Friday, June 30, 2006

အထီးကျန်ဂစ်တာ

အထီးကျန်ဂစ်တာ
ဝိုင်ဝိုင်း


သတိရတဲ့ ကိုယ့်ရဲ့ စိတ်ကို နှစ်သိမ့်ဖို့ရာ
ခဏလေး မေ့ချင်နေတာ ဘာမှ မတတ်နိုင်ပါလား
သီချင်းလေးတစ်ပုဒ် တီးကြည့်ဖို့ကို ကြိုးစားတဲ့အခါ
တစ်ယောက်ထဲ မပြည့်စုံနိုင်တာ သူတော့ မသိနိုင်ပါလား

အမြဲတမ်းပဲ တို့နှစ်ယောက်တွေ့ဆုံ ဒီအချိန်လေးအတိုင်း
အချစ်သီချင်းလေး မင်းကညည်းဆို ဂစ်တာတီးတိုင်း
ကြည်နူးစရာ အကောင်းဆုံး သီချင်းလေးတွေ လွင့်ပျံခဲ့ချိန်များ
ပြန်ရနိုင်ခွင့် မရှိတော့ပြီလား

ဘယ်ဆီကို လွင့်ပျောက်ပြီလဲ ကာရံညီသီချင်းလေးတွေလည်း
သီဆိုသူမင်းမရှိတော့တဲ့ ဒီလိုအချိန်မျိုးမှာ
အသက်မဲ့တဲ့ အထီးကျန်ဂစ်တာအခန်းထဲမှာ လဲပြိုနေတာ
မင်းသီချင်းလေး မရှိတော့တဲ့အခါ ပေါင်းစပ်လို့ မရတော့ဘူးကွာ

ဘယ်ဆီကို လွင့်ပျောက်ပြီလဲ ကာရံညီသီချင်းလေးတွေလည်း
သီဆိုသူမင်းမရှိတော့တဲ့ ဒီလိုအချိန်မျိုးမှာ
အသက်မဲ့တဲ့ အထီးကျန်ဂစ်တာအခန်းထဲမှာ လဲပြိုနေတာ
မင်းသီချင်းလေး မရှိတော့တဲ့အခါ ကိုယ့်ဘဝက အထီးကျန်ဂစ်တာ

သီချင်းလေး ကိုယ့်ဘဝထဲမှာ မရှိတော့ဘူးကွာ
ထာဝရ ပျောက်ကွယ်ပြီလေ အချစ်ဆုံး မင်းပြန်ယူသွား
မင်းနှုတ်ခမ်းက လှပတဲ့ ဒီသီချင်းလေး များစွာ
မျှောလင့် မနက်ဖြန်တွေမှာ ဆုတောင် မပြည့်နိုင်ပါလား

အမြဲတမ်းပဲ တို့နှစ်ယောက်တွေ့ဆုံ ဒီအချိန်လေးအတိုင်း
အချစ်သီချင်းလေး မင်းကညည်းဆို ဂစ်တာတီးတိုင်း
ကြည်နူးစရာ အကောင်းဆုံး သီချင်းလေးတွေ လွင့်ပျံခဲ့ချိန်များ
ပြန်ရနိုင်ခွင့် မရှိတော့ပြီလား


Download Song [ Click ]

ဟိုတစ်နေ့ညက ဒီသီချင်းကို အထပ်ထပ် အခါခါ နားထောင်ဖြစ်ခဲ့တယ်။

Design 2006 Awards






Design 2006 Awards [ Click ]

Technorati Tags:

Thursday, June 29, 2006

World Cup Fixture (fake)

Quarterfinal
-
-
-
-

Semifinal
-
-

Final
-

World Cup 2006 Champion - Brazil !
(
I dreamt that fixture last night :P )


Technorati Tags: , ,

If I were famous ads would be like that!



Untitled




Technorati Tags: , ,

Wednesday, June 28, 2006

28.06.06

တကယ်ဆို ကိုယ့်ကိုကိုယ် တှောတှောကြီး မုန်းတီး နေမိတယ်။ အိမ်မှာ အခန့်သား နေနေရတဲ့ ဘဝကို မလိုချင်ဘူး။ ကိုယ်တတ်တဲ့ ပညာက အသက်မွေးလို့ ရပါရဲ့နဲ့ ပိုက်ဆံ မရှာနိုင်သေးဘူး။ သူငယ်ချင်း တွေက မေးတယ်။ ဘာလို့ နိုင်ငံခြားမှာ အလုပ် မလုပ်ချင် တာလည်းတဲ့။ ငါလည်း ငါ့ကိုယ်ငါ ပြန်မေးကြည့်တယ်။ နံပါတ်၁ ကုလားပြည်က လူတွေနဲ့ မဆက်ဆံချင်လို့။ နံပါတ်၂ သူများဆီ အောက်ကျို့ မခံချင်လို့။ နံပါတ်၃ ငါ့တိုင်းပြည်က အလုပ် မဖြစ်လို့။ မြန်မာပြည် ပြန်စရာလည်း ပိုက်ဆံ မရှိဘူး။ ဝယ်ချင်တာ လေးတွေလည်း ကိုယ်ပိုင်ငွေနဲ့ မဝယ်နိုင်သေးဘူး။ စိတ်ညစ်တယ် ပြောရင် လူတွေက မယုံမကြည် ကြည့်ကြတယ်။ တကယ်ဆို ဆေးလိပ်ငွေ့တွေကို အနံ့ မခံ နိုင်လောက်အောင် တှောတှော ရွံရှာ မုန်းတီးမိနေပြီ။ ဒါပေမယ့် ခုတလော တှောတှော သောက်ဖြစ်တယ်။ သေပစေ။ သေလည်း အေးတာပဲ။ မိဘတွေကိုလည်း ငါ့အတွက် ပိုက်ဆံ မကုန်စေချင် တော့ဘူး။ အလကားပဲ။ ငါမျှောလင့် တာတွေလည်း ဖြစ်မလာခဲ့ဘူး။ စဉ်းစားကြည့်တော့ ငါ့မှာ အပြစ် အများကြီး ရှိတယ်။ ငါစိုက်ပျိုးတာ ငါရိတ်သိမ်းရတာပဲ။ တန်ပါတယ်။ တတ်နိုင်သမျှ ငါဘာမှ မလုပ်နိုင်တဲ့အခါ သူများကို ဒုကဿခ မပေးဖြစ်အောင် ကျိုးစားမယ်။ စကဿငာပူမှာ ကျောင်းပြန်သွား တက်သင့် မတက်သင့် အလေးအနက် စဉ်းစားရမယ်။ အချိန် ၁ လလောက် ရသေးတယ်။ ငါ့ညီမလေးလည်း ဒီမှာ ကျောင်းတက် နေတော့ အိမ်က ငါ့ကို စကဿငာပူ ပို့ရရင် မလွယ်ဘူး။

ဟိုမှာ ကျောင်းတက်တယ်ဆိုတာ လွယ်တာ မဟုတ်ဘူး။ အလုပ် လုပ်တယ် ဆိုတာကလည်း မလွယ်ဘူး။ တစ်ခါက ငါ အလုပ် လုပ်ဖူးပါတယ်။ ကြက်ကြှော ရောင်းတဲ့ ဆိုင်မှာ။ တစ်နာရီကို ၆ ဒှေါလာ ခွဲလောက် ရတယ်။ လူလည်း မများဘူး။ ဒါပေမယ့် တစ်နေ့ ငါကြက်သား လှီးနေရင်းနဲ့ စဉ်းစားမိတယ်။ ဪ ပန်းချီဆွဲချင် ဒီဇိုင်းလုပ်ချင် ကဗျာရေးချင်တဲ့ လက်ဟာ ကြက်သား ခုတ်နေရပါလားလို့။ တှောတှောလေး ခါးသီးသွားတယ်။ အဲဒီ အကြှောဟာ စားရင်သာ ကောင်းတာ။ လုပ်ရတဲ့သူ အဖို့ကတော့ ၆ နာရီလောက် ကြှောပြီးသွားရင် တစ်ကိုယ်လုံးမှာ ဆီနံ့တွေ စွဲနေတယ်။ အမ်အာတီ ရထား တက်မစီးချင်ဘူး။ တှောကြာ ကိုယ့်ကြောင့် သူများ အနှောက်အယှက် ဖြစ်မှာ စိုးလို့။ အဲဒါနဲ့ အလုပ်ပြီးတဲ့ ည၁ဝနာရီခွဲမှာ အဲဒီမှာ ရေချိုးပြီးမှ ပြန်ရတယ်။ ခေါင်းကို နေ့တိုင်း လျှောရတယ်။ နို့မိုဆို အနံ့ မပျောက်လို့။ ဒါတောင် ငါက အစိုးရ ကျောင်းသား မို့လို့။ အပြင်ကျောင်းတက်ပြီး တရားမဝင် အလုပ် လုပ်ရတဲ့ ငါ့သူငယ်ချင်းတွေ ရှိသေးတယ်။ သူတို့ဆို ပိုဆိုးသေးတယ်။ အလုပ်ကလည်း လုပ်သာ လုပ်ရတာ။ လခထုတ်တာနဲ့ အိမ်လခ၊ ရေမီး၊ အင်တာနက်ဖိုး၊ ဖုန်းဘီလ်၊ ရထားကဒ်၊ ဘတ်စ်ကားကဒ်၊ အသုံးအဆောင် စရိတ် စတာတွေနဲ့ ကုန်သွားရော။ ဒီလိုနဲ့ နောက်တစ်လ လုပ်ရပြန်ရော။ တစ်ခါတစ်လေ ပိုက်ဆံက မရှိ၊ အလုပ်ကလည်း ပျက်လို့ မရတဲ့အချိန် ကျောင်းပရောဂျတ်တွေ လုပ်ခိုင်းရင် လူကို ရူးနေတာပဲ။ စကဿငာပူမွာ ငါညမအိပ္ခဲ့ရတဲ့ညေတြ အေတာှမ်ားတယ္။ တစ်ခါတစ်လေ ကျောင်းသွားတဲ့ ရထားပှေါမှာ ၄၅ မိနစ်လောက် အိပ်ရတယ်။ တစ်ခါတော့ အမ်အာတီ စတေရှင်မှာ အိပ်ပျှောသွားတယ်။ ငါယူတဲ့ ဘာသာရပ်က မြန်မာလူမျိုး မရှိတာမို့ အကူအညီ တောင်းစရာ သူငယ်ချင်းလည်း မရှိဘူး။ ပိုက်ဆံပြတ်ရင် အငတ်နေရတယ်။

ကျောင်းတက်ခါက ပထမဆုံး စီမီစတာမှာ အတှောလေး ရုန်းကန်ရတယ်။ ဘာသာရပ်က မခက်ခဲပေမယ့် စလုံးတွေရဲ့ စင်းဂလစ်ရှ် ဒဏ်ကို အတှောလေး ခံရတယ်။ ခုချိန်ထိ စင်ကာပူ စင်းဂလစ်ရှ်ကို ယောင်လို့တောင် နားမထောင်ချင်ဘူး။ ဘယ်တုန်းကမှလည်း ပြောဖို့ မကြိုးစားဘူး။ တစ်ခါတော့ ကျောင်းတွေ ပိတ်ခါနီး ပရောဂျတ်တွေ ပြည့်နှက်နေချိန် ပိုက်ဆံက ပြတ်သွားတယ်။ အိမ်ကိုလည်း တောင်းရတာ အားနာတာနဲ့ ကတ်သတ်ပြီး နေတယ်။ ကြက်ဥ တစ်ကဒ်၊ ကှောဖီတစ်ထုပ်နဲ့ ခေါက်ဆွဲထုပ်တွေ ဝယ်ထားပြီး အဲဒါနဲ့ စားရတယ်။ ဒီလိုနဲ့ နောက်ဆုံး ကြက်ဥတစ်လုံးနဲ့ ခေါက်ဆွဲ တစ်ထုပ် ကျန်တယ်။ ဒါတောင် တစ်ရက်ကို တစ်ထုပ်လောက်ပဲ စားတာ။ အရမ်းဗိုက်ဆာလာလို့ ခေါက်ဆွဲပြုတ်ပြီး ကြက်ဥကို ဖောက်ထည့်လိုက်တာ ကြက်ဥက နဲနဲ မကောင်းတော့ဘူး။ စားမိလိုက်တဲ့ အချိန်မှာ ဒီကြက်ဥ မလတ်တော့ဘူးဆိုတာ သိလိုက်တယ်။ ဒါပေမယ့် ခေါက်ဆွဲကို သွန်ပစ်ရင် စားစရာ မရှိတော့လို့ ဒီလိုပဲ ဆက်စား လိုက်ရတယ်။ ဒီခေါက်ဆွဲကိုတော့ တစ်သက် မေ့မယ် မထင်တော့ဘူး။ အိမ်ကတော့ မသိပါဘူး။ လူပင်ပမ်း စိတ်ပင်ပမ်း ဖြစ်နေတဲ့ အချိန်မှာ လူမှုရေး ပြသဿသနာတွေက တက်တယ်။ စုံနေတာပဲ။ ပြန်မတွေးချင်ပါဘူး။ စကဿငာပူဆိုတာ ၃ ရက်လောက် အလည်လာရင်သာ ကောင်းတဲ့ နေရာ။ ပိုက်ဆံပေါရင် ရှော့ပင်းထွက်လို့ ကောင်းတဲ့ နေရာ။ အလုပ်လုပ်ဖို့တော့ ယောင်လို့တောင် စိတ်မကူးမိဘူး။ စင်ကာပူကလူတွေလည်း ကြည့်လို့ကို မရဘူး။ နားနား ကပ်ကပ်ပြောတဲ့ တရုတ်အသံတွေ ပိုလို့တောင် စိတ်ကုန် မိသေးတယ်။ အခါအခွင့် သင့်ရင်တော့ တစ်ခေါက်လောက်တော့ ပြန်ရောက်ဦး မှာပေါ့လေ။ တစ်နေ့နေ့ပေါ့။ ဒီနေ့ တှောတှော စိတ်ဓါတ် ကျနေမိတယ်။ ဒီလို ရေးလိုက်ရတော့ နဲနဲ ပေါ့သွားတယ်။ အတူတူ ဒုကဿခ ခံခဲ့ကြတဲ့ ငါ့သူငယ်ချင်း ကျှောသီနဲ့ သူသူ တို့ကိုလည်း သတိရ နေမိတယ်။ နောက်ရက်တွေ အင်တာနက် သုံးနိုင်ဖို့ မသေချာတော့ပါ။ တစ်ခုခု လုပ်ရမယ်။ ငါ့စိတ်တွေကို ပြန်လည် တည်ဆောက် နိုင်ပါစေ။

Bandwidth



T1 or DS-1 - This is the equivalent of 24 phone lines. It had handle 1.5 million bits per second [1.5Mbps] The key word is BITS not bytes. Bits are much smaller then bytes - and they have a vary compare to a byte.

T2 or DS-2 - This is the equivalent of 4 T1's. The capacity is 6.3 million bits per second [6.3Mbps]

T3 or DS-3 - This is the equivalent of 28 T1's. The capacity is 45 million bits per second [45Mbps]

T4 or DS-4 - This is the equivalnet of 6 T3's. The capacity is 274 million bits per second [274Mbps]. Sprint currently uses DS-4 for the backbone.

OC-1 - Sometimes called SONET. OC-1 uses ATM switches [as all OC-X does] and runs at 51 million bits per second [51Mbps]. Uses Fiber

OC-3 - This is the equivalent of 155 million bits per second [155Mbps]. MCI currently runs a few of these on their backbone.
 
OC-12 - 600 million bits per second [600 Mbps]
 
OC-48 - 2.4 gigabits per second [2.4 Gbps]

Frame Relay - Basically dead and gone as far the Internet is concerned. Especially with the bandwidth requirements the way they are. Frame relay runs around 64kbps to 1.5Mbps [64,000 bits per second to 1.5 million bits per second]. Frame Relay is shared line with other people and your bandwidth depends on the current utilization of the line.

ATM - Asynchronus Transfer Mode. ATM is a very expensive switching solution that is used in carry OC-3 and OC-12 lines.

Source : netmore


Technorati Tags:

Tuesday, June 27, 2006

International Color Awards



Interesting, cool and beautiful photos [Click]

Technorati Tags:

Monday, June 26, 2006

Email Fmail Gmail!




Technorati Tags: , ,

ကုလားပြည်က ကုလားတွေ

ကုလားပြည်က ကုလားတွေကို ရေလည် တင်းနေမိတယ်။ ငါယူထားတဲ့ အင်တာနက် ကွန်နက်ရှင်က သတ်မှတ်ထားတဲ့ လစ်မစ်ထက် ကျှောလွန် သွားပါပြီဆိုပြီး ပိုက်ဆံ လာကောက်တယ်။ အသစ်ချိတ် ထားတာက ၁ လ ကျှောကျှောပဲ ရှိသေးတယ်။ သီချင်းလေး အပုဒ် ၁၀၀ လောက်နဲ့ အီးဘွခ်နဲနဲ ဆော့ဖ်ဝဲလ်နဲနဲ၊ ပုံလေးတွေ နဲနဲပဲ ကူးရသေးတယ်။ ပြောသေးတယ် ငါအဲဒီလောက် မသုံးဘူးဆိုတာ ငါပြောတာတဲ့ သူတို့က မှတ်တမ်း ရှိတယ်တယ်။ အိမ်လာပြောတဲ့ ကုလားကို အပြတ်ဆဲလွှတ် ပေးလိုက်တယ်။ မနက်ဖြန် ရုံးကို သွားချဲပစ်မယ်။ ဒီမှာနေတာ ဂလ ကျှောပြီ။ ကောင်းတဲ့ကောင်၊ ကတိစကား တည်တဲ့ကောင်၊ အလုပ်လေးစားတဲ့ကောင် တစ်ကောင်မှ မတွေ့ဖူးဘူး။ သောက်စကားက များသေးတယ်။ လိမ်က လိမ်သေးတယ်။ ပလီပလာ များတယ်။ ရေးရင်းနဲ့ တင်းလာပြီ။ မှတ်မှတ်ယယ ဒီလ ဘာမှ ထူးထူးခြားခြား မကူးမိသေးဘူး။ အင်တာနက်လေး တစ်ရက်ကို နာရီ ၂၀ လောက် ဖွင့်တာပဲ ရှိတယ်။ ဟိုတစ်ခါကလည်း ဖုန်းကိစဿစ ပြသဿသနာ ဖြစ်ပြီးပြီ။ တစ်လအတွင်း ဒှေါလာ ၁၀၀၀၀ ဖိုးလောက် ဖုန်းခှေါထားတယ် ဆိုလို့။ အဲဒီတုန်းကလည်း မန်နေဂျာပါ သွားဆဲ ပစ်လိုက်တယ်။ မနက်ဖြန်တော့ တွေ့မယ်။ သောက်ကုလားတွေ။ သူများ ပိုက်ဆံကို ဘယ်လို မတရား ယူရမလဲဘဲ စဉ်းစားနေကြတယ်။ စကားမပြောချင် ပါဘူးဆိုမှ။ တောက်။ လူလိမ် လူညာတွေ။ ရေလည် တင်းတယ်ကွာ။ ကုလားပြည်တော့ အလည်တောင် မလာချင်ကြနဲ့လို့ သူငယ်ချင်းတွေကို ပြောရမယ်။ သောက်ကျင့် မကောင်းတဲ့ တိုင်းပြည်။ လူနေမှုနဲ့ စာရိတဿတကတော့ စရိုက်ပဲ။ စိတ်ပိန်တယ်။


Technorati Tags: ,

Chat Creator



Say "Bullshit" if Gtalk, Yahoo, MSN or whatever was banned. Here you can create your Chat Room! Nobody will track your logs, nobody will interfere when you are chatting, nobody will kock your door " ding ding", nobody will see that you are online. Just give a name of your chatroom (as you like) and then, give the link to your baby, honey, sweetie, darling, heart, etc. How cool! Some more? If you two have Zawgyi Myanmar Keyboard, you can chat with Myanmar Language. (Recommanded FF 1.0.5 version). Check it out [ Chat Creator ]

PS. I m not sure that site is banned or not. If, it is also banned. Cry again " Bullshit!"


Technorati Tags:

Sunday, June 25, 2006

Imagination



source: goyok.com

Technorati Tags: ,

တဆင့်ချင်းတဆင့် တရစ်ပြီးတရစ်

ဘာရယ် မဟုတ်ပါဘူး။ ဒီပုံလေးကို တွေ့တော့ မြန်မာပြည်ကို ရုတ်တရက် ပြေးပြီး သတိရ လိုက်မိတယ်။ ဒီလိုပါ ရွာမှာ ငါးတွေ ပေါတယ်လေ။ ဒါကြောင့် ဒါကြောင့်။


Via:militantplatypus

ဗျောညွန့်

ဗျောညွန့်
တယောဦးတင်ရီ


မြို့လယ်ကမဏဿဍာပ်
အရပ်မှာတဲ့ကုသိုလ်
လက်ရမ်းကယ်ပျို
ရှင်လူပျိုတည်းတဲ့ကျောင်းအိုလို့ရွှဲ

အရှေ့ကိုလျှောက်ပါလို့
အနောက်ကိုတဲ့ မျှောလိုက်ရင်
ဪ အရှေ့ကို လျှောက်လိုက်ပါလို့
အနောက်ကိုတဲ့ မျှောလိုက်ရင်
တံခွန်တိုင်ရွှေကုကဿကား
ဘုရား ဘုရား ဘုရား ကိုမြင်

စာပုလွေ မောင်မှာပိုက်ပါလို့
စာပုလွေ မောင်မှာပိုက်ပါလို့
စာပုလွေ ဪ မောင်မှာပိုက်ပါလို့
ကျောင်းကြီးကိုတဲ့လိုက်မယ်ပြင်
ကျောင်းတှောကိုတဲ့ လိုက်မယ်ပြင်
ကျောင်းတှောကိုတဲ့ လိုက်မယ်ပြင်
ဘယ်စာ မောင်သင်မတုံးရယ်လို့
ဘယ်စာ မောင်သင်မတုံးရယ်လို့
ဘယ်စာ ဪ ဘယ်နှစ်ဝါ မောင်သင်မတုံးရယ်လို့
အမေလေးကို သံစုံနှောလို့
ပြော ပြော ပြောခဲ့ပါဦး

မမလေးတို့ ပျို့ဥယျာဉ်
မမလေးတို့ ပျို့ဥယျာဉ်
မမလေးတို့ ပျို့ဥယျာဉ်
အဝင်မှာသာပေတောင်း
အဝင်မှာသာပေတောင်း
အဝင်မှာ သာပေတောင်း
ဗောဓိရွှေကျောင်း
ဗော ဗောဓိရွှေကျောင်း
ဗောဓိရွှေကျောင်း။

ကျွန်တှော့ သွေးသားထဲမှာ ဘယ်လိုပဲ ရောခ့်၊ မှောဒန်ရောခ့်၊ အှောတာနေးတဗ် စတဲ့ ဂီတတွေ စီးဝင် နေပါစေ။ ဒီလို ရိုးရာ သီချင်းကို နားဆင် လိုက်ရချိန်မှာ အလွန်ကို ကြည်နူးမိပါတယ်။ ဒီသီချင်းဟာ မြန်မာ့ရိုးရာ ဂီတစစ်စစ် ဖြစ်ပါတယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ ဗျောသံဆိုတဲ့ ကဗျာလေးကို အဘ စိန်ဗေဒါ အသက်သွင်းထားပြီး တယောဦးတင်ရီက တယောသံနဲ့ ကိုယ်တိုင် တီးခတ် သီဆို ထားတာပါ။ တောရွာတွေမှာ မောင်ရင်လောင်း ဝတ်တဲ့အခါ သီဆိုကြတဲ့ သီချင်းလေးပါ။ နံနက်စောစော အိပ်ယာနိုးချိန် ဒီသီချင်းလေး နားထောင်ရရင် အလွန် အရသာ ရှိပါတယ်။ နေ့တစ်ဖိုရမ်မှာ ဆရာကို တင်ပေးထားတဲ့ အဖိုးတန် သီချင်းများထဲက တစ်ပုဒ်ပဲ ဖြစ်ပါတယ်။


Via : Native> Myanmar Classical Music and Literature
Download Song [ Click ]


Technorati Tags: , , ,

Saturday, June 24, 2006

Macro Pictures



ကြည့်ရင်း ကြည့်ရင်း အသည်း ယားလိုက်တာဗျာ။ လူတစ်ကိုယ် အကြောက် တစ်မျိုးပဲ။ လူ၊ သရဲ၊ တစေဿဆတွေ လုံးဝ မကြောက်ဘူး။ အဲဒီလို အကောင်တွေဆို သေအောင် ကြောက်တယ်။ အမုန်းဆုံး အကောင်က အိမ်မြှောင်နဲ့ ပိုးဟပ်။ အကြောက်ဆုံး အကောင်က ပေါက်ဖက်။ ကြည့်မရတဲ့ အကောင်က ကြွက်။ အသေးစိတ် ကြည့်ချင်ရင် ဒီနေရာမှာ အဲလို Macro ပုံတွေ ရှိတယ်။ သိမ်းထား ချင်တယ် ဆိုရင်ပေါ့။ [ Link ]

ငှက်ကလေးပုံပြင်

Warning : Adult [18+]

အိမ်ဘေးမှာ ကျနေတဲ့ ငှက်ကလေး နှစ်ကောင်မှာ တစ်ကောင်က အပျံ တတ်သွားပြီဆိုတော့ တစ်ကောင်ပဲ ကျန်တော့တယ်။ အဲဒါကို ကြည့်နေရင်းနဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့ ငှက်ကလေး ပုံပြင်ကို သွားသတိရတယ်။ ဆင်ဆာတော့ သိပ်မလွတ်ဘူးဗျာ။ ဒီတော့ ရိုးသားသူတွေ မဖတ်ကြနဲ့ဗျနှော့။ ကြိုပြောထားပါလေရဲ့။

တစ်ခါတုန်းက သားအဖ နှစ်ယောက် ရှိသတဲ့။ သမီးလေးက ၄ နှစ်လောက်ပဲ ရှိသေးတယ်။ တစ်နေ့တော့ သူတို့ သားအဖဟာ ကမ်းခြေမှာ ထွက်ပြီး လမ်းလျှောက် ကြသတဲ့။ အဖေ ဖြစ်သူက ဘောင်းဘီတိုလေးနဲ့ပေါ့။ သမီးက ပုစိကွေးလေး ဆိုတော့ လမ်းလျှောက်နေရင်းက လက်လှမ်းမီရာကို လက်ညှိုးထိုးပြီး- ဖေဖေ ဒါဘာလေးလဲဟင်လို့ မေးတယ်။ ဒီတော့ အဖေဖြစ်သူက အဲဒါ ငှက်ကလေးပေါ့ သမီးရယ်လို့ ပြန်ပြောတယ်။ ဒါဆိုရင် ငှက်ကလေး သမီးကို ပေးပါလား ဖေဖေရယ် သမီး ဆော့ချင်လို့ပါ ဆိုတော့ . မလုပ်နဲ့ သူက ငယ်သေးတယ် ပြီးတော့ ငှက်ဥလေးတွေ ကွဲသွားလိမ့်မယ်လို့ ပြောသတဲ့။ အဲဒီတော့ သမီး ဖြစ်သူက မကျေနပ် ပါဘူးတဲ့။ ဒီလိုနဲ့ ခဏနေတော့ သောင်ပြင်တစ်နေရာမှာ အဖေဖြစ်သူက ခဏအနားယူပြီး အိပ်လိုက်တယ်။ မကြာပါဘူး။ စူးစူးနစ်နစ် အှောသံ ကြားလို့ လူတွေ ပြေးလာ ကြတယ်။ အဲဒီမှာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ မေ့နေတဲ့ ဖခင်ဖြစ်သူကို တွေ့ကြရတယ်တဲ့။ အဲဒါနဲ့ ဆေးရုံ ပို့ပြီး ဘယ်လို ဖြစ်တာလည်း ဆိုတာ သမီးလေးကို ဝိုင်းမေးကြတယ်။ အဲဒီမှာ သမီးလေးက ဘာပြန်ပြောသလဲ ဆိုတော့

သမီးကို ဖေဖေက ငှက်ကလေးနဲ့ ပေးမဆော့ဘူးလေ။ အဲဒါနဲ့ ဖေဖေ အိပ်နေတုန်း ငှက်ကလေးကို သမီး ခိုးပြီး ဆော့တယ်။ သမီးက ငှက်ကလေးကို အသံမြည်ပြပါလို့ ပြောတာကို ငှက်ကလေးက အသံ မမြည်ဘူး။ အဲဒါနဲ့ သမီးလည်း စိတ်ဆိုးပြီး ငှက်ကလေး လည်ပင်းကို ညှစ်လိုက်တယ်တဲ့။ အဲလို ညှစ်ရလားဆိုပြီး ငှက်ကလေးက ခေါင်းထောင်ပြီး သမီးကို တံတွေးနဲ့ ထွေးတယ်လေ။ ဒါနဲ့ သမီးလည်း သူ့အမွှေးတွေ အကုန်လုံးကို ဖေ့ဖေ့ ဘောင်းဘီ အိတ်ထဲက မီးခြစ်နဲ့ မီးရှို့လိုက်တယ်။ နောက်ဆုံး မထူးပါဘူး ဆိုပြီး ဘေးနားက ကျောက်တုံးနဲ့ သူ့ ဥလေး တွေကိုပါ ထုခွဲ ပစ်လိုက်တာပေါ့လို့ ပြန်ပြောပါသတဲ့ဗျာ။ ဟားဟား။

ခင်ဗျားတို့လည်း ကမ်းခြေတွေဘာတွေ သွားမယ်ဆို ဒီကလေးမျိုး ဝေးဝေး ရှောင်ကြဗျို့။ ဒါမှမဟုတ် ငှက်မမွေးမိအောင် သတိထားပေါ့ဗျာ။ ဟားဟား။ တှောကြာ မီးမြှိုက် ခံနေရမယ်။


Technorati Tags: , ,

Song For Sale# ယုံပါ

Song Title : ယုံပါ
Lyric : NLS
Music : NLS
For Sale #
Price : Negotiable but not include stupid VCD

ဒီသီချင်းက နောက်ခံ ဇာတ်လမ်းလေး ရှိပါတယ်။ ရေးဖြစ်တာ ကလည်း အကြောင်း ရှိပါတယ်။ (ပြောမပြဘူး အသေသတ်လိုက်) သူငယ်ချင်း တစ်ယောက် ဆိုမယ်ဆိုလို့ ပေးဖူးပါတယ်။ အသံသွင်းပြီးမှ အခွေ မထွက်ဖြစ် ခဲ့တာပါ။ ပထမ ကျွန်တှော ရေးထားတုန်းက Unplugged လေးပါ။ အဲဒါကို ကိုမျိုးကျော့ Arrangement ပြန်လုပ်ပေး ထားတာပါ။ ကျောင်းတုန်းက ခရစ်ယာန် အသင်းတှော ဆုတောင်းပွဲ တွေမှာ ကျွန်တှော ဆိုခဲ့ဖူးပါတယ်။ အသံကိုတော့ သီးခံကြပါ ခင်ဗျား။


ယုံပါ


စာသင်သံတွေ ကြားထဲက ငါမင်းကိုချစ်တာ
အဖေမေတွေက တားလည်း ငါချစ်ခဲ့ဖူးတာ
ဘယ်သူတွေ ဘယ်လို ပြောပြော ငါချစ်နေဆဲပါ ယုံပါ

ရင်ခုန်သံတွေ ပြင်းပြတော့ ငါမင်းကိုလွမ်းနေ
လူတွေမမြင်အောင် သိမ်းထားခဲ့တဲ့ မင်းမျက်ဝန်းတွေ
အရာရာရင်ဆိုင်ရင်းနဲ့ ငါမင်းကိုချစ်တာ ယုံပါ

(Cho)
ဝေးမယ့်အကြောင်းတွေ နင်မပြောလိုက်ပါနဲ့ ငါ့ဘဝက မင်းလက်ထဲမှာ
နှုတ်ခမ်းလေး ပြုံးနေတာကို ငေးကြည့်နေရင်း ငါဟာ စွန့်လွှတ်ရမှာ ကြောက်နေသူပါ မင်းကိုချစ်တာ

(Solo)

နေညိုအိမ်အပြန်ကျောင်းအဆင်း ငါမင်းကိုလိုက်ရှာ
သန်းခေါင်ယံကျှောအောင်တွေးရင်း ငါစိတ်တွေမောလာ
ရင်မှာ မျှောလင့်ခြင်းက မင်းတစ်ယောက်ထဲပါ ယုံပါ

ကဗျာတွေထိုင်ကာရေးမိတော့ ငါမင်းရဲ့ အကြောင်းတွေ
မမြင်ဟန်ဆောင်ကာ လွှဲပစ်တတ်တဲ့မင်းမျက်ဝန်းတွေ
ရင်မှာ ထာဝစဉ်မပြောင်းလဲဘူး ငါဆက်ချစ်သွားမှာ ယုံပါ

(Fading)
မင်းကိုချစ်တာ ယုံပါ .. မင်းကိုချစ်တာ ယုံပါ


Download Demo Song Here [ ယုံပါ ]

IF


My blog is worth $19,758.90.
How much is your blog worth?


တကယ်တမ်းသာ ဒီလို ရမယ်ဆိုရင် ရောင်းစား လိုက်မယ်ဗျာ။ ပိုက်ဆံ လိုနေတယ်။  ပြီးရင် ဆိုနီ ဒီဗီကင်မရာ တစ်လုံး ဝယ်မယ်။ Apple G5 တစ်လုံး ဝယ်မယ်။ ဂစ်တာလေး တစ်လုံးလည်း အသစ် ဝယ်ချင်သေးတယ်။ ကင်မရာ မှန်ဘီလူးတွေလည်း ဝယ်ရဦးမယ်။ Canon EOS 2D လေးလည်း လိုချင်သေးတယ်။ အင်း လောက်တောင် လောက်ပါ့မလား မသိဘူး။ လိုအင် ဆနဿဒတွေကို ဘယ်လို ချုပ်ထိန်း ရမလဲ။ :(


Technorati Tags: , ,

Stupid Mail

ကျွန်တှော့ဆီကို ဘယ်ကမှန်း မသိသူတစ်ဦး အီးဘွခ် တောင်းတဲ့ ပုံစံလေးပါ။ ဘယ်လောက်တောင် ရိုက်ပေါက်လဲလို့။ ဖတ်ကြည့်ပါဦး။ ကျွန်တှောဖြင့် တှောတှောချဉ်သွားတယ်။ လိုကလည်း လိုချင်သေးတယ်။ ရေးထားတဲ့ အဂဿငလိပ်စာက နှစ်ပြန်လောက် ကြောနေသေးတယ်။ ညီလေးဆီမှာ ဒီစာအုပ်လေးတွေ ရှိသေးရင် လိုချင်ပါတယ် ဆိုပြီးရေးရင် ဖတ်ရသူလည်း စိတ်နှလုံး ချမ်းသာတယ်ဗျာ။ အီးမေးလ်လေးနဲ့ ပို့ပေးရတာ ဘာမှ မခက်ခဲဘူး။ ကိုယ်ပိုင်တာတွေလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီလို ပုံစံ အရေးအသား ဖတ်ရတာကတော့ အတှောလေး ဖီလင် အောက်ပါတယ်။ ကျွန်တှော သူ့ထမင်းများ စားနေမိသလား သွားတွေးမိလိုက်တယ်။

Hi

1.Juu
2.Min Thein Kha
3.Nanda Thein Zan
4.PhoneNaing
5.Win Oo
6.Journal Kyaw Ma Ma Lay

Send its to me, If u' ve some free time.

Thank
xxxxxx

မိုက်တယ်နှော။

Technorati Tags: ,

စောက်ရမ်းပဲ့တယ်

ကျွန်တှော ရန်ကုန်မှာ ရှိစဉ်က အင်တာနက်တွေ ဘာတွေနဲ့ သိပ်မရင်းနှီးတော့ ဖရီးမေးလ်တွေ ဘာတွေလည်း မသိဘူးပေါ့။ ဒီတော့ mail4u ဆိုတာကို ပိုက်ဆံ ၈၀၀၀ ပေးပြီး သွားလုပ်ရတယ်။ အခု နောက်ပိုင်းမှ ပြန်စဉ်းစား မိတယ်။ အဲဒီလိုမျိုး လူပေါင်း ၁၀၀၀၀ လုပ်မယ်ဆိုရင် ဒီလူတွေက အလကားနေရင်း သိန်း ၈၀၀ အမြတ်ထွက်သွားပြီ။ ၁၀၀၀၀၀ ဆိုရင် သိန်း ၈၀၀၀ ပဲ။ ဒီမေးလ်တွေဟာ တကယ်တော့ တစ်ကမဿဘာလုံးက လူသားတွေကို ရက်ရက်ရောရော အလကား ပေးသုံးထားတာ အများကြီးပါ။ Yahoo, Hotmail, Gmail စသည်ဖြင့် အများကြီးပါပဲ။ ဒါကို ကျွန်တှောတို့ ဆီက ဘာလို့ အမြတ်ထုတ်ပြီး လုပ်စားနေတယ် မသိဘူး။ တွေးမိရင် ရှက်ဖို့ ကောင်းတယ်။ အင်တာနက်ဟာ မျက်စိပဲ။ လူငယ်တွေအတွက် အနာဂါတ်ပဲ။ နိုင်ငံတိုးတက်အောင် အင်တာနက်ကို ဖွင့်ပေးသင့်တယ်။ ကွန်ပြူတာဆိုင်ရာ မိုက်ခရိုဆောဖ့် စာမေးပွဲတွေ ဖြေဖို့ dot.net passport လိုတယ်။ တစ်ကမဿဘာလုံးက လူတွေဟာ Messenger, Gtalk တွေ သုံးပြီး အခမဲ့ ဆက်သွယ်ခွင့် ရနေတယ်။ သူများ နိုင်ငံတွေထက် အဆမတန်ကြီးတဲ့ အင်တာနက် ကွန်နက်ရှင် ဈေးနှုန်းကိုလည်း ကောက်ခံ ထားသေးတယ်။ လုပ်ပေးသူတွေကတောင် အခမဲ့ လုပ်ပေးထားတာကိုဗျာ။ ဒါတွေကို မနေ့က ဘန်းလိုက်တယ် ပြောတယ်။ စောက်ရမ်း ပဲ့တယ် ဆိုတာထက် ပိုလေးနက်တဲ့ စကားရှိရင် ပြောပစ်လိုက်ချင်တယ်။ ဒါပါပဲ။

Friday, June 23, 2006

Mogu & Eros

မိုဂူ

ချစ်ခြင်း မေတဿတာဆိုတာ ရင်ထဲမှာ ရှိနေတဲ့ အရာ။ ရေးပြလို့ မရဘူး။ ပြောပြလို့ မရဘူး။ မလုံလောက်ဘူး ဆိုတာထက် မပီပြင်ဘူးလို့ ငါထင်မိတယ်။ ချစ်ခြင်း မေတဿတာဆိုတာ မျက်စိ မှိတ်လိုက်တိုင်း တိတ်တိတ်လေး သိနေတဲ့ အရာ။ မျက်ရည်တွေ မဟုတ်ဘူး။ စကားလုံးတွေ မဟုတ်ဘူး။ ရန်ပွဲတွေ မဟုတ်သလို ဘာမှ မဟုတ်ဘူး။ တစ်ခါတစ်ရံ ဘယ်သူမှ မကြားရတဲ့ အသံတွေလည်း မင်းကြားမှာပဲ မိုဂူ။ ချစ်ခြင်းတရားကို သက်သေ မပြနဲ့။ ချစ်ခြင်း တရားဟာ အမုန်းတရား မဟုတ်ဘူး။ တစ်ခါတုန်းက ငါက လူတစ်ယောက်ကို ချစ်တယ်။ ပြီးတော့ အရမ်းမုန်းသွားတယ်။ အဲဒီလိုနဲ့ ပူလောင်မှုကို ခံစားပြီးချိန်မှာ ငါ့စိတ်ဟာ အလွန်ကို ငြိမ်သက်သွားတယ်။ ငါ့ကို တစ်ချို့က ပြောတယ် အချစ်မရှိဘူးတဲ့။ ငါက ပြန်ပြောတယ် ငါ့မှာ အမုန်းတရား မရှိဘူးလို့။ ငါ့ဘဝမှာ ငါ့အပှေါ ကောင်းကြသူတွေ ရှိသလို စကားချိုချို လေးတွေနဲ့ ရက်စက် ကြသူတွေလည်း ရှိတယ်။ ငါမေးချင်တယ် မိုဂူ မင်းသိတဲ့ ချစ်ခြင်း တရားက ဘာလဲ ငါသိတဲ့ ချစ်ခြင်းတရားက ဘာလဲဆိုတာ။ မင်းဟာ ကွဲပြားတဲ့ အဓိပဿပာယ်ကို မသိဘူး။ ငါဖတ်ပြတဲ့ ကဗျာတစ်ပုဒ်ကို မင်းမသိဘူး၊ မင်းသိတဲ့ တန်ဖိုးတွေကို ငါမသိဘူး။ ပန်းတိုင်တစ်ခုဟာ တစ်လမ်းထဲ လျှောက်မှ ရောက်မှာတဲ့လာူး။ ပြိုင်နေတဲ့ လမ်းတွေမှာလည်း တူညီတဲ့ ပန်းတိုင်ဆိုတာ ရှိနိုင်ပါသေးတယ်။ ညာမောင်း မောင်းတဲ့ ငါ့ကားလမ်းမှာ ဘယ်မောင်း အတင်းလာ မောင်းချင်ရင် အနဿတရာယ်ဟာ မင်းပဲ တွေ့မှာပါ။ ငါက စိတ်ဆင်းရဲမှု ဒဏ်ကို နဲနဲမှ မခံနိုင်သူ။ ငါဟာ ဖြစ်တည်မှု ပဓါနဝါဒီ။ ငါဟာ ဂှေါဂင်။ ငါဟာ မိုဒီ။ ငါဟာ ဆီမွန်ဒီဗူးဗွား ချစ်သူ။ ငါဟာ သားရဲတွင်း။ ငါဟာ ဘာသာမဲ့။ ငါဟာ ယောနသံဇင်ယှော။ ငါဟာ ဂျှောဒါနိုဘရူနို။ ငါဟာ ဘုရားသခင်။ ငါဟာ စကားလုံးတွေထက် လက်တွေ့ကို ယုံကြည်သူ။ ဒါတွေ ဒီလောက် ပြောလည်း မင်းက နားမလည်ဘူး မိုဂူ။ ငါကလည်း ဒီလောက် ပြောလို့ နားမလည်ရင် ထပ်မပြောချင်သူ။ ဒီတော့ ငါသွားတော့မယ်။ မင်းရဲ့ သာယာတဲ့ အသံလေး ငါအမြဲ ကြားရပါစေ။ ငါ့မှာ အမုန်းတရား မရှိဘူး။ မင်းပျှောရွှင်ပါစေ။ ငါ့အကြောင်း တွေးလိုက်တိုင်း အဝေး တစ်နေရာက ချစ်ခြင်းတရားကို မင်းခံစားနိုင်သလို အဲဒီ ချစ်ခြင်းတရားဟာ အကျိုး လိုလားခြင်း ဆိုတာလည်း မင်းသိနိုင်ပါစေ။

ဒီလို ပြောပြီး ချိန်မှာ ကျွန်တှောဟာ သူ့ကို လေထဲကို လွှင့်တင်လိုက်တယ်။ တကယ်တော့ မိုဂူဆိုတာ ကျွန်တှော့ရဲ့ ငှက်ကလေး တစ်ကောင်ပဲ ဖြစ်ပါတယ်။ သူဟာ ကျွန်တော့ကို တွယ်တာပေမယ့် ကျွန်တှော ပြောတာတွေကို နားမလည်ရှာသူ အယူအဆ မတူသူ တစ်ဦးလည်း ဖြစ်ပါတယ်။


အီရောစ့်


Technorati Tags: , , ,

ငှက်ကလေး နှစ်ကောင်





ငှက်အှောသံ လေးတွေကြားလို့ ထွက်ကြည့်မိတဲ့ အခါ ငှက်ပေါက်စလေး နှစ်ကောင် အခန်းဘေးမှာ ကျနေတာ တွေ့ရပါတယ်။ တနေ့က လေကြီးမိုးကြီး ကျတုန်း ပြုတ်ကျ နေတာလို့ ထင်မိတယ်။ သူတို့ကို ငှက်ဖိုနဲ့ ငှက်မကြီးက အစာလေးတွေ ယူလာပြီး ကျွေးတယ်။ အပျံသင်ပေးနေတယ်။ နှစ်ကောင်မှာ တစ်ကောင်က ငယ်ငယ်လေး ရှိသေးတယ်။ ဖြစ်ချင်တော့ သူတို့ ကျနေတဲ့ နေရာက ကျွန်တှောတို့ အိမ်ရဲ့ အလယ်ခေါင်ကွက်လပ်မှာ ဖြစ်နေတယ်။ သူတို့ကို ပြန်တင်ပေး ချင်ပေမယ့် သူတို့ အသိုက်က အိမ်ရဲ့ တှောတှောမြင့်တဲ့ ခေါင်မိုးနားမှာ ဖြစ်နေတော့ ဘယ်လိုမှ တင်မရဘူး။ ဒါနဲ့ ကျွန်တှောလည်း အစာလေးတွေ ချချကျွေးပြီး ကင်မရာ တစ်လက်နဲ့ ပါပါရာဇီ လုပ်နေမိတယ်။ အငယ်ကောင်လေးက နှစ်ပေ လောက်အထိပဲ ပျံနိုင်သေးတယ်။ အကြီးကောင်က နဲနဲ ပျံတတ်နေပြီ။ ညအိပ်ရင် သူတို့နှစ်ကောင် ချောင်လေး တစ်ခုမှာ သွားအိပ်ကြတယ်။ မနက်လင်းတာနဲ့ သူ့မိဘတွေက လာလာရှာတယ်။ ပထမ နေ့ကတော့ ကျွန်တှော့ကို မြင်ရင် ထွက်ပြေးကြတယ်။ အခုတော့ ထွက်မပြေးတော့ဘူး။ ဒါနဲ့ ကျွန်တှောလည်း ဓါတ်ပုံလေးတွေ ရိုက်ထားလိုက်တယ်။ နောက် ၂ ရက်လောက် ကြာရင် ဒီကောင်တွေ ပျံတတ်တော့မယ် ထင်ပါရဲ့။

23.06.06

စိတ်ညစ်တာတွေကို ထုတ်ပြောလို့ မရဘူး။ ဘာတွေ စိတ်ညစ်နေရလဲ။ ဒါတွေလည်း ရင်ထဲမှာပဲ ရှိတယ်။ တစ်ခါတစ်လေတော့ မိန်းမတွေလို ရှိုက်ကြီးတငင်တွေ ငိုတတ်ချင်ရဲ့။ ဒါပေမယ့်မယ့် ငါ့မျက်ရည်တွေ ဘယ်ရောက်နေခဲ့လဲ။ ဘဝဟာ ဘာမှ မရှိတာ ကောင်းတယ်။ ဘဝမှာ ဘာကိုမှ မတတ်တာ ကောင်းတယ်။ ဘဝဟာ နလပိန်းတုန်း ဖြစ်ရတာ ကောင်းတယ်။ ဘာကိုမှ မလိုချင် မမက်မော မိရင်လည်း အကောင်းသား။ အားလုံးကို မေ့ပစ်ပြီး အလုပ်တွေနဲ့ ကွန်ပြူတာထဲမှာ စိတ်နှစ်ဖို့ ကြိုးစားတယ်။ ပြန်ပှေါလာတဲ့ အချိန်မှာ လူဟာ တာဝေး အပြေးသမား တစ်ယောက်လို နုံးချိ သွားရပြန်တယ်။ ငါဟာ အသုံးမကျသူ တစ်ယောက်ပဲ။ ငါဟာ ငါနဲ့ မလိုက်ဖက်တဲ့ လူတွေကြားမှာ ရှင်သန်ခဲ့ရတယ်။ ငါငတုံး ဖြစ်ချင်တယ်။ ခေတ်ကာလကလည်း ငါလို ကောင်အတွက် အလုပ် မရှိဘူး။ ငါကလည်း သူများ လက်အောက်မှာ ပိုက်ဆံ တစ်ခုတည်းအတွက် မှောဖူးပြီး အလုပ် လုပ်ချင်တဲ့ကောင် မဟုတ်ဘူး။ ငါတတ်တဲ့ ပညာက စိတ်ကူးလေးနဲ့ အတွေးလေးနဲ့ ဈာန်ဝင်စားပြီး လုပ်ရတဲ့ ဘာသာရပ်။ Pressure တွေ အပြောအဆိုတွေကို ငါမခံနိုင်ဘူး။ ဒါကလည်း ငါ့အားနည်းချက်ပဲ။ မြန်မာပြည်မှာ အလုပ် ပြန်လုပ်ချင်တယ်လို့ ပြောတော့ ငါ့သူငယ်ချင်းတွေက အဆင်မပြေတဲ့ အကြောင်းတွေ ညည်းကြတယ်။ ငါ့အိမ်က ငါ့ကို စကဿငာပူ ပြန်သွားဖို့ ပြောတယ်။ အမေရယ်. စကဿငာပူဟာ ကျွန်တော့ အတွက် အောင်မြေ မဟုတ်ဘူးလို့ ပြောရမလား။ အရင်က ငါ့ပုံစံနဲ့ဆို စကဿငာပူ မကလို့ ဘယ်နိုင်ငံမဆို အဆင်ပြေမှာပါ။ ဒါပေမယ့် ငါပြောင်းလဲခဲ့ပြီ။ ငါအများကြီး ပြောင်းလဲသွားတယ်။ အရင် ၆ နှစ်က ငါ၊ အရင် ၃ နှစ်ကငါ၊ အရင် တစ်နှစ်ကငါ လုံးဝ မတူတော့ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့အခါ စကားတွေ အများကြီး ပြောရတယ်။ ငါစကား မပြောချင်ဘူး။ အရင်က သိပ်စကားများတဲ့ ငါဟာ နှုတ်တွေ ဆွံ့အလာတယ်။ မိဘတွေကို အားနာတယ်။ ငါ့အတွက် ပိုက်ဆံတွေ အများကြီး ကုန်ရတယ်။ ငါဘာဖြစ်နေ ဖြစ်နေ ငါ့အပှေါ ကောင်းကြတယ်။ မိသားစုဆိုတာ နွေးထွေးပါတယ်။ ငါ့ဆရာမက ငါ့ကို ကျောင်းပြန်လာတက်ဖို့ ပြောတယ်။ ငါသေချာ စဉ်းစားရမယ်။ ဘဝမှာ ဂငယ်ကွေ့တွေ များခဲ့တယ်။ ငါဘာဖြစ်ချင်သလဲ။ တကယ်ဆို ငါဘာမှ မဖြစ်ချင်ဘူးလေ။

Thursday, June 22, 2006

For Sale #1

Song Title : မင်းအကြောင်းတွေ
Composed by NLS
Own Tune
Price: Negotiable w/t Bullshit VCD!
For Sale #


မင်းအကြောင်းတွေ

Intro

မင်းအကြောင်းတွေ ငါလေမသိခဲ့ပါ စိတ်ဓါတ်တွေ ကျဆုံးသွားတဲ့အခါ

(Verse)
မင်းအကြောင်းတွေ ငါလေမသိခဲ့ပါ စိတ်ဓါတ်တွေ ကျဆုံးသွားတဲ့အခါ
မင်းရှိမယ့် လမ်းတွေကို ငါမျှောငေးလို့ ဘယ်သူမှမရှိတဲ့ လမ်းပှေါ ငါတစ်ယောက်ထဲမို့
မင်းရဲ့စိတ်နဲ့ အရာရာ မေ့လျော့ကာ

ဦးနှောက်နဲ့ အသိဉာဏ် ငါမပိုင်ခဲ့ပါ
အဝေးပြေးတဲ့မင်းကို အချိန်တိုင်း တမ်းတ
ရူးသွပ်တဲ့ စိတ်ကူးတွေနဲ့ အတိုင်းဆမဲ့ မျှောလင့်ခြင်းက ငါ့ဘဝနဲ့ ဘယ်တော့များမှ ဆုံးမလဲ

(Cho:)
အချိန်တွေတိုင်း နေရာတိုင်း ငါဟာ မင်းအကြောင်းများပဲ တမ်းတမိ
ရာသီတိုင်း နာရီတိုင်း မင်းအကြောင်းများက ခေါင်းထဲ အမြဲရောက်နေတယ်

(Verse)
မင်းမရှိတဲ့နေ့တွေ ရင်မဆိုင်ရဲပါ အားလုံးနဲ့ရင်းကာ ငါဆုံးရှုံးခဲ့ရ
မက်ခဲ့တဲ့ အိပ်မက်တွေလည်း လွင့်ပျောက်သွားတဲ့ တိမ်တိုက်လိုပဲ မင်းအနမ်းတို့ ပြန်ကာပေးဦးမလား

(Cho:)
(Solo:)
(Cho:)

မင်းမရှိရင် ငါလေ မနေတတ်ဘူး မင်းအတွက်နဲ့ ငါဟာ အချိန်တိုင်းရူး
မင်းမရှိရင် ငါလေ မနေတတ်ဘူး မင်းအတွက်နဲ့ ငါဟာ အချိန်တိုင်းရူး

 [ Download Demo Song ]

Attention: Hi Myanmar Copycats, dont steal others' songs anymore, so shameful!
If you interest in this song, contact me via email. Process with Master, Visa cards are welcome. :P


Technorati Tags: , ,

ကျောင်းတှောသို့ အလွမ်း

ကျွန်တှောတို့ UCSY ကျောင်းသား ဘဝက သူငယ်ချင်းတွေ စုပေါင်းပြီး အမှတ်တရ ထုတ်ဖြစ်ခဲ့ကြတဲ့ သီချင်းခွေ လေးပါ။ အားလုံးလည်း အခုဆို တစ်ယောက် တစ်နေရာစီ ဝေးနေကြပါပြီ။ ဒါပေမယ့် ဒီသီချင်းလေးတွေ နားထောင်ဖြစ်တိုင်း သူငယ်ချင်းတွေနဲ့ တကဿကသိုလ် ကျောင်းသား ဘဝကို အမြဲ အမှတ်တရ ဖြစ်နေမိဆဲပါ။ သီချင်းတွေ အားလုံးကို ကျွန်တှောတို့ သူငယ်ချင်းတွေ ရေးသားပြီး တီးတာကလည်း ကျောင်းတှောသား များပါပဲ။ ရေးသားသူတွေကတော့ ဟန်လင်းဆွေ၊ သူရထွေး၊ ညီလင်းဆက်၊ သစ်တှော၊ ယမုံနာ၊ စံဖဲ စတဲ့ ကွန်ပြူတာ တကဿကသိုလ် 10Batch က သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ ခုတလော ကျောင်းကို တှောတှောလေး သတိရတယ်ဗျာ။

နေ့စွဲများ (Links Update 26.12.2009)

ပဏာမ - မျိုးကျော်ဇင်
http://www.4shared.com/file/87901435/84459e73/Greeting_MKZ.html?dirPwdVerified=bc0941f0

မေတ္တာတရားရဲ့ရင်ခွင် - အောင်သီဟ၊ ဖြိုးမမ၊ ညီလင်းဆက်၊ ယမုံနာ၊ ဦးတင့်
http://www.4shared.com/file/87903070/3d43cfaf/Myitta_Tayar_Ye_Yin_Khwin_Group.html?dirPwdVerified=bc0941f0


ကျောင်းတော်သို့အလွမ်း - ညီလင်းဆက်
http://www.4shared.com/file/87902364/99cfe3cb/Kyaungtawthoealwan_NLS.html?dirPwdVerified=bc0941f0

သီချင်းသက်သေ - အောင်သီဟ
http://www.4shared.com/file/87903075/4d293b20/ThiChin_ThetThay_AungThiHa.html?dirPwdVerified=bc0941f0

နေ့စွဲများအတွက် - ဦးတင့်
http://www.4shared.com/file/87901419/bfc5b0da/Naeswelmyar_U_Tint.html?dirPwdVerified=bc0941f0

အမှားတွေလား - စိုင်းကျော်ကျော်အောင်
http://www.4shared.com/file/87903053/967cfc97/Ahmar_Twe_Lar_Shan.html?dirPwdVerified=bc0941f0

ပုံပြင် - ဖြိုးမမ
http://www.4shared.com/file/87902371/f0be2605/Ponepyin_Phyo_Ma_Ma.html?dirPwdVerified=bc0941f0

တစ်ယောက်သောသူရဲ့ အလွမ်း- စုလှိုင်
http://www.4shared.com/file/87901427/7350ce1e/Tayoutthawthuyealwam_SH.html?dirPwdVerified=bc0941f0

အမေအိုရဲ့အလွမ်း- ယမုံနာညွန့်
http://www.4shared.com/file/87902379/fe65ae37/Amay_O_Alwam_YMNN.html?dirPwdVerified=bc0941f0


[ စိမ်းလန်းတဲ့ အငွေ့အသက်လေးမှာ ပူးချည်ထားတယ်... အတန်းထဲမှာ မရှိ... မုန့်စားတန်းကိုပဲ .. ရောက်ရောက်နေမိတယ်.. အကြင်နာလက်နဲ့ စိုက်ပျိုးတဲ့ အခိုက်မှာ .. မိုက်နေမိသူများ.. ငါတို့ ကျောင်းတှောကြီးကို လွမ်းတယ်.. ငါရဲ့ ချစ်သူလေးကို လွမ်းတယ် ဝေးကြပေမယ့် သတိရနေဆဲ မေ့ပျောက်လို့ မရပါတယ်.. တို့တကဿကသိုလ် သီချင်းကို ဆိုညည်းမိကြတော့ ရင်းနှီးမှုတွေ ရင်မှာပှေါပေါက်ခဲ့.. မျှောလင့်တိုင်း မဖြစ်တဲ့ ဒီကမဿဘာကြီးမှာ.. ပန်းဥယျာဉ် ကြီးတစ်ခုကို လိုက်ရှာ.. အပြင်မှာ မြူတွေဆိုင်း နွေဦးပေါက်လည်း အလင်းမရောက်နိုင်.. မျက်လုံးထဲ စူးနေ အပ်လေး တစ်ချောင်းနဲ့ လောကကို ဖောက်ကြည့်မိတယ် ]

Technorati Tags: , ,

Min Khaik Soe San



မင်းခိုက်စိုးစန် တှောတှောလေး ပေါနေတာ ခုမှပဲ သတိထား မိတော့တယ်ဗျာ။ သူလည်း နောက်ပိုင်း တာရာမင်းဝေနောက် လိုက်လာပြီ။ ဘာတွေ လျှောက်ရေး မှန်း မသိတော့ဘူး။ နိုင်ငံခြားက ဝတဿထုလေးတွေ ဖတ်၊ ပြီးရင် မြန်မာလို နဲနဲပြောင်းပြီး ဟိုရွှေ့ ဒီရွှေ့ လုပ်နေတယ် ကြားရတယ်။ စိတ်မကောင်းပါဘူးဗျာ။ ကျွန်တှော နှစ်သက်သူတွေ ထဲမှာ မပြောင်းမလဲ ကျန်နေတာ ဆိုလို့ ကိုနေမျိုး တစ်ယောက်ပဲ ကျန်တော့တယ်။ ဒါကြောင့် အခုနောက်ပိုင်း ပှေါတဲ့ မြန်မာ ဝတဿထုတွေဆို ဖတ်ကို မဖတ်ဖြစ်တော့ဘူး။
Ref: Planet Guru


Technorati Tags:

Wednesday, June 21, 2006

Myanmar Ebooks Download

Myanmar Ebooks Download

Online ကနေ ရရှိထားတဲ့ မြန်မာ အီးဘွခ် တွေထဲက မြန်မာ စာပေအတွက် အရေးအကြီးဆုံး၊ အသုံး အဝင်ဆုံးနဲ့ တန်ဖိုး ရှိတဲ့ စာအုပ်လေးတွေကို ထပ်မံ ဖြန့်ဝေ လိုက်ပါတယ်။ ဒီစာအုပ်တွေကို Cherrythitsar, Swanbros, Myanmar ISP တို့ကနေ အများဆုံး ရရှိပါတယ်။ အခြား စိတ်ဝင်စားဖွယ် စာအုပ်တွေကိုလည်း အဲဒီဆိုဒ်တွေမှာ တွေ့နိုင်ပါတယ်။ တချို့ စာအုပ်တွေက ကျွန်တှော ရှာဖွေ စုဆောင်းထားတာ ဖြစ်ပါတယ်။ လုပ်စား သူများ အတွက် မဟုတ်ဘဲ မြန်မာပြည်နဲ့ အလှမ်းဝေးနေတဲ့ စာပေ မြတ်နိုးသူများ အတွက်သာ ရည်ရွယ်ပါတယ်။ ဖြစ်နိုင်ရင် စာအုပ် ဝယ်ယူတာ အကောင်းဆုံး ဖြစ်ပါတယ်။ Download လုပ်ရတာ အဆင်ပြေအောင် မြန်ဆန်တဲ့ Turboupload ကို အသုံးပြုထားပါတယ်။


မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
မြန်မာစာအဖွဲ့
မြန်မာစာ ရေးသားသူတိုင်း လက်ကိုင်ထားရမယ့် စာအုပ် ဖြစ်ပါတယ်။ ဒုတိယ အကြိမ်ထုတ် စာအုပ် ဖြစ်ပါတယ်။
Download [ 1.51M ]


မြန်မာဆိုရိုးစကား
မြန်မာစာအဖွဲ့
မြန်မာ ဆိုရိုးစကားတွေရဲ့ အနက်အဓိပဿပါယ်တွေ ဖြစ်ပါတယ်။
Download [ 2.29M ]


မြန်မာစာ မြန်မာစကား
မြန်မာစာအဖွဲ့
မြန်မာစာလုံး စနစ်တကျ ရေးသားနည်း၊ သဒဿဒါအသုံး အနှုံး တွေကို လေ့လာနိုင်ပါတယ်။
Download [ 2.17M ]


ပါးစပ်ရာဇဝင်
မှောဘီဆရာသိန်းကြီး
ကျမ်းအခိုင်အခန့် မရှိဘဲ ပါးစပ်နဲ့ မှတ်သားခဲ့ရတဲ့ ရာဇဝင်တွေကို စုဆောင်းထားတာ ဖြစ်ပါတယ်။
Download [ 1.26M ]


သက်ကြီး စာပေအနုပညာရှင်များ၏ အတဿထုပဿပတဿတိ အကျဉ်း
မြန်မာနှစ် ၁၃၆၆ ခုနှစ်မှာ ကျဉ်းပခဲ့တဲ့ စာဆိုတှောနေ့ ပူဇှောပွဲ အခမ်းအနားမှာ တက်ရောက်ခဲ့ကြတဲ့ စာပေ အနုပညာရှင် ကြီးများရဲ့ အတဿထုပဿပတဿတိ အကျဉ်းများ ဖြစ်ပါတယ်။
Download [ 933K ]


မြန်မာစာ မြန်မာမှု
မင်းသုဝဏ်
အလွန်ကောင်းတဲ့ မြန်မာစာပေဆိုင်ရာ စာအုပ်လေးပါ။ ဗဟုသုတ အများကြီး ရနိုင်ပါတယ်။
Download [ 1.4M ]


အိပ်ဆောင် အဂဿငလိပ်- မြန်မာ အဘိဓါန်
Download [ 376K ]


ပညာသိုက်
တိုက်စိုး
စာကြည့်တိုက်နှင့် သုတပညာရေးဆိုင်ရာ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
Download [ 1.0M ]


ပထမ မြန်မာများ
မင်းယုဝေ
မြန်မာစာပေသမိုင်းမှာ Pioneer လို့ ခှေါရမယ့် ပုဂဿဂိုလ်ကြီးများ အကြောင်းပါ။ စာအုပ်စင်မှာ ရှိသင့်တဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။ စာအုပ် မဝယ်ဖြစ်သေးရင် အီးဘွခ် အနေနဲ့ သိမ်းဆည်းထား သင့်ပါတယ်။
Download [ 4.17M ]


ကျွန်တှောသိမှီခဲ့သော လူရွှင်တှောကြီးများ
ချစ်စရာ
ရှားပါးတဲ့ သမိုင်း အမွေအနှစ် အငြိမ့်သဘင်၊ လူရွှင်တှောကြီးတွေနဲ့ ဆိုင်တဲ့ စာအုပ်လေးပါ။
Download [ 2.67M ]


ဗုဒဿဒဘာသာဝင် တစ်ယောက်၏ ဘဝ
ဒေါက်တာလှဘေ
အဂဿငလိပ်လို ရေးထားတဲ့ ဒေါက်တာလှဘေရဲ့ စာအုပ်ကို ဒေါက်တာတင်လှိုင်က မြန်မာဘာသာ ပြန်ပေးထားတာပါ။ ပုခက်တွင်းကနေ သေဆုံးချိန်အထိ မြန်မာ ဗုဒဿဒဘာသာဝင် တစ်ယောက်ရဲ့ ဘဝကို ပြုစုထားတာပါ။
Download [ 3.3M ]


စိတ္ဝင္စားစရာ သင့္ခနဿဓာ
ဒေါက်တာလှဖေ
ဆေးပညာဆိုင်ရာ မိမိကိုယ်ခနဿဒာနဲ့ ပတ်သတ်တဲ့ အကြောင်းပါ။ လူတိုင်း သိသင့်ပါတယ်။
Download [ 1.20M ]


မြန်မာစာ မြန်မာမှုကို ပြုစု ပျိုးထောင် ခဲ့ကြသူများ
တကဿကသိုလ္တင္ခ
မြန်မာစာပေ သမိုင်းမှာ ကျေးဇူးကြီးမားသူ ပုဂဿဂိုလ် ၂၀ ကျှောရဲ့ အကြောင်းလေးတွေပါ။
Download [ 1.06M ]


ပြည်သူ့အတွက် မြန်မာစကားပြေ
မောင်ခင်မင်(ဓနုဖြူ)
မြန်မာစာ ပါမောကဿခဟောင်း ဆရာမောင်ခင်မင်ရဲ့ မြန်မာစကားဆိုင်ရာ ရေးထုံးကျမ်းလေးပါ။
Download [ 568K ]


နန်းတွင်းသူခိုးနဲ့ မိန်းမစိုး
ရွှေဘိုမိမိကြီး
ကုန်းဘောင်ခေတ် နန်းတွင်းရေး ဇာတ်လမ်းတွေ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
Download [ 1.05M ]


ကုန်းဘောင်ရှင်းတမ်း
မောင်သန်းဆွေ(ထားဝယ်)
ကုန်းဘောင်ရာဇဝင်ကို သေသေချာချာ စူးစမ်း လေ့လာ ပြုစုထားတဲ့ ဆရာမောင်သန်းဆွေရဲ့ အထူးကောင်းမွန်တဲ့ စာအုပ် ဖြစ်ပါတယ်။ လွဲမှားနေတဲ့ သမိုင်းအချက်အလက် အဖြစ်အပျက်တွေကို တင်ပြထားပါတယ်။
Download [ 12M ]


ငါပြောချင်သမျှငါ့အကြောင်း
ဒေါက်တာသန်းထွန်း
အလွန်တှောသူ တစ်ဦးရဲ့ အလွန်ကောင်းမွန်တဲ့ ကိုယ်တိုင်ရေး ဘဝ အတဿထုပဿပတဿတိ ဖြစ်ပါတယ်။ မှတ်သားစရာတွေ အများကြီး ပါဝင်ပါတယ်။
Download [ 1.96M ]


ဥရောပ ယဉ်ကျေးမှု အနုပညာ မိတ်ဆက်
ခင်မျိုးချစ်
ဥရောပ ယဉ်ကျေးမှု အကြောင်းကို အဖွင့်ရေးပြထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ တကယ် ကောင်းပါတယ်။ ကမဿဘာ့စာပေ လေ့လာ လိုသူများဟာ ဒီစာအုပ်ကို မဖြစ်မနေ ဖတ်ရှု လေ့လာ သင့်ပါတယ်။
Download [ 1.15M ]


မဟာဂီတ
လူထုဒှေါအမ
ရှားပါးပြီး အဖိုးတန်လှတဲ့ မြန်မာ့ မဟာဂီတနဲ့ ဂီတပညာရှင်ကြီးများ အကြောင်း ဖြစ်ပါတယ်။
Download [ 2.7M ]


မြန်မာ့ ယဉ်ကျေးမှုနှင့် ကျင့်ဝတ်
မောင်အံ့
မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာ ကျင့်ဝတ်များ အကြောင်း ဖြစ်ပါတယ်။
Download [ 1.11M ]


မြန်မာ၁၂လ အကြောင်း
မောင်ထင်
မြန်မာလရာသီ တွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို စေ့စေ့စုံစုံ ပြုစုထားတဲ့ စာအုပ် တစ်အုပ်ပါ။
Download [ 553K ]


စာပေသမိုင်း
မောင်ဇေယျာ
စာပေပုဂဿဂိုလ်ရေး ဆိုင်ရာ အတွေးအမြင်တွေ ဖြစ်ပါတယ်။ အထက္က အတဿထုပဿပတဿတိ စာအုပ်တွေနဲ့ တိုက်ဆိုင် ဖတ်ရှု လေ့လာ နိုင်ပါတယ်။
Download [ 2.22M ]


၅၅၀ ဇာတ်ဝတဿထု ၂၅ပုဒ်
မင်းယုဝေ
Download [ 11.4M ]


Technorati Tags: , , , ,

Tree Spirit Project



Warning: Adult Only

အနုပညာ မြောက်လှတဲ့ သစ်ပင်တို့ရဲ့ ဝိဉာဉ် ဆိုတဲ့ ပရောဂျတ် ဖြစ်ပါတယ်။ သိပ်ရိုးသား သူများ၊ အလွန် အရှက်အကြောက် ဟီရိ ဩတပဿပတရား ကြီးသူများ မသွားကြည့်ပါနဲ့။ Nudity Scence တွေအနည်းငယ် ပါဝင်နေ ပါလိမ့်မယ်။ ကျွန်တှောကတော့ အလွန် နှစ်သက်ပါတယ်။ Photography နဲ့ Ideology ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ [Tree Spirit Project]


Technorati Tags: , ,

21.06.06

21.06.06

ခုတလော စိတ်တွေ သိပ်မကောင်းဘူး။ တစ်ခုခုကို အှောပစ်လိုက် ချင်ပေမယ့် ငါ့စိတ်တွေက မွန်းကြပ်နေတယ်။ အှောလို့ မရဘူး။ မနက် ၁၁ နာရီမှာ အိပ်စက်ပြီး ညနေ ၇ နာရီမှာ အိပ်ယာထတယ်။ ဘောလုံးပွဲ ကြည့်တယ်။ တစ်ညလုံး ကွန်ပြူတာ လုပ်တယ်။ ဖိုတိုရှောပ့် ကျူတိုရီရယ်လ်တွေ အများကြီး လုပ်ဖြစ်တယ်။ ငါမသိသေးတာတွေ အများကြီး ရှိသေးတယ်။ ဆက်လုပ်ရမယ်။ ငါ့မျက်လုံးတွေက အိပ်ချင်နေတယ်။ ဒါပေမယ့် ငါ့ဦးနှောက်က အိပ်ခွင့် မပေးဘူး။ ဆက်လုပ်ရမယ်။ ငါမသိသေးတာတွေ အများကြီး ရှိသေးတယ်။ အိပ်ပစ်လိုက်ရင် တစ်ရက် ကုန်သွားမယ်။ ဒီလိုနဲ့ ငါ့အတွက့် ရက်တွေ တစ်ရက်ပြီး တစ်ရက် ကုန်သွားတယ်။ အရမ်း အိပ်ချင်လာတဲ့အခါ ကှောဖီသောက်တယ်။ ပြီးရင် ဆက်လုပ်တယ်။ တစ်ခါတစ်လေ ကျရင် ငါ ၂၄ နာရီပတ်လုံး ကုလားထိုင်ပှေါမှာ ရှိနေဖြစ်တယ်။ တစ်ခါတစ်ခါ ပင်ပန်းလွန်းပြီး အိပ်ပျှောသွားတယ်။ မိုးတွေကလည်း ခုတလော ရွာရွာနေတယ်။ ငါ့စိတ်ထဲမှာ အရာရာက လေးလံနေတယ်။ အိပ်ရမယ့် အချိန်တွေကို နှမြောတယ်။ ဆံပင်တွေက ရှည်ရှည်လာတယ်။ ဂစ်တာတီးတာ အသံတွေက ကြောင်နေတယ်။ ငါ့သီချင်း ကီးတွေကို ငါမေ့နေတယ်။ ငါ့အသံတွေက စီးကရက်ကြောင့် အရင်လို မကောင်းတော့။ ကဗျာတစ်ပုဒ် ကြိုးစား ရေးကြည့်တယ်။ ပြီးသွားတဲ့အခါ အရသာ မရှိလို့ အားလုံး ဖျက်ပစ်လိုက်တယ်။ ငါပြောတာကို နားလည်သူ ဘာလို့ မရှိခဲ့သလဲ။


Technorati Tags: , ,

Tuesday, June 20, 2006

Photo Realistic Rendering

Photo Realistic Rendering




Really hard work! It tooks more than 15 hrs to be finished. This is my first time Photo Realistic Rendering with Photoshop. Result is quite well but need to have some more practices. You can see some minipulating steps and sketches here [How to Make] See bigger pictures here [Original] [Rendering] . All your comments and Suggestions are welcome.


Technorati Tags: , ,

Sunday, June 18, 2006

Mercantile Marine Cadet ဘဝ (၂)

Mercantile Marine Cadet ဘဝ (၂)

ကျောင်းကို စစ ရောက်ရောက်ချင်း နေ့က အဖြစ်အပျက် တစ်ချို့ကို သတိရသေးတယ်။ ကျွန်တှောတို့က ယူနီဖောင်းတွေ ထုတ်ပြီး ချက်ခြင်း လဲကြရတယ်။ စီနီယာတွေက သေတဿတာကို ဘယ်လို ထားရမယ်။ ကုတင်တွေ ဘယ်လို ညီနေရမယ်တွေ သင်ပေးကြတယ်။ ကျွန်တှော့ ဘေးနားကို အသားမည်းမည်း တုတ်တုတ်ခိုင်ခိုင် Cadet တစ်ယောက် သေတဿတာကြီး ထမ်းပြီး ယောင်ပေပေနဲ့ ရောက်လာတယ်။ ဘေးနားမှာ စီနီယာတွေ မရှိချိန်မို့ ကျွန်တှောက ” ဟေ့ မင်းဘယ်သူလဲ ဘယ်ကလည်းလို့ ” ခပ်တည်တည်နဲ့ မေးလိုက်တယ်။ အဲဒီတော့ သူက ကျွန်တှော့ နာမည် ယောသား ပါခင်ဗျ ယောနယ်က လာပါတယ် လို့ သတိဆွဲပြီး ပြန်ဖြေတယ်။ ကျွန်တှောလည်း ရယ်ချင်သွားတယ်။ ဒီကောင် ကျွန်တှော့ကို စီနီယာနဲ့ မှားနေတယ် ဆိုတာ ကျွန်တှော သိတယ်။ ဒါနဲ့ ဪ မင်းက ယောနယ်ကဆိုတော့ စုန်းတွေ ဘာတွေ တတ်သလားကွ လို့ ထပ်မေးလိုက်တယ်။ ဆရာသမားက- ကျွန်တှော အဲဒါတွေ မတတ်ပါဘူး ခင်ဗျာ ကျွန်တှောတို့က လယ်ပဲ လုပ်တာပါတဲ့။ ဒါနဲ့ - အေး ပညာတော့ မလျှိုနဲ့ပေါ့ကွာ.ငါကလည်း ခင်ကြီးဖျှောရဲ့ ကဝေသာရ ကျမ်းကို ထုံးလိုချေ ရေလို နှောက်ထားတဲ့ ကောင်ကွ၊ လက်ဖျောက်တီးရုံနဲ့ မီးလင်းသွားတာ လောက်ကတော့ အကင်းပဲ ဆိုတာ မင်းလဲ သိမှာပါလို့ ခပ်တည်တည်နဲ့ စလိုက်တော့၊ ပြာပြာသလဲ. မဟုတ်ပါဘူး အကို ကျွန်တှော တကယ် မသိတာပါခင်ဗျာ ရွာမှာတော့ စုန်းမကြီး တစ်ယောက် ရှိတာ အမပြောလို့ ကြားဖူးပါတယ် ဆိုပြီး မျက်နှာ ငယ်လေးနဲ့ ပြောရှာတယ်။ ဒါနဲ့ ကျွန်တှောလည်း အရမ်း ရယ်ချင်လာလို့ အေးအေး သွားသွား ပစဿစည်းတွေ နေရာတကျ သွားထားလိုက်ဦး နောက်မှ မင်းနဲ့ ဆက်ပြောမယ် ဆိုပြီး ပြောလွှတ်  လိုက်တယ်။ သူများကို ဒုကဿခပေးတဲ့ ဝဋ်က ချက်ခြင်းကို လည်တာပါပဲ။ ကျွန်တှောလည်း အဆောင် အပြင်ထွက်ရော ဘေးနားက စီနီယာကို မမြင်လိုက်ဘူး။ ဒါနဲ့ အဲဒီ စီနီယာက သူ့ကို အလေးမပြုရကောင်းလား ဆိုပြီး ထိုးစမ်း ဒိုက် ၅၀ ဆိုလို့ ချွေးပြန်အောင် ထိုးလိုက် ရပါတယ်။ အဲဒီ စီနီယာက ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကိုစည်သာဟိန်းပါ။ ကျွန်တှောတို့  ရေကြောင်း ဌာနမှူး ကပဿပတိန် အောင်စိုးဆွေ ရဲ့ တူ၊ တီတီစီ ကျောင်းက၊ ကျွန်တှောတို့ကို အပြီသမမယ်လို့ ထင်ရှားတဲ့ သူပါ။ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ စပြီး ကျွန်တှောလည်း ပထမဆုံး အပြစ်ပေး ခံရခြင်းပါပဲ။ ဒါက တကယ်တော့ အကင်းပဲ ရှိပါသေးတယ်။


Technorati Tags: , ,

အိပ်ပျှောစေသော နည်းစနစ် ၁၂ ချက်

အိပ်ပျှောစေသော နည်းစနစ် ၁၂ ချက်

  1. မအိပ်ခင် သက်သက်သာသာ နေပါ။
  2. ဆေးလိပ် ကှောဖီ စသော နီကိုတင်းဓါတ် ပါဝင်တဲ့ အရာတွေကို မသုံးစွဲ မစားသောက် ပါနှင့်။
  3. နွားနို့ပူပူ ဒါမှမဟုတ် သွားရေစာ တစ်ခုခုကို စားသောက်ပါ။
  4. လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ ( အိပ်ခါနီး မလုပ်ရ )။
  5. ရေနွေးနွေးနှင့် ရေချိုးပါ ( အိပ်ခါနီး မချိုးရ )။
  6. အိပ်ချိန်နှင့် ထချိန်ကို မှန်ကန်အောင် လေ့ကျင့်ပါ။
  7. အိပ်ချင်လာချိန်မှာ ကိုယ်နဲ့ အဆင်အပြေဆုံး နေရာမှာ အိပ်တတ်အောင် လေ့ကျင့်ပါ။
  8. အိပ်ယာကို အိပ်စက်ဖို့ရာ သီးသန့် ကောင်းမွန်စွာ ပြင်ဆင်ပါ။
  9. အနီးအနား မြင်နိုင်တဲ့ နေရာတွေမှာ နာရီကို မထားပါနှင့်။
  10. ကောင်းမွန်စွာ အိပ်စက်ဖို့ရာ ကျန်တဲ့ အချိန်တွေကို လျှော့ချပါ။
  11. စိတ်ရှုပ်ထွေးစရာများ တွေးတော စရာများကို မအိပ်ခင် ခေါင်းထဲက ထုတ်ပစ်ပါ။ လိုအပ်ရင် စာအုပ်ထဲမှာ ရေးပြီး အေးအေး ဆေးဆေး အိပ်ပစ်လိုက်ပါ။
  12. ၁၅ မိနစ် နေလို့မှ အိပ်မပျှောဘူး ဆိုရင် ထပြီး သက်တောင့်သက်သာ အရာ တစ်ခုခုကို လုပ်ပါ။ ပျင်းရိဖွယ်ကောင်းတဲ့ စာအုပ် တစ်မျိုးမျိုး ဖတ်လိုက်ပါ။

မှတ်ချက် - ကျွန်တှော တစ်ခုမှ မလုပ်ပါ။ :)
Source : 43


Technorati Tags: ,

How to Write a Master's Thesis

ကျွန်တှော ချစ်သော ကွန်ပြူတာ တကဿကသိုလ်က သူငယ်ချင်း ဝဘ်မာစတာကြီးများ၊ ပရိုဂရမ်မာ ကြီးများ၊ သီးဆစ် ပြုစုနေသူများ၊ အှောနပ်စ်နဲ့ မာစတာတန်း တက်နေသူများ အတွက် အထောက်အကူ ဖြစ်စေဖို့ပါ။ အလွန်ကောင်းတဲ့ Thesis ရေးနည်း လမ်းညွှန်လေးပါ။ [How to write a Master's Thesis]

ဒီလမ်းညွှန်လေး နဲ့အတူ ဆရာကြီး ဒေါက်တာ သန်းထွန်း ပြုစု ထုတ်ဝေထားတဲ့ သုတေသနထုံး ဆိုတဲ့ စာအုပ်လေးကို ပူးတွဲ ဖတ်ရှု မယ်ဆိုရင် အလွန်ပဲ အကျိုး များနိုင်ပါတယ်။


Technorati Tags: , ,

Saturday, June 17, 2006

Picasa Web Albums




Yesterday I got a invitation from Picasa to test their Web Albums beta version. So I downloaded new Picasa beta software again and explored it. Nothing new special features but they added a nice tool that can upload your photos directly from Picasa to Web Albums. Recently it offered us 250 Mb space. Uploading is very fast and very convienient for every users. Here is my first testing B&W Album of my favourite lovely cute actress Aurey Tautou (Davinci Code, Very Long Engagement, Emili, etc). Check it out! [ Audrey Tautou ]

You also can test that beta, but you have to wait their invitation. Just leave your gmail address there and wait 1or 2 days. They will definitely hit you back! I recommanded Google's Picasa! And by the way, Tautou is really really so so so cute :) , oh my angel!


Technorati Tags: , , ,

Express yourself!



Credited : http://www.jacksonpollock.org

Interesting Screenvader



အလွန် စိတ်ဝင် စားစရာ ကောင်းတဲ့ တဲ့ ဝဘ်ဆိုဒ်လေး ဖြစ်ပါတယ်။ ရွှေ့လျားနေတဲ့ Target လေးတွေကို ထောက်ကြည့်မယ် ဆိုရင် သူနဲ့ သက်ဆိုင်တဲ့ အရာတွေ ပှေါလာ ပါလိမ့်မယ်။ အနည်းဆုံး သူတို့ သုံးထားတဲ့ ဆန်းဆန်းပြားပြား အိုင်ဒီယာလေးတွေ တွေ့နိုင်ပါတယ်။ အထူးသဖြင့် Video Art [?] နဲ့ Ideology [?] ကို စိတ်ဝင်စားသူတွေ အကြိုက်တွေ့ နိုင်ပါတယ်။ ကျွန်တှော ကတော့ အဲဒီ ဆိုဒ်လေးကို ဖွင့်ပြီး သူတို့ရဲ့ Creativities ကို အားကျနေမိ ပါတော့တယ်။ [ Screenvader.Com ]


Technorati Tags: , , , ,

Cute Icons for your Computer



လှပ သေသပ်တဲ့ ကွန်ပြူတာ အိုင်ကွန်း ဖိုင်ကလေး တွေပါ။ လက်ရှိ ပုံမှန် မြင်နေတဲ့ Desktop ပှေါက Icons တွေကို ဒီပုံလေး တွေနဲ့ အစားထိုး ပြောင်းလဲ ပစ်လို့ ရပါတယ်။

Download from [ Zyotism ]


Technorati Tags: ,

Friday, June 16, 2006

Essential Tools For Blog

မနေ့က ဘလော့ခ်မှာ အပြောင်းအလဲ နဲနဲ လုပ်ဖြစ်တယ်။ မျက်စိ နောက်လာတဲ့ Amazon စာအုပ် စာရင်းကို ဖြုတ်ပစ်လိုက်တယ်။ Zerotopic က ညွှန်းထားတဲ့ Bloglog လေးကို ထည့်တယ်။ 99Sanay ကညွှန်းတဲ့ NeoCounter လေးကို ထည့်လိုက်တယ်။ နှစ်ခုစလုံး ကောင်းကောင်း အလုပ်လုပ်တယ်။ ပြီးတော့ ကိုယ့်ဆီက ထွက်တဲ့ လင့်ခ်တွေ၊ အွန်လိုင်း ဖြစ်နေတဲ့ သူတွေကို တွေ့နေရတဲ့ အတွက် ဒါလေးတွေကို သဘောကျ နေမိတယ်။ အဲဒီအတွက် ကောင်းတာလေးတွေ ညွှန်းပေးတဲ့ ကိုမင်း နဲ့ မစနေကို ကျေးဇူး တင်ပါတယ် ခင်ဗျား။

 


နီရိုကောင်တာ ကိုသုံးစွဲရင် အထက်က ပုံလို ကိုယ့်ဆီလာတဲ့ သူတွေကို မြေပုံလေးနဲ့ ပြပေးပါတယ်။ ဘလော့လောခ့်ကို ထည့်သွင်း ထားရင်တော့ ကိုယ်ပေးထားတဲ့ လင့်ခ်ကို လူဘယ်နှစ်ယောက် ကြည့်ရှုတယ် ဆိုတာ သိနိုင်ပါတယ်။ အဲဒါ လေးတွေ အသုံးပြုချင် တယ်ဆိုရင် ဒီနေရာမှာ အကောင့်ဖွင့်ပြီး ထည့်သွင်း နိုင်ကြပါတယ်။ [Neocounter] [Bloglog] တစ်ခြား ဘလော့ခ် အတွက် ကောင်းမွန်တဲ့ အသုံးချ Application များကို သိချင်ရင်တော့ ဒီနေရာမှာ ဖတ်ရှု လေ့လာ နိုင်ပါတယ်။ [Essential Tips]


Technorati Tags: , , ,

Mercantile Marine Cadet ဘဝ (၁)

Mercantile Marine Cadet ဘဝ (၁)


ကျွန်တှော ကုန်သွယ် ရေကြောင်းတက်တော့ ကျွန်တှောတို့ Batch မှာ Cadet ပေါင်း ၁၅၀ ရှိတယ်။ ဝင်ဝင်ကာစတော့ ကိုယ့်ပုဂံ ခွက်ယောက် လေးတွေ အသီးသီး သယ်လာ ကြတာပေါ့။ အဲဒီ ကျောင်းကို တက်ဖို့ Interview တွေ ဝင်ရတယ်။ ဆေးစစ်ရတယ်။ အမှတ်ကလည်း ကောင်းရသေးတယ်။ ကျွန်တှောတို့က Senior-Junior အုပ်ချုပ်တာ နောက်ဆုံး နှစ်ပဲ။ ကျွန်တှောတို့ကို ဆရာတွေထက် 25 Batch က အကိုကြီးတွေက အုပ်ချုပ်ကြ သမ ကြတယ်။ သင်တန်း ဝင်တဲ့ နေ့မှာပဲ ဆံပင်ကို ရှေ့တစ်လက်မ နောင်ပြောင် အရိတ် ခံလိုက်ရတယ်။ ကိုယ့်ပစဿစည်းတွေ ကိုယ် စီနေတုန်း ရှိသေးတယ် Lessons တွေ စတော့တာပါပဲ။ ကျွန်တှောတို့ဆီမှာ 3 မိနစ်ဆိုတာ ရှိတယ်။ ဘာလုပ်လုပ် 3 မိနစ်ထက် ပိုလုပ်ခွင့် မရှိဘူး။ ရေချိုးရင် ၃ မိနစ်၊ Toilette သွားရင် ၃ မိနစ်၊ အိပ်ယာသိမ်းရင် ၃ မိနစ်၊ အဝတ်လဲ ဖိနပ်စီးရင် ၃ မိနစ် အဲလောက်ပဲ အချိန်ရတယ်။ အဲဒီထက် ကျှောသွားရင် သေဖို့သာ ပြင်ထား ပေတော့ပဲ။

ကျွန်တှောတို့ တုန်းက Senior တွေကို ဆရာတွေထက် ကြောက်ရတယ်။ သူတို့နဲ့ ၁ လ အတူ နေပြီးမှ သူတို့ ကျောင်းဆင်းပွဲ ကျွန်တှောတို့ သင်တန်းအသစ်စပွဲ လုပ်ကြရတာ။ သူတို့ကို အာဏာကုန် လွှဲပေးထားလို့ သူတို့က ကျွန်တှောတို့ ကိုဆို သက်ဦး ဆံပိုင် ဘုရင်တွေလို ဆက်ဆံကြတယ်။ ပျှောဖို့လည်း ကောင်းပါတယ်။ စိတ်ညစ်ဖို့ ကောင်းတာတွေ ရှိတယ်။ ကိုယ့် ညီအစ်ကိုလို ဆက်ဆံ သူတွေလည်း ရှိတယ်။ ဒါပေမယ့် အများအားဖြင့်တော့ သမကြတာ များပါတယ်။ သူတို့ကို ADO(Assistant Duty Officer) တွေလို့ ခှေါတယ်။ အဲဒီ အချိန်တုန်းကတော့ အဲဒီ တစ်လဟာ ငရဲပါပဲ။

ကျွန်တှောတို့ Cadet တွေက အဆောင် ၂ ဆောင်မှာ ခွဲနေရတယ်။ ကျွန်တှော နေတာက အဆောင်(၁) မှာပါ။ ကိုယ်ပိုင်နံပါတ်က ၇-၄၅၂။ ရကောက်ဆိုတာက ရေကြောင်းကို ပြောတာပါ။ အင်ဂျင် နီယာတွေကိုတော့ စလုံးလို့ ခှေါကြပါတယ်။ ကျွန်တှောတို့ အိပ်ယာတွေက နှစ်ထပ် ကုတင်တွေ။ ကျွန်တှော့ အပှေါမှာ ဂျက်ကီလို့ ခှေါတဲ့ ကျှောစွာထက် ရှိတယ်။ ဘေးမှာ ကျှောသက်ဦးနဲ့ မျိုးမင်းသိမ်း ရှိတယ်။ ဂျက်ကီ့ သေတဿတာက ခေါင်းရင်းမှာ ထားပြီး ကျွန်တှော့ သေတဿတာက ခြေရင်းမှာ ထားတယ်။ ဖိနပ်တွေကို သေတဿတာရှေ့မှာ ညီနေအောင် စီထား ကြရပါတယ်။ မနက်ဆို ၅ နာရီ ခွဲတာနဲ့ Alarm မြည်သံက စပြီး ဒုကဿခ ပေးတော့ တယ်။ ၆ နာရီမှာ ကျွန်တှောတို့ ပြေးကြရတယ်။ တစ်ခါတစ်လေ ကွင်း ၁၀ ပါတ်၊ တစ်ခါတစ်လေ အပါတ် ၂၀ ပြေးကြရတယ်။ ပြေးတာကလည်း ညီညီညာညာ ပြေးရတာပါ။ ဒါပေမယ့် ဘယ်လောက် ညီအောင်ပြေးပြေး အပြစ်မလွတ်ပါဘူး။ အဲဒါနဲ့ပဲ အမြဲတမ်း ထပ်ထပ် ပြေးရတာပါပဲ။ ပြီးရင် ၃ မိနစ်နဲ့ အပြီး ရေချိုး တန်းစီ အလံတင် အခမ်းအနား လုပ်ရတယ်။ အဲဒီနောက် မနက်စာ ထမင်း စားဖို့ အစစ်ဆေး ခံရတယ်။ ကျွန်တှောတို့ကို အများဆုံး ဒုကဿခပေးတာ ယူနီဖောင်းက ချည်အမျှင် စလေးတွေ ပါပဲ။ အဲဒီ အစလေးတွေ လုံးဝ ထွက်လို့  မရပါဘူး။ ၁ ပင် ထွက်ရင် အနည်းဆုံး ဒိုက် ၅၀ လောက် ထိုးရတယ်။ အဲဒါကြောင့် အမြဲ အဲဒီ အစလေးတွေကို ဓါးနဲ့ဖြတ်၊ မီးနဲ့ ရှို့ထားကြရတယ်။ ဘယ်လောက် လုပ်လုပ် ထွက်တာက ထွက်တာမို့ နေ့တိုင်းလိုလို ဒိုက်မထိုးရတဲ့ နေ့ဆိုတာ မရှိသလောက်ပါပဲ။ သူတို့ကလည်း သေသေချာချာကို ရှာကြတာပါ။ အဲဒီတုန်းကတော့ သောက်မြင် ကတ်လိုက်တာ မပြောပါနဲ့တော့။ အဲဒါ ပြီးတော့မှ ချွေးသံ တရွှဲရွဲနဲ့ Breakfast စားကြရတယ်။


Technorati Tags: , ,

Online Burmese Language Course

Online Burmese Language Course



Seasite.niu.edu makes very remarkable Free Online Burmese Language Course for those who interest in Burmese Language. Not only Burmese, you also can learn various Languages that currently use around the world. Great collection of www.word2word.com !

Learning Burmese Language [ Link ]
Learning Other Languages [ Link ]


Technorati Tags: , , , ,

AFI's 100 Best of 100 Years

AFI's 100 Years Choice



100 Heros & Villains
100 Passions
100 Thrills
100 Stars
100 Cheers
100 Movies
100 Songs
100 Quotes
100 Laughts
100 Film Scores

Read more detail here [ Link ]

Technorati Tags: , ,

Thursday, June 15, 2006

Loneliness




Technorati Tags: ,

Very Meaningful Movie



Technorati Tags: ,

Shock Absorber Bra


Caution : [ Adult ] Nice Bra Advertisment Flash [ Link ]

Designed to enhance every body shape, with maximum comfort and support from performance fabrics.

Jackson Pollock Abstract




Technorati Tags: ,

Best Wallpaper for this week



Click pic or here for High Resolution [ 1152x864 ]

Technorati Tags:

Amazing Seamless Pictures

Amazing Seamless Pictures





Amazing seamless pictures! Surrealistic, Dreamatic, and very meaningful. You can see more pictures here. [Link] Do not forget to bookmark and grab them!


Technorati Tags: , ,
 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz