Thursday, August 9, 2007

Living for what?

ကျွန်တှောဟာ အသိတစ်ယောက်ရဲ့ ဈာပနကို လိုက်ပို့ရင်း ခေါင်းထဲကို အတွေးတစ်ခုက ရောက်လာပါတယ်။ လူဟာ သေသွားတဲ့အခါ ဘာမှကို မရှိတော့ဘူး။ ငိုတဲ့သူတွေက ငိုနေကြတယ်။ နှမြောတဲ့ သူတွေက နှမြောနေကြတယ်။ တောင်းပန်တဲ့ သူတွေက တောင်းပန်နေကြတယ်။ သေသွားတဲ့လူက ဘာသိတော့မှာလဲ။ အသက်မဲ့နေတဲ့ ကိုယ်ခနဿဓာဘေးမှာ တရားစာတွေ ရွတ်ဖတ်နေကြတယ်။ သရဏဂုံ တင်ကြတယ်ပေါ့။ ဘာကို သရဏဂုံ တင်နေတာလဲ။ ဒီကိုယ်ခနဿဓာကြီးဟာ ဘာမှ သုံးမရတော့ဘူး။ ဗုဒဿဓဘာသာ အကြောင်းကို စေ့စေ့ငုငု နားလည်ရင် ဝိညာဉ်ဆိုတဲ့အရာ မရှိဘူး ဆိုတာကို နားလည်ကြပါလိမ့်မယ်။ ပိုးလောက်လန်းလိုပဲ အသက်နဲ့ ခနဿဓာဟာ တစ်ဘက် တွယ်ငြိရာကို ရမှ ဒီတစ်ဘက်ကို စွန့်ခွာတယ်။ ဒီဘက်မှာ အဆုံးသတ် သွားတာနဲ့ အခြားဘက်မှာ အသစ်စတယ်။ စိတ်သစ် လူသစ်ပေါ့။ အဲဒီ ကျန်ခဲ့တဲ့ ရုပ်ခနဿဓာကြီးကို ကျန်ခဲ့တဲ့ လူတွေက လှပအောင်ပြင်ဆင်၊ အခုကျမှ တသသ သတိတွေရ၊ မျက်ရည်တွေ တရဟော ထွက်ပြီး ဝမ်းနည်းမဆုံး ဖြစ်နေလိုက်ကြတာ။ အဲဒီလူ အသက်ရှင်စဉ်မှာ ကောင်းကောင်းမွန်မွန် လေးလေးစားစား ဆက်ဆံခဲ့ရဲ့လား။ ရိုသေသမှု ပြုခဲ့ရဲ့လား။ သူ့ကို တန်ဖိုးထား ခဲ့ရဲ့လား။ သူ့ကို ကောင်းစွာ ထောက်ပံ့ကူညီမှု ပြုခဲ့ရဲ့လား။ ကိုယ်လုပ်ပေး နိုင်တာလေးတွေ လုပ်ပေးဖြစ် ခဲ့ရဲ့လား။ သေသွားတော့မှ ဝမ်းနည်းမဆုံး ဖြစ်ပြမနေပါနဲ့တော့။ ဒါတွေကို ပြန်စဉ်းစား ကြည့်သင့်ပါတယ်။

ကွန်ဖျူးရှပ် ပြောခဲ့တဲ့ စကားလေး တစ်ခွန်းရှိတယ်။ မိဘတွေကို သားသမီးတွေဟာ ထောက်ပံ့ ပြုစု ယုယမှု ရှိရမယ်တဲ့။ ဒီလိုပဲ အိမ်မှာမွေးထားတဲ့ ခွေးကလေး၊ ကြောင်ကလေး တွေကိုလည်း ဂရုစိုက် ပြုစု ရတယ်တဲ့။ အဲဒီနေရာမှာ ရိုသေလေးစားမှု ဂါရဝတရား ဆိုတာ မရှိရင် လူကြီးမိဘဆိုတာ ခွေးတွေကြောင်တွေနဲ့ တတန်းတစားတည်း ဖြစ်ကုန်တော့မှာပေါ့တဲ့။ အလွန့်အလွန်ကို ထိရောက်မှန်ကန်တဲ့ စကားလေးပါပဲ။ တချို့တွေက ပိုက်ဆံရှိလို့ မိဘဘိုးဘွားတွေကို အိမ်ပှေါခှေါ တင်ထားတယ်။ ဒါပေမယ့် သူတို့နဲ့ ဆက်ဆံတဲ့အခါ ကိုယ်နှုတ်အမူအယာ ယဉ်ကျေးမှု မရှိဘူး။ ကိုယ်က တင်ကျွေးထားရတာပဲ ဆိုပြီး အထက်စီးက ဆက်ဆံကြတယ်။ ဒါဟာ ရိုသေလေးစား သိတတ်မှု မဟုတ်ပါဘူး။ ထမင်းကျွေးပြီး စိတ်ဆင်းရဲအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ ဒီလိုနဲ့ သေသွားတဲ့ အခါကျမှ အရင်က ကောင်းကွက်လေးတွေ သတိရစရာလေးတွေ ပြန်မြင်လာပြီး ဝမ်းနည်းတတ် နောင်တရတတ် ကြတယ်။ အမှားရှိခဲ့ရင် ခွင့်လွှတ်ပါဆိုပြီးလည်း တတွတ်တွတ် တောင်းပန်ကြပြန်တယ်။ တကယ်တော့ အသက်ရှင်စဉ်မှာ ကိုယ်တတ်နိုင်သမျှ အကောင်းဆုံး ဆက်ဆံသင့်ပါတယ်။ သေပြီးတဲ့ နောက်မှတော့ ဘာလုပ်လုပ် အကျိုးမထူးတော့ပါဘူး။

နောက်ထပ် ရောက်လာတဲ့ အတွေးကတော့ လူဟာ ဘာလို့ အသက်ရှင်နေရတာလဲ ဆိုတာကိုပါ။ ငယ်ရွယ်စဉ်မှာတော့ မအိုသေးလို့ အသက်ရှင်တယ်လို့ ပြောလို့ရတယ်။ အသက်ကြီးသူများကတော့ ဘာကို မျှောလင့်ရမှာလဲ။ ကျွန်တှော တွေ့ဖူးတဲ့ အသက်ကြီးသူ အများစုဟာ ရည်ရွယ်ချက် မရှိကြတော့ပါဘူး။ ဝတဿတရားတွေပဲ ရှိတော့တယ်။ ဘုရားရှိခိုးမယ်၊ ထမင်းစားမယ်၊ စာလေးပေလေးဖတ် တီဗွီလေး ကြည့်မယ်၊ ပြီးရင် အိပ်မယ်။ ဒီလိုနဲ့ နိစဿစဓူဝ လည်ပတ်နေကြတယ်။ အသက်ကြီးပြီးရင် သေရမယ်ဆိုတာ သိနေကြပြီ။ သေကလည်း မသေသေးဘူး။ ဒီကြားထဲမှာ ဘာအတွက် ထမင်းစားပြီး အသက်ဆက်နေ ကြတာလဲ။ လူမမာဆိုရင် ပိုဆိုးပါတယ်။ မိသားစုက ပိုက်ဆံမတတ်နိုင်ရင် ပိုပြီး ဆိုးပါတယ်။ အသက်မသေဖို့ အတွက်နဲ့ တချို့ဆို စည်းစိမ်ပြုတ် ကုသကြရတယ်။ မသေလို့ ပြန်ကောင်းလာတော့ရော အဲဒီလူဟာ ဘာတွေများ ထူးထူးခြားခြား လုပ်ဖို့ ရှိနေမလဲ။ ဘာမှ လုပ်စရာ မရှိဘဲ လူ့ဘဝမှာ သာမန် နေထိုင်ခြင်းမျိုးကတော့ ပျင်းစရာ ကောင်းလွန်းပါတယ်။ အဓိကကတော့ လုပ်ချင်စိတ်ပါ။ လူဟာ တစ်ခုခု လုပ်ဖို့ စိတ်အားထက်သန် နေမယ်ဆိုရင် အသက်ကြီးလည်း နေပျှောပါတယ်။ အသက်ကြီးသူ အများစုထဲမှာ ယောက်ျားတွေက မိန်းမတွေထက်ပိုပြီး ဘဝနောက်ဆုံး အချိန်ကို နေရတာ တန်တယ်လို့ ထင်မိတယ်။ ဘာလို့လဲဆိုတော့ ယောက်ျားတွေဟာ တစ်ခုခု လုပ်နေရတာကို ဝါသနာ ပါလို့ပါ။ ဒီလိုမှ မဟုတ်ဘဲ မျက်စိကွယ်၊ လေဖြတ်၊ အိပ်ယာထဲ လဲနေမယ် ဆိုရင်တော့ နေရတဲ့ ဒုကဿခဟာ ေတာှေတာှျကီးကို ကြီးမားသွားပါလိမ့်မယ်။ အဲဒီအတွက် ကျန်းမာရေးဟာ အရေးကြီးတယ်။ ဒုတိယ အရေးကြီးတာက တစ်ခုခုကို အမြဲစိတ်ဝင်စားနေဖို့ပါပဲ။ ဆရာကြီး ဒေါက်တာသန်းထွန်းတို့လို နောက်ဆုံး ကွယ်လွန် သွားချိန်အထိ သုတေသန ပြုခဲ့ကြသူများဟာ အသက်ကြီးသှောလည်း နေထိုင်ရတာ အဓိပဿပာယ် မဲ့မနေပါဘူး။ အမြဲတမ်း စိတ်ထဲမှာ တစ်ခုခု လုပ်ဖို့ စဉ်းစားလုပ်ကိုင် နေကြလို့ပါပဲ။

တစ်သက်လုံး ဝိသမလောဘနဲ့ ပစဿစည်းဥစဿစာတွေရှာ၊ အရမ်းချမ်းသာပြီး လူမမာဖြစ်၊ အောက်စီဂျင်တွေ၊ နှလုံးခုန်စက်တွေနဲ့ အသက်ဆက်၊ အိပ်ယာထဲလဲ၊ ကိုယ့်ဝေယျာဝစဿစကိုယ်တောင် ကိုယ်မသုတ်သင်နိုင်၊ ရောဂါဗလပွနဲ့ သေဆုံးကြသူများကိုလည်း တွေ့ဖူးပါတယ်။ သူတို့ရဲ့ အသက်ရှင်သန်ခြင်း အဓိပဿပာယ္ဟာ ဘာလဲ။ ပခုကဿကူ ဦးအုန်းဖေလို လူမျိုးကရော စံပြလူ့ဘဝလား။ အသက်ရှင်စဉ်မှာ စိတ်သန့်သန့်နဲ့ နေနိုင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်မိတယ်။ ကိုယ်မကောင်းတာကို သူတစ်ပါးကိုလည်း မကူးစက်စေရဘူးလို့ ဆုံးဖြတ်လိုက်မိတယ်။ နောက်ဆုံး လူတစ်ယောက် သေဆုံးသွားချိန်မှာ နောင်တမရ၊ ဝမ်းနည်းမနေရအောင် သူအသက်ရှင် နေချိန်မှာ ကိုယ့်ဘက်က အကောင်းဆုံး ဆက်ဆံသွားဖို့ကိုလည်း ဆုံးဖြတ်လိုက်မိပါတယ်။ လူတွေ အသက်ရှင်လာတာ တကယ်တော့ သေဖို့ပါပဲ။

No response to “Living for what?”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz