Wednesday, May 30, 2007

Inspiring the Arts

အနုပညာအာရုံခံစားမှု


တိတ်ဆိတ်သောည၊ ငြိမ်သက်နေသော ကန်ရေပြင်၊ လှေကလေး တစ်စင်းနှင့် လင်းနေခဲ့သော လပြည့်ည။ ဗီသိုဗင်၏ Moonlight Sonata။ သင်တို့ရဲ့ မျက်လုံးများကို ပိတ်၍ ဂီတကို သံစဉ်အလိုက် နှလုံးသားနှင့် နားဆင်ကြည့်လိုက်ပါ။ မြင်ကွင်းများက ဆက်စပ်ကာ တကယ့်အစစ်အမှန် ဘဝကို မြင်တွေ့နေရသလို ခံစား၍ မြင်တွေ့လာပါလိမ့်မည်။

ကျွန်တှောတို့ နေ့စဉ်ကြုံတွေ့ နေရသမျှ ပတ်ဝန်းကျင်တွင် အနုပညာများစွာ ရှိနေသည်။ ပန်းချီကားချပ်များစွာ ရှိနေသည်။ ဂီတသံများစွာ ရှိနေသည်။ သဘာဝတရား၏ အလှများစွာ ရှိနေသည်။ ကျွန်တှောတို့က ထိုအရာများကို မမြင်နိုင်ဘဲ ဝေးဝေးလံလံ ခက်ခက်ခဲခဲ လိုက်လံရှာဖွေ နေကြရသည်။ ထို့ကြောင့် ပီကာဆိုက အလှတရားကို လိုက်ရှာနေစရာ မလိုပါ၊ ကြည့်တတ်၊ ချစ်တတ်၊ မြင်တတ်ရင် လောကထဲမှာ အရာရာဟာ အရမ်းကို လှပပါသည်ဟု ပြောခဲ့ဖူးသည်။

ဗီသိုဗင်၊ ဗန့်ဂိုး၊ ချိုက်ကော့ဗ်စကီး၊ ရေးနွား၊ ဂှေါကီကအစ ဘီတယ်လ်၊ ကတ်ကိုဘိန်းအဆုံး သူတို့၏ နာမည်များကို ကျွန်တှောတို့ နေ့စဉ်နှင့်အမျှ ကြားနေရသည်။ သူတို့၏ အနုပညာများကို ခံစားနေကြရသည်။ သို့သှော သူတို့၏ ဘဝဖြတ်သန်းမှု အတွေ့အကြုံများကို ကျွန်တှောတို့ လေ့လာဖူးကြ ပါသလား။ စင်စစ် အနုပညာ အာရုံခံစားမှုတွင် ပတ်ဝန်းကျင် လေ့လာမှုမှာ မရှိမဖြစ် အရေးပါ လိုအပ်လှပေသည်။ ဆိုကြပါစို့ ဗန့်ဂိုး၏ နေကြာပန်းများဟု အမည်ရသော ပန်းချီကား။ စားပွဲတစ်ခု၊ အဝါရင့်ရင့် နေကြာပန်းများ နှင့် ပန်းအိုးတစ်လုံး။ ထိုပန်းချီကားကို သန်းပေါင်းများစွာနှင့် အခြားသူများက တန်ဖိုးထား အလုအယက် ဝယ်ယူနေကြသှောလည်း သင့်စိတ်ထဲမှာ ဒီပန်းချီကားကို ဘာလို့များ ဒီလောက်တောင် ပေးပြီး ဝယ်ရမှာလည်းလို့ တွေးမိနေနိုင်သည်။ သို့တည်းမဟုတ် ဘာများ ထူးခြားလို့လည်းဟု တွေးမိနေနိုင်သည်။ နောက်ထပ် သူ၏ အာလူးစားသူများ ပန်းချီကား။ ခမ်းနားမှုမရှိ မှိုင်းဝေနေသော အရောင်များ၊ ခပ်တုံးတုံး စုတ်ချက်များ၊ နွမ်းလျနေသော မျက်နှာများ။ ဗန့်ဂိုး၏ ခံစားမှု၊ ဘဝဖြတ်သန်းရာနှင့် သူ၏ပန်းချီ သဘောတရား၊ အရောင်၏ ဆန်းကြယ်မှုများကို မသိပါလျှင် သင် ထိုပန်းချီကားချပ်များကို မည်သို့မျှ ခံစားနိုင်လိမ့်မည် မဟုတ်ပေ။

အနုပညာကို တန်ဖိုးဖြတ်လို့ မရကောင်းသှောလည်း စံသတ်မှတ်၍ ရသည်။ ကျွန်တှောတို့က လွတ်လပ်စွာ တွေးတောတယ်၊ ဘာနည်းစနစ်၊ ဘယ်အမျိုးအစားရယ်လို့မှ နာမည်တပ်ပြီး မခံစားချင်ဘူးဟု ဆိုသော သူတို့မှာ Art History နှင့် Art အကြောင်းကို ထဲထဲဝင်ဝင် မလေ့လာဖူးသောကြောင့် ဖြစ်သည်။ လေ့လာသည်ဟု ဆိုရာတွင်လည်း စာတွေ့နှင့် လက်တွေ့ ရှိသေးသည်။ အချို့အရာများကို စာတွေ့ လေ့လာ၍ ရသည်။ အချို့အရာများကိုတော့ စာတွေ့သက်သက်နှင့် လေ့လာလို့မရ လက်တွေ့ပါမှသာ စေ့ငုစွာ သိနိုင်သည်။ ဥပမာအားဖြင့် စုတ်တံတစ်ချောင်းကို ကျွမ်းကျင်စွာ ကိုင်နိုင်တိုင်း ယနေ့ခေတ် ဆရာကြီး ဦးလွန်းကြွယ်လို စုတ်ချက်ဆန်းဆန်းများ မရေးဆွဲနိုင်ပါ။ ထိုစုတ်ချက်များမှာ လွယ်သည်ဟု ထင်ရသှောလည်း တကယ်တမ်း ဆွဲကြည့်မှသာ မည်မျှ ခက်ခဲသည်ကို သိနိုင်သည်။ ကိုငြိမ်းချမ်းစု၏ ပန်းချီကားများကို လွယ်သည်ဟုထင်လျှင် ဆွဲကြည့်ပါ။ သူ့စုတ်ချက် တစ်ချက်တိုင်းသည် အားပါသည်။ သွက်လက်သည်။ ရဲတင်းသည်။ လွတ်လပ်သည်။ လက်၏ ကျွမ်းကျင်မှု၊ ဆုံးဖြတ်ချက် ပြတ်သားမှု၊ ပညာရပ် နိုင်နင်းမှု၊ လေ့လာမှု စသည်တို့ မပါဘဲ ထိုပန်းချီကားချပ်မျိုးကို မဆွဲနိုင်ကြောင်း ထင်ရှားသည်။ ကိုနေမျိုးဆေး၏ တဝက်တပျက် ကောက်ကြောင်းများ။ ပန်းချီသမားတိုင်းလိုလို ကောက်ကြောင်းများကို ဆွဲနိုင်သည်။ သို့သှော ကိုနေမျိုးဆေး၏ ပန်းချီကောက်ကြောင်း များကတော့ မြန်မာမှုဟန် အပြည့်ပှေါသလို Contemporary လည်းဖြစ်သည်။ ခေတ်မီသည်။ ဆရာပှေါဦးသက် နောက်ပိုင်း မှောဒန်မြန်မာ့ပန်းချီ ပညာရှင်ဆိုလျှင် ကိုနေမျိုးဆေးဟုသာ ကျွန်တှော သတ်မှတ်ချင်သည်။

ရာဇဝင်များရဲ့ သတို့သမီး နှင့် ထူးအိမ်သင်။ အင်ထရို စဝင်လာကတည်းက ဂီတက အတိတ်ကာလ တစ်ခုဆီကို ပထမဆုံး ခှေါဆောင်သွားသည်။ စကားလုံးများက ပြတ်သားသည်။ အားပါသည်။ သီဆိုသွားသည့်အသံမှာ အားမာန်အပြည့် ရှိသည်။ ခံစားချက်တွေကို တွေ့နေရသည်။ ရေစီးသံတွေ ကြားနေရသည်။ ရဲရဲနီစွေးသော သွေးတွေကို တွေ့နေရသည်။ သို့ရာတွင် ထိုသီချင်းကို နောင်နှစ်ပေါင်းများစွာ ကြာသောအခါ နားထောင်သူများ အနေဖြင့် ကိုထူးအိမ်သင် ဘဝ၊ ခံစားချက်၊ ထိုသီချင်းနောက်ခံသမိုင်း စသည်စသည်တို့ကို လေ့လာသိရှိမှသာ အပြည့်အဝ ခံစားနိုင်ပေလိမ့်မည်။ ဂီတနက်သန် ကိုစောညိန်း၏ သီချင်းများ။ အဖြတ်အတောက်၊ အစွဲအငင် အလွန်သီဆိုရန် ခက်ခဲသည်။ နားဆင်နေလျှင် ဘာမှ သိပ်မသိသာသှောလည်း လိုက်ဆိုကြည့်မှ ခက်ခဲမှန်း သိသာလာသည်။ ထို့ထက်ပိုပြီး ကိုစောညိန်း၏ ဘဝအကြောင်း၊ သူဖြတ်သန်းခဲ့သော ဂီတခရီးလမ်းကို လေ့လာမည်ဆိုလျှင် သူ့သီချင်းများမှာ ပို၍ အဓိပဿပာယ်နက်ရှိုင်း လာပါလိမ့်မည်။

Simone de Beauvoir ၏ A History of Sex စာအုပ်တွင် မိန်းမသား အခန်းကဏဿဍကို အထူးရှေ့တန်း တင်ထားသည်ကို တွေ့နိုင်သည်။ အကယ်၍ စာဖတ်သူ အနေဖြင့် ဒဗူးဗွားသည် Femenist တစ်ယောက် Existentialist တစ်ယောက် ဖြစ်ကြောင်းကို မသိဘဲ ဖတ်မည်ဆိုလျှင် အရသာ လျော့သွားပေလိမ့်မည်။ အဆိုပါ ခံယူချက်မျိုး အယူအဆမျိုးကို မြန်မာစာပေတွင် ဆရာမကြည်အေးနှင့်၊ ဆရာမဂျူး၏ စာအုပ်များတွင်လည်း တွေ့ရသည်ဟု ထင်မိသည်။ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ တည်ထောင်သူများ ရေးသားခဲ့သော စာများကို ဖတ်ရှုမည် ဆိုလျှင်လည်း ထိုသူတို့ ဖြတ်သန်းခဲ့ရသော ငယ်ဘဝ၊ ပတ်ဝန်းကျင် သမိုင်းအခြေအနေတို့ကို မမေ့လျော့သင့်ပေ။ မျက်မှောက်ခေတ် စာပေရေးရာ သီအိုရီ အယူအဆများကတော့ အလွန်ခက်ခဲ နက်နဲသလို ရှုတ်ထွေးမှုလည်း ရှိနေသည်ကို သတိချပ်ရမည် ဖြစ်သည်။

ဆိုလိုသည်မှာ အနုပညာ ပစဿစည်းတိုင်းသည် နောက်ခံသမိုင်းလေးများ ရှိတတ်သည်။ ဖြတ်သန်းရာ ပတ်ဝန်းကျင်၊ ဘဝအခြေအနေ၊ သမိုင်း၏ ရိုက်ခတ်မှုများကို ခံရတတ်လေ့ရှိသည်။ ထိုအရာများကို မလေ့လာဘဲ အနုပညာ ပစဿစည်းတစ်ခုကို တန်ဖိုးဖြတ် ဆုံးဖြတ်ချက်ချရန်မှာ မပြည့်စုံ မလုံလောက်ပေ။

အနုပညာတွင် High Art နှင့် Low Art ဟူ၍ နှစ်မျိုး ရှိသည်။ ထိုအရာမှာ အဆင့်အတန်း ခွဲခြားထားခြင်း သဘောမျိုး မဟုတ်ဘဲ အသွင်သဏဿဍာန် ခွဲခြားထားခြင်းမျိုးသာ ဖြစ်သည်။ ယေဘုယျအားဖြင့် Low Art ဆိုသည်မှာ တွေ့ထိရုံ သိမြင်ရုံမျှနှင့် နားလည်နိုင်သော အနုပညာ ဖြစ်သည်။ High Art ဆိုသည်မှာတော့ တွေ့ထိရုံ သိမြင်ရုံမျှနှင့် မလုံလောက် နားမလည်နိုင်ဘဲ စေ့ငုစွာ လေ့လာနိုင်မှ ခံစားလာနိုင်သော အနုပညာ ဖြစ်သည်။ ဥပမာအားဖြင့် Realism ပန်းချီကားများကို ကြည့်လိုက်သည်နှင့် တပြိုင်နက် ထိုပန်းချီကား ဘာဆိုလိုကြောင်းကို ချက်ချင်းလိုလို သိနိုင်သည်။ သို့သှော မှောဒန် ပန်းချီကား တစ်ချပ်ဆိုလျှင်တော့ အဓိပဿပာယ် နက်နဲသွားသည်။ ရုတ်ချည်း သိရှိ ခံစားနိုင်ရန်မှာ မလွယ်ကူလှပေ။ မှောဒန်ခေတ်ဦးက အထူးနာမည် ကျှောကြားခဲ့သော ဆာဗေးလ်ဒိုးလ် ဒါလီ၏ ပန်းချီကားများဆိုလျှင် အိပ်မက်ဆန်ဆန်၊ သကေဿငတများဖြင့် ပြည့်နှက်နေသည်။ ပန်းချီကားထဲတွင် ကုလားအုတ်တစ်ကောင် တွေ့ရုံမျှနှင့် ကုလားအုတ်ကို ဆိုလိုရင်း မဟုတ်ကြောင်း သိနိုင်သည်။ သို့ရာတွင် အဆိုပါ ကုလားအုတ်သည် မည်သည်ကို ကိုယ်စားပြုသနည်း ဆိုတာကို ကျွန်တှောတို့ လေ့လာ ကြရသည်။ ထိုမှ ဖရွိုက်၏ စိတ်ပညာကျမ်းများ၊ အိပ်မက်အဘိဓာန်များကို ထပ်ဆင့် လေ့လာကြရသည်။ သကေဿငတဘာသာဗေဒ Semiotic ကို မသိရှိ မလေ့လာဘဲ ထိုပန်းချီကားကို အဓိပဿပာယ် ဖှောနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ခံစားသူက ထိုဘာသာရပ်ကို နားမလည်ဘဲ အဆိုပါ ပန်းချီကားကို အဓိပဿပာယ် မရှိဟု ဆိုလျှင် မည်သူ့ အားနည်းချက် ဆိုတာကို ကျွန်တှောတို့ စဉ်းစားသင့်ပါသည်။

ထိုအရာနှင့် ဆက်စပ်၍ နောက်တစ်မျိုး စဉ်းစားကြည့်လျှင် အနုပညာ ဖန်တီးသူကလည်း အဆိုပါ ဘာသာဗေဒများကို ကျွမ်းကျင်နေဖို့ လိုပါလိမ့်မည်။ သူက သကေဿငတဘာသာဗေဒနှင့် ဆွဲထားသော ပုံဟု ဆိုသှောလည်း သူသုံးစွဲထားသော သကေဿငတမှာ မှားယွင်းသော သကေဿငတမျိုး ဖြစ်နေခဲ့လျှင် သူ့အမှားသာ ဖြစ်သည်။ အမှားဟု ဆိုရာတွင်လည်း ပုဂဿဂလိက အမှားမျိုး မဟုတ်ဘဲ ဦးတည်ချက် အမှားမျိုး ဖြစ်သည်။ ဆိုလိုသည်မှာ အနုပညာ ပစဿစည်းတစ်ခု အနေနှင့်ကတော့ ဖြစ်မြောက်ခဲ့ပြီ ဖြစ်သှောလည်း အဆိုပါ အနုပညာလက်ရာမှာ သူဆိုလိုချင်တာနှင့် လွဲမှားနေတာမျိုး ဖြစ်သည်။ ထိုအရာကို မှန်သည်ဟု သူ့အနေဖြင့် ငြင်းဆိုနိုင်သည်။ သို့ရာတွင် သူမှန်ကြောင်း သက်သေ အထောက်အထား ပြဖို့ လိုပါလိမ့်မည်။ ထိုအခါ အနုပညာ ဝေဖန်ရေး(Criticism) ၊ အနုပညာ သီအိုရီ (Art Theory) စသည်တို့ ပါလာပေလိမ့်မည်။

အနောက်တိုင်းတွင် အနုပညာရှင်တိုင်းက သူတို့ တွေ့ရှိသော အသစ်အသစ်သော အယူအဆ နည်းစနစ်များကို စာတမ်းများ၊ သီအိုရီများ ရေးသားကာ မှတ်ကျောက် အတင်ခံကြသည်။ သူတို့ အယူအဆများသည် မည်သို့ ဆက်စပ်မှုရှိကြောင်း သက်သေ ပြကြသည်။ အနုပညာ ဝေဖန်ရေး သမားများက လေ့လာကြသည်။ စူးစမ်းကြသည်။ ထောက်ပြကြသည်။ အကဲဖြတ်ကြသည်။ အနုပညာ သမိုင်းဆရာများက သူတို့အကြောင်း စေ့စေ့စပ်စပ် ရှာဖွေပြီး ဘဝဇာတ်ကြောင်း ဖှောကြသည်။ အဆိုပါ သီအိုရီကို၊ အဆိုပါ အနုပညာလက်ရာကို မည်သည့်အချိန် မည်သည့်နေရာ၊ မည်သို့သော ဘဝအခြေအနေမျိုး၊ မည်သို့သော ပတ်ဝန်းကျင် ရိုက်ခတ်မှုမျိုးတွင် ဖန်တီးခဲ့ကြောင်း ရှာဖွေကြသည်။ ထိုအခါ အနုပညာ ခံစားသူများသည် ထိုသူများ၏ အယူအဆ၊ သီအိုရီများနှင့် သူတို့၏ လက်ရာများကို တွဲဖက်ပြီး နှိုင်းယှဉ် ခံစားလာနိုင်ကြသည်။ သူတို့၏ အယူအဆ မှန်မမှန် တိုက်ဆိုင် စစ်ဆေးနိုင်လာကြသည်။ ကျွန်တှောတို့ မြန်မာနိုင်ငံတွင် အဆိုပါကိစဿစမျိုး အလွန် နည်းပါးပါသည်။ အနုပညာ သမားများကို နာမည်သာ ကြားဖူးသည်။ သူတို့ ဘာဝါဒကို လက်ကိုင်ထားမှန်း မသိရပါ။ သူတို့ ဘဝပတ်ဝန်းကျင်ကို မသိကြရပါ။ သူတို့ ခံယူချက်ကို မသိကြရပါ။ မှောဒန်အနုပညာသမားမှန်း သိသည်။ သို့ရာတွင် ဘာမှောဒန်မှန်း သေသေချာချာ မသိကြရပါ။ (အစဉ်အလာဟောင်းမှ ခွဲထွက်ခြင်းသည်ပင် မှောဒန်ဖြစ်ကြောင်းကိုတော့ သိပြီးဖြစ်ကြပါလိမ့်မည်) သူတို့၏ ကိုယ်ပိုင် သီအိုရီ ရှိသည် ဆိုလျှင်လည်း မရေးသား မကြေညာကြပါ။ လွတ်လပ်စွာ စိတ်ထဲရှိသလို ဖန်တီးလိုက်သည် ဟူသော စကားများသာ လွှမ်းခြုံနေသည်။ နားမလည်ရင်နေ နားလည်သူသာ ခံစားလိမ့်မည်ဟူသော စကားများဖြင့် ချည်နှောင် တတ်ကြသည်။ ထိုအခါ အနုပညာကို ခံစားသူအနေဖြင့် တိတိကျကျ ရေရေရာရာ မသိနိုင်တော့ပေ။ ထို့အတူ ဆုံးဖြတ်ချက် ချရာတွင်လည်း မဝံ့မရဲစိတ် ဖြစ်လာကြရသည်။

မြန်မာပြည်တွင် အများဆုံး ကြားရသော စကားမှာ အနုပညာ လွတ်လပ်မှု ဟူသော စကားဖြစ်သည်။ အမှန်မှာ ထိုအရာသည် အနုပညာနှင့် ပတ်သတ်လျှင် လွတ်လပ်မှု မဟုတ်။ မိမိကိုယ်ကို မည်သည့်ဝါဒ ကိုင်စွဲထားသည် ဆိုခြင်းကို ဝန်မခံဝံ့ခြင်း၊ တနည်းအားဖြင့် ဝေဖန်ရေးကို တိမ်းရှောင်ခြင်း တစ်မျိုးပင် ဖြစ်မည်ဟု ကျွန်တှော ထင်မိသည်။ ဂီတပညာရှင် ဂျေဇီးက ဟစ်ဟော့သမား ဖြစ်သည်။ အီနစ်ခ်မာက နယူးအေ့ခ်ျ ဂီတကိုသာ သီဆိုသည်။ ရှနိုင်းရားတွိန်းက ကန်းထရီးပေါ့ပ် အဆိုတှော ဖြစ်သည်။ ဒန်ဘရောင်းက လျှို့ဝှက်သည်းဖို စွန့်စားခန်းများကို ရေးသည်။ ဝီလ်ဘားစမစ်က ဖြစ်ရပ်မှန် ဇာတ်ကြောင်းများကို ဇာတ်လမ်းဇာတ်ကွက်နှင့် ရေးသည်။ ဂျေကေရိုးလင်းက ကလေးကြိုက် စွန့်စားခန်းများ ရေးသည်။ ဗာဂျီးနီးယားဝုဖ်က မိန်းမဝါဒီ ဖြစ်သည်။ စကဿငာပူက တန်ခိုင်ဆင်းက ဗီဒီယိုအနုပညာမှာမှ Intertextuality ကို အထူးပြုသူ Performance ကိုအထူးပြုသူ ဖြစ်သည်။ ဗန့်ဂိုးက Expressionist ဖြစ်သည်။ ဒါလီက Surrealist ဖြစ်သည်။ ဝါဟိုးက Pop Artist ဖြစ်သည် စသည် စသည်ဖြင့် တိတိကျကျ သိကြရသည်။ သူတို့၏ အနုပညာ လက်ရာများ၊ ခံယူချက် စာပေ စာတမ်းများ၊ သဘောတရား သီအိုရီများ၊ ဝေဖန်ချက်များကို ဖတ်ရှု လေ့လာနိုင်ကြသည်။ ကျွန်တှောတို့ဆီတွင် ထိုသို့ သတ်သတ်မှတ်မှတ် အနုပညာရှင်မှာ အလွန်နည်းပါးလှသည်။ ဘာနဲ့မှ ဘောင်ခတ်မထားဘူး၊ လွတ်လပ်စွာ စိတ်ထဲ ရှိတဲ့အတိုင်း ဖန်တီးထားတယ်ဆိုသော စကားများသာ ကြားရပါသည်။

နောက်တစ်ခုမှာ ပရိသတ်ကဏဿဍ ဖြစ်သည်။ အနုပညာရှင်သည် အနုပညာကို မိမိဖန်တီးလိုမှုကြောင့် ဖန်တီးရမည် မဟုတ်ပါလော။ သို့တည်းမဟုတ် ပရိသတ်အကြိုက်လိုက် ဖန်တီးရမည် ဖြစ်ပါသလော။ အနုပညာသမား တစ်ဦးသည် မိမိလုပ်ချင်သော အရာတစ်ခုကို လုပ်လိုက်သည်။ ထိုအရာကို ပရိသတ်က နှစ်သက်သည်။ ထိုအရာမှာ သမရိုးကျ ဖြစ်သည်။ သို့ရာတွင် ပရိသတ် အကြိုက်ကိုလိုက်၍ လုပ်နေမည်ဆိုလျှင် ထိုသူကို အနုပညာ သမားဟု ခှေါဆိုခြင်းငှာ မထိုက်ဟုပင် ထင်မိပါသည်။ ယနေ့တွင် ရုပ်ရှင်၊ တီဗွီ၊ မဂဿဂဇင်း၊ ဂျာနယ်များတွင် ပရိသတ်ကြီးဟာ ကျွန်တှောတို့ ကျေးဇူးရှင်ပါ။ ကျွန်တှောတို့ကို အားပေးကြပါ ဆိုသော စကားကို ဖောဖောသီသီ ကြားနေ ဖတ်ရှုနေရသည်။ အမှန်စစ်စစ် ပရိသတ်က ပရိသတ် အလုပ်လုပ်မည် ဖြစ်သည်။ အနုပညာသမားက အနုပညာသမားအလုပ် လုပ်ရမည် ဖြစ်သည်။ အနုပညာသမား အလုပ်သည် မိမိခံစားချက်ကို မိမိတတ်ကျွမ်းရာ အနုပညာရပ်ဖြင့် ထိထိမိမိ ဖှောကျူးနိုင်ရန်သာ ဖြစ်သည်။ မိမိထုတ်လုပ်သော အနုပညာ ကောင်းလျှင် ပရိသတ်က အားပေးမှာ အမှန်ပင်။ ထိုအရာမှာ ကျေးဇူးခံ ကျေးဇူးစား မဟုတ်ပေ။ မိမိအနုပညာ ပစဿစည်းရောင်းရဖို့ အသပြာငွေကြေးအတွက် ပရိသတ်ကို ကျေးဇူးရှင် ခှေါနေကြသည်ကတော့ ရှက်စရာပင် ကောင်းလှသည်။ ဆရာကြီးဦးခင်မောင်ရင်သည် သူရေးဆွဲချင်သော ပန်းချီကားများကို စိတ်ရှိလက်ရှိ ရေးဆွဲသည်။ ရောင်းရတာ မရောင်းရတာ ဘာမှ ဂရုမထား။ ရေးဆွဲလိုရင်းသာ သူ၏ အနုပညာ ဖြစ်သည်။ ဆရာကြီး ဒေါက်တာသန်းထွန်းသည် သမိုင်းဘာသာရပ်ဆိုင်ရာ အချက်အလက် များကို ရောင်းရရ မရောင်းရရ ထုတ်ဝေသည်။ သူ့စာပေများတွင် သူ့အားထုတ်မှု အနုပညာကို တွေ့နိုင်သည်။ ကျွန်တှော့အနေနှင့်တော့ ပရိသတ်ကို ကျေးဇူးရှင်အဖြစ် သတ်မှတ်ပြီး ထုတ်လုပ်လိုက်သော အနုပညာ ပစဿစည်းများကို တန်ဖိုးမထားပေ။ ထိုအရာကို လေးလေးနက်နက် စဉ်းစားသင့်သည်ဟု ထင်မိပါသည်။

အဆုံးသတ်ရမည်ဆိုလျှင် အနုပညာရှင်သည် ကိုယ်ခံယူသော အနုပညာလမ်းကြောင်းကို တည့်တည့်မတ်မတ် ခိုင်ခိုင်မာမာ ရပ်တည်သင့်သည်။ ထိုအနုပညာရပ်နှင့် ပတ်သတ်သော တွေ့ရှိချက်၊ သီအိုရီ၊ နည်းစနစ်များကိုလည်း အခြားသူများပါ နားလည်လာနိုင်အောင် ဝေငှ ဖြန့်ဖြူးပေးသင့်သည်။ မိမိ၏ တွေ့ရှိချက်၊ အတဿထုပဿပတဿတိမ်ားကိုလည္း မှတ်တမ်း ပြုစုသင့်သည်။ မိမိ၏ အနုပညာ ပစဿစည်း တစ်ခုစီတိုင်းကို မှတ်တမ်း ပြုစုသင့်သည် (ပီကာဆို နွားပုံရေးဆွဲမှု မှတ်တမ်း၊ အာဗီညွန်မှ မိန်းမများရေးဆွဲပုံ မှတ်တမ်းများကို လေ့လာနိုင်သည်)။ တစ်စုံတစ်ခုကို မျှောကိုးပြီး မဟုတ်ဘဲ မိမိစိတ်သနဿတာန်တွင် ရှိနေသော ခံစားချက်၊ မိမိတင်ပြလိုသော အရာများကို အနုပညာအစွမ်း အပြည့်အဝဖြင့်သာ ဖှောပြသင့်သည်။ ပညာရှင်များ အနေနှင့်လည်း အနုပညာရှင်များ၏ ဘဝဖြတ်သန်းမှုကို မှတ်တမ်း ပြုသင့်သည်။ လေ့လာသင့်သည်။ ပုဂဿဂိုလ်ရေးစိတ် မစွဲဘဲ မှန်မှန်ကန်ကန် ဝေဖန်သင့်သည်။ အချက်အလက်များနှင့် ထောက်ပြသင့်သည်။ အခြားသူများကို လမ်းညွှန်သင့်သည်။ အနုပညာ ခံစားသူများ အနေဖြင့်လည်း အနုပညာ ပစဿစည်းတစ်ခု အပှေါကို ယေဘုယျ အမြင်သက်သက်ဖြင့် မဟုတ်ဘဲ စေ့ငုစွာ လေ့လာသုံးသပ်ပြီးမှ ခံစား ဆုံးဖြတ်ချက် ချသင့်သည်။ အနုပညာ သဘောတရား ရေးရာများ၊ အနုပညာ သမိုင်းများ၊ အနုပညာရှင်များ၏ အတဿထုပဿပတဿတိမ်ားကို လေ့လာ သင်ယူသင့်သည်။ သို့မှသာ အနုပညာရှင်များဘက်မှ ပြောင်မြောက်သော အနုပညာများ အထောက်အထား ခိုင်ခိုင်လုံလုံနှင့် ထွက်ပှေါလာမည် ဖြစ်သလို ခံစားသူများ ဘက်မှလည်း နည်းစနစ်တကျ၊ ပညာပြည့်ဝစွာ လေ့လာ ခံစားနိုင်ကြမည် ဖြစ်သည်။ ထိုသို့မျှ မဟုတ်လျှင် အနုပညာသည် လူနည်းစုအတွက်သာ ဖြစ်နေမည် ဖြစ်ပြီး အခြားနားမလည်သူများက ဘာမှန်းမသိသော ပစဿစည်းတစ်ခုအဖြစ် အထင်ရောက်ကာ တဖြည်းဖြည်း ပစ်ပယ်ရင်း ပစ်ပယ်ရင်းနှင့် ကျွန်တှောတို့ မြန်မာ့အနုပညာ ပညာရပ်များ တစတစ မြန်မာပြည်မှ ပျောက်ကွယ် သွားတော့မည်မှာ အမှန်ပင် ဖြစ်ပေသည်။



မှတ်ချက်။ ။ တကဿကသိုလ် နံရံကပ် စာစောင်အတွက် အသုံးပြုခဲ့သော စာမူတစ်ခုအား အနည်းငယ် ပြင်ဆင်ပြီး ပြန်လည် ရေးသားသည်။

ညီလင်းဆက်

No response to “Inspiring the Arts”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz