Tuesday, June 5, 2007

How to retouch your photo for good looking

How to retouch your photo for good looking




ပြင်ဆင်ချင်သော မူရင်းပုံကို ဖိုတိုရှော့(ပ်)တွင် ဖွင့်ပါ။

အဆင့် ၁ ။ မူရင်းပုံကို နောက်လေယာ တစ်ခုတွင် ကူးပြီး Healing Brush ကိုအသုံးပြုကာ မလိုချင်သော အမှတ်များ၊ ဝက်ခြံများ၊ အမာရွတ်များ၊ မှဲ့ များကို ဖျက်ပါ။

အဆင့် ၂ ။ အဆင့်၁မှ လေယာကို နောက်တစ်လေယာတွင် ကူးယူပြီး Curve(Clt+M) ကိုအသုံးပြုကာ အလင်းအမှောင် အနည်းငယ်တိုးပေးပါ။

အဆင့် ၃ ။ အဆင့်၂မှ အလင်းအမှောင်တင်ပြီး ပုံကို နောက်တစ်လေယာတွင် ကူးယူပြီး Surface Blur အနည်းငယ် ပေးရပါမည်။

အဆင့် ၄ ။ ထို့နောက် Image>mode>Lab Color ကိုရွေးချယ်ပါ။ (Flatten မလုပ်ပါနှင့်)

အဆင့် ၅ ။ Layer Palette တွင် Layer ကိုရွေးချယ်ထားရာမှ Channel ကိုသွားပါ။ ထို့နောက် Lightness ဆိုသောလေယာ တစ်ခုတည်းကို ရွေးပြီး Clt+Click လုပ်ပေးပါ။ Selection ပှေါလာလျှင် Clt+C ကှောပီလုပ်ပါ။
ပြီးလျှင် Channel မှ Layer သို့ ပြန်သွားပါ။ လေယာအသစ်တစ်ခုကို ဖန်တီးပြီး အခုန ကှောပီလုပ်ထားသော လေယာကို Paste လုပ်ပေးရမည်။ ထိုအခါ လင်းပြီး ဝါးတားတား ဖြစ်နေသော ပုံကို မြင်ရမည် ဖြစ်သည်။

အဆင့် ၆ ။ အဆင့်၃မှ Surface Blur ပေးထားသော လေယာကို ခဏဖျောက်ထားပါ။

အဆင့် ၇ ။ အဆင့်၂ လေယာကို နောက်လေယာ အသစ်တစ်ခုတွင် ကူးယူပါ။ အဆိုပါလေယာကို အဆင့်၅လေယာ၏ အောက်တွင် ထားပေးရမည် ဖြစ်သည်။ ထို့နောက် Filter>Others>High Pass ကိုရွေးချယ်ပါ။ ထိုအရာကို ရွေးချယ်သောအခါ သင်လိုချင်သော ပုံ၏ ကောက်ကြောင်းများ ပှေါလာသည်အထိ တန်ဖိုးဂဏန်းများ ပြောင်းလဲပေးရမည်။ အဆိုပါလေယာ၏ Blending Mode ကို Overlay တွင်ထားပေးသောအခါ အနားသတ်လိုင်းများ ပြန်လည် ထင်ရှားလာသည်ကို တွေ့ရမည် ဖြစ်သည်။ ပုံ၅နှင့်ရကို နှိုင်းယှဉ်ကြည့်ပါ။

အဆင့် ၈ ။ လေယာအားလုံးကို Flatten လုပ်ပါ။ ရလာသောလေယာကို Level အနည်းငယ် တင်ပါ။ Burn နှင့် Dodge Tools များ အသုံးပြုပြီး လိုအပ်သလို ပြင်ဆင်ပါ။ ပုံ ဂနှင့်ရကို နှိုင်းယှဉ်ကြည့်ပါ။

အဆင့် ၉ ။ အဆင့်ဂမှ လေယာကို နောက်တစ်လေယာတွင် ကူးယူပြီး အဖြူအမည်းအဖြစ် ပြောင်းလဲပါ။ (Clt+Shift+U) ထိုလေယာ၏ Blending Mode ကို Luminosity သို့ပြောင်းပြီး Opacity ကို ၄၀ လောက်အထိ လျှော့ချပါ။ ထိုအခါ ပုံရှိ အရောင်ရင့် နေရာများ ပိုအားကောင်း ပြတ်သားလာသည်ကို တွေ့ရမည်။ (မှတ်ချက်။ ထိုအဆင့်တွင် အသားရောင်လည်း အနည်းငယ် အဖြူအမည်းဆန်ဆန် ပြောင်းလဲသွားမည် ဖြစ်သည်။ မဖြစ်စေလိုပါက အဆိုပါ အဆင့်ကို ပြုလုပ်ရန် မလိုအပ်ပါ။ သို့ရာတွင် ထိုအဆင့်ကို ပြုလုပ်ပြီး Masking နည်းဖြင့် အသားနေရာများကို ချန်လှပ်ထားခြင်းက ပိုမိုကောင်းမွန်ပါသည်)

အဆင့် ၁၀။ လေယာအားလုံးကို နောက်တစ်ခါ Flatten လုပ်ပါ။ ရလာသော လေယာအပှေါတွင် အလိုရှိပါက Filter>Render>Lens Flare effect ကို အသုံးပြုပြီး လိုအပ်သလို ဖန်တီးယူနိုင်ပါသည်။


Here is Stey by Step photo rendering (393Kb)

Caution:

for personal use only
not allow to redistribute on any type of media
model : aps
photo : nls

No response to “How to retouch your photo for good looking”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz