Thursday, June 28, 2007

Book Review - ဘုံဘဝမှာဖြင့် ထက်ကြပ်မကွာ

စာအုပ်အညွှန်း

ဘုံဘဝမှာဖြင့် ထက်ကြပ်မကွာ

သခင်တင်မြ
သီဟရတနာစာပေ
ပထမအကြိမ်၊ မတ်လ ၂၀၀၇
စာမူခွင့်ပြု ၃၁၀၀၀ ၂၀၁၀၇
အုပ်ရေ ၁၀၀၀
တန်ဖိုး ၂ဂဝဝကျပ်


ဤစာအုပ်သည် သခင်တင်မြ၏ ကျှောကြားလှသော ဘုံဘဝမှာဖြင့် စာအုပ်၏ အဆက်ဟု ဆိုထားသည်။ သခင်တင်မြသည် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် အနီးကပ် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ အလံနီခေါင်းဆောင် သခင်စိုး၏ လက်ရင်း တပည့် တစ်ဦးလည်း ဖြစ်သည်။ ဘုံဘဝမှာဖြင့်ကို သခင်တင်မြသည် ၁၉၆၂ ခုနှစ်တွင် ရေးသားခဲ့ပြီး ယခုစာအုပ်ကိုမူ ၂၀၀၄ ခုနှစ်နောက်ပိုင်းတွင်မှ ရေးသားခဲ့သည်ဟု တွေ့ရပါသည်။ ဘုံဘဝမှာဖြင့် စာအုပ်မှာ သခင်တင်မြ၏ ကိုယ်တွေ့ အကြောင်းအရာများကို ရီတိုလ်ပုံစံ ရေးသားထားသောကြောင့် ဖတ်ရသည်မှာ အလွန်ကောင်းလှသည်။ ယင်းစာအုပ်သည် နိုင်ငံရေး စာပေလောကတွင် ထင်ရှားသော စာအုပ်တစ်အုပ် ဖြစ်သည်။ ယခုစာအုပ်ကိုတော့ ဘုံဘဝ၏ အဆက်ဟု ဆိုသောကြောင့် စိတ်ဝင်စားခြင်း များစွာဖြင့် ဝယ်ဖတ်ဖြစ်ခဲ့သည်။

ဘုံဘဝမှာဖြင့် ထက်ကြပ်မကွာ ရေးသားချိန်ကို ဆန်းစစ်လိုက်လျှင် သခင်တင်မြ၏ အသက်ဂဝပိုင်းသို့ ရောက်နေပြီကို တွေ့ရမည်။ ပထမစာအုပ်ကို ရေးသားစဉ်က အသက် ၃ဂနှစ်ခန့်သာ ရှိသေးသောကြောင့် ထိုစာအုပ်မှာ အားမာန် အပြည့်ပါသည်။ ဇာတ်ကြောင်းတွေကလည်း ခိုင်ခန့်သည်။ ယခုစာအုပ်တွင်တော့ ဇာတ်ကြောင်းများမှာ မခိုင်မာတော့။ ပိုဆိုးသည်မှာ ထိုစာအုပ်ကို သခင်တင်မြက သူ့နေရာမှ မရေးဘဲ သူ့ဇနီး နေရာမှ ရေးသားထားခြင်းကြောင့် ဖြစ်သည်။ သူထောင်ထဲ ရောက်နေစဉ်ကာလက သူ့ဇနီး ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ရေးသားခြင်းဖြစ်သည်။ အကယ်၍သာ သူ့ဇနီးနေရာမှ မရေးသားဘဲ သူ့နေရာမှသာ Narrator သဘောမျိုး ရေးသားမည်ဆိုလျှင် ယခုစာအုပ်မှာ ပိုမိုဖတ်ရှု၍ ကောင်းမည်ဟု ထင်မိသည်။ သူဘယ်လောက် ချောမောခန့်ညားပုံ၊ မိန်းခလေးများ နှစ်သက်ကြပုံ စသည်တို့ကို သူကရေးပြီး သူ့ဇနီးနေရာမှ ဖတ်ကြရသောအခါ စာရေးသူသည် မိမိကိုယ်မိမိ အမွှန်းတင်လွန်းသလို ခံစားရလေသည်။ ဘုံဘဝမှာဖြင့်ကို အထူးတလည် ဖတ်ထားမိသောကြောင့်လည်း ဖြစ်နိုင်သည်။

ယခုစာအုပ်မှာ စာမျက်နှာ ၂ရဝခန့် ရှိသည်။ စာရွက်သားကောင်းသည်။ သခင်စိုး၊ သခင်သန်းထွန်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ လမ်းခွဲကြပုံများအကြောင်း ပါသည်။ ဘုံဘဝမှာဖြင့်သည် ၁၉၄၅ခု ဩဂုတ်လ ၁၉ရက်နေ့တွင် အဆုံးသတ်သွားသည်။ ယခုစာအုပ်တွင်တော့ ၁၉၆၂ ဇန်နဝါရီ ၂၁ရက်နေ့မှာ အဆုံးသတ်သွားခဲ့သည်။ သခင်တင်မြနှင့် သူ့ဇနီး စတင်တွေ့ကြချိန် ၁၉၃၉ ဧပြီလလောက်မှ ၁၉၆၂ ဇန်နဝါရီ ၂၁ရက်ကြားက ၂၃နှစ်ကြာ နိုင်ငံရေး အတွေ့အကြုံများဟု ယေဘုယျ ဆိုနိုင်သည်။ စာမျက်နှာများ၏ အောက်ခြေတွင် မှတ်စုများ ပါသောကြောင့် မှတ်သားရ လွယ်ကူစေသည်။ သို့ရာတွင် နောက်ဆုံး၌ အကဿခရာဝလိစဉ် မပါသည်ကတော့ အားနည်းချက် ဖြစ်သည်။

အချုပ်ဆိုရလျှင် ကျွန်တှော့ အနေဖြင့်မူ ဤစာအုပ်ကို ဘုံဘဝမှာဖြင့်လောက် မနှစ်သက်မိပါ။ ယခင်စာအုပ်တွင် မပါသော မှတ်သားစရာ အချို့ ဖြည့်စွက် ပါလာသှောလည်း အများစုမှာ ယခင်စာအုပ်မှာ ဖတ်ရှုခဲ့ရပြီးများ ဖြစ်သည်။ သကဿကရာဇ်များ၊ အဖြစ်အပျက်များ၊ အမည်များကို တိတိကျကျ ရေးထားသောကြောင့် သခင်တင်မြသည် နေ့စဉ်မှတ်တမ်း ရှိသူတစ်ယောက်ဟု ထင်မိသည်။ နိုင်ငံရေး စိတ်ဝင်စားသူများ နိုင်ငံရေး သမိုင်း လေ့လာချင်သူများ အနေနှင့်မူ ဝယ်ယူသင့်သော စာအုပ်ဖြစ်သှောလည်း သာမန်ဖတ်ရှုရန် အတွက်မူ တန်ဖိုး အနည်းငယ် မြင့်သောကြောင့် ချင့်ချိန် ဝယ်ယူသင့်သော စာအုပ်တစ်အုပ်ဟု ဆိုချင်ပါသည်။

ပူးတွဲဖတ်ရှုသင့်သော စာအုပ်များ

ဘုံဘမှာဖြင့် သခင်တင်မြ
အရှေ့ကနေဝန်းထွက်သည့်ပမာ သိန်းဖေမြင့်
ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများ စာပေဗိမာန်
တာတေစနေသား ဦးနု
သခင်သန်းထွန်းနောက်ဆုံးနေ့များ

No response to “Book Review - ဘုံဘဝမှာဖြင့် ထက်ကြပ်မကွာ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz