Friday, July 27, 2007

ဥစဿစာရူး

ဥစဿစာရူး

အလွမ်းတွေနဲ့
ယားယံနေတဲ့
ငါးမူးစေ့လေးတစ်စေ့အကြောင်း

ကံကောင်းချင်တော့
ကျွန်တှောနဲ့သူမ ချစ်သူတွေဖြစ်ခဲကြတယ်။
ကံဆိုးချင်တော့
ကျွန်တှော့မှာတယ်လီဖုန်းလေးတစ်လုံးမရှိခဲ့ဘူး။
ဟုတ်ပါရဲ့။
ကျွန်တှောတို့မိသားစုဆင်းရဲလိုက်ပုံများ
တယ်လီဖုန်းလေးတစ်လုံးတောင်မှ
အိမ်မှာမထားနိုင်ဘူး
အဖေအမေတို့ကလည်း
တစ်နေ့မှာသူတို့သားလေးဟာ တယ်လီဖုန်းရှိတဲ့အိမ်က
သမီးပျိုလေးနဲ့ ချစ်သူဖြစ်လိမ့်မယ်ဆိုတာကို
မသိခဲ့ကြဘူးနဲ့တူပါရဲ့။
တကယ်လို့ အစောကသာသိခဲ့ရင်တော့
သားလေးရဲ့နောင်ရေးအတွက်
တယ်လီဖုန်းလေးတစ်လုံးဖိုးကို
သူတို့ပိုရှာခဲ့ကြမှာပေါ့။

ခုတော့
ကျွန်တှောကံဆိုးလိုက်ပုံများ
ကျွန်တော့မှာတယ်လီဖုန်းလေးတစ်လုံးတောင်မှ မရှိဘူး။
ဒါပေမယ့်
ကျွန်တှောကံကောင်းချင်တော့
ကျွန်တှောတို့နိုင်ငံမှာ
ငါးမူးစေ့တစ်စေ့ထည့်ပြီးအသုံးပြုလို့ရတဲ့
တယ်လီဖုန်းလေးတွေ အများကြီးရှိနေလို့ တှောပါသေးရဲ့။
ငါးမူးစေ့လေးကို ကျွန်တှောတယ်လီဖုန်းထဲ ထည့်လိုက်တဲ့အခါ
တယ်လီဖုန်းထဲကို ဂျောက်ခနဲ ကျသွားတဲ့ ငါးမူးစေ့လေးဟာ
ကျွန်တှောဖြစ်ပြီး
ကျွန်တှော့ရင်ထဲကို ဂျောက်ခနဲကျလာတဲ့ ငါးမူးစေ့လေးဟာ
သူမဖြစ်ပါတယ်။

တခြားအချိန်တွေမှာ
ကျွန်တှောဟာ
သာမန်လူသားလေးတစ်ယောက်ပါပဲ။
ကျွန်တှော့ဘဝမှာစိတ်ကြီးဝင်စရာဆိုလို့
ဘာမှမရှိပါဘူး။
ဒါပေမယ့်
သူမရဲ့အသံလေးကို
နှလုံးသားနဲ့ လတ်လတ်ဆတ်ဆတ်ကြားနေရတဲ့ အခါမျိုးမှာတော့
ကျွန်တှောဟာ ဘဝမေ့တတ်ပါတယ်။
ဘူတာရုံကို ငါးမူးစေ့လေးတစ်စေ့နဲ့
တယ်လီဖုန်းဆက်ဖို့လာတဲ့ ကောင်လေးမဟုတ်တော့ဘဲ
နတ်သားလေးတစ်ပါးလို့ထင်မိတယ်။
သူမအသံကြားရတဲ့အတွက်
နှလုံးသားဟာ ကိုယ်ရောင်ကိုယ်ဝါတွေ
တောက်ပလွန်းနေလို့ပေါ့၊
လူ့အဖြစ်ကိုရဖို့ မလွယ်ဘူး၊
လူသားအားလုံး
တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောဖူးသင့်တယ်။
အထူးသဖြင့် ကျွန်တှော့လို
ဘူတာရုံက တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောမိရင်တော့
ပိုပြီးအရသာ ထူးကဲမယ်။

ဂျုံး ဂျုံး ဂျက် ဂျက် ၊ ဂျုံး ဂျုံး ဂျက် ဂျက်

အဲဒီမီးရထားကြီးတွေက တခြားဘူတာရုံတစ်ခုကိုရောက်ဖို့အတွက်
အချိန်တှောတှောကြာကြာ စီးရပေဦးမယ်။

ဂျုံး ဂျုံး ဂျက် ဂျက် ၊ ဂျုံး ဂျုံး ဂျက် ဂျက်

အဲဒီခရီးသွားတွေက သူတို့ဘဝ ရည်မှန်းချက်အသီးသီးကိုရောက်ဖို့
မီးရထားကြီးကို အချိန်တှောတှောကြာကြာ စီးရပေဦးမယ်။
အဲဒီအချိန်မှာ ကျွန်တှောက သူမနားရွက်ကလေးထဲကို
ရောက်ရှိနေပြီမို့ ဘဝရည်မှန်းချက်အားလုံးကို
တယ်လီဖုန်းလေးထဲမှာဘဲ ပြီးဆုံးလိုက်နိုင်တယ်။

တူ ဝူ

ဒါကိုမသိတဲ့ ခရီးသွားတွေနဲ့ ကျွန်တှော့လို ကံမကောင်းတဲ့
မီးရထားရှည်ကြီးကတော့ အဝေးကိုပဲ
နေ့စဉ်မောင်းနှင်ရရှာတယ်။

ဂျုံး ဂျုံး ဂျက် ဂျက် ၊ ဂျုံး ဂျုံး ဂျက် ဂျက်

သူမဟာ ဝတ်ဆံကူးနည်းဖြစ်တယ်။
သူမနဲ့စကားပြောရတာ စတုတဿထတန်းသခဿငျာထက်
ပျှောစရာကောင်းတယ်။
သူမကိုအာရုံပြုလိုက်တဲ့အခါ မိုးတိမ်ဖြစ်ပှေါပုံကို
မြင်ရတယ်။
သူမရဲ့နာမည်က အရှက်တရားထူထပ်သော ဓါတ်သတဿတုအရိုင်းများလို့ ခှေါတယ်။
ဒါဟာလည်းကျွန်တှော့အတွက်တော့ ကမဿဘာ့သမိုင်းပါပဲ။
အဖေအမေတို့လည်းအသိမဟုတ်လား။
ကျွန်တှော့မှာ မျက်ရစ်ကလေးမပါဘူးဆိုတာ
အဲဒီနေ့က
အဝေးကိုသွားမယ့် မီးရထားဥဩသံတွေဟာ
ကျွန်တှောနဲ့ တစ်စုံတစ်ရာ
ပတ်သတ်နေတယ်ဆိုတာ မသိခဲ့ဘူး။
နောက်တစ်နေ့မှာ
ကျွန်တှော့အတွက် အဓိပဿပါယ်ရှိမှာမဟုတ်တဲ့
ငါးမူးစေ့ကလေးတွေ လက်ထဲအပြည့်ထည့်လို့
ဘဏ်တိုက်ကြီးတစ်ခုကို အေးအေးဆေးဆေး
(လုံးဝနောက်ဆံမတင်းဘဲ)ကျောပေးပြီး
အိမ်ကိုပြန်ခဲ့တယ်။

နောက်တစ်နေ့
ငါးမူးစေ့လေးတွေအများကြီးထဲက
ပထမဆုံးငါးမူးစေ့လေးနဲ့ သူမဆီဖုန်းဆက်တော့

ဂျုံး ဂျုံး ဂျက် ဂျက် ၊ ဂျုံး ဂျုံး ဂျက် ဂျက်

သူမကျွန်တှော့ကိုမုန်းသွားပြီတဲ့။
ဖြစ်ပုံကဒီလိုပါ။
ကျွန်တှော့အတိတ်ဘဝမှာ မေ့ကျန်ခဲ့တဲ့
မျက်ရစ်လေး သူမက တယ်လီဖုန်းကနေတဆင့်
လှမ်းပေးလိုက်လို့ပါပဲ။
အချစ်ရေ
သိပ်စိတ်တိုတယ်။
ရှိသမျှ ငါးမူးစေ့တွေကို
လက်ထဲထည့်ပြီး အကုန်ပစ်ကြဲလိုက်တယ်။
ကံဆိုးလိုက်ပုံများ
ရည်းစားနဲ့ကွဲလို့ ပိုက်ဆံကြဲတဲ့ ငါးမူးစေ့သူဌေးကြီးကို
ဘယ်ကလေးကမှ သာဓုမခှေါကြဘူးကွယ့်။
ဘာပဲဖြစ်ဖြစ်
အခါတစ်ပါး၌ နားရွက်လေးတစ်ဖက်၏အမုန်းကြောင့်
ကျွန်တှော့တွင် ငါးမူးစေ့များစွာ မျိုးတုန်းခဲ့ရသည်-
ဆိုတာကတော့
ထိုးဇာတ်မဟုတ်ပါဘူး ကမဿဘာကြီးရယ်
ဒါပေမယ့် ကြံကြံဖန်ဖန် ကံကောင်းချင်တော့
ငါးမူးစေ့လေးတစ်စေ့ဟာ တယ်လီဖုန်းစာအုပ်ထဲမှာ
ကုတ်ကတ်ပြီး ကျန်နေခဲ့တယ်။
ရုတ်တရက် စာအုပ်ကိုလှန်လိုက်တုန်းကများ
ငါးမူးစေ့လေးခမျာ ရင်တုန်ပန်းတုန်နဲ့၊
အပြစ်တင်ရင်လည်းခံရုံပဲ
ဒီတစ်ခါတော့ ကျွန်တှောလွှတ်မပစ်မိပါဘူးဗျာ၊
ဒါဟာ ကိုယ်ချင်းစာတရားပါလို့
အတိအကျမပြောရဲပေမယ့်
တစ်ယောက်တည်း ကျန်ခဲ့တဲ့လူသားဟာ
တစ်စေ့တည်းကျန်ခဲ့တဲ့ ငါးမူးစေ့လေးအပှေါမှာ
ရန်မီးမပွားနိုင်တော့ဘူးဗျာ။
နောက်ဆုံး ငါးမူးစေ့လေးလို့
အမည်ပေးပြီး သိမ်းထားလိုက်တယ်။
တဆက်တည်းမှာပဲ
နှလုံးသားပှေါကို မျှောလင့်ချက်လေးတွေ တဖွဲဖွဲကျလာပြီး
သူမကိုနောင်တစ်ချိန်ချစ်တယ်ပြောခွင့်ရမှ ဒီဘဝမှာ
ငါးမူးစေ့လေးကို သုံးမယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။
(အကြံကောင်းတော့တစ်ချက်) တကယ်လို့များ။
ဖွ ..... ဖွ
တကယ်လို့များပေါ့လေ။
ကံမကောင်းလို့ ဒီတစ်သက် သူမနဲ့ဖုန်းမဆက်ရတော့ဘူးဆိုရင်လည်း
ဒီငါးမူးစေ့လေး(နောက်ဆုံးငါးမူးစေ့)ကိုတခြားမှာမသုံးတော့ဘူးလို့
သနဿနိဌာန်ချလိုက်တယ်။

ဒါပေမယ့် ကျွန်တှောဟာ အကြံကောင်းပေမယ့်
ကံမကောင်းတဲ့သူပါဗျာ။
ရက် လ နှစ် တွေရင့်ညောင်း
လကဿခဏာရေးအကြောင်းတွေ မြင့်မားပြောင်းလဲခဲ့ပေမယ့်
သူမနဲ့ဆုံဆည်းဖို့ အခါကောင်းကတော့ဖြင့်
ရောက်မလာခဲ့ပါဘူး။
ကျွန်တှောကသာ မျှောလင့်နေရတယ်၊
ကံတရားကတော့ဖြင့်
သွားချင်ရာ လျှောက်သွားနေတာပဲ ထင်ပါရဲ့။
တစ်ခါတစ်ခါတော့ တစ်နေ့တစ်ခြားပိုလှလာတဲ့
ကျွန်တှော့မျက်ရစ်ကလေးကိုကြည့်ပြီး
ကျွန်တှော့မျက်လုံးလေးက ပိုပိုငိုမိတယ်။
ကြည့်ပါဦးဗျာ နောက်ဆုံးငါးမူးစေ့လေးတွေဟာ ချေးတွေတက်လို့။
သူ့မှာ အိပ်မက်တွေလည်း မကောင်းဘူးတဲ့။
ကျွန်တှော့မှာ ဆက်သွယ်စရာ တယ်လီဖုန်း ၁၀၀ ရှိရင်
စာအုပ်ထဲမှာ ၉၉ လုံးပဲ မှတ်ထားလေ့ရှိတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တှော့နာမည်ကိုတောင်မှ
သူမရဲ့ဖုန်းနံပါတ်လောက် အစွဲအလမ်း မကြီးလို့ပါပဲ။
(ရေးမှတ်မထားတဲ့ တယ်လီဖုန်းနံပါတ်လေးကို လွမ်းတဲ့အခါ)
စာအုပ်ထဲမှာရှိတဲ့ တယ်လီဖုန်း ၉၉ လုံးရဲ့ နံပါတ်တွေကို
ကယောင်ချောက်ချား လျှောက်ကြည့်နေမိတယ်။
နောက်ပြီး ဘယ်သူ့ဆီမှ မဆက်ဘဲ နေမိတယ်။

အခုကျွန်တှော့အိမ်မှာ
တယ်လီဖုန်းအသစ်ကလေးတစ်လုံးရောက်နေတယ်၊
ကျွန်တှောနဲ့မပတ်သတ်ဘူး။
မိသားစုရဲ့တယ်လီဖုန်းဖြစ်ပါတယ်။
လူ့ဘဝမှာ
ဘယ်တော့မှ တယ်လီဖုန်းမဆက်တဲ့ လူတစ်ယောက်အဖြစ်နဲ့
ကျွန်တှောအရိုးထုတ်သွားရတော့မှာလား။
ကျွန်တှော့အဖြစ်က ဆိုးပါတယ်။
ညဉ့်နက်သန်းခေါင် အိပ်ကောင်းတုန်းပေမယ့်
“ ချွင် လွင် လွင်” ဆိုတဲ့ အသံမျိုးကြားရင် လန့်နိုးတယ်။
ကျွန်တှော့ရဲ့နောက်ဆုံး ငါးမူးစေ့လေးများ
အပြင်ထွကကျသလားလို့ပါ။
တစ်ခါတစ်လေ
သူတစ်ပါးလက်ထဲမှာ ငါးမူးစေ့အဟောင်းလေးကို မြင်ရင်လည်း
ကျွန်တှော့ငါးမူးစေ့လေးကို ထိတ်ထိတ်ပျာပျား ထုတ်ကြည့်မိတယ်။
နေထိုင်မကောင်းလို့ အိပ်ရာထဲလဲနေတဲ့အခါမျိုးမှာတောင်မှ
ငါးမူးစေ့လေးကို ခေါင်းအုံးဘေးထားပြီး အိပ်ရမှ
ဘယ်လောက်ဝမ်းနည်းစရာ ကောင်းသလဲ။

နောက်ဆုံးငါးမူးစေ့လေးအပှေါမှာ
ကျွန်တှောအစွဲအလမ်းကြီးခဲ့တယ်၊
ဥပါဒါန်ကြောင့်ဥပါဒ်ဖြစ်တယ်လို့
ကျွန်တှောတို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်။
သူမကို ကျွန်တှောက ဥပါဒါန်ဖြစ်ခဲ့ပြီး
ငါးမူးစေ့လေးဟာ ကျွန်တှော့အတွက် ဥပါဒ်ပေးနေပြီလား၊
ဘာပဲဖြစ်ဖြစ် ငါးမူးစေ့လေးကို လွှင့်မပစ်နိုင်ပါ။
မှန်တာပြောသစဿစာ
တစ်ယောက်သောသူက
ရွှေဒဂဿငါးနဲ့လဲမယ်ဆိုရင်လည်း မလဲနိုင်ပါ။
တစ်ယောက်သောသူက
မြို့ရွာတွေနဲ့ လဲမယ်ဆိုလည်း မလဲပါ။
ဘာကြောင့်လည်းဆိုတော့
သူမကို ကျွန်တှော နောက်တစ်ချိန် ချစ်စကားပြောခွင့်ရမှ
သုံးမယ်လို့ဆုံးဖြတ်ထားတဲ့
နောက်ဆုံးငါးမူးစေ့လေးမို့ပါ။
တကယ်လို့များ
ကျွန်တှောအသက်ကြီးသွားရင်လည်း
ငါးမူးစေ့လေးကို သိမ်းထားနေဦးမှာ သေချာပါတယ်။
ချေးတက်နေတဲ့ ငါးမူးစေ့လေးနဲ့
အဖိုးကြီးအို ခါးကုန်းကုန်းပေါ့ဗျာ။

ကုန်ကုန်ပြောမယ်ဗျာ
ကျွန်တှော သေသွားရင်တောင်
အဲဒီငါးမူးစေ့လေးကို
ကျွန်တှော့အိပ်ကပ်ထဲ ထည့်ပေးလိုက်ကြပါ။
သူမက ကျွန်တှော့ကို တမလွန်ကျမှ
တယ်လီဖုန်းဆက်ချင် ဆက်နေမှာမို့ပါဗျာ။

ကေဇှော ၁၉၈၆
နှင်းရည်စက်လက်+ရှုမျှောခင်း၂၃ ကဗျာစာအုပ်မှ

After reading that post, you will know, how much Sai Sai Kham Hlaing was influenced by Mg Thein Zaw. :)

No response to “ဥစဿစာရူး”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz