Sunday, May 13, 2007

ေန့အိပ္ညေပ်ာှေတာှတီးေတာှ ၆

ေန့အိပ္ညေပ်ာှေတာှတီးေတာှ
အပိုင်း ၆


လိုတိုးပိုညှစ် ကိုဖိုးချစ်

နွေဥဩ တစ်ကောင်က စူးစူးဝါးဝါး လွမ်းလွမ်းဆွတ်ဆွတ် အှောမြည်နေတဲ့ အချိန်မှာ သူ့ကို မွေးခဲ့လို့ သူဟာ အချစ်ရေးမှာ အမြဲ ကံမကောင်းတဲ့သူလို့ သိတတ်စ အရွယ်ထဲက တဖွဖွ ပြောတတ်တယ်။ သူ့နာမည် အရင်းက ဇေယျာစိုင်း။ သူငယ်ငယ် ကလေးဘဝတုန်းက ဆိုးလွန်းလို့ သူ့မိဘတွေက မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး အဖိုး ဖြစ်သူထံမှာ အပ်ထားရသတဲ့။ သူ့အဖိုးကလည်း နာမည်တစ်လုံးနဲ့ နေတဲ့သူ။ ဦးဖိုးတဲ့။ ဟိုးအရင် အဂဿငလိပ်ခေတ်တုန်းက ရန်ကုန်တစ်ခွင်ကို အပိုင်ကိုင်ရတဲ့ ပုလိပ်အင်စပတ်တှောကြီး။ လမ်းသွားရင်တောင် လက်ထဲမှာ တုတ်လေး တဆဆနဲ့။ စဉ်းစားဖို့ လိုလာပြီဆိုရင် အပှေါ ဘလေဇာကုတ်ထဲကနေ စတီးလ်ဗူး အပြားလေးကို ထုတ်ပြီး ယမကာလေးက မှီဝဲတတ်သေးတယ်။ လမ်းမတှောဖိုးတုတ်တို့ ဗိုလ်တထောင် ငမိုးတို့ဆိုတာ သူ့နေရာမှာသာ ရဲကြတာ။ ဦးဖိုးနဲ့တွေ့ရင် အပိုးကို သေလို့။ မသေလို့လည်း မရဘူးလေ။ သူမူးလာရင် ခုံတစ်လုံး ပေးထိုင်ပြီး ရစ်နေတာ တစ်နေ့လုံး တစ်ညလုံး မပြီးတော့ဘူး။ လက်သံကလည်း ဘာပြောင်သလဲ မမေးနဲ့။ သူ မယ်ဒလင်တီးရင် အားလုံးနားပိတ်လို့ နေကြရတယ်။ အဲဒီလို။

ဒီလိုနဲ့ ဦးဖိုးတစ်ယောက် အသက်ကြီးလာတော့ အငြိမ်းစားယူပြီး ရွှေတောင်ကြားထဲက တိုက်လေးတစ်လုံးမှာ ဝါသနာပါရာ စာပေကျမ်းဂန်တွေကို လေ့လာလိုက်စား နေထိုင်နေတုန်းမှာပဲ သူ့ရဲ့ ပါရမီ ဖြည့်ဖက် ဒှေါဖွားမြတစ်ယောက် လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ ဘယ်တုန်းကမှ တစ်ယောက်ထဲ မနေတတ်တဲ့ ဦးဖိုးတစ်ယောက် တှောတော့ကို ခံစားခဲ့ရတယ်။ အရင်တုန်းက သူဘယ်လို မြည်တွန် တောက်တီး ဆူဆဲ အှောဟောက် ကြိမ်းမောင်း ခြိမ်းခြောက် လုပ်ခဲ့မိ လုပ်ခဲ့မိ တစ်လုံးတစ်ပါဒမှ ပြန်လည်းမပြော အပြစ်လည်း မယူခဲ့တဲ့ သူ့ကို အလွန်ချစ်ရှာတဲ့ဇနီး ဆုံးပါးသွားတဲ့နောက်မှာ ဘာကို အမှီပြုရမှန်း မသိတော့တာနဲ့ ယခင်က စတီးလ်ပြားလေးကိုပဲ ပြန်အဖှောပြုနေခဲ့ရတယ်။ ဒါကြောင့် မောင်ဇေယျာစိုင်းလေးရဲ့ မိဘများက ဖခင်ကြီးလည်း အဖှောရအောင်၊ ဒင်းကိုလည်း ဆုံးမရအောင်လို့ တစ်နေ့မှာတော့ အှောဟစ်ငိုယိုနေတဲ့ ကြားက အတင်းချုပ်ပြီး ဦးဖိုးဆီကို ပို့လိုက်ပါတော့တယ်။ (မကောင်းကျောင်းပို့ ဆိုတာမျိုးပေါ့။)

သားသားလေးရေ
သားသားလေးရေ
မြေးချစ်လေးရေ
ဇေယျာစိုင်းလေးရေ
ပူတူတူးလေးရေ

ဘယ်လိုခှေါခှေါ ဒင်းကတော့ ပြန်မထူးပါဘူး။ မျက်မှောင်ကို ကျုံ့ပြီး ပေကြည့်နေတယ်။ ကြာလာတော့ ဦးဖိုးလည်း စိတ်မရှည်တော့ဘူး။

ဟေ့ကောင်
သောက်ပင်းလေး
လာစမ်းဒီကို
ဒီလောက် ခှေါနေတာကို ပေကြည့်နေတယ်
ငါကိုင်ထည့်လိုက်ရ သေတော့မယ် တောက်

အဲဒီလို အကြမ်းကိုင် ထည့်လိုက်တော့မှ ဒင်းရဲ့မျက်နှာက လှုပ်လာတယ်။ ငိုမဲ့မဲ့ ဖြစ်လာတယ်။ ပြီးတော့ တအဲ့အဲ့ အသံထွက်လာတယ်။ ပြီးတော့ ရှိုက်ရှိုက်ငိုတယ်။ ပြီးတော့ ကြုံးကြုံးအှောငိုတယ်။ ဘိုးဖိုး မျက်နှာကြီးကတော့ အရင်ပုလိပ်ဘဝက သူ့အနွံအတာ ခံရတဲ့ တပည့်သားမြေးတွေကို ပြန်သတိရလိုက်ပြီး ပြုံးဖြီးဖြီး ဖြစ်လာတယ်။ အမှန်ကတော့ တစ်သက်လုံး သူတပါး အပှေါမှာ ဟိန်းဟောက် အမိန့်ပေးခဲ့တဲ့ သူ့ဝသီဘှောကို အငြိမ်းစား ယူပြီးကတည်းက ကောင်းကောင်း အသုံးမချရတာ ကြာနေခဲ့ပြီ။ အခုမှ သူ့ဆနဿဒရှိသလောက် ဆဲဆိုတဲ့ဒဏ်ကို ခံမယ့်သူတစ်ယောက် ရောက်လာပြီဆိုပြီး ငယ်မူငယ်သွေးတွေ ပြန်ကြွလာတဲ့ သဘောပါပဲ။

ဒီလိုနဲ့ အဲဒီနေ့ကစပြီး မောင်ဇေယျာစိုင်းလေးရဲ့ အှောဟစ်ငိုယိုသံ၊ ဦးဖိုးရဲ့ ဆူသံဆဲသံ ချော့မြူသံတွေဟာ ပတ်ဝန်းကျင်ကလူတွေ နားမခံသာအောင်ကို ကြားလာရတော့တယ်။ တစ်ခါတစ်လေတော့လည်း ဦးဖိုးစိတ်ကောင်း ဝင်နေတဲ့အချိန် မောင်ဇေယျာစိုင်းလေးကို ပုခုံးပှေါ ခွပိုးတင်ပြီး နံနက်ခင်းတိုင်း လမ်းလျှောက် ထွက်တတ်တယ်။ ပြီးရင် တွေ့တဲ့ သူတိုင်းကို ဒါကျုပ်မြေးချစ်လေးလေ ဆိုပြီး ဂုဏ်ယူမိတ်ဆက် တတ်သေးတယ်။ ဒါမျိုးက တစ်နေ့လည်းမဟုတ် နေ့တိုင်း။ ဒင်းကလည်း ဒင်းပဲ အဲဒီလို လူတွေရှေ့မှာ တယုတယ ဆက်ဆံလိုက်မိတိုင်း ဦးဖိုးရဲ့ ကိုယ်ပှေါကို သေးပေါက်ချတတ်တယ်။ အဲဒီအခါကျရင် ဦးဖိုးရဲ့ မျက်နှာကြီးက နီရဲလာပြီး ဒင်းကို ကှောကှောဆဲပါတော့တယ်။ ပြီးရင် အဲဒီ၎နှစ်သား ကလေးကို အဲဒီနေရာမှာ ဒီအတိုင်းထားခဲ့ပြီး သူကတော့ တရှုးရှုးတရှဲရှဲနဲ့ အိမ်ပြန်သွားတော့တယ်။ ထူးဆန်းတာက ဟိုကောင်လေးကလည်း တဗြဲဗြဲငိုရင်း အိမ်ကို တန်းတန်းမတ်မတ် ပြန်လိုက်သွားတတ်တာပါပဲ။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ မောင်ဇေယျာစိုင်းလေးကို ဦးဖိုးရဲ့ အချစ်တှော အှောပေလေးမို့ ဖိုးချစ်လို့ အားလုံးက အမည်ပေးလိုက် ကြတော့တယ်။ (အှောပေ ဆိုသည်မှာ ခေတ်ပှေါ မြန်မာ ဗန်းစကား အှောစတှောနီနှင့် ပေကြောင်ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်)

ဒီလိုနဲ့ မောင်ဖိုးချစ်လေးဟာ ဘဖိုးရဲ့ လက်အောက်မှာ အရွယ်ရလာတယ်။ ဘဖိုးကလည်း တစ်ဦးတည်းသော မြေးလေးမို့ အစစအရာရာ အလိုလိုက်ထားတယ်။ လိုချင်တာမှန်သမျှ ဝယ်ပေးတယ်။ ဒါပေမယ့် စည်းကမ်းနဲ့ ပညာရေးကိုတော့ တစ်ပြားသားမှ မလျော့ဘူး။ စာမေးပွဲတွေဆို အဆင့်တစ်ရမှ၊ ဂုဏ်ထူးဆို ဘာသာစုံပါမှလို့ ရာဇသံပေးထားတယ်။ အဲ တကယ်လို့မှ အဲဒီလို မရခဲ့ရင် ဘဖိုးက အပြတ်ဆှောတော့တာပဲ။ မောင်ဖိုးချစ်လေးလည်း အစွမ်းကုန် ကြိုးစားရှာပါတယ်။ ဒါပေမယ့် သိကြားမင်း ခရီးလှည့်လည်နေခိုက် ပဏဿဍုကဗလာ ကျောက်ဖျာတင်းလေတာကို မသိတာမို့ မောင်ဖိုးချစ်လေးဟာ သူငယ်တန်းကစလို့ လစဉ်လတိုင်း အမြဲ အဆှောခံရတော့တယ်။ ဒါပေမယ့် ဆှောလေချစ်လေလို့ပဲ ဆိုရမလား မသိပါဘူး သူတို့မြေးအဘိုးရဲ့ သံယောဇဉ်က တိုးတိုးလို့ လာခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ မောင်ဖိုးချစ်လေး မိဘတွေဟာ နိုင်ငံရပ်ခြားမှာ အခြေချဖို့ ကြုံလာလို့ မောင်ဖိုးချစ်လေးကို သူတို့အဖေ ဘဖိုးဆီကနေ လာခှေါတယ်။ ဘဖိုးကတော့ ဘာမှ ထွေထွေထူးထူး မပြောရှာပါဘူး။ အေးလေ တိုးတက်ရာ တိုးတက်ကြောင်းမို့ အဘိုး ခွင့်ပြုပါတယ်ကွာ လိုက်သွားတော့ ငါးမြေးကြီးရေလို့ ပြောပြီး မျက်နှာကို တစ်ဖက် လှည့်ထားတယ်။ အဲဒီအချိန်မှာ ပစဿစည်းတွေကို သိမ်းဆည်းနေတဲ့ မောင်ဖိုးချစ်ဟာ ဘဖိုး မျက်နှာလှည့်ထားတဲ့ဘက်က မှန်တွေကနေ သူ့အဘိုး မေးကြောကြီးတွေ ထောင်ထနေပြီး မျက်ဝန်းက မျက်ရည်တွေ ကျနေတာကို တွေ့လိုက်ရတဲ့အခါ အဘိုးနဲ့ခွဲပြီး ဘယ်မှ လိုက်မသွားတော့ဘူးဆိုပြီး ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။

အသက်ကြီး လာတာနဲ့အမျှ မောင်ဖိုးချစ်လေးရဲ့ အမူစရိုက်တွေက လည်း ပြောင်းလဲလာတယ်။ ငယ်ငယ်က ပေခဲ့ဆိုးခဲ့တာတွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး အေးအေးဆေးဆေး နေလာတာ တွေ့ရတယ်။ အားရင် ဘဖိုးရဲ့ စာအုပ်ပုံထဲက စာအုပ်တွေကို ယူယူဖတ်နေတတ်တယ်။ ဘဖိုးဆီမှာက စာအုပ်တွေက အများသား။ လူငယ်ကြိုက် အဖှောအချွတ် စာအုပ်တွေကစလို့ လောကီကျမ်း လောကုတဿတရာကျမ်းဂန်တွေအထိ ရှိတယ်။ (လူငယ်ကြိုက် စာအုပ်များမှာ ဘဖိုးဝယ်စုထားတာ မဟုတ်ရကြောင်း သူ့တပည့်များ ပေးထားသော စာအုပ်များသာဖြစ်ကြောင်း စာရေးသူအနေဖြင့် အာမခံလိုက်ပါသည်။ သို့မဟုတ်လျှင် မောင်ဖိုးချစ်က ကျွန်ုပ်အား မဟုတ်မဟတ် ရေးသည်ဟု အမျက်သိုသွားမည်ကို စိုးသောကြောင့် ဖြစ်ကြောင်း အလျင်းသင့်၍ တင်ပြအပ်ပါသည်။) သူကိုယ်တိုင်က စာဖတ်ဝါသနာပါသူ သုတေသန ဝါသနာပါသူမို့ အဖိုးတန် စာအုပ်လေးတွေကို စုစုထားတတ်တယ်။ ဘဖိုးကလည်း သူ့မြေးချစ်လေး ဆိုးသွမ်းနေတာထက်စာရင် ဒီလို ငြိမ်ငြိမ်ဆိမ်ဆိမ် အေးအေးလူလူ စာဖတ်နေတာကမှ တှောလိမ့်ဦးမယ်ဆိုပြီး ဘာဖတ်ဖတ် သဘောကျလို့ နေပါတယ်။ ဒီလိုနဲ့ မောင်ဖိုးချစ်လေးဟာ အသက် ၁၆နှစ်သားမှာ စာပေါင်းစုံဖတ်ပြီး အတတ်ပေါင်းစုံကို တှောတှောတတ်သိ နားလည် နေခဲ့ပြီ။ (ဒင်းဖတ်သော စာအုပ်များတွင် အထက်က ကျွန်တှော အာမခံထားသော စာအုပ်များ လုံးဝလုံးဝ မပါကြောင်း ထပ်ဆင့် အာမခံလိုက် ရပါသည်။ အဘယ်ကြောင့်ဆိုသှော ဒင်းသည် တဏှာရာဂကို ငယ်စဉ်ကတည်းက စိတ်ကုန်ခဲ့ပြီဟု စာရေးသူကို ဖွင့်ဟပြောခဲ့ဖူးသောကြောင့် ဖြစ်ပေသည်။ ဤကား စကားချပ်)

ဒီလို တည်ငြိမ်လာတဲ့ မောင်ဖိုးချစ်ရဲ့ ဘဝမှာ ထူးထူးခြားခြား သူငယ်ချင်းဆိုလို့ နှစ်ဦးပဲ ရှိခဲ့တယ်။ တစ်ဦးက သူတို့ အိမ်ဘေးမှာ နေတဲ့ ရဲတင်း( နောက်ပိုင်းတွင် ဒင်းသည်လည်း ရှုပ်ထွေးပွေလီလှသော စနေငပေ၏ ဇာတ်လမ်းကြီးထဲသို့ တိုးဝင်လာမည်ဖြစ်သော အထူးဇာတ်ကောင် တစ်ယောက် ဖြစ်ကြောင်းကို စာဖတ်သူများ ဖတ်ရှုကြရမည် ဖြစ်ပေသည်။) နောက်တစ်ယောက်ကတော့ မောင်ဖိုးချစ် ငယ်ငယ်ထဲက သံယောဇဉ် ဖြစ်ခဲ့ရတဲ့ သူ့ရဲ့ တစ်ဦးတည်းသော မိန်းခလေး သူငယ်ချင်း မြကျောက်။ ငယ်စဉ်ကတော့ သံယောဇဉ်ကို အကြောင်းပြခဲ့ပေမယ့် ကြီးလာတော့ အကျိုးတရားက အချစ်ဖြစ်လာခဲ့ပြီ။ ကြီးလာပြီဆိုတဲ့ အချိန်က မောင်ဖိုးချစ် ၁၂နှစ် (ရတန်း ကျောင်းသားဘဝ)

မြကျောက် နင့်ကိုငါ ချစ်တယ်
ချစ်ရင် ငှက်ပျောသီးဝယ်ကျွေး
ဝယ်ကျွေးစရာ မလိုပါဘူး မြကျောက်ရယ် အသင့်ရှိပါတယ် ဟင်းဟင်း
အင် ဟုတ်လို့လား အချစ်ကလည်း (အချစ်ဆိုသည်မှာ ဖိုးချစ်နှင့် စသိကတည်းက ခှေါသော အာလုတ်စကား)
အေးလေ ဟုတ်ပါတယ်ဟ ငါတို့အိမ်မှာ ငှက်ပျောပင်တွေမှ များကြီး
လာ ဒါဆို သွားစားကြရအောင်
အေး သွားမယ် ငါနင့်ကို ချစ်လို့ ကျွေးတာနှော ဟီဟိ
အေးပါဟယ် နင်ကလည်း ဟင့်

ဒီလိုနဲ့ ဖိုးချစ်ကလေးဟာ ၁၂နှစ်သားမှာ ငှက်ပျောသီးကျွေးရင် သူ့ရဲ့ အချစ်ကို မြကျောက်က အသိအမှတ်ပြုတာ ခံခဲ့ရပါတယ်။ ပျှောမဆုံး မှောမဆုံးပေါ့။ သူ့စိတ်ထဲမှာ သူတို့နှစ်ဦး ချစ်သူ ဖြစ်သွားကြပြီလို့ ထင်ထားတယ်။ ဘာလို့လည်းဆိုတော့ သူ့ဘဖိုး အရက်မူးတုန်းက သူ့ကို ပြောတာ ကြားဖူးတယ်။ မှတ်ထားငါ့မြေး မိန်းမတွေဟာ ချစ်ပြီဆိုရင် ဘာကိုမှ မစဉ်းစားတော့ဘူး။ ဘာကျွေးကျွေး စားတော့တာပဲ ဟူ၍ဖြစ်သည်။ (အမှန်စင်စစ် ဘဖိုး ပြောလိုရင်းမှာ မိန်းမတွေသည် သူတို့သာ ချစ်လို့ကတော့ အချစ်အတွက် အသက်ပင်သေသေ ချစ်သူအတွက် ရဲရဲရင့်ရင့် အဆိပ်ပင် သောက်ရဲသည်ဟု ဖြစ်မည် ထင်ရသည်။ သို့သှောလည်း ထိုအရာကို မောင်ဖိုးချစ်လေးက လိုရာဆွဲ၍ နားလည်လိုက်ဟန် တူလေသည်။ ဤကားစကားချပ်) မြကျောက်တို့ နေတာက ဖိုးချစ်တို့နဲ့ အိမ်နောက်ဖေးချင်း ကပ်လျက်။ သူတို့ အိမ်နှစ်အိမ်က တကယ်တော့ သိပ်မတည့်လှ။ ဘဖိုးနဲ့ မြကျောက်အဖိုး ဘိုးပွင့်တို့က ရည်းစားလုဘက်။ ဆုံးသွားတဲ့ ဒှေါဖွားမြ ငယ်ငယ် ဆံတောက်သိမ်း အရွယ်ထဲက သူတို့ နှစ်ဦးသားက ပြိုင်ပိုးခဲ့ကြတာ။ ဘိုးပွင့် အဂဿငလန်သွားပြီး ဆေးပညာ သင်ကြားနေချိန်မှာ ဘဖိုးက အရယူခဲ့တာ။ အမှန်ဆို ဘိုးပွင့်နဲ့ အရီးဖွားမြနဲ့က ဘိုးပွင့် ဟိုမှာနေလို့ ကျောင်းသုံးနှစ်ပြီးရင် ပြန်လာပြီး လက်ထပ်ပါမယ်လို့ ကတိစကားတွေ ထားပြီးသား။ ဒါပေမယ့် ဘိုးပွင့်က ဟိုမှာ စာပူတွေမိပြီး ပြန်မလာနိုင်တဲ့အခါ အရီးဖွားမြက သစဿစာဖျက်သူကြီးရယ်လို့ သတ်မှတ်ပြီး ဘဖိုးအချစ်ကို လက်ခံလိုက်တာ။ ဘိုးပွင့်ကလည်း အဲဒီသတင်းကို ကြားတဲ့အခါ နားလည်မှု မရှိတဲ့မိန်းမ၊ သစဿစာမရှိတဲ့ မိန်းမရယ်လို့ အမျက်ပွားပြီး အိမ်ကပေးစားသူနဲ့ ယူခဲ့ရတာ။ ဘဖိုးကလည်း ဒီဇာတ်လမ်းတွေကို သိပါတယ်။ ဒါပေမယ့် သူ့ဝါဒက အချစ်ဆိုတာ ရယူခြင်းရယ်လို့ လက်ခံထားတာမို့ သိစိတ်မှာ ဂုဏ်ယူနေခဲ့တယ်။ မသိစိတ်မှာကတော့ ငါဟာ သူ့အချစ်ကို ဒင်းနောက်မှ ရခဲ့တာဆိုပြီး တစ်သက်လုံး မကျေမချမ်း ဖြစ်နေခဲ့တာပါ။ ဒါကြောင့်လည်း ဘဖိုးက ရွှေတောင်ကြားထဲမှာ သူတို့လင်မယား နေမယ် အိမ်ရွေးတော့ ဘိုးပွင့်အိမ်နဲ့ နောက်ဖေးချင်း ကပ်လျက်ကို ရွေးလိုက်ရော။ ဇာတ်လမ်းက အဲဒီလို။ ဒါပေမယ့် သူတို့ချင်းသာ ငယ်သူငယ်ချင်းဖြစ်လျက်နဲ့ မတည့်ကြ ကြည့်မရကြ ဖြစ်နေတာပါ။ သူတို့ မြေးလေးတွေရဲ့ နုနယ်တဲ့ ဦးနှောက်ထဲကိုတော့ အဲဒီ အာဃာတတွေ ထည့်မပေးကြပါဘူး။ ဒါကြောင့်လည်း ဖိုးချစ်နဲ့ မြကျောက်လေးဟာ လွတ်လွတ်လပ်လပ် ပျှောပျှောရွှင်ရွှင် ပေါင်းလို့သင်းလို့ ရခဲ့တယ်။ ကျောင်းသွားပြီဆို သူရယ် ရဲတင်းရယ် မြကျောက်ရယ် အတူတူ သွားကြတယ်။ အဲဒီအချိန်အထိ ဖိုးချစ်တို့က ဘောင်းဘီတိုလေးတွေနဲ့။ မြကျောက်ကလည်း ဂါဝန်လေးနဲ့။ ဒီလို လွတ်လပ်ပျှောရွှင်တဲ့ သူတို့ရဲ့ ကလေးဘဝလေးကို ဖျက်ဆီးပစ်လိုက်တာက ရတန်းကျောင်းတွေပိတ်တဲ့ နွေရာသီ။

ရနှစ်တန်း စာမေးပွဲကြီးပြီးတော့ မြကျောက်တို့ မိသားစု အထက်အညာ မနဿတလေးကို အလည်သွားကြတယ်။ ဖိုးချစ်တို့ကတော့ ထုံးစံအတိုင်း ငါ့ကိုသတိရနေနှော၊ ငါလည်း သတိရနေမယ်၊ ပြန်မလာရင် ငိုမှာပဲ စတဲ့ အလွမ်းအဆွေး စကားလေးတွေကို ပြောရင်း ကြိတ်ဝမ်းနည်း နေရတာပေါ့။ ဒါပေမယ့် ဒါကလည်း တစ်ရက် နှစ်ရက်လောက်ပါပဲ။ နောက်နေ့ ရဲတင်းရောက်လာပြီး ဟိုကစား ဒီကစား ကစားမိကြတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပါပဲ။ မနက်မိုးလင်းတာနဲ့ သူတို့နှစ်ယောက်က ဟိုဘက် ရပ်ကွက်ကို ကူးပြီး သရေကွင်း ပစ်ကြတယ်။ ဂှေါလီရိုက်တယ်။ အရုပ်ပစ်တယ်။ ဖိုးချစ်က သရေကွင်း ပစ်တဲ့ နေရာမှာ နံပါတ်တစ်၊ ရဲတင်းက ဂှေါလီမှာ ဘုရင်။ ဖိုးချစ်က သူ့လည်ပင်းမှာ သူပစ်လို့နိုင်တဲ့ သားရေကွင်းတွေကို အတွဲတွေလုပ်ပြီး ချိတ်ဆွဲထားတတ်တယ်။ ရဲတင်းကတော့ လွယ်အိတ်တစ်လုံးနဲ့ နိုင်သမျှ ဂှေါလီတွေကို သိမ်းကြုံးထည့်နေ တော့တာပဲ။ သူတို့ကသာ ပျှောလို့ပါးလို့ လွတ်လပ်နေပေမယ့် သူတို့သတိမထားမိတာက ဘဖိုးဟာ အရင်လို မဟုတ်ဘူး။ ထူးခြားနေတယ်။ အရင်ကလိုလည်း မနက်မနက် ထထလမ်းမလျှောက်တော့ဘူး။ တခါတလေလည်း ခှေါရင် မထူးဘူး။ တနေရာရာကို ကြည့်ပြီး တွေးနေတတ်တယ်။ စာအုပ်ဘီရိုကြီးတွေ အားလုံးကိုဖွင့်ပြီး သဲသဲမဲမဲ ဖတ်နေတာလည်း တွေ့ရတတ်တယ်။ ခါတိုင်းလို သူတို့ကို စာကျက်ဖို့တွေ ဘာတွေလည်း သိပ်မပြောဘူး။ ထမင်းလည်း သိပ်မစားဘူး။ အရက်ကိုတော့ ခါတိုင်းထက် ပိုပိုသောက်တာ တွေ့နေရတယ်။ ဘဖိုး ဘယ်လိုပဲ ဖြစ်နေနေ ကလေးတွေဆိုတော့ သိပ်ဂရုမစိုက်ဖြစ် ကြဘူးပေါ့။ သူတို့လွတ်လပ်ရေးပဲ အရေးထားနေကြတာကိုး။

ဒီလိုနဲ့ နေလာလိုက်တာ ကျောင်းတွေဖွင့်ခါနီးတဲ့အထိ မြကျောက်တို့က ပြန်မလာဘူး။ ကျောင်းဖွင့်တော့လည်း မြကျောက် ရောက်မလာခဲ့ဘူး။ သူတို့ နှစ်ယောက်လည်း အဲဒီတော့မှ မြကျောက်ကို ကောင်းကောင်း သတိရလာ ကြတော့တယ်။ ဖိုးချစ်ကတော့ တခါတလေ ငါ့ချစ်သူ ရောက်မလာသေးဘူးကွာ.. ခံစားရတယ်ဆိုပြီး ရဲတင်းဆီမှာ ရင်ဖွင့်တတ်တယ်။ အဲဒီအခါမျိုးဆို ရဲတင်းက စွေစောင်းစောင်း ပမာမခန့်တဲ့ ပုံစံမျိုးနဲ့ ပြန်ကြည့်ပြီး ချစ်တယ်ဆိုတာ ခံစားရတယ်ကွ.. ချစ်မိသူဟာ အရှုံးပဲ ဘာညာနဲ့ ပြန်ပြောတတ်တယ်။ အဲဒီလိုသာ ပြောနေကြတာ သူတို့ပုံစံက ကျောင်းစိမ်း ဘောင်းဘီတိုလေးတွေနဲ့ ဘိုကေလို့ခှေါတဲ့ ရှေ့တစ်လက်မ နောက်ပြောင် ကေလေးတွေနဲ့။ အရပ်ကမှ ၅ပေ မပြည့်ချင်သေးဘူး။ (အဆိုပါ အချက်များမှာ စာရှုသူများကို ယင်းတို့၏ အခြေအနေ အသက် ဘဝပုံစံကို မြင်မြင်ထင်ထင် သိစေလို၍ တင်ပြထားခြင်းမျှသာ။ သူတို့ ရင်ထဲမှ ချစ်ခြင်းတရားများ၊ ခံစားချက်များ၊ ဒသနများကိုကား လားလားမှ အထင်အမြင် မသေးဝံ့ပါချေ)။ ဒီလိုနဲ့ သူတို့ နှစ်ယောက်ထဲ နေလာလိုက်တာ ရှစ်တန်းနှစ်လယ်လောက်မှာ မြကျောက်တို့ မိသားစု ပြန်ရောက်လာတယ်။


မြကျောက်

ဖိုးချစ်နဲ့ ရဲတင်းတို့ကား ကိုယ့်မျက်လုံးကိုကိုယ် မယုံချင် ဖြစ်နေကြတယ်။ သူတို့ဆီရောက်လာသော မြကျောက်ကို အထူးအဆန်း ပုံစံမျိုးနဲ့ ကြည့်နေမိတယ်။ ထွက်သွားတုန်းက ပိန်ပိန်သေးသေး ဂါဝန်လေးနဲ့ မြကျောက်။ အခုတော့ (ထိုအချိန်က မြကျောက်ပုံစံကို မှတ်သားထားခဲ့သော ရဲတင်း၏ ကိုယ်တိုင်ရေး အတဿထုပဿပတိပါ အချက်အလက် အချို့ကို ဆင်ဆာ ဖြတ်သင့်တာဖြတ်၍ တင်ပြလိုက်ပါသည်)

“ ထိုနေ့က ကျွန်တှောတို့ နှစ်ယောက်သား အိမ်ရှေ့က ဝါရန်ဒါအောက်တွင် ထိုင်ကာ ကျားထိုးနေကြသည်။ ထိုအချိန်တွင် ဟိတ်! ဟူသော အသံပြုပြီး မိန်းမတစ်ယောက် ရောက်လာသည်။ ရုတ်တရက် ကြည့်လိုက်မိသောအခါ တွေ့ဖူးသလိုလို ထင်လိုက်မိသည်။ ချက်ချင်းပင် အသိမဟုတ်ဘူးဟု ထင်လိုက်မိပြန်သည်။ သို့သှောလည်း ရင်းနှီးမှုကိုကား ခံစားနေရသည်။ ထိုအရာများမှာ တကယ်တော့ တခဏအတွင်း လက်ဖျစ်တတွတ်အတွင်း ခံစားလိုက်ရသော စိတ်အာရုံများသာ။ ဖိုးချစ်က ဟာ မြကျောက်ဟု ထအှောတော့မှ အဆိုပါ မိန်းခလေးမှာ မြကျောက်ဖြစ်မှန်း အသိစိတ်ဝင်လာတော့သည်။ မြကျောက်မှာ နေရောင်အောက်တွင် ဝင်းပနေသည်။ တီရှပ်အဖြူလေးနှင့် စကပ် အနက်ရောင်လေးကို ခပ်တိုတို ဝတ်ထားသည်။ လက်မောင်းသားလေးများမှ မွှေးညှင်းနုလေးများမှာ နေရောင်ထိုးသောကြောင့် ရွှေအိုရောင် တလက်လက် ထနေ၏။ ယခင်က တွေ့နေကြ ခြေထောက်များမှာလည်း အရင်ကလို မဟုတ်ကြတော့။ ပွတ်လုံးလေးတွေလို ဖြစ်နေသည်။ (ဆင်ဆာ..) ။

မျက်နှာလေးမှာ ခါတိုင်းထက် ဝင်းဖတ်နုစိုနေ၏။ နားဖျားလေးများနှင့် ပါးမို့မို့လေးများမှာ ရဲနေသည်။ နှုတ်ခမ်းလေးများကား နီဆွေးစွတ်ဆိုနေသည်။ မြကျောက်၏ ကိုယ်ခနဿဓာမှာ အရင်ကထက် ဖွံ့ထွားလာသည်ဟု သတိပြုလိုက်မိချိန်တွင် ကျွန်တှောတို့ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ အိမ်ဘေးက မာလကာပင်တွင် မာလကာသီးများ မှည့်ဝင်းနေကြပြီ။ အိမ်ရှေ့က စံပယ်ပင်တွင် စံပယ်ပန်းလေးများ ဖူးငုံနေကြပြီ။ (ဆင်ဆာ..) မဆီမဆိုင် ကျွန်တှော ဒါတွေလည်း တွေးလိုက်မိတယ်။ မြကျောက်မှာ ကျွန်တှောတို့နှင့် ဝေးကွာခဲ့သော ၉လကြာခန့် ကာလတွင် ပီဘိ မိန်းမတစ်ယောက် အဖြစ်သို့ အသွင်ပြောင်းလဲ ခဲ့လေပြီ။ ကျွန်တှောမှာ ပြောင်းလဲသွားသော သူ့ကိုယ်ခနဿဓာကောက်ကြောင်းများကို ကြည့်ရင်း ခဏချင်းပင် ဆရာမရှေ့ ရောက်နေသော ခလေးငယ်ပမာ သိမ်ငယ်စိတ် ဝင်လာမိသည်။ အမှန်တော့ ဒီပြောင်းလဲခြင်း တရားတွေကို ကျွန်တှောတို့ နှစ်ယောက်လုံး မသိကြလို့ မဟုတ်ပါ။ ကာလအတန်ကြာကပင် သူငယ်ချင်း နှစ်ယောက်သား ခြေခြေမြစ်မြစ် လေ့လာခဲ့ကြပြီး ဖြစ်သည်။ သို့သှောလည်း လက်တွေ့တကယ် ကြုံလာသောအခါဝယ် အံ့အားသင့် မင်တက်မိခြင်းမျိုးပင် ဖြစ်ချေတော့သည်။ မြကျောက်က သူ့ကို ထူးထူးဆန်းဆန်း ပုံစံဖြင့် ကြည့်နေကြသော ကျွန်တှောတို့ နှစ်ယောက်ကို ကြည့်ပြီး တခစ်ခစ် ရယ်ပါတော့သည်။ ပြီးတော့ ဘာကြည့်နေတာလဲ ငါပြန်လာတာလေ လို့ပြောပြီး ကျွန်တှောတို့ နှစ်ယောက်ရဲ့ ပုခုံးကို ကိုင်လိုက်ချိန်တွင် ဖိုးချစ်တစ်ယောက် တုန်တုန်ရီရီ ဖြစ်လို့နေတာ တွေ့လိုက်ရသည်။ ပြီးတော့ ကျွန်တှောတို့ နှစ်ဦးဘေးတွင် သူလာထိုင်ပြီး ငါနင်တို့ကို သိပ်သတိရတာပဲဟု ပြောနေသည်။ ကျွန်တှောမှာ သူဘာပြောနေတာလည်း ဆိုတာကို သေချာမကြား။ သူ့ရဲ့ အဖြူရောင် လက်သွယ်သွယ်လေးတွေကို ကြည့်နေမိသည်။ လည်ဂုတ်သားလေးမှာ မွှေးညှင်းနုလေးများကို ငေးနေမိသည်။ ရယ်မောလိုက်တိုင်း တသွင်သွင် လှုပ်အိနေသော သူ့ကိုယ်လေးကို သတိထားနေမိသည်။ ခြေဆင်းထိုင်နေသော သူမခြေထောက် ကလေးများ၏ ဖြူဖွေး နူးညံ့ပုံကိုလည်း ရင်မောနေမိသည်။ ( .. ဆင်ဆာ)"

ထိုမှတ်တမ်းကို ထိုထက် ပိုဖှောပြပါလျှင် ကျွန်ုပ်၏ ဝတဿထုတှောကြီးမှာ ဟိုဘက်သို့ ရောက်သွားမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း၊ လူငယ်များ လမ်းကြောင်းလွဲပြီး ပို၍ ပို၍ စိတ်ဝင်စားစိတ်များ တိုးပွားလာမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း ဤနေရာတွင် ရပ်တံ့လိုက် ရပါသည်။ ဆိုလိုရင်းမှာ မြကျောက်အရွယ်ရောက်ကာ ပြောင်းလဲသွားခြင်းကို ဖှောပြလိုခြင်း ဖြစ်ပေသည်။ (ထိုသူနှစ်ဦး ကျွန်တှော့ကို ဆဲပေတော့မည်။ ဤအဖြစ်အပျက်များမှာ ဖြစ်ရပ်မှန်ဟု လုံးဝလုံးဝ အာမမခံပါ။ ဟီဟိ)


ယခင်အပိုင်းများ

No response to “ေန့အိပ္ညေပ်ာှေတာှတီးေတာှ ၆”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz