Wednesday, June 20, 2007

Semiotic

Semiotic

Semiotic ဆိုသည်မှာ ယေဘုယျအားဖြင့် သကေဿငတများဖြင့် ဖှောညွှန်းခြင်းပင် ဖြစ်သည်။ Signs and Signifying Practice ဟုလည်း မှတ်သား၍ရသည်။ Semiotic ကိုလေ့လာသည့်အခါ Signifier နှင့် Signified ဆိုသော စကားနှစ်ခုကို သိရှိရန် လိုအပ်သည်။ Signifier ဆိုသည်မှာ အဓိပဿပာယ် တစ်ခုကို ဖှောညွှန်းသော အရာဖြစ်သည်။ Signified ဆိုသည်ကတော့ ထိုအဓိပဿပာယ်က ဖှောညွှန်းခြင်းကို ခံရသော အရာဖြစ်သည်။

မောင်လှသည် ဆိုးသွမ်းသော လူကလေးဖြစ်သည်

အထက်ပါ စကားတွင် ဆိုးသွမ်းသောသည် Signifier ဖြစ်သည်။ မောင်လှသည် Signified ဖြစ်သည်။ နာမဝိသေသန၊ ကြိယာဝိသေသန သဘောပင်။ သို့ရာတွင် ထိုအရာမှာ စာပေတွင်သာ ရှိနေသည်မဟုတ်။ ပညာရှင်များက Semiotic ကို Visual Art များတွင်ပါ ထည့်သွင်း အသုံးပြုလာကြသည်။ သကေဿငတ Signs များကို အသုံးပြုပြီး နက်နဲရှုပ်ထွေးသော အဓိပဿပာယ်များကို ဖှောကျူးကြသည်။

အနီရောင်
မည်သို့သော အနီရောင် ဖြစ်သည် ဆိုခြင်းကို ထင်ရှားစေရမည်။ ကြည်လင်သော အနီရောင်လော၊ မှိုင်းအုံ့သော အနီရောင်လော။

မည်သည့် အတွက်ကြောင့် အနီရောင် ဖြစ်နေရသနည်း။
အနီရောင်သည် သူချည်းသက်သက်သာ အနီရောင် ဖြစ်နေပါက တန်ဖိုးများစွာ ရှိမည်မဟုတ်။ ထို့ကြောင့် သူ့ကို အသုံးပြု၍ သှောလည်းကောင်း၊ သူ့ကို အသုံးပြုခံအဖြစ် ထား၍သှောလည်းကောင်း တစ်ခုခုကို ဖှောညွှန်းရ ပေတော့မည်။

အနီရောင်ပှေါတွင် လူများသေကြေနေပုံကို ပုံကြမ်းသာသာ ရေးခြစ်ထားမည်။
ထိုအခါ ထိုအနီရောင်သည် အဓိပဿပာယ် များစွာ ရှိလာသည်။ ထိုပုံကြမ်းသည်လည်း အနီရောင်ပှေါတွင် အသက်ဝင်လာမည်။ နှစ်ခုစလုံးသည် တစ်ခုကိုတစ်ခု ဖှောညွှန်းနေကြပြီ ဖြစ်သည်။ သို့သှော မပြည့်စုံသေးပါ။ ထိုပန်းချီကားချပ်တွက် Signသည် ဘာလဲ?။ လောကတွင် နေရာအနှံ့ လူအများအပြား သေနေကြသည်။ ထိုပန်းချီကားချပ်ပှေါမှ လူများသည် ဘယ်ကလဲ။ ဘာကြောင့်သေနေတာလဲ။ အနီရောင်က သေခြင်းတရားကို ထိုပန်းချီကားပှေါတွင် ကိုယ်စားပြုနေသှောလည်း တိကျသော ကိုယ်စားပြုခြင်းမျိုးမဟုတ်ပေ။

ထို့နောက် တစ်ဆင့်တက်ကာ ပန်းချီဆရာက ထိုပန်းချီကားပှေါတွင် ဂျာမန်နာဇီ သကေဿငတလေးကို ခပ်သေးသေးပင် မထင်မရှား ရေးသွင်းလိုက်သည်။ ပန်းချီကား ကြည့်ရှုသူများသည် အနီရောင်ကိုလည်း မြင်သည်။ လူသေများကိုလည်း မြင်သည် နောက်ဆုံး နာဇီသကေဿငတကို မြင်သည်။ ထို Signifier သေးသေးလေးကြောင့်ပင် ပြီးပြည့်စုံသော ပန်းချီကား တစ်ချပ် ဖြစ်သွားသည်။

စဉ်းစားကြည့်လျှင် အဖြူရောင် ကင်းန်ဗတ်စ်စပှေါတွင် လူသေတွေကိုချည်း ရေးထားမည်။ အနိဋဿဌာရုံ ပန်းချီကား တစ်ချပ်သာဖြစ်သည်။ ထို့နောက် ထိုပန်းချီကားကို အနီရောင်ရင့်ရင့်ဖြင့် ဖြည့်စွက်သည်။ တောက်ပစွာ ကြောက်မက်ဖွယ် ကောင်းသော အနိဋဿဌာရုံ ပန်းချီကား ဖြစ်လာမည်။ ထို့နောက် ထိုပန်းချီကားတွင် အဆိုပါ သကေဿငတလေး ထည့်သွင်းလိုက်သည်နှင့် ထိုပန်းချီကားသည် မည်သည့်အရာကို ညွှန်းဆိုချင်သော အနိဋဿဌာရုံ ပန်းချီကားဟူ၍ ဖြစ်လာတော့သည်။

ထိုအရာမှာ ရိုးရှင်းသော ပန်းချီကား တစ်ကားဖြင့် စဉ်းစားကြည့်ခြင်း ဖြစ်သည်။ မျက်မှောက်ခေတ် သကေဿငတပန်းချီများသည် ထိုထက်ပို၍ အဓိပဿပာယ် နက်နဲပေလိမ့်မည်။ ဉာဏ်ကွန့်မြူး၍ စဉ်းစားကြရန်သာ ရှိသည်။ ထိုသို့ စဉ်းစားရန်အတွက် ဗဟုသုတ လိုသည်။ ဗဟုသုတ မရှိလျှင် နာဇီသကေဿငတ မြင်သှောလည်း နာဇီသေကဿငတဟု မျမင္ဘဲ ဓမဿမစျက လကဿခဏာဟု ထင်မှတ်လိုက်လျှင် ထိုပန်းချီကား၏ အဓိပဿပာယ်သည် ပန်းချီဆရာ ပေးချင်သော အဓိပဿပာယ်မှ သွေဖယ်သွားပေလိမ့်မည်။

မြန်မာပြည်မှ ဆာရီရယ်လ်လစ် ပန်းချီကားများတွင် ယင်းဆာရီရယ်လ် စနစ်ဖြင့် ရေးဆွဲထားသော ပုံများကို တွေ့ရသှောလည်း Signifer ပိုင်းတွင် လွန်စွာအားနည်းသည်ကို တွေ့ရသည်။ Signified ဖြစ်သော အရောင်၊ ရေးဆွဲနည်းစနစ်၊ ဖန်တီးမှု တို့ကြောင့် မျက်မြင် ပန်းချီကား အနေဖြင့် အားကောင်းသှောလည်း သကေဿငတ ဖှောကျူးမှု အပိုင်းတွင် အားနည်းသောကြောင့် ထိုပန်းချီကားများသည် တစ်ဝက်သာ အသက်ဝင်သည်။ တစ်ဝက်မျှသာ အဓိပဿပာယ်ရှိသည်။ တွေးတောခံစားချက်ကို ဦးစားမပေးသောကြောင့် ကြည့်ရသည်မှာ အရသာပေါ့လွန်းသည်ဟု ထင်မြင်မိပါသည်။ မြန်မာပြည်တွင် အိပ်မက်တိတ်ထုံကျမ်း များစွာကို လူများ ဖတ်ကြသည်။ မိမိညက မြင်မက်သော အိပ်မက် ကောင်းမကောင်း အတွက်သာ ကြည့်ရှု အသုံးချကြသည်။ အနောက်နိုင်ငံများတွင်တော့ ထိုအရာများကို ပန်းချီကားချပ်များထဲသို့ ယူလာသည်။ လူများကလည်း ထိုကျမ်းများကို အိပ်မက်သက်သက်အတွက်သာ မဟုတ်ဘဲ အနုပညာထဲတွင်ပါ ခံစားရလာသောကြောင့် လေ့လာလိုက်စား လာကြသည်။ ထိုသို့ဖြင့် ထိုနိုင်ငံတို့၏ အနုပညာ အဆင့်အတန်းမှာ တဖြည်းဖြည်း မြင့်မားလာသလို ပရိသတ်များ၏ အနုပညာ ခံစားတတ်မှု အားများလည်း ကောင်းလာသည်။ ထို့ကြောင့် ကျွန်တှောတို့ အနေဖြင့်လည်း ပန်းချီဆရာပင်ဖြစ်စေ၊ ပရိသတ်ပင်ဖြစ်စေ ထိုထိုသော ဘာသာရပ်များကို လိုက်စားတတ် လာမည်ဆိုလျှင် ထိုထိုသော အနုပညာရပ်များကို စနစ်တကျပင် ခံစားတတ်လာမည်မှာ မလွဲပင် ဖြစ်ပေတော့သည်။

No response to “Semiotic”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz