Saturday, June 23, 2007

Me, Myanmar and Monks

ကျွန်တှောနှင့် ဘုန်းကြီး


ရှေးမင်းများခေတ်ကာလက သာသနာတှောကို ကြည့်ရှုရန် မဟာဒါန်ဝန်ဆိုသည့် ရာထူးကို ခန့်ထားကြသည်။ သာသနာတှော သန့်ရှင်းရေး၊ ရဟန်းသံဃာတို့နှင့် စပ်ဆိုင်သည့် ကိစဿစများတွင် မဟာဒါန်ဝန်က ဖြေရှင်းရသည်။ ဘုန်းကြီး ဝတ်ကြသည်မှာ အကြောင်းအမျိုးမျိုး ဖြစ်နိုင်သည်။ အချို့ကလည်း တကယ့်ကို သာသနာ့ဘောင်သို့ ဝင်လိုသောကြောင့် ဖြစ်သည်။ အချို့ကလည်း နောင်ဘဝအတွက်၊ တချို့ကလည်း စားဝတ်နေရေး ကြပ်တည်းသည့်အတွက်၊ အချို့ကလည်း အခက်အခဲ မျိုးစုံတို့ကြောင့်၊ အချို့ကလည်း တရားဓမဿမ ကျင့်ကြံလိုသောကြောင့်၊ တရားထူး သိမြင်လိုသောကြောင့် စသည်ဖြင့် အမျိုးမျိုး ကွဲပြားနိုင်သည်။ သို့သှော မြင့်မြတ်သော သကဿငန်းကို ဝတ်ရုံလိုက်ပြီ ဆိုသည်နှင့် မြင့်မြတ်သော အကျင့်ကိုသာ ကျင့်ကြံသင့်ပေသည်။

၂၀၀၂ ကာလများဆီက ဖြစ်သည်။ သန်လျင်တံတားကြီးနားမှ ယုဇနဥယျာဉ်သို့အသွား ဘုန်းကြီးများကို စက်ဘီးများဖြင့် အစုလိုက် အပြုံလိုက် တွေ့လိုက်ရသည်။ လူများလည်း မနည်းပေ။ စိတ်ဝင်စား မိသောကြောင့် သူတို့သွားရာသို့ လိုက်ကြည့်မိသောအခါ ဟိုဘက်ဒီဘက် နှစ်ဘက်ခွဲ၍ ဘောလုံးကန်နေ ကြသည်ကို တွေ့ရသည်။ လူများက အပြင်မှ လက်ခုပ်လက်ဝါးတီးကာ အားပေးလျက်။ တစ်ဖက် ဘုန်းကြီး အသင်းက အပှေါရုံ သကဿငန်းမပါ၊ သင်းပိုင်နှင့်သာ ဖြစ်သည်။ နောက်ဘုန်းကြီး အသင်းက သကဿငန်းကို တစောင်း ရုံထားသည်။ ကျွန်တှောသည် လွန်စွာမှ ရှက်ရွံ့ စိတ်ပျက်ခြင်းများစွာ ဖြစ်သွားခဲ့ရသည်။

ရပ်ကွက်များတွင်လည်း ဘုန်းကြီး အချို့ ဆိုက်ကားပှေါတွင် လှောစပီကာတင်ပြီး ကျောင်းဆောက်ရန်၊ ဘာဆောက်ရန်ဖြင့် အလှူ လိုက်ခံကြသည်။ တိုက်ခန်းများပှေါအထိ တက်ပြီး ဆွမ်းအလှူ ခံကြသည်။ ခရီးစရိတ် ပြတ်သွားလို့ဆိုပြီး လိုက်တောင်းသူများလည်း ရှိသည်။

တစ်လောက နိုင်ငံခြားသား တစ်ယောက်နှင့် ဘုရားပှေါတွင် စကားပြောနေခိုက် ဦးဇင်းတစ်ပါးက ကောင်မလေး တစ်ယောက်နှင့် လက်တွဲပြီး ဖြတ်သွားသည်။ ကျွန်တှောသည် သိန်းဖေမြင့်၏ တက်ဘုန်းကြီး ဝတဿထုကို ပြေးသတိရလိုက်မိသည်။ နိုင်ငံခြားသားကမေးသည်။ မင်းတို့ဆီက ဗုဒဿဓဘာသာ ဘုန်းကြီးတွေလည်း မိန်းမနဲ့ မကင်းဘူးလား ဟူ၍ ဖြစ်သည်။ ကျွန်တှောလည်း တတ်သလောက် မှတ်သလောက် ထေရဝါဒတွင် ဒါမျိုး လက်မခံကြောင်း၊ အဆိုပါ ဘုန်းကြီးများမှာ အတုအယောင် သာသနာဖျက်များသာ ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။ ထို့နောက်မကြာပါ ကားနှင့်ပြန်လာရာ မီးပွိုင့်တစ်ခုတွင် ဘုန်းကြီးတစ်ပါးက ကားမောင်းပြီး ဒကာလုပ်သူက ဘေးမှ ထိုင်စီးသွားသည်ကို တွေ့လိုက်ရပါသေးသည်။

ဘုန်းကြီးများ နိုင်ငံရေးစကား ပြောကြသည်။ လူမျိုးရေး တိုက်ပွဲတွေ နွှဲကြသည်။ ဆရာဝန်အလုပ် ဆရာဝန်လုပ်၊ ကားသမား ကားအလုပ်လုပ်၊ ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်မှ ဘုန်းကြီးဟု ခှေါဆိုခြင်းငှာ ထိုက်သည်ဟု ကျွန်တှော ထင်မိသည်။ အင်တာနက် ခေတ်ကြီးတွင် ခေတ်မီသော ဦးဇင်းပျိုများ အင်တာနက်ထဲ ဝင်လာကြသည်။ ပွန်းဆိုဒ်များ မကြည့်ဘူးဟု ဆိုသှောလည်း အချို့က ချတ်ရွမ်းများတက်ကာ ပေါက်ကရများ ပြောကြသည်။ ဘာသာရေးစကားများ တွင်တွင်ကျယ်ကျယ်ပြောကာ လက်တွေ့တွင် မိန်းခလေးများကို ထိကပါး ရိကပါး ပြောတတ်သော ဦးဇင်းများကိုလည်း တွေ့ရသည်။ အချို့ဆိုလျှင် ပစ်ပစ်နှစ်နှစ် အောက်ပိုင်းကိစဿစများကို ဘုရားဟောဆိုပြီး ပြောတတ်ကြသေးသည်။ နောက်ဆုံး ထိုဦးဇင်းများကို ဘန်းပစ်ရသည်။

ဆရာတှောကြီးများတောင် လန်ခရုဆာ စီးနေသော ကလိယုဂ်တွင် ဦးဇင်းများ ခေတ်နှင့်အညီ အင်တာနက် သုံးခြင်းကို ကျွန်တှော လက်ခံပါသည်။ အင်တာနက်တွင် ဗဟုသုတများစွာ ရှိသည်။ အတတ်ပညာ များစွာရှိသည်။ အချို့သော ဦးဇင်းများ ကွန်ပျူတာကို မွှတ်နေအောင် ကျွမ်းကျင်ကြသည်။ အချို့လည်း ပရိုဂရမ်းမင်း၊ ဒီဇိုင်း ကျွမ်းကျင်ကြသည်။ ဘုရားရှင်၏ သုတ်၊ ဝိနည်း၊ အဘိဓမဿမာတို့ကို လွယ်ကူစွာ လေ့လာနိုင်ရန် ဆော့ဖ်ဝဲလ် ရေးကြသည်။ ထိုဆရာတှောများကို ကျွန်တှောလေးစား မိပါသည်။ သို့သှောလည်း ထိုထိုသော လူကျှောများ ကြားထဲမှ သကဿငန်းဝတ်ပြီး ပေါက်တက်ကရ လုပ်နေသော ကိုယ်တှောများကိုတော့ မနှစ်သက်မိတာ အမှန်ပင် ဖြစ်သည်။ ဘုရားရှင်၏ တရားတှောများသည် မွန်မြတ်ပါသည်။ ဘုရားရှင်၏ သာသနာတှောတွင် သကဿငန်းရုံပြီး ဘုရားရှင်၏ သာသနာကို နိမ့်ကျ၊ အမြင်တိမ်းစောင်းစေသည့် အမူအကျင့်များ မလုပ်သင့်ဟု ထင်မိသည်။ ဗုဒဿဓဘာသာ မြန်မာနိုင်ငံတွင် ထိုသို့သော သံဃာပျက်များ ပေါများလာလျှင် သာသနာလည်း ပျက်လာမည်မှာ မလွဲချေ။

မင်းတကာတို့ အလေးထား ရိုကျိုးနေသောအချိန် ခမည်းတှော ဖိတ်ကြားချက်ကြောင့် တိုင်းပြည်သို့ ပြန်ကြွရာတွင် မည်သည့် ယာဉ်ရထား တန်ခိုးဣဒဿဓိပါဒ်မှ မသုံးဘဲ တစ်နေ့လျှင် တစ်ယူဇနာနှင့် ယူဇနာခြောက်ဆယ်ကို ခြေလျှင် ကြွတှောမူသော ဗုဒဿဓဘုရားရှင်နှင့် သာဝကများကို ကျွန်တှောသည် လွန်စွာမှပင် ကြည်ညိုနေမိပါတော့သည်။

One response to “Me, Myanmar and Monks”

Mettā Mon said...

ဤအဆိုကို အပြည့် အဝ သဘောတူပါသည်၊ အပြောနဲ့ အလုပ်၊ ကိုယ့် နေရာနဲ့  ကိုယ့်အလုပ် ကိုက်ညီဖို့ လိုပါသည်၊၊ လူရိုသေ၊ ရှင်ရိုေသ ရှိသင့်ပါသည်၊ ကာယေလ့က်င့္ခန္းလုပ္လိုက စင္ျကံေလ်ှာက်နိုင်ပါသည်၊ အေမရိကားမှာ ဘုန်းကြီး ကားမောင်းပြီး ဆွမ်းဂျိုက်လိုက် ကောက်ရသတဲ့၊၊ ဝိနည်းအရ တခြားနည်းနဲ့ ဆွမ်းခံလို့  မရတော့ဘူးလား၊ တောထဲမှာ တရားကျင့်တဲ့ ရဟန်းတော်များ ဘယ်လို ဆွမ်းခံကြပါလိမ့်၊၊ ကားမောင်းမှတော့ ဘုန်းကြီးလုပ်ဖို့ မသင့်တော့လို့ ထင်တာဘဲ၊၊

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz