Monday, June 11, 2007

A note of a Fool

သူရူးမှတ်တမ်း


ဂစ်တာနံပါတ်တစ်ကြိုး ပြတ်တောက်သွားသလိုမျိုး
အသံသာမြည်တယ် စူးရှမှုမရှိတော့သော နှလုံးသားတစ်ခုအကြောင်း
သင့်ခေါင်းထဲမှာ ရှိနေဖို့ မလိုတော့ပါဘူး

တန်ဖိုးဆိုတာ
မိန်းမတစ်ယောက်အတွက် အပျိုစင်ဘဝတဲ့
ကဗျာဆရာတစ်ယောက်အတွက် ကာရံနဲ့ သံစဉ်တွေ
ပန်းချီဆရာတစ်ယောက်အတွက် မျဉ်းတွေ အရောင်တွေ စုတ်ချက်တွေ
ကလေးတစ်ယောက်အတွက် ကျောင်းပညာ
ဆရာဝန်တစ်ယောက်အတွက် ဘွဲ့လက်မှတ်တွေ
လမ်းဘေးက လူတစ်ယောက်အတွက် နေစရာအိမ်တစ်လုံး
စစ်တပ်အတွက် အာဏာနဲ့လက်နက်
သီချင်းရေးဆရာအတွက် နှလုံးသားရဲ့ ဒဏ်ချက်တွေ
ထောင်ကျနေသူအတွက် လွတ်လပ်မှု
အရူးတစ်ယောက်အတွက် ခေါင်းထက်က ပန်းတစ်ပွင့်
ပွဲစားတစ်ယောက်အတွက် ပါးစပ်ထဲကလေ
နေပူထဲကလူအတွက် ထီးတစ်လက်
ဆင်းရဲသားတစ်ယောက်အတွက် ငွေးကြေးအမြတ်

အဲဒီလို အမြင်တွေ မတူတတ်တာ သင်သိပါသလား
သင်မသိဘူးလား

စကားတွေဟာ လမ်းကြောင်း မှားလာတယ်
သူပြောတာ ကိုယ်နားမလည်
ကိုယ်ပြောတာ သူနားမလည်
နားမလည်နိုင်တာ ပြသဿသနာတွေရဲ့ ဇာစ်မြစ်
ကျွန်တှောတို့ စိတ်တွေညစ်ကြရတယ်

ဒီလိုပါမိတ်ဆွေ
ကျေးဇူးပြုပြီး
အချစ်ဆိုတဲ့ စကားလုံးသက်သက် နှစ်လုံးအတွက်
တန်ဖိုးတွေကို ရောယှက်မပစ်လိုက်ကြပါနဲ့။


NLS

No response to “A note of a Fool”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz