How do we make natural leaf to creative leaf

ကိုယ်လိုချင်သော သစ်ရွက်ကို ပထမ ရယူပါ။
ကျွန်တှော ယူထားသော သစ်ရွက်မှာ အလင်းအမှောင် တူနေသောကြောင့် အလင်းအမှောင် ပေးပါသည်။ သစ်ရွက်ကို လိုအပ်သလို နေရာပြင်ပါ။
သစ်ရွက်သီးသန့်ကို ဖြတ်ထုတ်ပြီး ပထအဆင့် အရွက်လေးရွက် ဆက်သည်။ ထိုလေးရွက်ကို လေယာတစ်ခုအဖြစ် ပေါင်းသည်။
ပထမပေါင်းထားသော အရွက်လေးရွက် လေယာကို နောက်ထပ် တစ်လေယာတွင် ထပ်ပွားယူပြီး ၄၅ဒီဂရီ နေရာလှည့်သည်။ အဆင့်၎ ပုံကို ကြည့်ပါ။
ဖန်တီးထားသော သစ်ရွက်လေယာ နှစ်ခုစလုံးကို Blending Mode Pinlight ထားပေးရမည်။ ထိုအခါ အဆင့်၅ ပုံကဲ့သို့ ဖြစ်သွားသည်ကို မြင်ရမည် ဖြစ်သည်။
ထိုအဆင့်တွင် Clt+U ကိုအသုံးပြုပြီး ကာလာများ ပြောင်းနိုင်ပါသေးသည်။ နှစ်သက်လျှင်လည်း ထိုအဆင့်မှာပင် ရပ်လို့ရသည်။ ပုံ၆ကို ကြည့်ပါ။ ယခုပုံတွင်တော့ အနည်းငယ် ထပ်ဖြည့်ထားသည်။
သစ်ရွက်လေယာ နှစ်ခုကို Selection လုပ်ပြီး ၎င်းလေယာ နှစ်ခု၏ အောက်ခြေတွင် အနီရောင်လေယာ တစ်ခုကို ဖန်တီးလိုက်သောအခါ ပုံရကဲ့သို့ ရလာမည် ဖြစ်သည်။
နောက်ဆုံးအဆင့်မှာ ထိုသစ်ရွက်လေယာ နှစ်ခုနှင့် အနီရောင်လေယာတို့ကို ပေါင်းလိုက်ပါသည်။ ပြီးလျှင် Blending လုပ်ပြီး အရိပ်အနည်းငယ်ချပေး လိုက်လျှင် ပုံဂကဲ့သို့ လိုချင်သောပုံကို ရလာမည် ဖြစ်ပါသည်။ အခြားသော အရောင်များကို လိုချင်လျှင် ထိုလေယာကို Clt+U အသုံးပြုပြီး ပြောင်းလဲနိုင်ပါသည်။
Here to download Step by Step creation (500x3837)

No response to “How do we make natural leaf to creative leaf”
Post a Comment
Trackbacks
Leave a trackback