Saturday, June 23, 2007

Me, Myanmar and Loud-Speaker

ကျွန်တှောနှင့်လှောစပီကာ

ကျွန်တှောသည် ဗုဒဿဓဘာသာကို နှလုံးသားထဲမှ နှစ်သက်သှောလည်း လှောစပီကာ ယဉ်ကျေးမှုကိုမှု လုံးဝလုံးဝ လက်ခံလို့ မရပါ။ နိုင်ငံရပ်ခြားတွင် နေခဲ့၍လည်း ဖြစ်မည်ဟု ထင်ကောင်း ထင်နိုင်ပါသည်။ နိုင်ငံခြားမှာတုန်းက ညအိပ်ချိန်တွင် မည်သည့်အခန်းကမျှ အဝတ်လျှောစက်တောင် အသုံးမပြုကြပါ။ လူအားလုံးသည် တစ်နေ့တာ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရသောကြောင့် အနားယူချိန်တွင် တိတ်တိတ်ဆိတ်ဆိတ် နှစ်နှစ်ခြိုက်ခြိုက် အနားယူလိုကြသည်။ ဆူညံသံ လုပ်သူရှိခဲ့လျှင် ရဲစခန်းကို တိုင်ကြား၍ရသည်။ ထိုသို့သော အကျင့်များဖြင့် ထုံမွှန်းခဲ့ဘူးသော ကျွန်တှောသည် မြန်မာပြည် ပြန်လာသောအခါ လှောစပီကာနှင့် တိုးပါတော့သည်။

ပထမဆုံး ကြုံရတာက နှစ်အိမ်ကျှောမှ နတ်ပွဲဖြစ်သည်။ ကျွန်တှော အလုပ်လုပ်သည်မှာ ညပိုင်းဖြစ်သည်။ အိပ်ချိန်မှာ မနက်လေးနာရီမှ ၁ဝနာရီအတွင်း ဖြစ်သည်။ အဆိုပါ နတ်ပွဲကား ၅ရက်တိတိ နံနက် ၆နာရီမှ စကပါသည်။ ဆိုင်းဝိုင်းအပြည့်နှင့် ဖြစ်သည်။ ပထမဆုံးနေ့က ၅နာရီထိုးလောက်မှ အိပ်ရာဝင်ခဲ့သော ကျွန်တှောသည် ၆နာရီထိုးတွင် ရုတ်တရက် ဆိုင်းသံဗုံသံများ ကြားလိုက်ရသောအခါ အလွန်တရာ ထိတ်လန့်ကာ အိပ်ရာမှ နိုးသွားသည်။ ထို့နောက် နတ်ပွဲမှန်းသိ၍ ဆက်အိပ်ရန် ကြိုးစားရာ မည်သို့မျှ မရတော့ပါ။ ထိုသို့ဖြင့် ၅ရက်တိတိ နတ်ဒဏ်ကို ခံလိုက်ရသောကြောင့် ကျွန်တှောသည် တစ်နေ့တစ်နေ့ ထိုနတ်များကို ထိုင်၍သာ ဆဲနေမိ ပါတော့သည်။

ဒုတိယမှာ အသံမစဲ မဟာကဋဿဌာန်းပွဲ ဖြစ်ပါ၏။ ဘုရားရှင်သည် ပဋဿဌာန်းတရားတှောကို ဆင်ခြင်တှောမူသော အခါမှ ရောင်ခြည်တှောသည် စကြဝဠာသို့တိုင်အောင် ပြန့်ထွက်လာခဲ့ကြောင်း ကျွန်တှော မှတ်သားခဲ့ဖူးသည်။ ကျွန်တှော့အခန်းမှာ ထိုပဋဿဌာန်းရွတ်ဖတ်ရာ နေရာနှင့် သိပ်မဝေးလှပါ။ တရားကျင့်လိုသောသူသည် တရားရှိရာသို့ သွားရမည်။ စာသင်လိုသူသည် စာသင်ခန်းသို့ သွားရမည်။ ကားစီးလိုသူသည် ကားဂိတ်သို့ သွားရမည်။ လောလောဆယ်တွင် ကျွန်တှော့မှာ တရားနာရန် ဆနဿဒ မရှိပါ။ ကျွန်တှော နှစ်ခြိုက်စွာ အိပ်လိုလှပါသည်။ သို့သှော ထိုအသံသည် ကျွန်တှော့နားထဲသို့ ကျွန်တှော လက်မခံချင်ဘဲ အတင်းဝင်နေသည်။ ကျွန်တှော ကဲ့သို့ပင် အနားယူချင်သူများလည်း ရှိနေပေဦးမည်။ တရားတှောကို အဘယ်ကြောင့် အသံချဲ့စက် လှောစပီကာတို့ဖြင့် ရွတ်ဖတ်ရပါသနည်း။ ကြားနာမိလို့ ဒီတရားအပှေါမှာ သက်ဝင်မှု ဖြစ်လာလျှင် အကျိုးကုသိုလ် ရနိုင်ကြောင်း၊ နတ်ကောင်းနတ်မြတ် များကလည်း နှစ်ခြိုက်ကြောင်း ကျွန်တှောသိပါသည်။ သို့သှော ကျွန်တှော တရားမနာလိုသေးပါ။ ကျွန်တှော မနာလိုသေးသော တရားကို ကျွန်တှော့အား အတင်းဖွင့်ပြနေခြင်းမှာ ကျွန်တှော၏ လွတ်လပ်ခွင့်ကို ထိပါးခြင်းပင် ဖြစ်သည်ဟု ထင်မြင်မိသည်။ တစ်ခါက ကျွန်တှော တိဘက် လာမားကြီးများ၏ တရားဌာနကို ရောက်သွားသည်။ သူတို့လည်း တရားတွေ ရွတ်ကြသည်။ သို့ရာတွင် တောထဲတောင်ထဲ ကိုယ့်ကျောင်းအတွင်းမှာသာ ရွတ်ကြခြင်း ဖြစ်သည်။ ကြည်နူးဖွယ်ရာပင် ဖြစ်သည်။ ကျွန်တှောသည် အများအမြင်တွင် တိတဿထိ ဖြစ်ကောင်းဖြစ်မည်။ သို့သှော အေးချမ်းသော တရားဓမဿမအသံကို ကြည်နူးစွာ ခံစားရမည့်အစား လှောစပီကာ တရားသံကို နေ့ညမပြတ် ခံစားရသောအခါ ကျွန်တှော့စိတ်သည် ဒေါသမောဟ မာန်မာနများသာ ပို၍ပို၍ တိုးလာတော့သည်။ တစ်နေ့နေ့တွင်တော့ ထိုလှောစပီကာ အသံမစဲအစား တိုးတိတ်ငြင်သာစွာ ရွတ်ဖတ်နေသော ပဋဿဌာန်းတရားတှောမြတ်ကို ကြည်နူးစွာ နာကြားခွင့် ရပါစေဟု ဆုတောင်းနေမိ ပါတော့သည်။

တတိယအသံမှာ အလှူခံမဏဿဍာပ်မှ ဖြစ်သည်။ ဖြတ်သွားသမျှ ကားတိုင်းကို အလှူခံသည်။ လှူသောအခါ ဆုတွေပေးမည်။ သူများဆိုင်က အလှူခံဌာနအတွက် မုန့်တွေလာလှူသောအခါ ထိုဆိုင်ကို ချီးမွန်းခန်း ဖွင့်ခြင်းများလည်း ပါသည်။ ဇာတ်နိပါတ်တှောတွေကိုလည်း ဆွဲကာငင်ကာ ဟောပြောနေသေးသည်။ ကျွန်တှောသည် အှောကာအှောကာ ငိုပစ်ချင်တော့သည်။

အဖ်အမ်အိုင် ဥယျာဉ်ထဲက သစ်ခွဥယျာဉ်ထဲတွင်သာဆိုလျှင် ဒါမျိုးတွေ ကြုံရမှာ မဟုတ်ဟု တွေးမိသည်။ ထိုနေရာတွင်သာ အိမ်လေး တစ်လုံးလောက် ရှိလိုက်လျှင် ကျွန်တှော့မှာလည်း အလကားနေရင်း အကုသိုလ်တွေ တိုးလာမည် မဟုတ်တော့။ သို့သှော ထိုအိမ်ဝယ်နိုင်ဖို့ ငွေအင်အားဆိုတာ အိပ်မက်မှာပင် မရှိ။ ထို့ကြောင့် လူသည် ပိုက်ဆံမရှိသောအခါ အကုသိုလ်တရား ပိုပို တိုးပွားလာလေသလားဟုပင် သံသယ ဖြစ်လာပါတော့သည်။ လှောစပီကာသံများ ဆိတ်သုဉ်းပါစေ။

No response to “Me, Myanmar and Loud-Speaker”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz