Thursday, May 24, 2007

Myanmar Who and Where?


အချို့သော သူများမှာ တစ်စုံတစ်ခုခုကို တတ်ကျွမ်းပြီး လုပ်ချင်သှောလည်း လုပ်ခွင့်မရကြ။ အချို့သော သူများကတော့ မကျွမ်းကျင် မလုပ်တတ်ဘဲ လုပ်နေကြသည်။ အချို့မှာကား လုပ်လည်း လုပ်တတ်သည် အခွင့်အလမ်းလည်း ရှိသည် သို့သှော မလုပ်ချင်၊ မလုပ်အား၊ မလုပ်ကြ။ အချို့သူများကား လုပ်လည်း လုပ်တတ်သည်၊ လုပ်ကိုင်ရန် အခွင့်အရေးလည်း ရှိသည်၊ သို့ရာတွင် မှီငြမ်းကိုးကားစရာ ကျမ်းဂန်စာအုပ်များ မပြည့်စုံ။ အချို့သူများကား လုပ်လည်း မလုပ်တတ်၊ အခွင့်အရေးလည်း မရ၊ သို့သှော လုပ်တတ်ချင်သည်။

အချို့သူများက ခေတ်အမြင်ရှိသည်၊ သို့သှော ခေတ်ဟောင်း ကျမ်းစာများကို အလေးမထား။ အချို့သူများက ခေတ်ဟောင်း ကျမ်းစာများကို ကျွမ်းကျင်သည်၊ သို့သှော ခေတ်အမြင်နှင့် မပေါင်းဖက်တတ်။ အချို့သူများက ခေတ်အမြင်လည်းမရှိ ခေတ်ဟောင်းကျမ်းဂန် များကိုလည်း မသိကြ။ သို့သှော သိချင်ကြသည်။ အချို့သူများက ခေတ်အမြင်လည်း ရှိသည်၊ ခေတ်ဟောင်းစာပေ ကျမ်းဂန်များနှင့်လည်း တိုက်ဆိုင် ဆုံးဖြတ်တတ်သည်။ သို့သှော ထိုသူများတွင် ထိုအရာအတွက် စိုက်စိုက်မတ်မတ် အချိန်ပေး နိုင်လောက်အောင် ငွေကြေးအင်အား မပြည့်စုံ။ ထောက်ပံ့ပေးမည့် အဖွဲ့အစည်း လူပုဂဿဂိုလ်များလည်း မရှိ။

သိချင်စိတ် ဖြစ်မှသာ သိစိတ် ဖြစ်လာနိုင်သည်။ အဆိုပါ သိချင်စိတ် ဖြစ်ပှေါလာသောအခါ လူသည် ထိုအကြောင်းအရာကို မရမက ရှာဖွေစူးစမ်း လာကြသည်။ ထိုသို့ ရှာဖွေသှောလည်း မှီငြမ်းလေ့လာစရာ အထောက်အထား အကိုးအကား ငွေကြေးအင်အား မပြည့်စုံ မလုံလောက်သောအခါ အခက်အခဲ ကြီးမားစွာ ဖြစ်ရတော့သည်။

မြန်မာပြည်တွင် တွေ့ရသော အခက်အခဲမှာ ထိုအရာပင် ဖြစ်သည်။ စာပေ လေ့လာလိုသူသည် အဘယ်နေရာတွင် သွားရောက်လေ့လာ ရမည်နည်း။ စုံစုံလင်လင်ဆို၍ ရန်ကုန်တကဿကသိုလ် စာကြည့်တိုက် တစ်ခုသာ ရှိသည်။ ထိုစာကြည့်တိုက်တွင်လည်း လွယ်လွယ်ကူကူ လေ့လာခွင့် ရမည် မဟုတ်။ ကျောင်းစာကြည့်တိုက်များ တကဿကသိုလ်စာကြည့်တိုက်များ ဆိုတာကလည်း များသောအားဖြင့် ခေတ်နောက်ကျ နေသော စာအုပ်များ၊ ဟန်ပြစာအုပ်များသာ ရှိသည်။ ထို့ကြောင့် စာအုပ် ဆိုင်တန်းများဘက်သို့ လှည့်မည်ဆိုလျှင်လည်း ငွေကြေးအင်အား မတတ်နိုင်ပါက ဝယ်နိုင်ဖို့ဝေးစွ အဆိုပါ စာအုပ်ဈေး ကြားလိုက်ရုံမျှနှင့်ပင် သိချင်စိတ်များ ကုန်ခမ်း သွားနိုင်သည်။ လူတစ်ဦး၏ ပုံမှန်ဝင်ငွေဖြင့် စာအုပ်ပုံမှန် ဝယ်မဖတ်နိုင်ပေ။ အသစ်ထွက်စာအုပ်များထက် စာအုပ်ဟောင်းများက ပို၍ပင် တန်ဖိုးကြီးမား နေပေသေးသည်။ ငွေကြေးတတ်နိုင်၍ ဝယ်ဖတ်နိုင်တောင်မှ စာအုပ်ရှားပါးမှုနှင့် ရင်ဆိုင်ကြရသည်။

ထိုမှတစ်ပါး ယနေ့ခေတ် ထွက်ရှိနေသော စာအုပ်အမျိုးအစားများကို သေချာစွာ ခွဲခြား ကြည့်ပါလျှင် လူများစုကြိုက် ရောင်းလွယ် ကုန်လွယ်သော စာအုပ်များသာ အများစု ဖြစ်နေသည်ကို တွေ့ရသည်။ ပညာရပ်စာပေ၊ အဖိုးတန်စာပေများ အလွန်တရာ နည်းပါးလှသည်။ ထိုစာအုပ်များမှာ လူများစု နားမလည်၊ မကြိုက်သောကြောင့် ထုတ်ဝေသူများကလည်း ပိုက်ဆံအကုန်ခံပြီး မထုတ်ဝေကြပေ။ ထုတ်သော အခါတွင်လည်း အုပ်ရေ အနည်းငယ်မျှသာ ထုတ်ကြသည်။ ထိုသို့ ထုတ်ပြီးသော အခါတွင်လည်း ထိုစာအုပ်များကို အဟောင်းရောင်းသူများက စုစည်းဝယ်ယူကြပြီး နောင်အခါ ဈေးနှုန်းအဆမတန်တင်၍ ရောင်းချကြသည်။ ဈေးနှုန်းကြီးမြင့်မှုကြောင့် လူတှောတှောများများမှာလည်း အဆိုပါ ပညာရပ် စာတမ်းများကို တှောရုံတန်ရုံ မဝယ်ကြတော့။ ဤသို့ဖြင့် ထိုပညာရပ်များမှာ တဖြည်းဖြည်းနှင့် လုံးပါးပါး ပျောက်ကွယ် ကုန်ကြပါတော့သည်။

ပညာကို တန်ဖိုးထားသော နိုင်ငံများတွင် အုပ်ချုပ်သူ လူတန်းစားက သှောလည်းကောင်း၊ အမြှောအမြင်ရှိသော တိုင်းပြည်ကို ပညာရည် မြင့်မားစေလိုသော ပုဂဿဂလိက အဖွဲ့အစည်းများ၊ ငွေကြေးချမ်းသာသူများက သှောလည်းကောင်း အဆိုပါ ပညာရပ်ဆိုင်ရာ စာပေစာတမ်းများကို ငွေကြေးထောက်ပံ့ ပေးပြီး ထုတ်ဝေကြသည်။ ပညာရှင်များကို အကူအညီပေးကြသည်။ စာကြည့်တိုက်များ ထူထောင် ပေးကြသည်။ စာကြည့်တိုက် ဆိုရာတွင်လည်း ကရှောကမယ် စာကြည့်တိုက်မျိုးကို မဆိုလို။ စာအုပ်စာတမ်း ပြည့်စုံလုံလောက်သော စာကြည့်တိုက်မျိုး ဖြစ်သည်။ ထိုအခါ လူငယ်များလည်း စာကြည့်တိုက်အသင်း ဝင်ရုံမျှနှင့် စာပေအမြောက်အများ ဖတ်ရှုခွင့် ရကြသည်။ အခြားသော နေရာများတွင် ပျှောပိုက်နေကြမည့်အစား စာကြည့်တိုက်များတွင် စာဖတ်ရင်း ဗဟုသုတ ပညာ တိုးပွားလာကြသည်။ ဥပမာ စကဿငာပူရှိ စာကြည့်တိုက်များတွင် ၅နှစ်သား ကလေးများမှအစ သက်ကြီး ရွယ်အိုများအထိ ပြည့်နှက်နေတတ်သည်။ ကျောင်းများ တကဿကသိုလ်များက အကြောင်းအရာ တစ်ခုခုကို လေ့လာခိုင်းလိုက်လျှင် အဆိုပါ စာကြည့်တိုက်များတွင် လာရောက်ရှာဖွေ မှီးငြမ်းကြသည်။ ဘယ်စာအုပ်မှာ ဘယ်လိုမှီငြမ်းစရာမျိုး ရနိုင်တာကို သူတို့ သိကြသည်။

ကျွန်တှောတို့ နိုင်ငံတွင်တော့ အဆမတန် ဈေးကြီးပေးရသော ကားကြီးများ ဝယ်စီးနေကြသှောလည်း အဆင့်မီ စာကြည့်တိုက်တစ်တိုက် ပှေါထွက်လာဖို့ စိတ်မဝင်စားကြ။ စိတ်အားမသန်ကြ။ ကြိုးလည်း မကြိုးပမ်းကြ။ ထိုထိုသော သူများထဲတွင်မှ ငွေကြေးအင်အား မြောက်များစွာ မစိုက်ထုတ် နိုင်သှောလည်း ဆရာကြီး ပါရဂူလို ကိုယ်တတ်နိုင်တာလေးကစပြီး အဆင့်မီ စာကြည့်တိုက်ကြီး ဖြစ်လာအောင် ကြိုးပမ်းနေသူ၊ ထိုကုသိုလ်အမှုကို ကူညီပေးသူ၊ ကိုယ်ပိုင်စာကြည့်တိုက် အသင်းအဖွဲ့လေးများ ထူထောင်ကြသူ များကတော့ တကယ့်ကို လေးစားစရာ ကျေးဇူးတင်စရာ ကောင်းပေသည်။ ဆရာကြီးတောင်မှ ရသမျှအားလေးဖြင့် လုပ်နိုင်လျှင် အဆိုပါ လူချမ်းသာ ထိတ်ထိတ်ကြဲများ အဘယ်ကြောင့် မလုပ်နိုင်ရမည်နည်း။ အကြောင်းရင်းကား အတဿတဟိတ မိမိကိုယ်အတွက်သာ လုံးပမ်းနေကြရသောကြောင့် ဖြစ်ပေမည်။ တိုင်းပြည်တစ်ခုတွင် လူငယ်များစွာ ရှိသည်။ ထိုလူငယ်များသည် နောင်အခါ လူကြီး ဖြစ်လာပေမည်။ ငယ်စဉ်ကတည်းက ပညာကို အလွယ်တကူ ရှာဖွေဆည်းပူးနိုင်ခွင့် မရခဲ့လျှင် နောင်အခါ နိုင်ငံကို အလုပ်အကျွေး ပြုနိုင်မည့် နိုင်ငံက အားထားရမည့် ပညာတတ်တစ်ယောက် ဖြစ်နိုင်ဖို့ အမှန်ပင် ခဲယဉ်းပါလိမ့်မည်။ ထိုလူငယ်များကို ပညာအစာ ကျွေးသင့်ပါသည်။ ထိုအစာ စားချင်လာအောင် စည်းရုံးသင့်ပါသည်။ စီးပွားရေးသည် နိုင်ငံ၏ လက်ရှိအင်အားဖြစ်သည်။ ပညာသည် နိုင်ငံ၏ အနာဂတ် တည်တံ့နိုင်စွမ်း ဂုဏ်ဒြပ်ဖြစ်သည်။ ပညာမတတ်သော နိုင်ငံရှိ နိုင်ငံသားများကို မည်သူကမျှ အလေးအနက်မထား အဖက်မလုပ်ကြပါ။ မတူသလို မတန်သလို ဆက်ဆံခံရမည်။ သင်ချမ်းသာနေသှောလည်း သင့်နိုင်ငံသားများ ပညာမတတ်ခဲ့လျှင် သင်သည်လည်းကောင်း၊ သင့်မျိုးဆက်များသည် လည်းကောင်း အလေးအနက်ထား ဆက်ဆံခံရလိမ့်မည် မဟုတ်ကြောင်း သတိချပ်သင့်ပေသည်။

No response to “Myanmar Who and Where?”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz