လာတဲ့ အဆိပ်ရည်စက်တွေလိုပဲ။ ကျွန်တှော ချစ်ခင်လေးစားသူ နိမ့်ပါးတဲ့အခါ ကျွန်တှော့မှာ ပိုက်ဆံမရှိရင် ဘယ်လို ကူညီရပါ့မလဲ၊ ကျွန်တှော ချစ်ခင်လေးစားသူ နာမကျန်း ဖြစ်တဲ့အခါ ကျွန်တှော့မှာ ပိုက်ဆံမရှိရင် ဘယ်လို ကူညီနိုင်ပါ့မလဲ။ သေသွားပြီးမှ နောင်တရကျန်ခဲ့တာမျိုး ကျွန်တှော မဖြစ်ချင်ပါဘူး။ ဒီတော့ ကျွန်တှော အဲဒီညက တှောတှော စဉ်းစားဖြစ်တယ်။ ပိုက်ဆံ မရှာချင်ဘဲ ပိုက်ဆံသာ သုံးချင်တဲ့ ကျွန်တှော့ စိတ်ဓာတ်ကို ပြင်ဆင်ရမယ်။ အလကားတွေ လိုက်လိုက်လုပ်ပေးနေတဲ့ အခမဲ့ ကူလီထမ်းတာတွေကို လျှော့ချပစ်ရမယ်။ လူမှုရေး ကိစဿစတွေမှာ ဗှောလန်တီယာ လုပ်တာတွေ ပြန်သုံးသပ်ရမယ်။ ပိုက်ဆံရမယ့် အလုပ်တစ်ခုခုတော့ သူများဆီ အောက်ကျို့ပြီး လုပ်ရတော့မယ်လို့ ကျွန်တှော တွေးနေမိပါတယ်။

No response to “Make Money”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz