Thursday, May 24, 2007

Loneliness

အထီးကျန်ခြင်း

အထီးကျန်ခြင်း ဆိုတာ တကယ်တော့ အရာများစွာကို စွန့်လွှတ် ဆုံးရှုံး လိုက်ရခြင်းပါပဲ။ ကိုယ့်ကို ရစ်တွယ်နေတဲ့ ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ချစ်ခင်နှစ်သက်သူတွေ၊ ကိုယ်မြတ်နိုးတဲ့ အရာတွေကနေ အဝေးကို ရောက်သွားတဲ့အခါ၊ ဒါမှမဟုတ် ဒါတွေကို ဆုံးရှုံးသွားရတဲ့အခါ အဲဒီ အထီးကျန်ခြင်း ဆိုတဲ့ အရာဟာ ရင်ထဲကို ပြင်းပြင်းပြပြ ဝင်ရောက်လာပါတယ်။ အဲဒီစိတ် ဝင်ရောက်လာတဲ့ အခါ လူသားတစ်ယောက်ဟာ အများကြီး ပြောင်းလဲသွားပါတယ်။ ပတ်ဝန်းကျင်ကို ကြောက်ရွံ့လာတယ်။ မိမိကိုယ်ကို မုန်းတီးလာတယ်။ အရာရာကို အဆိုးမြင်လာတယ်။ သံသယစိတ်နဲ့ ကြည့်တတ်လာတယ်။ အယုံအကြည် နည်းပါးလာတယ်။ မိမိစိတ်ထင်ရာကို လုပ်တတ်လာတယ်။ အလေးအနက်ထားမှု ယိုယွင်းလာတယ်။ နာကျင်တယ်။ အချိန်တှောတှောများများမှာ ကိုယ့်ရဲ့ သိစိတ်ရော မသိစိတ်ကပါ အဲဒါရဲ့ စိုးမိုးမှုကို ခံလာရပါတယ်။

ဘယ်အရာတွေက အထီးကျန်ခြင်းကို ဖန်တီးသလဲ ဆိုတာ စဉ်းစားကြည့်တဲ့ အခါမှာ ပထမဆုံးက မတူညီတဲ့ အတွေးအမြင်များ ဖြစ်ပါတယ်။ ဒုတိယက လူတွေရဲ့ ပစ်ပယ်ခြင်း ဖြစ်ပါတယ်။ တတိယက လူတွေကို ပစ်ပယ်ခြင်း ဖြစ်ပါတယ်။ စတုတဿတက မိမိကိုယ်ကို ခွင့်မလွှတ်ခြင်း ဖြစ်ပါတယ်။ ပဥဿစမက သူတပါးကို ခွင့်မလွှတ်နိုင်ခြင်း ဖြစ်ပါတယ်။ ဆဋဿဌမက စိတ်ဖိစီးမှု၊ စိတ်အားငယ်မှုနဲ့ ဘဝင်မြင့်မှု ဖြစ်ပါတယ်။ သတဿတမက အတဿတ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ချစ်မြတ်နိုးသူတွေနဲ့ ကွေကွင်းခြင်း ဖြစ်ပါတယ်။

လူတစ်ကိုယ်တည်း နေလိုစိတ်နဲ့ အထီးကျန်စိတ်ဟာ အနည်းငယ် ဆက်စပ် ပေမယ့် လုံးလုံး ကြီးတော့ မတူပါဘူး။ လူတစ်ကိုယ်တည်း နေလိုစိတ်ဟာ ယောကျှားအများစုနဲ့ အချို့သော မိန်းမ အနည်းငယ်တို့မှာ တခါတရံ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ စိတ်အနေအထား တစ်ရပ် ဖြစ်ပါတယ်။ အဲဒီ စိတ်အနေအထားဟာ အထီးကျန်ခြင်းနဲ့ သူ့ရဲ့ အကျိုးအပြစ်တွေကို မခံစားရပါဘူး။ နာကျင်ခြင်း မရှိဘူး။ သူ့ရဲ့ အဓိက အသွင်အပြင်က တခြားသူ တစ်ဦးတစ်ယောက်ကိုမှ သူ့အနားမှာ မရှိစေဘဲ အေးအေးချမ်းချမ်း ခဏတာ နေလိုတာပဲ ဖြစ်ပါတယ်။ အဲဒီစိတ်ဟာ အစဉ်အမြဲ ဖြစ်နေတဲ့ စိတ်တစ်ခုတော့ မဟုတ်ပါဘူး။ ယောက်ျား အတှောများများဟာ တစ်စုံတစ်ခုသော ပြသနာကို ဖြေရှင်းနေရချိန် ဒါမှမဟုတ် တစ်ခုခုကို လေးလေးနက်နက် တွေးတော နေရချိန်မှာ တစ်ကိုယ်တည်း နေလိုစိတ် ဖြစ်ပှေါတယ်လို့ ဒေါက်တာဂျွန်ဂယ်ရီရဲ့ (Men from Mars Women from Venus) ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားပါတယ်။ ထိုစိတ်အခြေအနေမှာ ထိုယောကျှားဟာ ဘယ်သူနဲ့မှ မတွေ့ချင် စကား မပြောချင်ဘဲ တစ်ယောက်တည်း ထိုပြသနာ ဒါမှမဟုတ် တစုံတစ်ခုသော အဖြေကို ရှာဖွေနေတတ်ပါတယ်။

အထီးကျန်စိတ်ဆိုတဲ့ အကြောင်းချင်းရာမှာ အပေါင်းအသင်းကိုတောင့်တခြင်း တစ်ခုတည်း ဆိုတာထက် အများကြီး ပိုပြီး လေးနက်ပါတယ်။ စိတ်ပညာ ကျမ်းတွေမှာ အထီးကျန်ခြင်းဆိုတာကို ဘာမှမရှိခြင်း (Emptiness)၊ ကွဲထွက်နေခြင်း (Isolation) ၊ အဆက်ပြတ်ခြင်း (Disconnection)၊ အကူအညီမဲ့ ခံစားချက်စိတ် (Helpless) ဆိုပြီး ပြဆိုကြပါတယ်။ အထီးကျန် စိတ် ဖြစ်နေသူများရဲ့ စိတ်ထဲမှာ ခံစားချက်မှန်သမျှဟာ အဓိပဿပာယ် မဲ့နေတတ်ပါတယ်။ လေဟာနယ်ထဲမှာ ရောက်နေသလို ခံစားနေရတယ်။ အားလုံးနဲ့ ကိုယ်က ဘယ်အရာမှာမှ မတူညီနိုင်တော့ဘူးလို့ ခံစားနေရတယ်။ လူတစ်ယောက်နဲ့ စကားပြောဖို့ကို စိုးရွံ့နေတတ်တယ်။ ဘယ်သူကမှ ကိုယ့်ကိုနားလည်မှု မပေးနိုင်တော့ဘူးလို့ ခံစားနေရတတ်ပါတယ်။

မတူညီတဲ့ အတွေးအမြင်တွေဟာ လူတစ်ယောက်ကို အဲဒီ စိတ်အခြေအနေ ရောက်အောင် ဖန်တီးနိုင်ပါတယ်။ ဥပမာ- အများလက်ခံထားတဲ့ အယူအဆတစ်ခုကို လူတစ်ယောက်က ဘယ်လိုမှ လက်မခံနိုင်တဲ့ အခါ သူဟာ ထိုသူတွေနဲ့ စကားပြောဖို့ ဆက်ဆံဖို့ ရွံမုန်းလာတတ်ပါတယ်။ အဲဒီအခါ သူဟာ အဲဒီအဖွဲ့အစည်းကို ရှောင်ပါတော့တယ်။ အဲဒီအဖွဲ့အစည်းကလည်း ထိုသူကို သူတို့နဲ့ အမြင်မတူလို့ ရှောင်ပါတယ်။ ဒီလိုနဲ့ သူဟာ တဖြည်းဖြည်း စည်းအပြင်က လူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် အဲဒီလို ပစ်ပယ်ခံ လူတွေကနေ နောင်အခါ ကမဿဘာကို ပြောင်းလဲသူတွေ ထင်ရှားသူတွေ ဖြစ်လာတတ်တာကိုလည်း သတိပြုမိပါတယ်။ ဒါကတော့ လူနည်းစု သာ ဖြစ်ပါတယ်။

လူတွေရဲ့ ပစ်ပယ်ခြင်းမှာတော့ အကြောင်းအရာ အမျိုးမျိုး ရှိနိုင်ပါတယ်။ အထက်ကလို မတူညီတဲ့ အတွေးအခှေါကြောင့် ပစ်ပယ်တာလား၊ အပြစ်တစ်ခုကို ကျူးလွန်မိလို့ ပစ်ပယ်တာလား၊ ဂုဏ်အရည်အချင်း အဆင့်အတန်း မတူလို့ ပစ်ပယ်တာလား ဆိုတာတွေ ရှိနိုင်ပါတယ်။ လူ့အသိုင်းအဝိုင်းမှာ ယနေ့ထက်တိုင် အသားအရောင် ခွဲခြား ဆက်ဆံတာ၊ အဆင့်အတန်း ခွဲခြား ဆက်ဆံတာတို့ ရှိပါတယ်။ အပြစ်ရှိသူ တစ်ယောက်ဟာ သူ့အပြစ်အတွက် ပြစ်ဒဏ် ခံရပြီးတာတောင် အမည်းစက်က မပျောက်တော့ပါဘူး။ ဥပမာ ကျေးလက် ဒေသတွေမှာဆို စုန်း လို့ စွပ်စွဲခံရတဲ့ မိသားစု ဝင်တွေဟာ ရွာအပြင်မှာ သွားရောက်နေထိုင် ကြရပါတယ်။ ရွာအတွင်း၊ ရွာလူထုနဲ့ ကူးလူးဆက်ဆံခွင့် မပြုကြပါဘူး။ အိနဿဒိယမှာဆိုလည်း ယနေ့ထက်တိုင် ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားတဲ့ ဓလေ့က ရှိနေဆဲပါ။ ဇာတ်နိမ့်တဲ့ သူတွေဟာ ဇာတ်မြင့်သူတွေနဲ့ ကြမ်းတပြေးတည်းတောင် ထိုင်ခွင့် မရကြပါဘူး။ ဂျပန်၊ ဂျာမဏီ တို့ဟာလည်း လူမျိုးစွဲ သိပ်ကြီးတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ ဂျပန် နိုင်ငံသား တစ်ယောက်နဲ့ အိမ်ထောင်ကျလို့ မွေးလာတဲ့ ကိုယ့်မျိုးဆက် အဆက်ဆက်ဟာ ဂျပန် နိုင်ငံသား ဖြစ်နိုင်ပေမယ့် ဘယ်တော့မှ ဂျပန်လို့ သတ်မှတ် မခံရပါဘူးလို့ ဆိုပါတယ်။ ယနေ့ သိပဿပံခေတ်မှာ နေမျိုးနွယ်ဆိုတာတွေ၊ နတ်ဘုရားက ဆင်းသက်တယ် ဆိုတာတွေ၊ ဗြဟဿမာကြီးရဲ့ ဝင်သက်ထွက်သက်က မွေးဖွားတယ် ဆိုတာတွေဟာ ရယ်စရာ အယူအဆ တစ်ခု ဖြစ်နေပါပြီ။

လူတွေကို ပစ်ပယ်ခြင်း ဆိုတာကတော့ အထက်က နှစ်ချက်နဲ့ ပတ်သတ် ဆက်နွယ်နေပြန်ပါတယ်။ မတူညီတဲ့ အတွေးအခှေါကြောင့် လူတစ်ယောက်ဟာ လူ့အသိုင်းအဝိုင်းနဲ့ ကင်းရှင်းအောင် နေသလို၊ လူတွေရဲ့ ပစ်ပယ်ခြင်းကြောင့်လည်း လူတွေကို သူက ပြန်ပစ်ပယ်ပါတယ်။ ဥပမာ လမ်းနှစ်လမ်း ရှိတယ် ဆိုကြပါစို့။ တစ်လမ်းက လှည်းလမ်းကြောင်းဆိုရင် လှည်းသွားမှာ ဖြစ်ပါတယ်။ တစ်လမ်းက ခြောက်လမ်းသွား နိုင်လွန် ကတဿတရာဆိုရင် ကားတွေ သက်သက်သာသာ သွားလာ နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလမ်းနှစ်ခုကို စပ်ဆက် မယ်ဆိုရင် ဒီအတိုင်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ယေဘုယျအားဖြင့် လှည်းလမ်းကို ဒီအတိုင်း ဆက်ထားမလား၊ အဆင့်မြှင့် မလားဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ အဆိုပါလူဟာ လှည်းလမ်းဆိုရင် သူ့ကို သူ အဆင့်မြှင့် ပြောင်းလဲ ပြုပြင်ရမှာ ဖြစ်ပါတယ်။ ထိုသူရဲ့ စိတ်ဓါတ် အတွေးအခှေါက ကားလမ်း ဖြစ်နေပြီး လူအများစုက လှည်းလမ်းသာသာ ဖြစ်နေမယ် ဆိုရင်တော့ စဉ်းစားစရာ ဖြစ်လာပါပြီ။ အထက်ရောက်နေတဲ့ ထိုသူဟာ အောက်ကို ပြန်ဆင်းတော့မှာ မဟုတ်ပါဘူး။ ထိုအခါ ထိုသူဟာ လူတွေကို ပစ်ပယ် ပါတော့တယ်။ ဂှေါကီ၊ ဟစ်တလာ၊ ဗန့်ဂိုး ဆိုကရေးတီး ဂယ်လီလီယို စသူများဟာ သူတို့ခေတ်မှာ ဆန်းကြယ်တဲ့ အတွေးအခှေါ အယူအဆ ရှိသူတွေ ဖြစ်ခဲ့ပြီး လူတွေရဲ့ ပစ်ပယ် ခံခဲ့ ရပါတယ်။ ဒါပေမယ့် သူတို့ဟာ အဲဒီ ပစ်ပယ်ခြင်းကို အထီးကျန် စိတ်အားငယ်ခြင်း အသွင်ကို မကူးပြောင်းစေဘဲ၊ မိမိအယူအဆကို သေသည်အထိ ဆုပ်ကိုင်ပြီး ဖြန့်ဝေခဲ့သူတွေ ဖြစ်ကြပါတယ်။ ထိုသူတွေကြောင့် ကမဿဘာကြီးမှာ အများကြီး ပြောင်းလဲ ခဲ့တယ် ဆိုတာကိုလည်း ဂရုပြုရမှာ ဖြစ်ပါတယ်။

မိမိကိုယ်ကို ခွင့်မလွှတ်နိုင်ခြင်း ဟာ အထီးကျန်စိတ် ဖြစ်စေခြင်းမှာ အရေးပါတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ဘာလို့ ခွင့်မလွှတ်နိုင်တာလဲ ဆိုတာကို စဉ်းစားတဲ့အခါ အပြစ်တစ်ခု ကျူးလွန်မိလို့ ခွင့်မလွှတ်နိုင်တာနဲ့၊ ကိုယ့်ကြောင့် သူတစ်ပါး ဒုကဿခရောက်ရတာ၊ တွေကြောင့် ခွင့်မလွှတ်နိုင်တာ ဆိုတာကို တွေ့လာရပါတယ်။ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်လောက်အောင် ကျွန်တှောတို့ ဘာတွေ လုပ်မိကြသလဲ။ လူတိုင်းဟာ အမှားနဲ့ မကင်းကြပါဘူး။ ဒါပေမယ့် လူတိုင်းဟာ ခံစားချက် ပြင်းပြသူတွေ မဟုတ်ကြဘူး။ တစ်ချို့တွေ အတွက် အရာရာဟာ မေ့လွယ် ပျောက်လွယ်ပေမယ့် တစ်ချို့တွေ အတွက် ပြင်းပြင်းထန်ထန် စိတ်ထဲမှာ အမြစ်တွယ်နေတတ်ပါတယ်။ ဒီလို လူမျိုးတွေမှာ အဆိုပါ အထီးကျန် စိတ်ဟာ ခိုအောင်းကပ်ညိ လွယ်ပါတယ်။ တခါတရံမှာ ပြင်မရတဲ့ အမှားတစ်ခုကို မရည်ရွယ်ဘဲ လုပ်မိသွားတဲ့အခါ အဆိုပါ စိတ်ထားပိုင်ရှင်တွေဟာ အချိန်တှောတှောကြအောင် အဲဒါအတွက် ယူကြုံးမရ ဖြစ်တတ်ကြပါတယ်။ နောင်တ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အနီးကပ်ဆုံး ပြောရရင် နာကျင်တာလို့ အလွယ်ခှေါလို့ ရပါမယ်။ နောက်တစ်ခု ကိုယ့်ကြောင့် တစ်ပါးသူ နာကျင်ရတာမျိုးကို ခွင့်မလွှတ်နိုင်ခြင်းက ပိုဆိုးပါတယ်။ လူတိုင်းမှာ အတွေးအခှေါ အယူအဆ ခံယူချက် စိတ်ထားတွေ မတူကြပါဘူး။ အမြင်တွေ မတူကြပါဘူး။ ကိုယ့်အတွက် သာမန် ကိစဿစလေးတစ်ခုဟာ တစ်ပါးသူအတွက် ထာဝရ နာကျင်စေတဲ့ အရာတစ်ခု ဖြစ်သွားတဲ့အခါ တချို့သော သူတွေမှာ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင် ဖြစ်ကြရပါတယ်။ အဆိုပါ လူမျိုးတွေဟာ တစ်စုံတစ်ရာ ရှင်းပြရတာကိုလည်း လေးလံတတ်တဲ့ သူတွေ ဖြစ်ကြပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါး နာကျင်နေပြီဆိုတာ သိတဲ့အခါ ထိုသူတွေဟာ ပိုခံစားကြရပါတယ်။ စိတ်မကောင်း ဖြစ်ကြပါတယ်။ အဲဒီအခါ ကိုယ့်ကိုကိုယ် အပြစ်ဒဏ် ခတ်တတ်ကြပါတယ်။ အဲဒီအခါ သူတို့ဟာ ထိုသူတို့နဲ့ ပတ်သတ်တဲ့ ပတ်ဝန်းကျင်၊ ပတ်သတ်နိုင်တဲ့ ပတ်ဝန်းကျင် ကို ရှောင်ကြပါတော့တယ်။ ရင်မဆိုင်ရဲလို့ ရှောင်တယ်ဆိုတာထက် သူတို့ကို မမြင်ရက်လို့ ကိုယ့်ကိုကိုယ် အထီးကျန် ဖြစ်အောင် အပြစ်ပေးတာ တစ်မျိုး ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီအမှားကို ဘယ်တော့မှ ထုတ်မပြောပေမယ့် ဘယ်တော့မှ မေ့ပျောက် ဖုံးကွယ် ပစ်လိုက်ကြတာ မဟုတ်ပါဘူး။ ပြန်စဉ်းစားတိုင်း ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ဘဲ နာကျင်ရင်း နာကျင်ရင်းနဲ့ ထိုသူများဟာ တစ်ယောက်တည်း နေရင်းနေရင်းက အထီးကျန်ခြင်း ဖြစ်လာပါတော့တယ်။

သူတစ်ပါးက ကိုယ့်ကို ခွင့်မလွှတ်နိုင်ခြင်း ဆိုတာကတော့ အထက်က အချက်နဲ့ ဆက်စပ် နေပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါး နစ်နာသွားခဲ့ပေမယ့် ထိုသူက ခွင့်လွှတ်နိုင်ရင် တှောပါသေးတယ်။ ခွင့်မလွှတ်တဲ့အခါ အပြစ်လုပ်ခဲ့မိသူဟာ ပိုလို့ ခံစားရပါတော့တယ်။ သူဟာ လူတိုင်းကို ရင်ဆိုင်ဖို့ စိုးရွံ့လာပါတယ်။ သူရှင်သန် လှုပ်ရှားဖို့ရာ နယ်ပယ် ကျဉ်းမြောင်းလာပါတယ်။ သူ့အမှားကို ပိုပိုသိလာလေလေ ပိုပိုနေရထိုင်ရ ခက်ခဲလာလေလေ ဖြစ်ရင်းက လူအားလုံးကို ရှောင်ကြဉ်ရင်း အထီးကျန်ခြင်းဟာ သူ့ဆီမှာ အမြစ်တွယ် လာပါတော့တယ်။

စိတ်ဖိစီးမှုတွေ၊ စိတ်အားငယ်မှုတွေ ဟာ လူတစ်ယောက်ကို အများကြီး အပြောင်းအလဲ ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု (Depression) ဆိုတာက ဥပမာ- လုပ်ငန်းတစ်ခုမှာ အလုပ်တာဝန်တွေ စုပုံများလားတဲ့အခါ၊၊ တစ်ကိုယ်တည်း မနိုင်ဝန်တွေ ထမ်းဆောင် ရတဲ့အခါ ဖြစ်လာတတ်တဲ့ စိတ်တစ်မျိုးပါ။ စိတ်အားငယ်မှု (Dejection) ဆိုတာက သူတပါးလောက် ဘာကိုမှ မစွမ်းဆောင်နိုင်ဘူးလို့ ထင်တာ၊ မိမိကိုယ်မိမိ အသုံးမကျ ဘူးလို့ ထင်တဲ့ စိတ်မျိုးဖြစ်ပါတယ်။ အဲဒီစိတ်မျိုးဟာ မိမိကိုယ်မိမိ ဂရုစိုက်လွန်းအား ကြီးသူတွေ၊ သတ်မှတ်ချက် များလွန်းသူတွေမှာ ဖြစ်တတ်ပါတယ်။ အဲဒီစိတ်မှာ အမြင့်နဲ့အနိမ့် ဆိုပြီး နှစ်မျိုး ရှိပါသေးတယ်။ ဆိုက်ကိုလှောဂျီမှာတော့ (Self Esteem) လို့ ခှေါပါတယ်။ အထီးကျန်မှု (Loneliness) ဆိုတာကတော့ အဲဒါတွေ အားလုံးနဲ့ ပတ်သတ်နေပါတယ်။ မိမိကိုယ်ကို အထင်ကြီးမှု၊ အတဿတ၊ အားငယ်တတ်မှု များဟာ ဒီအထဲမှာ အကြုံးဝင်ပါတယ် ဆေးသုတေသန တွေရဲ့ အဆိုအရတော့ အဲဒီစိတ်တွေဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့၊ လေဖြတ်ခြင်း စတာတွေကို ဖြစ်စေပါတယ်။ လက်တွေ့ ဘဝမှာတော့ အဲဒီစိတ်တွေ ခံစားလာရတဲ့အခါ လောကနဲ့ အဆက်အသွယ် ပြတ်ပြီး အထီးကျန်ဆန် လာပါတော့တယ်။

အတဿတ ကတော့ မိမိတစ်ကိုယ်တည်း အတွက်သာ ကြည့်ခြင်းပါ။ မိမိကိုယ်ကို မိမိ အကောင်းဆုံးထင်တယ်။ မိမိလုပ်တာမှ ကောင်းတယ်လို့ ထင်တယ်။ သူများကို အလေးမထားဘူး၊ ဂရုမစိုက်ဘူး။ အထင်မကြီးဘူး။ အဲဒီလိုလူများဟာ ကြာလာတဲ့ အခါမှာ အသိုင်းအဝိုင်းက ဝိုင်းကြဉ်တာကို ခံရတတ်ပါတယ်။ သူ့ကို လူတွေ မဆက်ဆံတဲ့အခါ အစမှာ ထိုသူများဟာ ဂရုမစိုက်ကြပါဘူး။ ဒါပေမယ့် ကြာလာတဲ့ အခါမှာတော့ တစ်ယောက်တည်း အထီးကျန်စိတ် ဖြစ်လာကြပါတယ်။

နောက်ဆုံးအချက် ချစ်မြတ်နိုးသူတွေနဲ့ ကွဲကွာခြင်း ဆိုတာကတော့ အခြေအနေ အချိန်အခါ ကံကြမဿမာ အလှည့်အပြောင်းအရ ဖြစ်လာတဲ့ အခြေအနေပါ။ တခါတရံ ကိုယ့်ကြောင့် သူ့ကြောင့် မဟုတ်ရပါဘဲနဲ့ အလိုအလျောက် ဖြစ်လာတဲ့ အရာပါ။ တခါတရံတော့ လူကိုယ်တိုင် ဖန်တီးယူလို့ ဖြစ်လာတဲ့ အရာမျိုး ဖြစ်ပါတယ်။ ဥပမာ - မိသားစုနဲ့ တစ်သက်တာလုံး နေထိုင်လာသူ တစ်ယောက်ဟာ ရုတ်တရက် အလုပ်တစ်ခုကြောင့် အားလုံးနဲ့ ဝေးရာ အရပ်မှာ တစ်ယောက်ထဲ ရပ်တည်ရတဲ့ အခါမျိုး၊ အိမ်ထောင်စု တစ်ခု မမျှောလင့်ဘဲ ပြိုကွဲသွားတဲ့ အခါမျိုး၊ ကိုယ်မြတ်နိုးသူ တစ်ဦး ဆုံးပါးသွားတဲ့ အခါမျိုးတွေမှာ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်ကို နားလည်သူတစ်ယောက် ကိုယ့်အပါးက ထွက်ခွာသွားတဲ့အခါ ကိုယ့်မှာ အားကိုးတိုင်ပင်စရာ မဲ့သွားသလို ခံစားလာရရင်းနဲ့ ဝမ်းနည်းကြေကွဲတဲ့ စိတ်ကြောင့် ထိုသူဟာ အထီးကျန်ဆန်လာပါတော့တယ်။ အဲဒါမျိုးဟား တစ်ပါးသူအပှေါမှာ မှီခိုလွန်းသူတွေမှာ ပိုအဖြစ်များတာ တွေ့ရပါတယ်။

အထီးကျန်ခြင်းဟာ သိပ်ကို လွမ်းဆွတ်ကြေကွဲစရာ ကောင်းပါတယ်။ ဘယ်သူနဲ့မှ စကားမပြောချင်၊ ဘယ်သူကမှလည်း ကိုယ့်ကို နားလည်မပေးနိုင်၊ ဘယ်သူကမှ ကိုယ့်ခံစားချက်ကို မသိကြ ။ အဲလိုနဲ့ တမြေ့မြေ့ ခံစားရင်း ထိုသူဟာ လူတွေနဲ့ ပိုပြီးပိုပြီး ဝေးသွားပါတယ်။ အထီးကျန်သူများဟာ သူတို့ ခံစားချက်ကို လွယ်လွယ်နဲ့ ပြောမပြတတ်ပါဘူး။ သူတို့ တစ်ဦးချင်းစီမှာ နာကျင်ကြေကွဲစရာတွေ၊ ပြောပြလို့ မရတဲ့ အကြောင်းတွေ ၊ နောင်တတွေ၊ ခါးသီးမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တှောတို့ ပတ်ဝန်းကျင်မှာ အထီးကျန် ဖြစ်နေသူတွေကို တွေ့တဲ့အခါ ဒီအတိုင်း ပစ်မထားလိုက်ဘဲ နွေးနွေးထွေးထွေး ကူညီ ဖေးမ အကြံပေးကြမယ် ဆိုရင် ကျွန်တှောတို့ လောကကြီးမှာ နာကျင်ခံစား ခါးသီးတဲ့ အမုန်းတရားတွေ အများကြီး လျော့ပါးသွားနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်နေ မိပါတယ်။


ညီလင်းဆက်
၀၂.၀၂.၂၀၀၆

No response to “Loneliness”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz