Monday, June 11, 2007

Master! Khin Maung Yin

Master! Khin Maung Yin

ဆရာကြီး ခင်မောင်ရင်နှင့် ကျွန်တှော



ဇွန်လ ၉ရက်၊ ၂၀၀၇


အနှစ်နှစ်ကာလ လုပ်ချင်ခဲ့သော ကျွန်တှော့ဆနဿဒတစ်ခု ပြည့်ခဲ့သည်။ နှစ်ပေါင်းများစွာ ကတည်းက တွေ့ဖူးမြင်ဖူး ရောက်ဖူးချင်ခဲ့ သှောလည်း အကြောင်းကြောင်းသော အကြောင်းတွေကြောင့် မရောက်ဖြစ်ခဲ့သော ဆရာကြီး ဦးခင်မောင်ရင်ဆီသို့ အရောက်သွားခဲ့သည်။

ကျွန်တှောတို့ရောက်တော့ ဆရာကြီး ခင်မောင်ရင် က ကုလားထိုင်တစ်ခုမှာ ထိုင်နေရင်းက ထကာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည်။ သူ့ထံသို့ လာသူများကို ထိုသို့ပင် ကြိုဆိုတတ်ကြောင်း ကျွန်တှော သိထားပါသည်။ ဆရာကြီး၏ အခန်းတစ်ဝိုက်တွင် ဘက်ခ်ျ၏ ပီယာနိုသံက ပျံ့လွင့်နေသည်။ ထို့နောက် ဆရာကြီးနှင့် ကျွန်တှော စကားစမြည် ပြောဖြစ်သည်။ ဆရာကြီး၏ ပန်းချီကားများအကြောင်း၊ ရုပ်ရှင်ကားအကြောင်း၊ အနောက်တိုင်း အနုပညာများအကြောင်း၊ မြန်မာ ပညာရှင်များအကြောင်း အစုံပင်။ ကျွန်တှောသည် ထိုဘာသာရပ်များကို အပတ်တကုတ် ဆည်းပူးခဲ့ဖူးသောကြောင့် သူပြောလိုသောအရာ၊ သူ့စိတ်ခံစားမှု၊ အနုပညာ ဆိုလိုရင်းများကို နားလည်နိုင်ပါသည်။

ဆရာကြီးရဲ့ ပန်းချီကားတစ်ချို့မှာ မွန်ဒရီယန်၊ ဂိုဂန်၊ မိုဒီဂလျာနီ တို့ကို တွေ့ရပါတယ်

အရမ်းကြိုက်တာကိုး။ ငယ်ငယ်တုန်းကဆို ကိုယ့်ကိုကိုယ် မိုဒီဆိုပြီးကို လုပ်ခဲ့တာ။ မွန်ဒရီယန်လည်း အရမ်းကြိုက်တာ ကိုယ်က အာခီတက်ခ် ဆိုတော့။ သူတို့ရဲ့ လွှမ်းမိုးမှုတွေ မရှိဘဲ ဘယ်နေပါ့မလဲ။ သူတို့ပုံစံအတိုင်းကို လိုက်ရေးထားတာတွေ ရှိဖူးတယ် (ထိုသို့ပြောပြီး သူ့ပန်းချီကားများကို ဒါက ဘယ်သူ့ပုံစံ၊ ဒါက ဘယ်သူ့နည်းစနစ် စသည်ဖြင့် ပြပါတယ်။ ဆရာကြီးကို အလွန်လေးစား သွားမိတယ်။ ကျွန်တှော တွေ့ချင်မိသော ရိုးရှင်းသော စိတ်ဓါတ်ကို ဆရာကြီးထံတွင် တွေ့ရသည်။ သူနှစ်သက်သော၊ လေးစားသော ပညာရှင်များ၏ လွှမ်းမိုးမှုကို ခံယူရင်း ဆွဲခဲ့ဖူးကြောင်း ပွင့်ပွင့်လင်းလင်း ပြောရဲသောကြောင့် ဖြစ်သည်။

ဆရာကြီးရဲ့ နှမလက်လျော့ကားကို ကျွန်တှော မကြည့်ဖူးခဲ့ပါဘူး။ ဒါပေမယ့် ဆရာကြီး ဦးမိုးသူ ရေးတဲ့ ဆောင်းပါးကြောင့် ဒီကားအကြောင်း သိခဲ့ရပါတယ်။ အဲဒီအချိန်က ကျွန်တှောက စကဿငာပူမှာ ဗွီဒီယိုအတ်ကို သင်ယူနေချိန်ပါ။ ဆာဗေးဒိုးလ် ဒါလီရိုက်တဲ့ ကားတွေ ကြည့်ရှုမိချိန်မှာ နှမလက်လျော့ကားမှာ ဆရာကြီး ပြောချင် ပြချင်တဲ့ အဓိကအရာကို သိလိုက်ရပါတယ်။ ဆရာ့ကို အလွန်လေးစား သွားမိပါတယ်။ အာရှဘက်မှာ ဒီလိုကားဟာ တှောတှောရှားတယ်၊ ဂျပန်က ကူရိုဆားဝါးတို့ကို ယှဉ်နိုင်တယ်လို့ ကျွန်တှော ယုံကြည်မိပါတယ်။ ဒါပေမယ့် ဒီကားမအောင်မြင်ရတဲ့ အကြောင်းလေး ပြောပြပါဦးခင်ဗျာ။

အမှန်တော့ ကိုယ်က ဓါတ်ပုံရိုက်ချင်တာ။ (ဆရာကြီး ပြောချင်သော အရာမှာ စကားများ၊ အမူအရာများ များစွာ မပါဝင်ဘဲ လူတို့၏ အတွင်းစိတ်ကို လှုပ်ရှားစေသော နည်းဖြစ်သည်။ ထိုအနုပညာ အကြောင်းကို အကြမ်းသိလိုလျှင် ထိုနေရာသို့ သွားပါ)။ ဒီကသရုပ်ဆောင်တွေက လှုပ်ချင်တယ်။ ပရိသတ်ကလည်း လှုပ်မှ စကားတွေ အများကြီးပြောမှ ကြိုက်ကြတယ်။ ပြီးတော့ ကိုယ်လိုချင်တဲ့ အမူအရာ အနေအထားကို ရဖို့ ငွေပေးရတယ်။ ငွေနဲ့ဆက်နေတယ်။ ဒါကြောင့် ကိုယ်စိတ်ပျက်သွားတယ်။ ကိုယ်ပြောချင်တဲ့ အရာကို သူတို့ နားမလည်ဘူး။ ဒါကြောင့် ဒီအလုပ်ကို လုံးဝစွန့်လွှတ် ပစ်လိုက်တယ်။

အဲဒီဇာတ်ကားဟာ ထိန်းသိမ်းထားပြီး အမြတ်တနိုး ပြသသင့်တဲ့ ကားပါဆရာ။ အခုအချိန်မှာသာ ပြနိုင်မယ်ဆိုရင် အနောက်တိုင်းသားတွေ အရမ်းအံ့ဩသွားလိမ့်မယ် ထင်ပါတယ် ခင်ဗျား။ ကျွန်တှောတို့ဆီမှာ ဒီလို ကားမျိုး ရှိခဲ့တယ်ဆိုတာ။

အင်း အဲဒီဇာတ်ကားကို ဖလင်ပြန်ဆေးဖို့ ပြောကြသေးတယ်။ ကိုယ်ကလည်း ငွေမတတ်နိုင်တော့ဘူး။ ဗြိတိသျှဘားမားက ကိုနေဝင်းတို့ကို အားလုံးလွှဲထားလိုက်တာ ကြာပြီပဲ။ ဇာတ်ကားက ရှုံးပေမယ့် ကိုယ့်အနေနဲ့ကတော့ မြတ်ပါတယ်။ အဲဒီကရတဲ့ ငွေနဲ့ ကိုယ်တို့သူငယ်ချင်းတွေ တစ်နှစ်လောက် ကောင်းကောင်း စားသောက်နိုင်ခဲ့တယ်။ (ထိုသို့ပြောရင်း ဆရာကြီးက ဟက်ဟက်ပက်ပက် ရယ်မောပါသည်)

ဆရာကြီးခင်ဗျား ကျွန်တှော့အနေနဲ့ အခုမြန်မာတွေ ရေးနေကြတဲ့ အနုပညာ အယူအဆတွေ နည်းစနစ်တွေ အကြောင်းကို ဘယ်လိုဖတ်ဖတ် နားကို မလည်နိုင်ဘူး ဖြစ်နေပါတယ်။ သူတို့က အနုပညာနဲ့ဆိုင်တဲ့ စကားလုံးတွေကို မြန်မာမှုတွေ ပြုပစ်ကြပါတယ်။ ပြီးတော့ ပန်းချီဆွဲဖူးသူ မဟုတ်ရင် ပန်းချီအနုပညာကို ထဲထဲဝင်ဝင် ခံစားရေးလို့ ရပါ့မလားလို့ ကျွန်တှော သံသယ ဖြစ်မိပါတယ်။ အယူအဆ ခံစားချက် သက်သက်သာ ဖြစ်နေလိမ့်မယ်လို့ ထင်မိပါတယ်ခင်ဗျာ။ တချို့သူတွေရေးတဲ့ ဟာတွေကို ဘယ်လိုမှ ခံစားနားလည်လို့ မရဘူး ဖြစ်နေပါတယ်။ ကျွန်တှော့အနေနဲ့ အဂဿငလိပ်စာကို အရမ်း မကျွမ်းကျင်ပေမယ့် အဲဒါတွေကို အဂဿငလိပ်လို ရေးထားတာ ဖတ်လိုက်ရရင် ရှင်းခနဲ ထင်းခနဲ နားလည် သဘောပေါက်သွားမိပါတယ်။

ကိုယ်လည်း ဇှောဇှောအောင် ရေးတာတွေ ဖတ်ကြည့်တိုင်း နားမလည်ဘူးဟ။ အမှန်က အဲဒီစကားတွေကို ကိုယ်သိပေမယ့် မြန်မာလို အဓိပဿပာယ် ပြန်လိုက်တော့ ဘာကြီးပါလိမ့်ဆိုပြီး ဖြစ်ဖြစ်သွားတယ်။ ဒါတွေကို မြန်မာပြန်တာ မကောင်းဘူး။ သူ့ဘာသာ ထားလိုက်တာ ကောင်းတယ်။ ကိုယ်တိုင် မရေးဖူးရင်လည်း ဘယ်လိုလုပ် ထဲထဲဝင်ဝင် နားလည်နိုင်ပါ့မလဲ။ ဒါကြောင့် ခင်ဗျားဒါတွေသိလားမေးရင် မသိဘူးလို့ ပြောလိုက်တယ်။

ဆရာလက်ရှိဆွဲနေတဲ့ ကားတွေအကြောင်း ပြောပြပါဦးခင်ဗျာ

မမြင်ဘူးသေးတဲ့ အရာတွေ ဆွဲနေတယ်။ တစ်ခုခုနဲ့ တူသွားမှာ အရမ်းကြောက်တယ်။ ဟိုနေ့က တစ်ယောက်ကလာပြီး ခင်ဗျား ပန်းချီကားက လှလိုက်တာဗျာ။ အရောင်တွေကလည်း ကောင်းဆိုပြီးမှ ဪနိုင်ငံခြားဆေးနဲ့ ဆွဲတာကိုးလို့ ပြောတယ်။ သေရော။ ဟားဟား။ ဒါကြောင့် နောက်ပိုင်း ပန်းချီကားတွေ ကောင်းလိုက်တာ ပြောလာရင် နိုင်ငံခြားဆေး သုံးတာကိုးလို့ ပြန်ပြောလိုက်တယ်။ ။ (ဆရာကြီးသည် ၂၄နာရီလုံး စာဖတ်လိုက် ပန်းချီဆွဲလိုက် သီချင်းနားထောင်လိုက်ဖြင့် နေထိုင်သူ ဖြစ်သည်။ ဂီတသံများသာ ဆရာကြီး၏ စိတ်ကို လှုံ့ဆှောသော အရာဖြစ်သည်။ ထို့ကြောင့် ဆရာကြီး၏ ပန်းချီကားများကို လေ့လာလျှင် ဆရာကြီး နားထောင်သော ဂီတအကြောင်းကိုလည်း နားလည်ဖို့ လိုပါလိမ့်မည်)

ဆရာပှေါဦးသက်အကြောင်း ဆရာရေးထားတာတွေ ဖတ်ရပါတယ်။

ပှေါဦးသက်က ပန်းချီရေးတယ်။ သူ့ကားတွေက အခုဆို သိန်းလေးငါးရာ ဖြစ်နေပြီလို့ ပြောတယ်။ ကိုယ့်မှာ အရင်က သူ့ပန်းချီကားတွေ ရှိတာပေါ့။ လိုချင်ရင် ယူယူထားလိုက်တယ်။ အချင်းချင်းမို့ ပြောနေစရာတောင် မလိုဘူး။ အထင်လည်း မကြီးဘူး။ ၂၅ဝလောက်ရရင် ရောင်းစားပစ်လိုက်ရော။ သူက ညာလက် ဗုံးထိလို့ ပြတ်သွားတော့ ဗယ်လက်နဲ့ ပန်းချီဆွဲခဲ့တာ သိပ်တှောတယ်။ (ဆရာကြီး ဆိုလိုသော အထင်မကြီးဘူးဆိုသည်မှာ သူငယ်ချင်း အချင်းချင်းမို့ ပြောသော စကားသာ ဖြစ်သည်။ ဆရာပှေါဦးသက်ကို ဆရာကြီး ဘယ်လောက် ချစ်ကြောင်း၊ လေးစားကြောင်း သူ့စာများတွင် တွေ့နိုင်သည်)

ဆရာကြီးကားတွေလည်း အခုဆို သိန်းပေါင်းများစွာ တန်ပါတယ်ခင်ဗျာ။ ဆရာကားတွေ အများကြီး ဆွဲခဲ့တာပဲ။ ပိုက်ဆံတွေ ကုန်ပြီလားဆရာ (သက်သက်မေးသော မေးခွန်းဖြစ်သည်)

ဟေဟုတ်လား။ ကိုယ့်ဆီလာပြီး ယူချင်တဲ့သူက ယူတာပဲ။ ပိုက်ဆံပေးချင်တဲ့သူက ပေးတာပဲ။ မပေးချင်တဲ့ သူကလည်း မပေးဘူး။ တစ်ချို့လည်း ဒီလောက်တောင်းပေမယ့် ဒီလောက်ပဲ ပေးမယ်ဆိုပြီး ပေးချင်သလောက် ပေးကြတာပဲ။ ကိုယ်ကတော့ ပန်းချီဆွဲနေရရင် ပြီးတာပဲ။ ပြပွဲလုပ်ပေးမယ်ဆိုပြီး ကားနှစ်ဆယ် သုံးဆယ် ယူသွားကြတယ်။ ပြပွဲလည်း ဖြစ်မလာဘူး။ ပန်းချီကားတွေလည်း ပြန်ရောက်မလာတော့ဘူး။ မပြောချင် တော့ပါဘူး။ သူတို့ လိုချင်တဲ့အချိန် ရောက်လာတာပဲ။ ပြီးရင် လိုချင်တဲ့ကားတွေ ကောက်ယူသွားကြတာပဲ။ ပေးချင်သလောက် ပေးသွားကြတာပဲ။ မပေးချင်လည်း မပေးဘူး။ (ထိုသို့ပြောပြီး ဆရာကြီးက တစ်ယောက်ချင်းဆီ အကြောင်း ပြောပြပါသည်။ အချို့သူများမှာ နာမည်ကြီး အနုပညာရှင်များ ဖြစ်သောကြောင့် ချန်လှပ်ထားခဲ့ပါသည်)

ဆရာကြီးကို ထိုကဲ့သို့ ဆက်ဆံကြသည်ကို ကျွန်တှော လွန်စွာမှ စိတ်မကောင်း ဖြစ်ရပါသည်။ သူတို့အနေဖြင့် ဆရာကြီး၏ ပန်းချီကားများကို ရောင်းချပြီး သိန်းပေါင်းများစွာ ရရှိနေချိန်တွင် ဆရာကြီးကျေးဇူးကို သိတတ်ကြဖို့ ကောင်းပါသည်။ ဆရာကြီးက ဘာမှ မလိုအပ်ဘူးဟု ပြောနေသှောလည်း ဆရာကြီးတွင် လိုအပ်ချက်များစွာ ရှိနေကြောင်း သူတို့ သိဖို့ကောင်းသည်။ ဆရာကြီး ယခင်က နေထိုင်ခဲ့သောအိမ်မှာ တဲသာသာသာ ဖြစ်သည်။ ဆရာကြီး၏ အမေရိကန်မှ တပည့်တစ်ယောက်က အတင်းဆောက်ပေးသွားသောကြောင့်သာ ယခုလို အိမ်ပီပီသသ ဖြစ်လာသည်မှာ သိပ်မကြာလှသေးဟု သိရပါသည်။ ဆရာကြီးသည် မြန်မာပြည်တွင် ရှာမှရှားသော အနုပညာရှင် စစ်စစ်တစ်ယောက်ဖြစ်သည်။ ဆရာကြီးဆွဲခဲ့သော ပန်းချီကားပေါင်းမှာ ထောင်ချီရှိနေသှောလည်း မြန်မာပြည်တွင် သိပ်မရှိလှတော့။ (နေမျိုးဆေးထံတွင် ဆရာကြီး၏ကားများ ၃ဝဝခန့် ရှိသည်ဟု သိရသည်)။ ဆရာကြီး၏ ပန်းချီကားများကို ထိန်းသိမ်းထားသင့်ပါသည်။ ထို့အတူ ဆရာကြီးကိုလည်း လေးလေးစားစား ရှိသင့်ပါသည်။ ပညာကို တန်ဖိုးထားသင့်ပါသည်။ တတ်နိုင်သူများအနေဖြင့် သူခိုးဈေးဖြင့် ပုတ်ပြတ် မဝယ်သင့်ပါ။ ကျွန်တှောသည် ဆရာကြီး ကွယ်လွန်သွားမည်ကို စိုးရိမ်နေမိသည်။ ဆရာကြီး၏ အတဿထုပဿပတဿတိကျမ်းပြုသူ တစ်ယောက်က ဆရာကြီးသည် ပိုက်ဆံစကား ပြောတတ်သူမဟုတ်ကြောင်း၊ ထို့ကြောင့် သူ့ထံလာသူ အများစုမှာ ဆရာကြီးထံမှ ပန်းချီကားများကို အချောင်သာသာဖြင့် ယူသွားတတ်ကြကြောင်း ဝမ်းနည်းစွာ ပြောပြပါသည်။ ကျွန်တှောသည် ဆရာမြို့မငြိမ်း မသေခင်က သူ့သမီးကို ပြောခဲ့သော သူတို့က အဖေ့ခေါင်းကိုသာ လိုချင်ကြတာ ဆိုသော စကားတစ်ခွန်းကိုသာ အမှတ်ရနေမိပါတော့သည်။


One response to “Master! Khin Maung Yin”

ိထွန်းထွန်း said...

ကို ညီ လင်းဆက်

ဒီ အင်တာဗျုးအ တွက် ကျေးဇူး ပါ

ဆရာကြီး ရဲ့  ပန်း ချီ ကား တွေ ကို လည်း ကြည့် ချင်။
ဆရာကြီးကို လည်း ကိုယ် တိုင် တွေ့  ဘူး ချင် လို့  ဆရာကြီး ကို ဘယ် မှာ တွေ့  လို့  ရ မ လဲ လို့  နတ် လမ်း ညွန် ပေးပါ

ပန်း ချီကား ကို သူ ခိုး ဈေး နဲ့  လည်း မ ၀ယ် ဘူး အ ချောင် လည်း မ နှိုက် ဘူး လို့  က တိ ပေး ပါ တယ်

ပြီးတော့ ကျွန်တော့ ချစ်သူ ရဲ့ ပုံ တူ ပန်း ချီ ဆွဲ ချင် လို့ ဘယ် ပန်း ချီ ဆရာ ဆီ မှာ အကူ အညီတောင်းရ မလဲ
ဆိုတာပါ နတ်လမ်းညွန်ပေး ပါ
ဆရာကြီး ဦးခင်မောင်ရင် ကော ပုံ တူ ပန်း ချီ ဆွဲပေးပါ သလား
ဆွဲပေးရင် ဆရာကြီး ဆီပဲသွား အကူအညီတောင်းတော့ မယ်။
ကျွန်တော် အချောင် မ နှိုက်ပါ ဘူး
ကတိပေးပါ တယ်

ဲိထွန်းထွန်း

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz