Thursday, August 9, 2007

အချစ်ကြောင့် အပြစ်ဖြစ်သူများ

တစ်နေ့က ဝတဿထုလွန်းထားထား၊ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ အချစ်ကြောင့် အပြစ်ဖြစ်သူများ ဆိုတဲ့ မြန်မာကားကို ကြည့်ဖြစ်တယ်။ ကြည့်နေရင်းမှာပဲ စိတ်ထဲမယ် မရိုးမရွ ဖြစ်လာတယ်။ တကယ်တော့ လွန်းထားထားဆိုတာ မြန်မာ ဝတဿထုလောကမှာ အရောင်းရဆုံး စာရေးဆရာမတစ်ယောက်။ လူကိုယ်တိုင်က ဆရာဝန် ဆိုတာ ကျွန်တှော သိထားတယ်။ လွန်းထားထားရဲ့ ဝတဿထု ေတာှေတာှမ်ားမ်ားကို ဗြီဒီယို ရုပ်ရှင်တွေ ရိုက်ကြတယ်။ လူကြိုက်များတယ် ဆိုပါတော့။ ကျွန်တှော့ အတွက်တော့ လွန်းထားထား ဝတဿထုတွေဟာ လူပြိန်းကြိုက် အနှစ်သာရ မရှိတဲ့ ဝတဿထုတွေလို့ ခံစားမိတယ်။ ပညာဆိုတာကတော့ တစ်ခုခုကနေ ရှာကြံယူရင် ရတာချည်းပဲ။ အဓိက ပြောချင်တာက လွန်းထားထား ဝတဿထုတွေဟာ အရှိတရားတွေနဲ့ မအပ်စပ်ဘူး ဆိုတာပါပဲ။

ဒီဇာတ်လမ်းမှာ ထွန်းထွန်းက နှလုံးရောဂါ ရှိနေတဲ့ သူဌေးသားအဖြစ် သရုပ်ဆောင်တယ်။ သူ့နှလုံးရောဂါ ဆိုးရွားလာချိန်မှာ သဥဿဇာဝင့်ကျှောရဲ့ ရည်းစားက သေသွားလို့ သူ့နှလုံးကို အစားထိုး ကုသခဲ့ရတယ်။ မိုးဟေကိုက ထွန်းထွန်းရဲ့ လက်ရှိရည်းစားပေါ့။ ဇာတ်လမ်းက အဲဒီမှာ စတာပါပဲ။ သဥဿဇာဝင့်ကျှောဟာ နီကွန် ဒီတူးအိစ် ကင်မရာကြီး တကားကားနဲ့ ဓါတ်ပုံတွေ လျှောက်ရိုက်နေတာကို ပြတယ်။ နေ့ခင်း ကြောင်တောင်ကြီး ကင်မရာမှာ ဖလက်ရှက်တွေလည်း တပ်ထားသေးတယ်။ တစ်ကောင်ကြွက်လို့ ပြောထားပြီး ခေတ်မီတဲ့ စတူရီယို တစ်ခုကိုလည်း ပိုင်ဆိုင်ထားတာ တွေ့ရတာမို့ ချမ်းသာတဲ့ ဆွေမရှိ မျိုးမရှိ မိန်းခလေး တစ်ယောက်လို့ မှတ်ယူစရာ ရှိပါတယ်။ လင်းအရုဏ်ဆိုတဲ့ သူ့ရည်းစားက နယ်အဝေးမှာ ရုတ်တရက် သေသွားပြီး ထွန်းထွန်းက အသည်းအစားထိုး ကုသခံတာ စကဿငာပူမှာ ဆိုတော့ သူသေတာ စကဿငာပူမှာလို့ ယူဆရမှာ ဖြစ်ပါတယ်။ ထွန်းထွန်းက အဲဒီအကောင်ရဲ့ အရိုးပြာကို မြန်မာပြည်ကို သယ်လာပေးတယ်။ သူ့အမေ မသွားဘူးနဲ့ တူပါရဲ့။

ထွန်းထွန်းက ရှုပ်တယ်။ ရည်းစားများတယ်။ ချောတာမြင်ရင် ကြိုက်လိုက်ရော။ သူ့ရည်းစားရဲ့ နှလုံးသား ထွန်းထွန်းရင်ဘတ်ထဲမှာ ရှိနေလို့ဆိုပြီး သဥဿဇာဝင့်ကျှောဟာ ထွန်းထွန်း ခှေါတိုင်းသွားတယ်။ နောက်ဆုံး ထွန်းထွန်းက သဥဿဖာဝင့်ကျှောကို ကြိုက်သွားပြီး မိုးဟေကိုကို ဖြတ်တယ်။ မိုးဟေကိုကလည်း အလွန့်အလွန် သဘောထားကြီးသူတစ်ယောက် ဖြစ်ပါတယ်။ ရှောင်ပေးသွားတယ်။ သဥဿဇာဝင့်ကျှောရဲ့ သေသွားတဲ့ရည်းစားက သစဿစာရှိသူ၊ အချစ်ကြီးသူ၊ တည်ကြည်သူ ဖြစ်ပါသတဲ့။ ဒါကြောင့်မို့ သူ့နှလုံးသားနဲ့ ထွန်းထွန်းက ရည်းစားတွေ လျှောက်ထားနေတာကို ဘယ်လိုမှ မခံစားနိုင်ဘူး ဖြစ်နေပါသတဲ့။ နောက်ဆုံး ထွန်းထွန်းနဲ့ သူမ ရည်းစားတွေ ဖြစ်သွားတယ်။ တကယ်တော့ သူမချစ်တာက သေသွားတဲ့ သူ့ရည်းစားရဲ့ နှလုံးသားကိုသာ ဖြစ်ပါသတဲ့။ ဒီလိုနဲ့ တစ်နေ့တော့ သဥဿဇာဝင့်ကျှောမှာ ကိုယ်ဝန်ရှိလာတယ်။ ထွန်းထွန်းကို ယူဖို့ပြောတော့ ထွန်းထွန်းက သူ့ကို မချစ်တဲ့သူကို လက်မထပ်နိုင်ဘူးလို့ ပြောတယ်။ ဒါကြောင့် သူမဟာ ထွန်းထွန်းကို အရမ်းမုန်းတီးသွားပြီး တွန်းလားဆွဲလား ဆဲလားဆိုလား လုပ်ရာက ထွန်းထွန်းသေသွားတယ်။ သူမလည်း ရူးသွားတယ်။ ဇာတ်လမ်းကတော့ ဒါပါပဲ။

ပြောချင်တာက သေဆုံးသူကိုယ်တိုင် လှူထားတဲ့ နှလုံးသားကို ကျန်ရစ်သူတွေက မဆီမဆိုင် အဓိပဿပာယ်မဲ့ စွဲလမ်းနေတာကို ဇာတ်လမ်းဆင်ထားလို့ပါ။ သဥဿဖာဝင့်ကျှောဟာ သူ့ရည်းစားနှလုံး ထွန်းထွန်းဆီမှာ ရှိလို့ဆိုပြီး ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရတွေ လိုက်တားတယ်။ လိုက်ပတ်သတ်တယ်။ ဓါတ်ပုံဆရာမလိုလို ဘာလိုလိုနဲ့ အလုပ်အကိုင်လည်း အတည်အကျ မပြပါဘူး။ မိသားစုလည်း ရှိရှာတာ မတွေ့ဘူး။ ဒါပေမယ့် ဝတ်စားတာကတော့ ပျံနေတာပဲ။ မိုးဟေကို နေရာကတော့ သိပ်ပြောစရာ မရှိပါဘူး။ ဟိုကောင် လုပ်သမျှ ငြိမ်ခံနေတာလေးတစ်ခုပဲ သဘာဝနဲ့ မကိုက်ညီလှဘူး။ ထွန်းထွန်းကလည်း သူဌေးသားဆိုတာကို ပြတယ်။ ကောင်မလေးတွေနဲ့ လိုက်ရှုပ်ပုံတွေ ပြတယ်။ တကဿကသိုလ်ကျောင်းသားလား ဆယ်တန်းကျောင်းသားလား ဆိုတာလည်း မသိရဘူး။ အလုပ်မရှိတာတော့ သေချာတယ်။ တချိန်လုံး အလေလိုက်နေတယ်။ နောက်ဆုံး သေတဲ့ အခန်းက ရာဇဝတ်မှု မြောက်တယ်လို့ ထင်ပါတယ်။ ထွန်းထွန်းက နှလုံးဖောက်လာလို့ ဆေးသောက်မလို့ လုပ်တာကို သဥဿဖာဝင့်ကျှောက ထွက်သွားမယ်ထင်ပြီး ဆွဲလားရမ်းလားလုပ်လို့ ဒီကောင် ရှောသွားတာကြောင့်ပါ။ ကြည်ဖြူသျှင်ရဲ့ ရိုက်ချက်တွေကလည်း သာမန်မျှပါပဲ။ ဗွီဒီယိုကို ဗွီဒီယိုနဲ့ တူအောင်တော့ ရိုက်သွားပါတယ်။ ဘာလို့လည်းဆိုတော့ အသက်မပါလို့ပါ။ သရုပ်ဆောင်တွေရဲ့ အက်တင်တွေလည်း သာမန်ပါပဲ။

လွန်းထားထား ဝတဿထု ေတာှေတာှမ်ားမ်ားဟာ အစွန်းရောက်တွေ abnormalတွေ များပါတယ်။ သူကိုယ်တိုင်ရော အဲဒီလို ဟိုက်ပါများလားလို့ တခါတရံ စဉ်းစားမိတယ်။ စာရေးသူရဲ့ စိတ်သနဿတာန်ဟာ စာတွေထဲမှာ ထင်ဟပ်နေတတ်ပါတယ်။ သူ့ဝတဿထုတွေထဲမှာဆိုရင် ဇာတ်ကောင် မင်းသားတွေဟာ အရမ်းချော၊ အရမ်းခန့်ညား၊ အရမ်းတှော၊ အရမ်းချမ်းသာ၊ အရမ်းအတဿတကြီး၊ အရမ်းချစ်၊ အရမ်းမုန်း စတဲ့ အစွန်းရောက် သမားတွေအဖြစ် တွေ့ရတတ်တယ်။ ဝတဿထုဇာတ်လမ်းတွေဟာ လက်တွေ့ဘဝနဲ့ နီးစပ်မှု မရှိဘဲ စိတ်ကူးယဉ်တွေ များတယ်။ စိတ်ကူးယဉ် ဆိုတာကလည်း သူကိုယ်တိုင် ဖန်တီးထားတဲ့ သီးသန့် စိတ်ကူးယဉ် ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။ တခါတရံ သူဝတဿထုတွေရေးတာ ဗွီဒီယိုတွေရိုက်ဖို့ သီးသန့် ရေးနေတာလားလို့ တွေးမိပါတယ်။ အချုပ်ဆိုရရင်တော့ ဒီဇာတ်ကားကတော့ ကြည့်ရတာ အချိန်ကုန်ပြီး ကုန်တဲ့ အချိန်အတွက် နှမြောနေရမယ့် ကားတစ်ကား ဖြစ်တယ်လို့ ထင်မိပါကြောင်း။

7 Responses to “အချစ်ကြောင့် အပြစ်ဖြစ်သူများ”

Soe San said...

မှန်တယ်ဗျို့ ။ လွန်းထားထား ၀တ္ထုတွေ က ဇာတ်ကောင် တွေက ချမ်းသာပြီ ဟော့ဆိုရင် လင့်ခရူဇာ ပေါ်က မဆင်းတော့ဘူး။ ဆင်းရဲပြီဟေ့ ဆိုရင် လည်း မွဲချက်က ပက်စက်တယ်။ ဆရာမင်းလူ တို့လို အနှစ်သာရ ရှိရှိ ဟာလေးတွေ မရေးဘူး။ ငယ်ငယ်တုန်း ကတော့ သူများတွေ ဖတ်လွန်းလို့ လိုက်ဖတ် ဖြစ်တယ်။ အခုတော့ လုံးဝကို မဖတ်တော့ဘူး။

Anonymous said...

ဝေဖန်စရာလိုတဲ. စာတွေလို. မသတ်မှတ်မိပါဘူး
Nora Roberts, Jackie Collinsတို့နဲ. အဆင့်တူတူပဲထားပါတယ်
သူကိုယ်တိုင်ရေးတာ ဆိုရင်တောင်တော်တော်အံ့ဩမိပါလိမ့်မယ်

hmwe said...

သူ့စာတွေဖက်ရတာအတော်စိတ်ပျက်ဖို့ကောင်းတယ်
တော်တော်များများလည်းအဲဒီလိုပဲထင်မှာပဲ
လူငယ်တွေတော်တော်များများ ဖက်ကြတာတွေ့ရပါတယ်
ဘာကြောင့်လည်းဆိုတော့အဲဒီလူငယ်တွေက လိုက်အတုခိုးပြီး တစ်ခါတစ်ခါ စာအုပ်ထဲကအတိုင်း
မိုက်ရှုးရဲ ဆန်ကြတယ်. ငယ်ငယ်ကသူစာတွေဖက်ပြီ
ကိုယ်လည်း သူ့စာအုပ်ထဲကအတိုင်း လိုက်လုပ်မိတယ်
ရလဒ်ကတော့ အမှားတွေကြီးပဲပေါ့ အကောင်းကိုမရှိဘူး
သူ့ဆောင်းပါးတွေကလည်းအတော်ကို ပြင်းစရာကောင်းတယ် ဘယ်လိုများစာရေးဆရာဖြစ်လာလည်းမသိဘူး
တစ်ခါကိုင်ပြီးရင် နောက်ထပ်ဘယ်တော့မှ ပြန်မကြည့်ချင်လောက်အောင် ကိုဖြစ်ရတယ်
အရမ်းအီတယ်

Zaw said...

လွန်းထားထား စာတွေမှာ ကျိကျိတက်ချမ်းသာတဲ့သူနဲ့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲတဲ့သူ နှစ်ယောက်က ညားကိုညားမယ်. ခတ်ဆန်ရင် တအားဟော့. ရိုးသားရင် တအားအေး. ထက်ရင် ဘယ်သူမှလိုက်မမှီ. အ ရင်လည်း သူများကလက်ဖျားခါရတယ်. အားလုံးအစွန်းရောက်လို့ စိတ်ပျက်တယ်.. ဘယ်တော့မှ သူစာအုပ်ဆို စိတ်မ၀င်စားပါ.. အိမ်သာတက်ရင်ဖတ်တဲ့ အဆင့်တောင် အချိန်ကုန်တယ်.

ko said...

:P ဝေဖန်ရတာတော့ အားနာပါတယ်။ လွန်းထားထားဆိုတာ...ကျနော်တို့ လေးစားတဲ့
စာရေးဆရာတွေ အဆင့်ကို မမှီတဲ့ သာမန် အပျော်ဖတ်
စာရေးဆရာမ တစ်ယောက်ပါဗျ....ကိုညီလင်းဆက်..
ရေးမနေပါနဲ့ ...

aungthu said...

ကျွန်တော့ သူငယ်ချင်း တစ်ယောက် ပြောတဲ့ဟာသလေး သွားသတိရမိတယ်။
""ဒီကောင်တွေ မစွံဘူးရယ်...တစ်ညလုံး တစ်ကျပ်ကြေး ဖဲရိုက်ကြတာ '" တဲ့။ မင်းက ဘယ်လို လုပ် သိတာတုန်း ဆိုတော့ "" ငါ က တစ်ညလုံး ထိုင်ကြည့်နေတာကိုးဟ "" ဆိုတာလို ဖြစ်နေပြီ။
လွန်းထားထားရဲ့ ဝတ္ထုတွေ အတော်လေး ဖတ်ဖူးပါတယ်။ ကိုညီလင်းဆက် ပြောသလိုပါဘဲ..တစ်ခုခုမှာ အစွန်းရောက်နေသူတွေရဲ့ ဇာတ်ရုပ်တွေဘဲ။ အခု သူ့ ဝတ္ထုကနေ ဗွီဒီယို ရိုက်ထားမှု အကြောင်းကို သုံးသပ်ပြမှု တစ်ခုကို အစကနေ အဆုံးထိ ဖတ်မိပြီးသွားပြန်ပြီ..........သြော် ....လို့ဘဲ ။ငါ့နှယ်နော်....

Dr. Aung Ko Ko said...

တော်တော် မလိုတမာစိတ် များတဲ့ လူတွေ ပါလားနော် ..

လွန်းထားထား အောင်မြင်နေတာကို မနာလိုဖြစ်ပြီး ဝိုင်းအပုပ်ချနေကြပါလားကွယ် ...

ကျနော့် အတွက်တော့ လွန်းထားထား ဝတ္ထုတွေဟာ ဘဝရဲ့ခွန်အားတွေပါပဲ ...

လွန်းထားထား ဝတ္ထုတွေကို အုပ်ရေ (၂၀၀) လောက်ဖတ်ဖူးပါတယ် ...

ကျနော် ၁၂ နှစ်သားလောက်ထဲက စဖတ်လာတာ အခု အသက် ၂၆ နှစ် ရောက်တဲ့ အထိပါပဲ ...

တစ်ချို့စာအုပ်တွေဆို (၈)ခါ (၉) ခါပြန်လောက်ကို ဖတ်ဖူးတယ် ...

ကျနော့်ကို လူလားမြောက်လာအောင်၊ ဘဝမှာ မှန်မှန်ကန်ကန် နေထိုင်တတ်အောင် လွန်းထားထားရဲ့ ဝတ္ထုတွေက သင်ပေးလိုက်တာပါ ...

လွန်းထားထားရဲ့ ဝတ္ထုတွေဟာ ဒီလိုစိတ်မျိုးထားရင် ဒီလိုရလဒ်မျိုးတွေရမယ် ဆိုပြီးတော့ အမြဲသွန်သင်ဆုံးမပေးနေသလိုပါပဲ ...

ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်တတ်အောင်၊ ငုံ့မခံသင့်တာကို ငုံ့မခံတတ်အောင်၊ ပါးနပ်သင့်တဲ့နေရာမှာ ပါးနပ်တတ်အောင်၊ ရိုးသားသင့်တဲ့အခါ ရိုးသားတတ်အောင်၊ စိတ်ဓာတ်ကျနေချိန်မှာ အားအင်တက်အောင်၊ ပျင်းရိတဲ့အခါ တက်ကြွလာအောင် သင်ကြားပေးခဲ့တာပါ ...

လွန်းထားထားရဲ့ ဝတ္ထုတွေနဲ့သာ မဆုံတွေ့ဖြစ်ခဲ့ရင် အခုအချိန်မှာ ကျနော့်ဘဝကြီးတစ်ခုလုံး ဘာတွေဖြစ်နေမလဲဆိုတာ တွေးတောင် မတွေးရဲဘူး ...

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz