Thursday, June 21, 2007

Research of Myanmar Tradations

စာအုပ်အညွှန်း

မြန်မာမှုသုတေသနစာ

ဝင်းမောင်(တမဿပဝတီ)
ပန်းမျိုးတရာစာပေ
ပထမအကြိမ်၊ ၂၀၀၆
စာမူခွင့်ပြု ၃၁၀၀၂၆၀၅၀၃
အုပ်ရေ ၁၀၀၀
တန်ဖိုး ၂ဝဝဝကျပ်

ဒီစာအုပ်ဟာ သမိုင်းသုတေသီတိုင်း၊ သမိုင်းကို ဝါသနာပါသူတိုင်း၊ ယဉ်ကျေးမှုကို မြတ်နိုးသူတိုင်း ဝယ်ယူသိမ်းဆည်း လေ့လာကြရမယ့် စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ သတင်းစာ၊ မဂဿဂဇင်းအစောင်စောင်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးပေါင်း ၄၆ပုဒ် ပါဝင်ပါတယ်။

1. အမိနတ်သမီး
2. လက်ဆယ်ဖက်နှင့်နတ်မင်းကြီး
3. မြူတာ-တကောင်း
4. မြန်မာ့ထိုးကွင်းရုပ်များ
5. မြန်မာ့စစ်တုရင် မြန်မာစစ်ဆင်မှု
6. ကဘိုကျေးရွာကျောက်ခေတ်ယဉ်ကျေးမှု
7. ရေသွန်းကရား
8. မိုင်းမောမြို့ဟောင်းမှအုတ်ချပ်များ
9. ထောင့်ပြည့်ဘုရား
10. ရှေးဟောင်းပစဿစည်းတွေ့ကြရင်
11. မင်းကွန်းဆရာတှောကြီး၏ထေရုပဿပတဿတိသုတေသန
12. ဇမဿဗုတိချွတ်ခန်း
13. မဟလဿလတာတန္ဆာ
14. နပန်းဆံ
15. စာမရီဆယ့်ငါး
16. ရွှေယပ်သားမြီး
17. မြန်မာ့အသည်းနှလုံးကို ထိန်းသိမ်းရေး
18. တံဆိပ်ပါတဲ့အလေး
19. သာသနာငါးထောင်တည်ရစ်စိမ့်သောငှာ
20. မင်းကွန်းစဉ့်ကွင်းများ
21. သကဿကရာဇ်ပါသည်အိုးတွေခွက်တွေ
22. မြင်းစိုင်းခေတ်နံရံပန်းချီ
23. အသစ်တွေ့အင်းဝနံရံပန်းချီ
24. ဌာပနာတိုက်ထဲကပန်းချီ
25. နကဿခတာရာလေ့လာပွဲသဘင်
26. ရွှေဆင်ခုန်ပွဲ
27. ပျဉ်ပြားရွာနှင့်ပျဉ်ပြားမင်းနန်းတှောရာ
28. အနှစ်၎ဝဝပြည့် အင်းဝ
29. ညောင်ရမ်းခေတ်အင်းဝမြို့တည်စာတမ်း
30. ဝမ်းဘဲအင်းနန်းတှော
31. ရတနာပုံရွှေမြို့တှောကြီး
32. ရွှေကျင်ကျောင်းတှောကြီး၏ ဗိသုကာ
33. ဗားကရာကျောင်းတှောကြီး၏ ဗိသုကာမှတ်တမ်း
34. ကျိုကဿကလွန်ဗွန်းစေတီတှော ငှက်မြတ်နားတှော
35. ဖွားတှောမူခန်း မှားတှောမူခန်း
36. ဝမ်းဘဲအင်းမှနံရံပန်းချီ
37. ပျူယဉ်ကျေးမှုသုတေသန
38. တကောင်းက အုတ်ခွက်ဘုရားများ
39. အုတ်တစ်ချပ်ရဲ့တန်ဖိုး
40. မဟာမုနိဘုရားကြီးအတွင်း အုတ်ဂူတှော
41. သီတဂူဘွဲ့နှင်းသဘင်ခန်းမ
42. ဗြုဗဿဗာသန် ဥတဿတရာသန်
43. ခေတ်အဆက်ဆက်ကသကြဿငန်ပွဲ
44. အနဿဒဂူမှ ဇာတ်ကြီးဆယ်ဘွဲ့
45. ဗုဒဿဓ၏ ခြေရာတှောများ
46. သယဗဿဘူ ဌာပနာေတာှမ်ား

ဦးဝင်းမောင်ဟာ ရှေးဟောင်းသုတေသနကို တစိုက်မတ်မတ် လုပ်ပြီး အဲဒီနယ်ပယ်မှာ ကျွမ်းကျင်သူမို့ ထင်ရှားပါတယ်။ ဒီစာအုပ်ထဲက ဆောင်းပါးတွေဟာ အများအားဖြင့် မဂဿဂဇင်း၊ သတင်းစာ အသီးသီးမှာ ဖှောပြပြီး ဖြစ်ပေမယ့် အခုလို တစုတဝေးတည်း စုဆောင်းထားတာမျိုးက ရှားပါတယ်။ ဆောင်းပါးတိုင်းလိုလိုမှာ သက်ဆိုင်ရာ သရုပ်ဖှောပုံတွေ တွဲပါတာကြောင့်လည်း မျက်စိထဲ တန်းမြင်ပြီး လေ့လာရ လွယ်ကူပါတယ်။

ဒီလိုစာအုပ်မျိုး လေ့လာတဲ့အခါ ဗဟုသုတ အများကြီးရပါတယ်။ အချို့က ရှေးဟောင်း အလေးတွေ၊ ဒဂဿငါးတွေ စတဲ့ ရှေးဟောင်းပစဿစည်း စုဆောင်းကြတာ ဝါသနာပါတယ်။ ပစဿစည်းတိုင်းက အစစ်မဟုတ်ပါဘူး။ ရှေးဟောင်းပစဿစည်းဆိုရင် ဈေးကောင်းရလို့ အတုလုပ်ထားတာတွေ အများကြီး တွေ့ရတယ်။ ပြီးတော့ ပစဿစည်းတိုင်းမှာ ကွဲပြားတဲ့ ခေတ်ကာလ နောက်ခံတွေ ရှိပါတယ်။ ဒါတွေကို သေချာလေ့လာမှ သိရတာပါ။ ဟသဿငာအလေးမှ ရှေးဟောင်းအလေး မဟုတ်ပါဘူး။ တိုးအလေး၊ ကရဝိတ်အလေး၊ ဆင်အလေး စသည်ဖြင့် ရှိပါသေးတယ်။ သီရိဝစဿဆပါတိုင်း ပျူဒဂဿငါး မဟုတ်သလို မပါတိုင်းလည်း ပျူဒဂဿငါး မဟုတ်ဘူးလို့ ဆိုရမယ့် ဒဂဿငါးအကြောင်းတွေလည်း သိလာရပါတယ်။ ရုပ်ပုံတွေ ထုပုံ၊ ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီးတော့လည်း ခေတ်ကာလကို ခွဲခြားတတ်လာတယ်။

ဒီလိုအချိန်မှာ ဒီလိုစာအုပ်မျိုးဟာ အဖိုးတန်ပါတယ်။ ထွက်နေသမျှ စာအုပ်တွေဟာ အပျှောဖတ်တွေ များနေတဲ့ အချိန်မှာ ဒီလို စာအုပ်မျိုးကို အကျိုးမမျှောဘဲ ထုတ်တာကလည်း ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ တန်ဖိုး ၂ဝဝဝကျပ်ဆိုတာ သာမန်အနေနဲ့ များတယ်လို့ မဆိုနိုင်ပါဘူး။ အထဲကစာကို ဖတ်ပြီးတဲ့အခါ ဝယ်ရတာ တန်တယ်ဆိုတာကို သိသွားမှာပါ။ ကျွန်တှောကတော့ ဆရာ့ဆီကနေ ဒီလိုဆောင်းပါးတွေ စာအုပ်တွေ များများ ထွက်လာပါစေလို့ ဆုတောင်းနေမိပါတယ်။

ပူးတွဲဖတ်ရှုသင့်သည့်စာအုပ်များ

Report on the Excavation of Beikthano U Aung Thaw
Burmese Design Through Drawings U Aye Myint
ဒေါက်တာသန်းထွန်း သမိုင်းထဲကဒီဇိုင်း
ကောင်းကင်မြေပုံများကပြောသောရှေးဟောင်းမြန်မာ့မြို့တှောများ ဦးမြင့်အောင်
ဟန်လင်းကွင်းဆင်းသုတေသန ဦးမြင့်အောင်
တကောင်းမှအသစ်တွေ့ရှိမှုပျူအထောက်အထားများ ချစ်စံဝင်း
မြန်မာမြို့ဟောင်းတကောင်းရုပ်ပုံလွှာ ချစ်စံဝင်း
မြန်မာ့ပန်းချီရေစီးကြောင်း ပန်းချီလှတင်ထွန်း

No response to “Research of Myanmar Tradations”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz