Wednesday, June 20, 2007

ကိုးကွယ်ရာအပင်နှင့်ပုံပြင်

စာအုပ်အညွှန်း

ကိုးကွယ်ရာအပင်နှင့်ပုံပြင်
ဒေါက်တာသန်းထွန်း
ပညာရွှေတောင်စာအုပ်တိုက်
ပအကြိမ်၊ ၂၀၀၃
စာမူခွင့်ပြု ၁၁၆၇/ ၂၀၀၂ (၁၂)
တန်ဖိုး ၄ဝဝကျပ်


အပင်များနှင့်နှင့် ပတ်သတ်ပြီး ဒဏဿဍာရီဆန်ဆန် ကိုးကွယ် ယုံကြည်မှု တွေအကြောင်း အိနဿဒိယစာအုပ် တစ်အုပ်ကို အဓိကကိုးကားပြီး ရေးသားထားသော စာအုပ်ဖြစ်သည်။ ဆရာကြီး၏ စာအုပ်များထဲတွင် ဤစာအုပ်လေးကို လူသိနည်းကြသည်။ အုပ်ရေကလည်း ၅ဝဝသာ ဖြစ်သောကြောင့် နည်းသည်ဟု ဆိုရမည်ပင် ဖြစ်သည်။ ဆိုဒ်အသေးဖြင့် စာမျက်နှာက ၉ဝကျှောသာ ရှိသည်။ ဆီးဖြူ၊ သမန်းမြက်၊ ကသစ်၊ ရှားစောင်း၊ ညောင်ဗောဓိ၊ သဖန်း၊ ညောင်သပြေ၊ ဘန့်ပွေး၊ သက်ငယ်၊ ပြောင်ခါးမြက်၊ သရက်၊ ဒန့်သလွန်၊ ရခိုက်ငှက်ပျော၊ ပဒုမဿမာကြာ၊ စတြိ၊ စပါး၊ ဆပ်သွားစု၊ ရှား၊ ထနောင်း၊ ဥသျှစ်၊ မအူ၊ အလိုကျူ၊ သမန်းကျား၊ ပေါက်၊ တရုတ်စကား၊ မြက်၊ ဧကရာဇ်ပင်၊ လက်ပံ၊ သှောက၊ မြက်ဆိပ်ဖလူး၊ နှမ်းကြီး၊ သာလ၊ သခွတ်ဖို၊ မန်ကျည်း၊ ထောက့်ကြံ့၊ သစ်စိမ်း၊ ဆီးတှော စသော သစ်ပင်များအကြောင်း၊ ဒဏဿဍာရီအရ ယင်းအပင်များ မည်သို့ ဖြစ်လာသည် ဆိုသည့်အကြောင်း၊ မည်သည့် နတ်ဒေဝါများ စောင့်ရှောက်သည် ဆိုသည့် အကြောင်း၊ မည်သည့်အပင်နှင့် မည်သည့် နတ်ဒေဝါများကို ပူဇှောရသည် ဆိုသည့် အကြောင်းများကို ဖှောပြထားသည်။

ပုံပြင်များမှာ စေ့စေ့စုံစုံ မပါသောကြောင့် ဖတ်ရသည်မှာ အားမရ ဖြစ်မိသည်။ သို့သှော ထူးခြားသော အကြောင်းအရာများ ဖြစ်နေသောကြောင့် နှစ်သက်ဖွယ်ဖြစ်သည်။ အချို့ ပုံပြင်များမှာ အဆိုပါသစ်ပင်နှင့် မည်သို့ သက်ဆိုင်သည် ဆိုခြင်းကို ရေရေရာရာ ဆိုမထားချေ။ မူရင်း အိနဿဒိယ စာအုပ်ကို မဖတ်ဖူး သေးသောကြောင့် ဆရာကြီး အနေဖြင့် ထိုပုံပြင်များကို ချုံ့ထားသည်လားဟု သံသယ ဖြစ်မိသည်။ သရုပ်ဖှော ပုံများကို ဝလုံးက ရေးဆွဲပေးထားသည်။ ဆရာကြီးသည် များသောအားဖြင့် ပုံပြင်တွေအကြောင်း၊ သမိုင်းမခိုင်လုံသော အကြောင်းအရာများ အကြောင်းကို ရေးခဲသည်။ ထို့ကြောင့် ဤစာအုပ်သည် ဆရာကြီး၏ ထူးခြားသော စာအုပ်တစ်အုပ်ဟု ဆိုရမည် ဖြစ်ပေသည်။

No response to “ကိုးကွယ်ရာအပင်နှင့်ပုံပြင်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz