Monday, June 18, 2007

Photo Retouching




ပထမအဆင့် သူ့မျက်နှာက ဝက်ခြံနဲ့ အမာရွတ်တွေကို ဖျောက်ပါတယ်။ အဲလို ဖျောက်ရာမှာ တစ်ခုချင်းစီရဲ့ ပတ်ဝန်းကျင်က အသား၊ အရိပ်၊ အရေးအကြောင်းတွေနဲ့ အပ်စပ်နိုင်သမျှ အပ်စပ်အောင် အကွာအဝေး နေရာစုံက ကြည့်ပြီး ညှိရပါတယ်။ ပြီးရင် အလင်းအမှောင် အနည်းငယ်တင်ပြီး Liquify နဲ့ ပါးစပ်၊ ပါး၊ နှာခေါင်း၊ မျက်လုံး စတာတွေကို ပြင်ပါတယ်။ မလိုချင်တဲ့ သူ့ဘယ်ဘက် မေးရိုးနားက အရေးအကြောင်း အချို့ကို ဖျက်ပါတယ်။ နှုတ်ခမ်းမွှေး တွေကိုလည်း ဖျက်ပစ်ပြီး မူလအသားအရောင်နဲ့ ညှိယူပါတယ်။ မျက်စိနှစ်လုံးကို စိုပြည်တောက်ပအောင် လုပ်ယူပါတယ်။ အဲဒီလိုနဲ့ ဒုတိယပုံ ရလာပါတယ်။ အဆင်ပြေတယ် ထင်ရပေမယ့် ဒုတိယပုံဟာ Retouch လုပ်တာ များသွားလို့ သိပ်သဘာဝ မကျပါဘူး။ အသားတွေက Textures တွေနည်းနေတာ တွေ့ရတယ်။ ဒါကြောင့် အဲဒီပုံရဲ့ Red Channel ကိုမှတ်သားပြီး Noise အနည်းငယ် ပေးလိုက်ပါတယ်။ ဒါကြောင့် နောက်ဆုံးပုံကို သေချာကြည့်ရင် ဒုတိယပုံထက် ပိုပြီး သဘာဝကျတာကို တွေ့ရပါလိမ့်မယ်။

No response to “Photo Retouching”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz